< ဇာခရိ 1 >

1 ဒါရိ မင်းကြီးနန်းစံနှစ် နှစ် ၊ အဋ္ဌမ လ တွင် ၊ ဣဒေါ သား ဗာရခိ ၏သား ပရောဖက် ဇာခရိ သို့ ရောက် လာသော ထာဝရဘုရား ၏နှုတ်ကပတ် တော်ဟူမူကား၊
A wata na bakwai na shekara ta biyu ta mulkin Dariyus, maganar Ubangiji ta zo wa annabi Zakariya ɗan Berekiya ɗan Iddo.
2 ထာဝရဘုရား သည် သင် တို့ဘိုးဘေး များကို အလွန်အမျက် ထွက်တော်မူပြီ။
“Ubangiji ya yi fushi sosai da kakanninku.
3 သို့သော်လည်း ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရား၏အမိန့် တော်ကို သူ တို့အား ဆင့်ဆို ရမည် မှာ၊ ငါ့ ထံသို့ ပြန် ၍လာကြလော့ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူ၏။ငါသည်လည်း သင် တို့ရှိရာသို့ ပြန် လာမည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူ၏။
Saboda haka ka gaya wa mutanen, ga abin da Ubangiji Maɗaukaki ya ce, ‘Ku komo gare ni,’ in ji Ubangiji Maɗaukaki, ‘ni kuma zan komo gare ku,’ in ji Ubangiji Maɗaukaki.
4 ရှေး ပရောဖက် တို့က၊ သင် တို့မ ကောင်းသော လမ်း ၊ မ ကောင်းသောအကျင့် များကို ယခု ကြဉ်ရှောင် ကြလော့ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကို ဆင့်ဆို လျက် ကြွေးကြော် သော်လည်း နားမ ကြား ၊ ငါ့ စကားကို လည်း နား မ ထောင်သော သင် တို့ဘိုးဘေး များကဲ့သို့ မ ပြု ကြနှင့်ဟု၊ ထာဝရဘုရား မိန့် တော်မူ ၏။
Kada ku zama kamar kakanninku, waɗanda annabawa na dā suka ce musu, ga abin da Ubangiji Maɗaukaki ya ce, ‘Ku juya daga mugayen hanyoyinku da mugayen abubuwan da kuke yi.’ Amma ba su saurara ba, ko ma su kula da ni, in ji Ubangiji.
5 ဘိုးဘေး တို့သည် အဘယ် မှာရှိကြသနည်း။ ပရောဖက် တို့သည် အစဉ်အမြဲ အသက်ရှင် တတ်ကြ သလော ။
Yanzu ina kakanninku suke? Annabawan kuma fa, sun rayu har abada ne?
6 ငါ ၏ ကျွန် ပရောဖက် တို့၌ ငါမှာ ထားသော ငါ ၏ ပညတ် စကား တို့သည် သင် တို့ဘိုးဘေး များကို မှီ ကြပြီ မ ဟုတ်လော ။ သူတို့သည် သတိရ ၍ ငါ တို့ကျင့်ကြံ ပြုမူ သည်နှင့် အလျောက်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရားသခင် ထာဝရဘုရား သည် ငါ တို့၌ စီရင် မည်ဟု အကြံ ရှိတော်မူသည်အတိုင်း ၊ စီရင် တော်မူပြီဟု ပြောဆိုကြသည် မဟုတ်လောဟု မိန့် တော်မူ၏။
Amma maganata da dokokina da na umarta ta wurin bayina annabawa fa, ashe, ba su tabbata ba a kan kakanninku? “Sa’an nan suka tuba suka ce, ‘Ubangiji Maɗaukaki ya yi mana daidai abin da hanyoyinmu suka cancanci mu samu, kamar dai yadda ya yi niyya yi.’”
7 ဒါရိ မင်းကြီးနန်းစံနှစ် နှစ် ၊ ဧကာ ဒသမလ တည်းဟူသော ရှေဗတ် လ နှစ် ဆယ်လေး ရက်နေ့ တွင်၊ ထာဝရဘုရား ၏နှုတ်ကပတ် တော်သည် ဣဒေါ သား ဖြစ်သော ဗာရခိ ၏သား ပရောဖက် ဇာခရိ သို့ ရောက် လာ၍၊
A rana ta ashirin da huɗu ga watan goma sha ɗaya, wato, watan Shebat, a shekara ta biyu ta Dariyus, maganar Ubangiji ta zo wa annabi Zakariya ɗan Berekiya ɗan Iddo.
