< ရှောလမုန်သီချင်း 8 >
1 ၁ ကိုယ်တော် သည် ကျွန်မ ၏ မိခင် နို့ ကိုစို့ သော မောင် ရင်းကဲ့သို့ ဖြစ် စေချင်ပါ၏။ သို့ဖြစ်လျှင် ၊ ကျွန်မ သည် ပြင် မှာ တွေ့ ၍ နမ်း ပါလိမ့်မည်။ သူတပါးမ ကဲ့ရဲ့ ရ။
၁
2 ၂ ကိုယ်တော် ကို လက်ဆွဲ ၍၊ မိခင် ၏အိပ်ခန်း ထဲသို့ ဆောင် သွားပါလိမ့်မည်။ သူသည်လည်း ကျွန်မ ကို သွန်သင် သဖြင့်၊ ကျွန်မသည်ဆေး ရောသော စပျစ်ရည် နှင့် ကျွန်မ သလဲ ရည်ကို ကိုယ်တော် အား သောက် တော်မူ ပါစေမည်။
၂ကိုယ်တော်ကို လက်ဆွဲ၍၊ မိခင်၏အိပ်ခန်းထဲသို့ ဆောင်သွားပါလိမ့်မည်။ သူသည်လည်း ကျွန်မကို သွန်သင်သဖြင့်၊ ကျွန်မသည်ဆေးရောသော စပျစ်ရည် နှင့် ကျွန်မသလဲရည်ကို ကိုယ်တော်အား သောက်တော် မူပါစေမည်။
3 ၃ သခင် ၏ လက်ဝဲ လက်သည် ငါ့ ခေါင်း ကိုထောက်မ လျက်၊ လက်ျာ လက်သည် ငါ့ ကိုဘက် လျက် နေတော်မူပါစေ။
၃သခင်၏ လက်ဝဲလက်သည် ငါ့ခေါင်းကိုထောက် မလျက်၊ လက်ျာလက်သည် ငါ့ကိုဘက်လျက် နေတော် မူပါစေ။
4 ၄ ယေရုရှလင် မြို့သမီး တို့၊ ငါချစ် သောသတို့သမီးသည် အလိုလို မ နိုး မှီတိုင်အောင်၊ မ လှုပ် မနှိုးမည် အကြောင်း၊ တော၌ကျင်လည်သော သမင်ဒရယ်များကို တိုင်တည်၍ သင် တို့ကို ငါ့မှာ ထား၏။
၄ယေရုရှလင်မြို့သမီးတို့၊ ငါချစ်သောသတို့သမီး သည် အလိုလိုမနိုးမှီတိုင်အောင်၊ မလှုပ်မနှိုးမည် အကြောင်း၊ တော်၌ကျင်လည်သော သမင်ဒရယ်များကို တိုင်တည်၍ သင်တို့ကို ငါ့မှာထာ၏။
5 ၅ မိမိ ချစ် ရာသခင်၌ မြှောင် ၍တော ထဲ က လာ သောထို သူကား၊ အဘယ်သူ ဖြစ်ပါလိမ့်မည်နည်း။ငါသည်ရှောက်ချို ပင်အောက်မှာ သင့် ကိုနှိုးဆော် ခဲ့ပြီ။ထို အရပ်၌ သင် ၏မိခင် သည်သင့် ကိုပေးစား ခဲ့ပြီ။ထို အရပ်၌ သင့် ကိုဘွားမြင် သောသူသည်သင့်ကိုပေးစား ခဲ့ပြီ။
၅မိမိချစ်ရာသခင်၌ မြှောင်၍တောထဲက လာ သောထိုသူကား၊ အဘယ်သူ ဖြစ်ပါလိမ့်မည်နည်း။ ငါသည် ရှောက်ချိုပင်အောက်မှာ သင့်ကို နိုးဆော်ခဲ့ပြီ။ ထိုအရပ်၌ သင်၏မိခင်သည် သင့်ကို ပေးစားခဲ့ပြီ။ ိုအရပ်၌ သင့်ကို ဘွားမြင်သောသူသည် သင့်ကို ပေးစားခဲ့ပြီ။
6 ၆ ကျွန်မ ကို ကိုယ်တော် ၏နှလုံး ပေါ် မှာ တံဆိပ် ခတ်တော်မူပါ။ လက်ရုံး တော်ပေါ် မှာ တံဆိပ် ခတ်တော်မူ ပါ။ အကြောင်း မူကား၊ မေတ္တာ သည် သေ ခြင်းနှင့်အမျှ တန်ခိုး ကြီးပါ၏။ ခင်ပွန်းကို မယုံသောစိတ် သဘောသည် မရဏ နိုင်ငံနှင့်အမျှ ခက်ထန် ပါ၏။ သူ ၏အရှိန် သည် မီး အရှိန် ၊ လျှပ်စစ် အရှိန်ဖြစ်ပါ၏။ (Sheol )
၆ကျွန်မကို ကိုယ်တော်၏နှလုံးပေါ်မှာ တံဆိပ် ခတ်တော်မူပါ။ လက်ရုံးတော်ပေါ်မှာ တံဆိပ်ခတ်တော် မူပါ။ အကြောင်းမူကား၊ မေတ္တာသည် သေခြင်းနှင့်အမျှ တန်ခိုးကြီးပါ၏။ ခင်ပွန်းကို မယုံသော စိတ်သဘောသည် မရဏနိုင်ငံနှင့်အမျှ ခက်ထန်ပါ၏။ သူ၏အရှိန်သည် မီးအရှိန်၊ လျှပ်စစ်အရှိန်ဖြစ်ပါ၏။ (Sheol )
