< ရှောလမုန်သီချင်း 1 >
1 ၁ သီချင်းတကာတို့တွင် အထွဋ်ဖြစ်သော ရှောလမုန် သီချင်း။
၁
2 ၂ သခင် နှုတ်ဆက် သော နမ်း ခြင်းဖြင့် ကျွန်မ ကို နမ်း ပါစေ။ ကိုယ်တော် ၏မေတ္တာ သည် စပျစ်ရည် ထက် သာ၍ကောင်း ပါ၏။
၂သခင်နှုတ်ဆက်သော နမ်းခြင်းဖြင့် ကျွန်မကို နမ်းပါးစေ။ ကိုယ်တော်၏မေတ္တာသည် စပျစ်ရည်ထက် သာ၍ ကောင်းပါ၏။
3 ၃ ကိုယ်တော် ၌ မွှေးကြိုင် သော နံ့သာ ဆီကဲ့သို့၊ နာမ တော်သည် သွန်းလောင်း သောနံ့သာ ဆီဖြစ်ပါ၏။ ထိုကြောင့် သတို့သမီး ကညာတို့သည် ကိုယ်တော် ကိုချစ် ကြပါ ၏။
၃ကိုယ်တော်၌ မွှေးကြိုင်းသော နံ့သာဆီကဲ့သို့၊ နာမတော်သည် သွန်းလောင်းသောနံ့သာဆီဖြစ်ပါ၏။ ထိုကြောင့်သတို့သမီးကညာတို့သည် ကိုယ်တော်ကိုချစ်ကြ ပါ၏။
4 ၄ ကျွန်မ ကို သွေးဆောင် တော်မူပါ။ ကျွန်မတို့ သည် နောက်တော်သို့ပြေး ၍ လိုက်ကြပါမည်။ အရှင် မင်းကြီးသည် အိမ်တော်အတွင်း ခန်းထဲသို့ ကျွန်မ ကို ဆောင် ခဲ့တော်မူပြီ။ ကျွန်မတို့သည် ကိုယ်တော် ကြောင့် ဝမ်းမြောက် ရွှင်လန်း ကြမည်။ မေတ္တာ တော်ကို စပျစ်ရည် ထက် သာ၍ချီးမွမ်း ကြမည်။ သတို့သမီးကညှာတို့သည် ကိုယ်တော် ကိုမှန်ကန် စွာ ချစ် ကြပါ၏။
၄ကျွန်မကို သွေးဆောင်တော်မူပါ။ ကျွန်မတို့ သည် နောက်တော်သို့ပြေး၍ လိုက်ကြပါမည်။ အရှင် မင်းကြီးသည် အိမ်တော်အတွင်းခန်းထဲသို့ ကျွန်မကို ဆောင်ခဲ့တော်မူပြီ။ ကျွန် မတို့သည် ကိုယ်တော်ကြောင့် ဝမ်းမြောက်ရွှင်လန်းကြမည်။ မေတ္တာတော်ကို စပျစ်ရည် ထက်သာ၍ ချီးမွမ်းကြမည်။ သတို့သမီးကညှာတို့သည် ကိုယ်တော်ကိုမှန်ကန်စွာ ချစ်ကြပါ၏။
5 ၅ အိုယေရုရှလင် မြို့သမီး တို့၊ ငါ သည်ကေဒ တဲ ကဲ့သို့ မည်း သောအဆင်းရှိသော်လည်း ၊ ရှောလမုန် မင်း၏ ကုလားကာ ကဲ့သို့ တင့်တယ် သေး၏။
၅အိုယေရုရှလင်မြို့သမီးတို့၊ ငါသည်ကေဒတဲ ကဲ့သို့ မည်သေအဆင်းရှိသော်လည်း၊ ရှောလမုန်မင်း၏ ကုလားကာကဲ့သို့ တင့်တယ်သေး၏။
6 ၆ ငါ သည်နေ ပူကိုခံ ၍ မည်း သောအဆင်းရှိသောကြောင့် ၊ ငါ့ ကိုမ ကြည့်ရှု ကြပါနှင့်။ ငါ့ မိခင် ၏သားသမီး တို့ သည် ငါ့ ကို မနာလိုသောစိတ် ရှိ၍၊ စပျစ် ဥယျာဉ်တို့ကို စောင့် စေကြ၏။ ကိုယ် ဥယျာဉ် ကို မ စောင့် ရပါ။
၆ငါသည်နေပူကိုခံ၍ မည်းသောအဆင်းရှိသော ကြောင့်၊ ငါ့ကိုမကြည့်ရှုကြပါနှင့်။ ငါ့မိခင်၏သားသမီးတို့ သည် ငါ့ကို မနာလိုသောစိတ်ရှိ၍၊ စပျစ်ဥယျာဉ်တို့ကို စောင့်စေကြ၏။ ကိုယ်ဥယျာဉ်ကို မစောင့်ရပါ။
7 ၇ ကျွန်မနှစ်သက်နှစ်လိုရာအရှင်၊ ကိုယ်တော်သည် သိုးများကိုအဘယ်မှာ ထိန်းတော်မူသည်ကို၎င်း၊ မွန်းတည့် ချိန်၌ အဘယ်မှာအရပ်ခိုစေတော်မူသည်ကို၎င်းပြ တော်မူပါ။ ကျွန်မသည် အခြားတပါးသော သိုးထိန်းနောက်သို့ အဘယ်ကြောင့်လမ်းလွဲ၍လိုက်ရပါအံ့နည်း။