8 ညဉ့် အခါမြင် ရသောရူပါရုံဟူမူကား ၊ မြင်း နီ ကို စီး သော လူ တဦးသည် ထင်ရှား ၍ ချိုင့် တွင် ရှိသောမုရတု တော၌ ရပ် ၏။ သူ့ နောက် မှာနီ သောမြင်း ၊ ညို သော မြင်း၊ ဖြူ သောမြင်းတို့သည် ရှိကြ၏။
Da dare, na ga wahayi, a gabana kuwa ga mutum a kan jan doki! Yana tsaye a cikin itatuwa masu furanni, a bayansa a cikin itatuwan ci-zaƙi, a bayansa kuwa akwai dawakai masu ruwan ja, ruwan ƙasa-ƙasa da kuma ruwan fari.
9 ငါကလည်း ၊ အိုသခင် ၊ ထို သူတို့ကား အဘယ် သူနည်းဟုမေး သော်၊ ငါ နှင့် ပြောဆို သော ကောင်းကင် တမန် က၊ ထို သူ တို့ကား အဘယ် သူဖြစ်သည်ကို ငါ ပြ မည်ဟု ဆို ပြီးမှ ၊
Sai na yi tambaya na ce, “Mene ne waɗannan ranka yă daɗe?” Mala’ikan da yake magana da ni ya amsa ya ce, “Zan nuna maka mene ne su.”
10 ၁၀ မုရတု တော၌ ရပ် သော လူ က၊ ထို သူတို့သည် မြေကြီး အရပ်ရပ် တို့ကို လှည့်လည်၍ သွား စေခြင်းငှါ ၊ ထာဝရဘုရား စေလွှတ် တော်မူသောသူဖြစ်ကြသည်ဟု ပြန်ပြော ၏။
Sai mutumin da yake tsaye cikin itatuwan ci-zaƙin ya yi bayani cewa, “Su ne waɗanda Ubangiji ya aika ko’ina a duniya.”
11 ၁၁ ထိုသူတို့ကလည်း၊ အကျွန်ုပ်တို့သည် မြေကြီး အရပ်ရပ် တို့ကို လှည့်လည်၍ သွား ပါပြီ။ မြေကြီး တရှောက်လုံး သည်အမှုမရှိ၊ ငြိမ်ဝပ် လျက်ရှိပါ၏ဟု၊ မုရတု တော၌ ရပ် သော ထာဝရဘုရား ၏ ကောင်းကင် တမန်အား ပြန်လျှောက် ကြ၏။
Sai suka ce wa mala’ikan da yake tsaye cikin itatuwan ci-zaƙin, “Mun ratsa ko’ina a duniya, sai muka ga duniya duka tana zaman lafiya.”
12 ၁၂ တဖန် ထာဝရဘုရား ၏ ကောင်းကင် တမန်က၊ အို ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၊ ကိုယ်တော်သည် အနှစ် ခုနစ် ဆယ်ပတ်လုံးအမျက်ထွက် တော်မူသောယေရုရှလင် မြို့နှင့် ယုဒ မြို့ များကို အဘယ် မျှကာလ ပတ်လုံးမ သနား ဘဲ နေတော်မူမည်နည်းဟု မေးလျှောက် သော် ၊
Sa’an nan mala’ikan Ubangiji ya ce, “Ya Ubangiji Maɗaukaki, har yaushe za ka ci gaba da ƙi nuna wa Urushalima da kuma garuruwan Yahuda jinƙai, waɗanda kake fushi da su shekarun nan saba’in?”
13 ၁၃ ထာဝရဘုရား သည် ငါ နှင့် ပြောဆို သော ကောင်းကင် တမန်အား ကောင်း သောစကား ၊ နှစ်သိမ့် စေသော စကား ပြန်ပြော တော်မူ၏။
Sai Ubangiji ya yi wa mala’ikan da ya yi magana da ni magana da kalmomi masu daɗi da kuma masu ta’azantarwa.
14 ၁၄ ငါ နှင့် ပြောဆို သော ကောင်းကင် တမန်ကလည်း ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရား၏ အမိန့် တော်ကို ဆင့်ဆို ၍ ကြွေးကြော် ရမည်မှာ၊ ငါသည် ယေရုရှလင် မြို့နှင့် ဇိအုန် တောင်အဘို့ အလွန်ကြင်နာ သောစိတ်အား ကြီး၏။
Sai mala’ikan da yake magana da ni ya ce, “Ka yi shelar maganan nan, ga abin da Ubangiji Maɗaukaki ya ce, ‘Ina kishi domin Urushalima da Sihiyona,
15 ၁၅ ငြိမ်ဝပ် စွာနေသောတပါး အမျိုးသားတို့ကို အလွန် အမျက် ထွက်၏။ အကြောင်း မူကား၊ ငါ သည် ယေရုရှလင်မြို့ကို အနည်းငယ် အမျက် ထွက်သောအခါ သူတို့သည် ဝိုင်း ၍ ညှဉ်းဆဲ ကြပြီ။
amma ina fushi da ƙasashen da suke ji suna zaman lafiya, na ɗan yi fushina kawai, amma sai suka ƙara musu masifar.’
