< ရှောလမုန်သီချင်း 5 >

1 ငါ နှမ ၊ ငါ့ခင်ပွန်း ၊ ငါ့ ဥယျာဉ် ထဲ သို့ ငါဝင် လာပြီ။ ငါ့ မုရန် နှင့် နံ့သာမျိုး ကိုခံယူ ပြီ။ ငါ့ ပျားရည် နှင့် ပျားလပို့ ကို စား ရပြီ။ ငါ့ နို့ နှင့် စပျစ်ရည် ကိုသောက် ရပြီ။ ငါ့အဆွေ တို့၊ စား ကြလော့။ ငါ့မိတ်ဆွေ တို့၊ သောက် ကြ။ ဝ စွာ သောက်ကြလော့။
I am come into my garden, my sister, my bride; I have gathered my myrrh with my spice; I have eaten my honeycomb with my honey; I have drunk my wine with my milk. Eat, O friends; drink, yea, drink abundantly, O beloved.
2 ငါ သည် အိပ်ပျော် စဉ်၊ နှလုံး နိုး လျက်ရှိ၏။ ငါ ချစ် ရာ သခင်၏စကား သံပေ။ ငါ့ နှမ ၊ ငါ ချစ် သောအမိ၊ ငါ့ ချိုး ၊ ငါ ၏စုံလင် သူ၊ ငါ အား ဖွင့် ပါ။ ငါ့ ခေါင်း သည် နှင်း နှင့်၎င်း၊ ငါ့ ဆံပင် သည် ညဉ့် ၌ကျ တတ်သော နှင်းစက်များနှင့်၎င်း စို ပြီဟုဆိုလျက်၊ ခေါက် ၍နေတော်မူ၏။
I sleep, but my heart waketh; Hark! my beloved knocketh: 'Open to me, my sister, my love, my dove, my undefiled; for my head is filled with dew, my locks with the drops of the night.'
3 ကျွန်မ သည် အဝတ် ကိုချွတ် ပါပြီ။ အဘယ် ကြောင့် ဝတ် ပြန်ရမည်နည်း။ ခြေ ကိုလည်းဆေး ပါပြီ။ တဖန်ညစ် အောင် အဘယ် ကြောင့်ပြုရပါမည်နည်း။
I have put off my coat; how shall I put it on? I have washed my feet; how shall I defile them?
4 ငါ ချစ် ရာသခင်သည် လက် တော်ကိုတံခါးပေါက် အထဲ သို့ သွင်း တော်မူသည်ဖြစ်၍ ၊ သူ့ ကိုချစ်သနားသောစိတ် အားကြီး သဖြင့်၊
My beloved put in his hand by the hole of the door, and my heart was moved for him.
5 ငါ ချစ် ရာသခင်အား တံခါးကိုဖွင့် အံ့သောငှါ ထ သောအခါ ၊ ငါ့ လက် မှမုရန် ဆီ၊ ငါ့ လက်ချောင်း တို့မှ ပကတိမုရန် ဆီသည် တံခါး ကျင်တိုက်ပေါ် မှာ စက်စက် ကျလေ၏။
I rose up to open to my beloved; and my hands dropped with myrrh, and my fingers with flowing myrrh, upon the handles of the bar.
6 ငါ ချစ် ရာသခင်အား ငါ ဖွင့် သည်ရှိသော်၊ ငါ ချစ် ရာ သခင်သည်ထွက် သွား နှင့်ပြီ။ စကား သံတော်ကို စေ့စေ့နားထောင်လျက်၊ သခင် ကိုငါရှာ သော်လည်း မ တွေ့။ ခေါ် သော်လည်း ထူး တော်မ မူ။
I opened to my beloved; but my beloved had turned away, and was gone. My soul failed me when he spoke. I sought him, but I could not find him; I called him, but he gave me no answer.
7 မြို့ တွင် လည် သော ကင်းစောင့် တို့သည် ငါ့ ကို တွေ့ သော်၊ နာကျင် စွာရိုက် ကြ၏။ မြို့ရိုး စောင့် တို့သည် ငါ့ မျက်နှာဖုံး ကို လု ယူကြ၏။
The watchmen that go about the city found me, they smote me, they wounded me; the keepers of the walls took away my mantle from me.