၇ကျွန်မနှစ်သက်နှစ်လိုရာအရှင်၊ ကိုယ်တော် သည် သိုးများကိုအဘယ်မှာ ထိန်းတော်မူသည်ကို၎င်း၊ မွန်းတည့်ချိန်၌ အဘယ်မှာအရပ်ခိုစေတော်မူသည်ကို၎င်း ပြတော်မူပါ။ ကျွန်မသည် အခြားတပါးသော သိုးထိန်း နောက်သို့ အဘယ်ကြောင့် လမ်းလွဲ၍လိုက်ရပါအံ့နည်း။
8 ၈ မိန်းမ တကာတို့ထက် အဆင်း လှသောအစ်မ၊ သင် သည်မ သိ လျှင် ၊ သိုး များခြေရာ သို့လိုက် သွား၍ ၊ သိုးထိန်း တဲ များအနား မှာ သင် ၏သိုးသငယ် တို့ကို ကျွေးမွေး ပါလော့။
၈မိန်းမတကာတို့ထက် အဆင်းလှသောအစ်မ၊ သင်သည်မသိလျှင်၊ သိုးများခြေရာသို့လိုက်သွား၍၊ သိုးထိန်းတဲများအနားမှာ သင်၏သိုးသငယ်တို့ကို ကျွေး မွေးပါလော့။
9 ၉ ငါ ချစ် သောနှမ၊ သင့် ကိုဖာရော မင်းရထား ၌ ကသော မြင်း နှင့် ငါပုံ ပြမည်။
၉ငါချစ်သောနှမ၊ သင့်ကိုဖာရောမင်းရထား၌ ကသော မြင်းနှင့် ငါပုံပြမည်။
10 ၁၀ သင် ၏ပါးသွယ် ၌ မုတ်ပုတီးတန်ဆာ ဆင်လျက် ၊ လည်ပင်း ၌ ပုလဲ အသွယ်သွယ်ဆွဲလျက် ၊ သင်သည် တင့်တယ် လှ၏။
၁၀သင်၏ပါးသွယ်၌ မုတ်ပုတီးတန်ဆာဆင်လျက်၊ လည်ပင်း၌ ပုလဲအသွယ်သွယ်ဆွဲလျက်၊ သင်သည် တင့်တယ်လှ၏။
11 ၁၁ ငွေ နှင့် အပြောက် ချယ်သော ရွှေ ပုတီး အသွယ်သွယ်ကိုလည်း လုပ် ၍ ပေးဦးမည်။
၁၁ငွေနှင့်အပြောက်ချယ်သော ရွှေပုတီးအသွယ် သွယ်ကိုလည်း လုပ်၍ ပေးဦးမည်။
12 ၁၂ အရှင် မင်ကြီးသည် စားပွဲ တော်နား မှာ ထိုင်နေစဉ် ၊ ငါ ထုံသော နာဒုဆီမွှေး အနံ့ သည် တပျံ့ပျံ့ တလှိုင်လှိုင်ဖြစ်လေ၏။
၁၂အရှင်မင်ကြီးသည် စားပွဲတော်နားမှာ ထိုင်နေ စဉ်၊ ငါထုံသော နာဒုဆီမွှေးအနံ့သည် တပျံ့ပျံ့တလှိုင်လှိုင် ဖြစ်လေ၏။
13 ၁၃ ငါ ချစ် ရာသခင်သည် ငါ ၌ မုရန် နံ့သာပုံ ဖြစ်၍၊ ငါ့ ရင်အုံ ကြား မှာ တညဉ့်လုံးအိပ် ရမည်။
၁၃ငါချစ်ရာသခင်သည် ငါ၌မုရန်နံ့သာပုံဖြစ်၍၊ ငါ့ရင်အုံကြားမှာ တညဉ့်လုံးအိပ်ရမည်။
14 ၁၄ ငါ ချစ် ရာသခင်သည် အင်္ဂေဒိ ဥယျာဉ် မှ ဖြစ် သော ဟင်္နာ ခက်ရွက်စည်းကဲ့သို့ဖြစ်ပါ၏။
၁၄ငါချစ်ရာသခင်သည် အင်္ဂေဒိဥယျာဉ်မှ ဖြစ် သော ဟင်္နာခက်ရွက်စည်းကဲ့သို့ဖြစ်ပါ၏။
15 ၁၅ ငါ ချစ် သောနှမ၊ သင် သည် အဆင်း လှပေ၏။ အလွန်လှ ပေ၏။ ချိုး မျက်စိ နှင့်ပြည့်စုံ၏။
၁၅ငါချစ်သောနှမ၊ သင်သည် အဆင်းလှပေ၏။ အလွန်လှပေ၏။ ချိုးမျက်စိနှင့်ပြည့်စုံ၏။
16 ၁၆ ငါ ချစ် ရာသခင်သည် အဆင်းလှ ၍၊ ချစ် ဘွယ် သော လက္ခဏာနှင့် ပြည့်စုံတော်မူ၏။ ငါ တို့အိပ်ရာခင်း သည် စိမ်း သော အဆင်းရှိ၏။
၁၆ငါချစ်ရာသခင်သည် အဆင်းလှ၍၊ ချစ်ဘွယ် သော လက္ခဏာနှင့် ပြည့်စုံတော်မူ၏။ ငါတို့အိပ်ရာခင်း သည် စိမ်းသော အဆင်းရှိ၏။
17 ၁၇ ငါ တို့ ဗိမာန် တိုင် တို့သည် အာရဇ် ပင်၊ အမိုး သည် ထင်ရူး ပင်ဖြင့်ပြီးသတည်း။
၁၇ငါတို့ ဗိမာန်တိုင်တို့သည် အာရဇ်ပင်၊ အမိုးသည် ထင်ရူးပင်ဖြင့်ပြီးသတည်း။