16 ၁၆ ထိုကြောင့် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ကျေးဇူး ပြုချင်သောစိတ်နှင့် ယေရုရှလင် မြို့သို့ ငါပြန် လာ ပြီ။ ဤ မြို့တွင် ငါ့ အိမ် ကို တည်ဆောက် ရမည်။ မြို့ ရွာကို လည်း တိုင်းထွာ ရမည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
“Saboda haka, ga abin da Ubangiji ya ce, ‘Zan komo Urushalima da jinƙai, a can ne za a sāke gina gidana. Za a kuma miƙe ma’auni a bisa Urushalima,’ in ji Ubangiji Maɗaukaki.
17 ၁၇ တဖန် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရား ၏အမိန့် တော်ကို ဆင့်ဆို ၍ ကြွေးကြော် ရမည်မှာ၊ ငါ ၏ မြို့ရွာတို့သည် အရပ်ရပ် ၌ နှံ့ပြား၍ စည်ပင်ကြ လိမ့်မည်။ ထာဝရဘုရား သည် ဇိအုန် တောင်သားတို့ကို နှစ်သိမ့် စေဦးမည်။ ယေရုရှလင် မြို့သားတို့ကို ရွေးကောက် ၍ ပြုစု ဦးမည်ဟု မိန့် တော်မူ၏။
“Ci gaba da yin shela, ga abin da Ubangiji Maɗaukaki ya ce, ‘Garuruwana za su sāke kwarara da wadata, Ubangiji kuma zai sāke yi wa Sihiyona ta’aziyya, yă kuma zaɓi Urushalima.’”
18 ၁၈ တဖန် ငါမျှော်ကြည့် ၍ ဦးချို လေး ချောင်းကို မြင် ၏။
Sa’an nan na dubi sama a gabana kuwa sai ga ƙahoni huɗu!
19 ၁၉ ငါ နှင့် ပြောဆို သော ကောင်းကင် တမန်အား လည်း ၊ ထို ဦးချိုတို့ကား အဘယ်သို့ နည်းဟု မေးမြန်း သော် ၊ ထို ဦးချိုတို့သည် ယုဒ ပြည်၊ ဣသရေလ ပြည်၊ ယေရုရှလင် မြို့တို့ကို အရပ်ရပ်သို့ ကွဲပြား စေသော ဦးချို ဖြစ်သည်ဟု ပြန်ပြော ၏။
Na tambayi mala’ikan da yake mini magana, na ce, “Mene ne waɗannan?” Ya amsa mini ya ce, “Waɗannan su ne ƙahonin da suka watsar da Yahuda, Isra’ila da kuma Urushalima.”
20 ၂၀ ထာဝရဘုရား သည်လည်း လက်သမား လေး ဦးတို့ကို ပြ တော်မူ၏။
Sa’an nan Ubangiji ya nuna mini maƙera guda huɗu.
21 ၂၁ ငါကလည်း၊ ဤ သူတို့သည် အဘယ် အမှုကို ပြု ခြင်းငှါ လာ ပါသနည်းဟု မေးလျှောက် သော် ၊ ကောင်းကင် တမန်က၊ ထို ဦးချို တို့သည် အဘယ်သူမျှမျှော် ၍ မ ကြည့်ဝံ့အောင်၊ ယုဒ ပြည်သားတို့ကို ကွဲပြား စေသော ဦးချိုဖြစ်ကြ၏။ ဤလက်သမားတို့သည် ယုဒ ပြည်သား တို့ ကို ကွဲပြား စေခြင်းငှာ တိုက်လာသောထိုဦးချို တို့ကို ခြိမ်းမောင်း ၍၊ တပါး အမျိုး၏ ဦးချို တို့ကို ရှုတ်ချ သောသူ ဖြစ် ကြသည်ဟု ပြန်ပြော ၏။
Na yi tambaya na ce, “Mene ne waɗannan suke zuwa yi?” Ya amsa ya ce, “Waɗannan ne ƙahonin da suka watsar da Yahuda har ba wanda yake iya ɗaga kansa, amma maƙeran sun zo don su tsorata su su kuma saukar da ƙahonin ƙasashen nan waɗanda suka ɗaga ƙahoninsu gāba da ƙasar Yahuda don su warwatsa ta.”

< ဇာခရိ 1 >