< ရှောလမုန်သီချင်း 6 >

1 မိန်းမ တကာတို့ ထက် အဆင်း လှသောအစ်မ၊ သင် ချစ် ရာသခင်သည် အဘယ် အရပ်သို့ကြွ တော်မူသနည်း။ အကျွန်ုပ်တို့သည် သင် နှင့်အတူ သူ့ ကိုရှာ ရမည် အကြောင်း ၊ သင် ချစ် ရာသခင်သည် အဘယ် အရပ်သို့ လွှဲ သွားတော်မူသည်ကို ပြောပါ။
Where has your beloved gone, O most beautiful among women? Which way has he turned? We will seek him with you.
2 ငါ ချစ် ရာသခင်သည် ဥယျာဉ် တော်၌ သစ်သီးကို စား ၍ ၊ နှင်းပွင့် ကို ဆွတ်ယူ မည်ဟု၊ ဥယျာဉ် တော်တွင် နံ့သာ တော သို့ ဆင်း သွားတော်မူပေ၏။
My beloved has gone down to his garden, to the beds of spices, to pasture his flock in the gardens and to gather lilies.
3 ငါ ချစ် ရာသခင်သည် ငါ့ ကိုဆိုင် တော်မူ၏။ ငါ သည်လည်း သခင် ကို ဆိုင် ပေ၏။ နှင်း တော၌ ကျက်စား တော်မူ၏။
I belong to my beloved and he belongs to me; he pastures his flock among the lilies.
4 ငါ ချစ် သောနှမ၊ သင် သည်တိရဇ မြို့ကဲ့သို့ လှ ၏။ ယေရုရှလင် မြို့ကဲ့သို့ တင့်တယ် ၏။ စစ် မျက်နှာကဲ့သို့ ကြောက်မက် ဘွယ်ဖြစ်၏။
You are as beautiful, my darling, as Tirzah, as lovely as Jerusalem, as majestic as troops with banners.
5 သင် ၏မျက်စိ တို့ကို ငါ မှ လွှဲ ပါ။ သူ တို့သည် ငါ့ ကို အောင် ပြီ။ သင် ၏ဆံပင် သည်လည်း၊ ဂိလဒ် တောင်ပေါ်မှ ဆင်း လာသောဆိတ် စု ကဲ့သို့ ဖြစ်၏။
Turn your eyes away from me, for they have overcome me. Your hair is like a flock of goats streaming down from Gilead.
6 သင် ၏သွား တို့သည်လည်း၊ ရေချိုး ရာမှ တက် လာသော သိုး စု ကဲ့သို့ ဖြစ်ကြ၏။ တကောင်မျှ မလျော့ ၊ အမွှာ သာ ဘွားတတ်ကြ၏။
Your teeth are like a flock of sheep coming up from the washing; each has its twin, and not one of them is lost.
7 နားပန်း ဆံကြား မှာ ပါးတို့သည် သလဲ သီးရှက် နှင့် တူ ကြ၏။
Your brow behind your veil is like a slice of pomegranate.
8 မိဖုရား ခြောက် ကျိပ်၊ မောင်းမမိဿံ ရှစ် ကျိပ်၊ အပျို တော်အတိုင်း မသိရှိကြ၏။
There are sixty queens and eighty concubines, and maidens without number,
9 ငါ့ ချိုး ၊ ငါ ၏စုံလင် သူသည် ငါ၌တပါး တည်းရှိ၏။ ဘွားမြင် သောမိခင် ၌ အချစ် ဆုံးသောသမီး ဖြစ်၏။ လူမျိုး သမီး တို့သည် သူ့ ကိုမြင် ၍ ကောင်းကြီး ပေးကြ၏။ မိဖုရား များနှင့် မောင်းမမိဿံ များတို့သည် ချီးမွမ်း ကြ၏။
but my dove, my perfect one, is unique, the favorite of the mother who bore her. The maidens see her and call her blessed; the queens and concubines sing her praises.
10 ၁၀ လ ကဲ့သို့ တင့်တယ် လျက်၊ နေ ကဲ့သို့ ထွန်းလင်း လျက်၊ စစ် မျက်နှာကဲ့သို့ ကြောက်မက် ဘွယ်ဖြစ်လျက်၊ နံနက် ကဲ့သို့ မျှော်ရှု သော သတို့သမီးကား ၊ အဘယ်သူ နည်း။
Who is this who shines like the dawn, as fair as the moon, as bright as the sun, as majestic as the stars in procession?
11 ၁၁ ချိုင့် ထဲမှာ သစ်သီး များကိုကြည့်ရှု ၍ ၊ စပျစ်နွယ် ပင် သန်သည် မသန်သည်ကို၎င်း၊ သလဲ ပင်ပွင့် သည် မပွင့်သည်ကို၎င်းသိ ခြင်းငှါ ၊ ငါပြုစု သော ဥယျာဉ် သို့ ငါဆင်း သွား၏။
I went down to the walnut grove to see the blossoms of the valley, to see if the vines were budding or the pomegranates were in bloom.
12 ၁၂ သတိ မ ရမှီ ငါ့ ဝိညာဉ် သည် အမိနဒိပ်ရထား ကို စီးသကဲ့သို့ဖြစ်၏။
Before I realized it, my desire had set me among the royal chariots of my people.
13 ၁၃ အိုရှုလမိတ် ၊ ပြန် လာပါ။ ပြန် လာပါ။ အကျွန်ုပ် တို့သည် သင့် ကို ရှုမြင် ရမည်အကြောင်း ၊ ပြန် လာပါ။ ပြန် လာပါ။ ရှုလမိတ် ၌ အဘယ်သို့ သောအရာကို တွေ့မြင် ကြလိမ့်မည်နည်း။ စစ်တပ် နှစ်တပ်ကဲ့သို့ တွေ့မြင်ကြ ပါမည်။
Come back, come back, O Shulammite! Come back, come back, that we may gaze upon you. Why do you look at the Shulammite, as on the dance of Mahanaim?

< ရှောလမုန်သီချင်း 6 >