< ဇာခရိ 1 >

1 ဒါရိ မင်းကြီးနန်းစံနှစ် နှစ် ၊ အဋ္ဌမ လ တွင် ၊ ဣဒေါ သား ဗာရခိ ၏သား ပရောဖက် ဇာခရိ သို့ ရောက် လာသော ထာဝရဘုရား ၏နှုတ်ကပတ် တော်ဟူမူကား၊
En el octavo mes, en el segundo año de Darío, llegó la palabra de Yahvé al profeta Zacarías, hijo de Berequías, hijo de Iddo, diciendo:
2 ထာဝရဘုရား သည် သင် တို့ဘိုးဘေး များကို အလွန်အမျက် ထွက်တော်မူပြီ။
“Yahvé se disgustó mucho con vuestros padres.
3 သို့သော်လည်း ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရား၏အမိန့် တော်ကို သူ တို့အား ဆင့်ဆို ရမည် မှာ၊ ငါ့ ထံသို့ ပြန် ၍လာကြလော့ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူ၏။ငါသည်လည်း သင် တို့ရှိရာသို့ ပြန် လာမည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူ၏။
Por lo tanto, díganles que el Señor de los Ejércitos dice: ‘Vuelvan a mí’, dice el Señor de los Ejércitos, ‘y yo volveré a ustedes’, dice el Señor de los Ejércitos.
4 ရှေး ပရောဖက် တို့က၊ သင် တို့မ ကောင်းသော လမ်း ၊ မ ကောင်းသောအကျင့် များကို ယခု ကြဉ်ရှောင် ကြလော့ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကို ဆင့်ဆို လျက် ကြွေးကြော် သော်လည်း နားမ ကြား ၊ ငါ့ စကားကို လည်း နား မ ထောင်သော သင် တို့ဘိုးဘေး များကဲ့သို့ မ ပြု ကြနှင့်ဟု၊ ထာဝရဘုရား မိန့် တော်မူ ၏။
No seáis como vuestros padres, a quienes los antiguos profetas proclamaban diciendo: El Señor de los Ejércitos dice: ‘Volved ahora de vuestros malos caminos y de vuestras malas acciones’; pero no oyeron ni me escucharon, dice el Señor.
5 ဘိုးဘေး တို့သည် အဘယ် မှာရှိကြသနည်း။ ပရောဖက် တို့သည် အစဉ်အမြဲ အသက်ရှင် တတ်ကြ သလော ။
Sus padres, ¿dónde están? Y los profetas, ¿viven para siempre?
6 ငါ ၏ ကျွန် ပရောဖက် တို့၌ ငါမှာ ထားသော ငါ ၏ ပညတ် စကား တို့သည် သင် တို့ဘိုးဘေး များကို မှီ ကြပြီ မ ဟုတ်လော ။ သူတို့သည် သတိရ ၍ ငါ တို့ကျင့်ကြံ ပြုမူ သည်နှင့် အလျောက်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရားသခင် ထာဝရဘုရား သည် ငါ တို့၌ စီရင် မည်ဟု အကြံ ရှိတော်မူသည်အတိုင်း ၊ စီရင် တော်မူပြီဟု ပြောဆိုကြသည် မဟုတ်လောဟု မိန့် တော်မူ၏။
Pero mis palabras y mis decretos, que ordené a mis siervos los profetas, ¿no alcanzaron a vuestros padres? “Entonces se arrepintieron y dijeron: ‘Tal como Yahvé de los Ejércitos decidió hacernos, según nuestros caminos y según nuestras prácticas, así nos ha tratado’”.
7 ဒါရိ မင်းကြီးနန်းစံနှစ် နှစ် ၊ ဧကာ ဒသမလ တည်းဟူသော ရှေဗတ် လ နှစ် ဆယ်လေး ရက်နေ့ တွင်၊ ထာဝရဘုရား ၏နှုတ်ကပတ် တော်သည် ဣဒေါ သား ဖြစ်သော ဗာရခိ ၏သား ပရောဖက် ဇာခရိ သို့ ရောက် လာ၍၊
El día veinticuatro del mes undécimo, que es el mes de Shebat, en el segundo año de Darío, vino la palabra de Yahvé al profeta Zacarías, hijo de Berequías, hijo de Iddo, diciendo:
8 ညဉ့် အခါမြင် ရသောရူပါရုံဟူမူကား ၊ မြင်း နီ ကို စီး သော လူ တဦးသည် ထင်ရှား ၍ ချိုင့် တွင် ရှိသောမုရတု တော၌ ရပ် ၏။ သူ့ နောက် မှာနီ သောမြင်း ၊ ညို သော မြင်း၊ ဖြူ သောမြင်းတို့သည် ရှိကြ၏။
“Tuve una visión en la noche, y he aquí que un hombre montado en un caballo rojo, y se paró entre los arrayanes que estaban en un barranco; y detrás de él había caballos rojos, pardos y blancos.