7 ၇ သို့ရာတွင်၊ ရေ များ တို့သည် မေတ္တာ ကို မ သတ် နိုင်။။ မြစ် ရေတို့သည် မ လွှမ်းမိုး နိုင်။ လူ သည် မိမိ အိမ် ၌ ရှိသမျှ သော ပစ္စည်း ဥစ္စာတို့ကို မေတ္တာ ဘို့ ပေး ချင်သော်လည်း ၊ အလွန်တရာမထီမဲ့မြင် ပြုခြင်းကိုခံရလိမ့်မည်။
၇သို့ရာတွင်၊ ရေများတို့သည် မေတ္တာကို မသတ် နိုင်။ မြစ်ရေတို့သည် မလွှမ်းမိုးနိုင်။ လူသည် မိမိအိမ်၌ ရှိသမျှသော ပစ္စည်းဥစ္စာတို့ကို မေတ္တာဘို့ပေးချင်သော် လည်း၊ အလွန်တရာမထီမဲ့မြင်ပြုခြင်းကို ခံရလိမ့်မည်။
8 ၈ ငါ တို့၌ ညီမ ငယ် တယောက်ရှိ၏။ သူ သည် သားမြတ် မ ပေါ်သေး။ ထို ညီမ ကို တောင်း သောအခါ ၌ ၊ သူ့ အဘို့ အဘယ် သို့ပြု ရပါမည်နည်း။
၈ငါတို့၌ ညီမငယ်တယောက်ရှိ၏။ သူသည် သားမြတ်မပေါ်သေး။ ထိုညီမကို တောင်းသောအခါ၌၊ သူ့အဘို့အဘယ်သို့ ပြု့ရပါမည်နည်း။
9 ၉ သူ သည်မြို့ရိုး ဖြစ်လျှင် ၊ သူ့ အပေါ် မှာငွေ ပြအိုး ကို ဆောက် မည်။ တံခါး ဖြစ်လျှင် အာရဇ် ပျဉ်ပြား ဖြင့် ခိုင်ခံ့ စေမည်။
၉သူသည်မြို့ရိုးဖြစ်လျှင်၊ သူ့အပေါ်မှာငွေပြအိုးကို ဆောက်မည်။ တံခါးဖြစ်လျှင် အာရဇ်ပျဉ်ပြားဖြင့် ခိုင်ခံ့ စေမည်။
10 ၁၀ ငါသည်မြို့ရိုး ဖြစ်၏။ ငါ့ သားမြတ် တို့သည် ပြအိုး ကဲ့သို့ ဖြစ်ကြ၏။ သို့ဖြစ်၍ ၊ ရှေ့ တော်၌ မျက်နှာ ရသော ကျေးဇူးရှိ ၏။
၁၀ငါသည်မြို့ရိုးဖြစ်၏။ ငါ့သားမြတ်တို့သည် ပြအိုး ကဲ့သို့ ဖြစ်ကြ၏။ သို့ဖြစ်၍၊ ရှေ့တော်၌ မျက်နှာရသော ကျေးဇူးရှိ၏။
11 ၁၁ ဗာလဟာမုန် ပြည်၌ ရှောလမုန် မင်း၏ စပျစ် ဥယျာဉ်တော်တဆူရှိ ၏။ ဥယျာဉ် စောင့် တို့၌ ငှါး သဖြင့် သူ တို့ သည် အသီး ကို စားရသည်အတွက် ငွေ တထောင် စီ ဆက် ရကြ၏။
၁၁ဗာလဟာမုန်ပြည်၌ ရှောလမုန်မင်း၏ စပျစ် ဥယျာဉ်တဆူရှိ၏။ ဥယျာဉ် စောင့်တို့၌ ငှါးသဖြင့် သူတို့ သည် အသီးကို စားရသည်အတွက် ငွေတထောင်စီ ဆက်ရကြ၏။
12 ၁၂ ငါ ပိုင်သောစပျစ် ဥယျာဉ်သည် ငါ့ ရှေ့ မှာရှိ၏။ အိုရှောလမုန် ၊ ငွေတထောင် ကို ကိုယ်တော် အား ဆက်၍ အသီး စောင့် သောသူတို့ သည် နှစ်ရာ ကိုယူရကြ၏။
၁၂ငါပိုင်သောစပျစ်ဥယျာဉ်သည် ငါ့ရှေ့မှာရှိ၍၏။ အိုရှောလမုန်၊ ငွေတ ထောင်ကို ကိုယ်တော်အားဆက်၍ အသီးသီးစောင့်သော သူတို့သည် နှစ်ရာကိုယူရကြ၏။
13 ၁၃ ဥယျာဉ် တို့၌ နေ သောသူ၊ သင် ၏စကား သံကို သင်၏ အပေါင်း အဘော်တို့သည် နားထောင် တတ်ကြ၏။ ငါ သည်လည်းကြား ပါရစေ။
၁၃ဥယဉ်တို့၌နေသောသူ။ သင်၏စကားသံကို သင်၏ အပေါင်း အဘော် တို့သည် နားထောင် တတ်ကြ၏။ ငါသည်လည်းကြားပါရစေ။
14 ၁၄ အလျင် အမြန်ကြွလာတော်မူပါ၊ ငါ ချစ် ရာ သခင်။ နံ့သာ တောင် ပေါ် မှာ သမင် ဒရယ် သငယ် ကဲ့သို့ ပြုတော်မူပါ။
၁၄အလျင်အမြန် ကြွလာတော်မူပါ၊ ငါချစ်ရာ သခင်။ နံ့သာတောင်ပေါ်မှာ သမင်ဒရယ်သငယ်ကဲ့သို့ ပြုတော်မူပါ။