8 အိုယေရုရှလင် မြို့သမီး တို့၊ သင် တို့သည် ငါ ချစ် ရာ သခင်ကိုတွေ့ လျှင် ၊ သူ့ကိုငါ ချစ် ၍ နာ နေကြောင်း ကို ကြား ပြောကြပါဟု၊ ငါ မှာထားတောင်းပန်ပါ၏။
'I adjure you, O daughters of Jerusalem, if ye find my beloved, what will ye tell him? that I am love-sick.'
9 မိန်းမ တကာ တို့ထက် အဆင်း လှသောအစ်မ၊ သင် ချစ် ရာသခင်သည် အခြားတပါးသော ချစ်ရာသခင် ထက် အဘယ်သို့သာသနည်း။ အကျွန်ုပ် တို့ကို ထို သို့မှာ ထားတောင်းပန်ရမည်အကြောင်း ၊ သင် ချစ် ရာသခင်သည် အခြားတပါးသော ချစ် ရာသခင်ထက် အဘယ်သို့ သာသနည်း။
'What is thy beloved more than another beloved, O thou fairest among women? What is thy beloved more than another beloved, that thou dost so adjure us?'
10 ၁၀ ငါ ချစ် ရာသခင်သည် ဖြူ သောအဆင်း၊ နီ သော အဆင်းနှင့် ပြည့်စုံ၍၊ လူတ သောင်းတို့တွင် အထွဋ် အမြတ်ဖြစ်တော်မူ၏။
'My beloved is white and ruddy, pre-eminent above ten thousand.
11 ၁၁ ဦးခေါင်း တော်သည် ရွှေစင် နှင့်တူ၏။ ဆံပင် တော်သည် ထူထပ် ၍၊ ကျီး အဆင်းကဲ့သို့ နက် ၏။
His head is as the most fine gold, his locks are curled, and black as a raven.
12 ၁၂ မျက်စိ တော်တို့သည် နို့ ၌ ချိုး လျက် မြစ် ရေ ပေါ် မှာ ပုံ့ပုံ့ကြွကြွဝပ် သော ချိုး နှင့်တူ ကြ၏။
His eyes are like doves beside the water-brooks; washed with milk, and fitly set.
13 ၁၃ ပါး တော်တို့သည် နံ့သာ တော၊ မွှေးကြိုင် သော ပန်း တောကဲ့သို့ ၎င်း နှုတ်ခမ်း တော်တို့သည် ပကတိမုရန် ဆီယို သော နှင်းပွင့် ကဲ့သို့၎င်း ဖြစ်ကြ၏။
His cheeks are as a bed of spices, as banks of sweet herbs; his lips are as lilies, dropping with flowing myrrh.
14 ၁၄ လက် တော်တို့သည် မျက်ရွဲ စီ သောလက်စွပ် ကဲ့သို့၎င်း၊ ကိုယ် တော်သည် နီလာ ကျောက်ဖြင့် စီချယ် သော ဆင်စွယ် ဖြူ ကဲ့သို့၎င်း ဖြစ်၏။
His hands are as rods of gold set with beryl; his body is as polished ivory overlaid with sapphires.
15 ၁၅ ခြေထောက် တော်တို့သည် ရွှေစင် ဘိနပ် ပေါ် ၌ တည် သော ကျောက်ဖြူ တိုင် နှင့်တူကြ၏။ မျက်နှာ တော် သည် လေဗနုန် တောင်ကဲ့သို့ ဖြစ်၍၊ အာရဇ် ပင်ကဲ့သို့ ထူးမြတ် ပေ၏။
His legs are as pillars of marble, set upon sockets of fine gold; his aspect is like Lebanon, excellent as the cedars.
16 ၁၆ နှုတ် တော်သည် အလွန်ချို ပေ၏။ တကိုယ်လုံး၌ ချစ်ဖွယ် သော ဂုဏ်တော်အပေါင်း တို့နှင့် ပြည့်စုံတော်မူ၏။ ယေရုရှလင် မြို့သမီး တို့၊ ဤ သူသည် ငါ ချစ် ရာသခင်၊ ငါ့ မိတ်ဆွေ ဖြစ်တော်မူသတည်း။
His mouth is most sweet; yea, he is altogether lovely. This is my beloved, and this is my friend, O daughters of Jerusalem.'

< ရှောလမုန်သီချင်း 5 >