9 ငါကလည်း ၊ အိုသခင် ၊ ထို သူတို့ကား အဘယ် သူနည်းဟုမေး သော်၊ ငါ နှင့် ပြောဆို သော ကောင်းကင် တမန် က၊ ထို သူ တို့ကား အဘယ် သူဖြစ်သည်ကို ငါ ပြ မည်ဟု ဆို ပြီးမှ ၊
Entonces pregunté: “Señor mío, ¿qué es esto?”. El ángel que hablaba conmigo me dijo: “Te mostraré lo que son”.
10 ၁၀ မုရတု တော၌ ရပ် သော လူ က၊ ထို သူတို့သည် မြေကြီး အရပ်ရပ် တို့ကို လှည့်လည်၍ သွား စေခြင်းငှါ ၊ ထာဝရဘုရား စေလွှတ် တော်မူသောသူဖြစ်ကြသည်ဟု ပြန်ပြော ၏။
El hombre que estaba entre los mirtos respondió: “Son los que Yahvé ha enviado para ir de un lado a otro de la tierra.”
11 ၁၁ ထိုသူတို့ကလည်း၊ အကျွန်ုပ်တို့သည် မြေကြီး အရပ်ရပ် တို့ကို လှည့်လည်၍ သွား ပါပြီ။ မြေကြီး တရှောက်လုံး သည်အမှုမရှိ၊ ငြိမ်ဝပ် လျက်ရှိပါ၏ဟု၊ မုရတု တော၌ ရပ် သော ထာဝရဘုရား ၏ ကောင်းကင် တမန်အား ပြန်လျှောက် ကြ၏။
Informaron al ángel de Yahvé, que estaba de pie entre los mirtos, y dijeron: “Hemos caminado de un lado a otro de la tierra, y he aquí que toda la tierra está en reposo y en paz.”
12 ၁၂ တဖန် ထာဝရဘုရား ၏ ကောင်းကင် တမန်က၊ အို ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၊ ကိုယ်တော်သည် အနှစ် ခုနစ် ဆယ်ပတ်လုံးအမျက်ထွက် တော်မူသောယေရုရှလင် မြို့နှင့် ယုဒ မြို့ များကို အဘယ် မျှကာလ ပတ်လုံးမ သနား ဘဲ နေတော်မူမည်နည်းဟု မေးလျှောက် သော် ၊
Entonces el ángel de Yahvé respondió: “Oh Yahvé de los Ejércitos, ¿hasta cuándo no tendrás piedad de Jerusalén y de las ciudades de Judá, contra las que has tenido indignación estos setenta años?”
13 ၁၃ ထာဝရဘုရား သည် ငါ နှင့် ပြောဆို သော ကောင်းကင် တမန်အား ကောင်း သောစကား ၊ နှစ်သိမ့် စေသော စကား ပြန်ပြော တော်မူ၏။
El Señor respondió al ángel que hablaba conmigo con palabras amables y reconfortantes.
14 ၁၄ ငါ နှင့် ပြောဆို သော ကောင်းကင် တမန်ကလည်း ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရား၏ အမိန့် တော်ကို ဆင့်ဆို ၍ ကြွေးကြော် ရမည်မှာ၊ ငါသည် ယေရုရှလင် မြို့နှင့် ဇိအုန် တောင်အဘို့ အလွန်ကြင်နာ သောစိတ်အား ကြီး၏။
El ángel que hablaba conmigo me dijo: “Proclama, diciendo: El Señor de los Ejércitos dice: “Estoy celoso por Jerusalén y por Sión con gran celo.
15 ၁၅ ငြိမ်ဝပ် စွာနေသောတပါး အမျိုးသားတို့ကို အလွန် အမျက် ထွက်၏။ အကြောင်း မူကား၊ ငါ သည် ယေရုရှလင်မြို့ကို အနည်းငယ် အမျက် ထွက်သောအခါ သူတို့သည် ဝိုင်း ၍ ညှဉ်းဆဲ ကြပြီ။
Estoy muy enojado con las naciones que están tranquilas; porque me disgusté un poco, pero ellas aumentaron la calamidad.”
16 ၁၆ ထိုကြောင့် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ကျေးဇူး ပြုချင်သောစိတ်နှင့် ယေရုရှလင် မြို့သို့ ငါပြန် လာ ပြီ။ ဤ မြို့တွင် ငါ့ အိမ် ကို တည်ဆောက် ရမည်။ မြို့ ရွာကို လည်း တိုင်းထွာ ရမည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
Por eso dice Yahvé: “He vuelto a Jerusalén con misericordia. Mi casa será edificada en ella — dice el Señor de los Ejércitos — y una línea se extenderá sobre Jerusalén”.
17 ၁၇ တဖန် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရား ၏အမိန့် တော်ကို ဆင့်ဆို ၍ ကြွေးကြော် ရမည်မှာ၊ ငါ ၏ မြို့ရွာတို့သည် အရပ်ရပ် ၌ နှံ့ပြား၍ စည်ပင်ကြ လိမ့်မည်။ ထာဝရဘုရား သည် ဇိအုန် တောင်သားတို့ကို နှစ်သိမ့် စေဦးမည်။ ယေရုရှလင် မြို့သားတို့ကို ရွေးကောက် ၍ ပြုစု ဦးမည်ဟု မိန့် တော်မူ၏။
“Proclamad además, diciendo: “El Señor de los Ejércitos dice: “Mis ciudades volverán a rebosar de prosperidad, y el Señor volverá a consolar a Sión, y volverá a elegir a Jerusalén””.
18 ၁၈ တဖန် ငါမျှော်ကြည့် ၍ ဦးချို လေး ချောင်းကို မြင် ၏။
Levanté los ojos y vi, y he aquí cuatro cuernos.
19 ၁၉ ငါ နှင့် ပြောဆို သော ကောင်းကင် တမန်အား လည်း ၊ ထို ဦးချိုတို့ကား အဘယ်သို့ နည်းဟု မေးမြန်း သော် ၊ ထို ဦးချိုတို့သည် ယုဒ ပြည်၊ ဣသရေလ ပြည်၊ ယေရုရှလင် မြို့တို့ကို အရပ်ရပ်သို့ ကွဲပြား စေသော ဦးချို ဖြစ်သည်ဟု ပြန်ပြော ၏။
Le pregunté al ángel que hablaba conmigo: “¿Qué son éstos?” Me respondió: “Estos son los cuernos que han dispersado a Judá, Israel y Jerusalén”.
20 ၂၀ ထာဝရဘုရား သည်လည်း လက်သမား လေး ဦးတို့ကို ပြ တော်မူ၏။
El Señor me mostró cuatro artesanos.
21 ၂၁ ငါကလည်း၊ ဤ သူတို့သည် အဘယ် အမှုကို ပြု ခြင်းငှါ လာ ပါသနည်းဟု မေးလျှောက် သော် ၊ ကောင်းကင် တမန်က၊ ထို ဦးချို တို့သည် အဘယ်သူမျှမျှော် ၍ မ ကြည့်ဝံ့အောင်၊ ယုဒ ပြည်သားတို့ကို ကွဲပြား စေသော ဦးချိုဖြစ်ကြ၏။ ဤလက်သမားတို့သည် ယုဒ ပြည်သား တို့ ကို ကွဲပြား စေခြင်းငှာ တိုက်လာသောထိုဦးချို တို့ကို ခြိမ်းမောင်း ၍၊ တပါး အမျိုး၏ ဦးချို တို့ကို ရှုတ်ချ သောသူ ဖြစ် ကြသည်ဟု ပြန်ပြော ၏။
Entonces pregunté: “¿Qué vienen a hacer estos?”. Dijo: “Estos son los cuernos que dispersaron a Judá, para que nadie levantara la cabeza; pero éstos han venido para aterrorizarlos, para derribar los cuernos de las naciones que levantaron su cuerno contra la tierra de Judá para dispersarla.”

< ဇာခရိ 1 >