< ရှောလမုန်သီချင်း 4 >

1 သင် သည် အဆင်း လှပေ၏။ ငါ ချစ် သောနှမ၊ အလွန်လှ ပေ၏။ ဗျာပါဆံ ကြား မှာ ချိုး မျက်စိ နှင့် ပြည့်စုံ၏။ ဆံပင် သည်လည်း ဂိလဒ် တောင် ပေါ်မှ ဆင်း လာသော ဆိတ် စု ကဲ့သို့ ဖြစ်၏။
သင်သည် အဆင်းလှပေ၏။ ငါချစ်သောနှမ၊ အလွန်လှပေ၏။ ဗျာပါဆံကြားမှာ ချိုးမျက်စိနှင့် ပြည့်စုံ ၏။ ဆ့ပင်သည်လည်း ဂိလဒ်တောင်ပေါ်မှ ဆင်းလာ သော ဆိတ်စုကဲ့သို့ဖြစ်၏။
2 သင် ၏သွား တို့သည်လည်း အမွေး ညှပ်၍ ၊ ရေချိုး ရာမှ တက် လာသောသိုးစု ကဲ့သို့ ဖြစ်ကြ၏။ တ ကောင်မျှမ လျော့။ အမွှာ သာ ဘွားတတ်ကြ၏။
သင်၏သွားတို့သည်လည်း အမွေးညှပ်၍၊ ရေချိုးရာမှ တက်လာသော သိုးစုကဲ့သို့ဖြစ်ကြ၏။ တကောင်မျှမလျော့။ အမွှာသာ ဘွားတတ်ကြ၏။
3 နှုတ်ခမ်း သည်လည်း နီ တွေးသောကြိုး နှင့်တူ ၏။ စကား သံလည်း သာယာ ပေ၏။ နားပန်းဆံကြားမှာ ပါးတို့ သည် သလဲ သီးရှက်နှင့်တူ ကြ၏။
နှုတ်ခမ်းသည်လည်း နီတွေးသောကြိုးနှင့်တူ၏။ စကားသံလည်း သာယာပေ၏။ နားပန်းဆံကြားမှာ ပါးတို့ သည် သလဲသီးရှက်နှင့်တူကြ၏။
4 လည်ပင်း သည်လည်း၊ သူရဲ တို့သာသုံးဆောင်တတ်သော ဒိုင်း လွှားတထောင် ဆွဲ ထားသော လက်နက်စုံ ဘဏ္ဍာ တိုက်တည်းဟူသော ဒါဝိဒ် မင်း၏ ရဲတိုက် နှင့် တူ၏။
လည်ပင်းသည်လည်း၊ သူရဲတို့သာသုံးဆောင် တတ်သော ဒိုင်လွှားတထောင်ဆွဲထားသော လက်နက်စုံ ဘဏ္ဍာတိုက်တည်းဟူသော ဒါဝိဒ်မင်း၏ ရဲတိုက်နှင့် တူ၏။
5 ရင်သား နှစ် ဘက်တို့သည် နှင်း တော၌ ကျက်စား သော ဒရယ် သငယ် အမွှာ နှင့် တူ ကြ၏။
ရင်သားနှစ်ဘက်တို့သည် နှင်းတော၌ ကျက်စား သော ဒရယ်သငယ်အမွှာနှင့် တူကြ၏။
6 မိုဃ်း မသောက်၊ မှောင်မိုက်အရိပ် မ ပြေး မှီ၊ ငါသည်မုရန် တောင် နှင့် လောဗန် ကုန်း သို့ သွား မည်။
မိုဃ်းမသောက်၊ မှောင်မိုက်အရိပ်မပြေးမှီ၊ ငါသည်မုရန် တောင်နှင့် လောဗန်ကုန်းသို့သွားမည်။
7 ငါ ချစ် သောနှမ၊ သင် သည်အပြစ် တစုံတခုမျှမ ရှိ။ တကိုယ်လုံး လှ ပေ၏။
ငါချစ်သောနှမ၊ သင်သည်အပြစ်တစုံတခုမျှမရှိ။ တကိုယ်လုံးလှပေ၏။
8 ငါ နှင့်အတူ လေဗနုန် တောင်က လာ ပါအပယ်။ ငါ နှင့်အတူ လေဗနုန် တောင်က လာ ပါ။ အာမန တောင်ထိပ် ၊ ရှနိရ တောင်၊ ဟေရမုန် တောင်ထိပ် ၊ ခြင်္သေ့ တွင်း များ၊ ကျားသစ် နေရာ တောင် များအပေါ် က ကြည့်ရှုပါ။
ငါနှင့်အတူ လေဗနုန်တောင်က လာပါအပယ်။ ငါနှင့်အတူ လေဗနုန်တောင်က လာပါ။ အာမနတောင် ထိပ်၊ ရှနိရတောင်၊ ဟေရမုန်တောင်ထိပ်၊ ခြင်္သေ့တွင်းများ၊ ကျားသစ်နေရာ တောင်များအပေါ်က ကြည့်ရှုပါ။
9 ငါ့ နှမ ၊ ငါ့ခင်ပွန်း၊ သင်သည် ငါ့ နှလုံးကိုလု ယူပြီ။ သင် ၏ မျက်စိ တကြည့် ၊ လည်ပင်း တလည့် ဖြင့် ငါ နှလုံးကို လု ယူပြီ။
ငါ့နှမ၊ ငါ့ခင်ပွန်း၊ သင်သည် ငါ့နှလုံးကိုလုယူပြီ။ သင်၏ မျက်စိတကြည့်၊ လည်ပင်းတလည့်ဖြင့် ငါနှလုံးကို လုယူပြီ။
10 ၁၀ ငါ့ နှမ ၊ ငါ့ခင်ပွန်း ၊ သင် ၏မေတ္တာ သည် အလွန် ချိုပေ၏။ သင် ၏မေတ္တာ သည် စပျစ်ရည် ထက် အထူးသဖြင့် ကောင်း ပေ၏။ သင်းထုံ သောနံ့သာ ဆီသည် နံ့သာမျိုး တကာ တို့ထက် အထူးသဖြင့်မွှေးကြိုင်ပေ၏။
၁၀ငါ့နှမ၊ ငါ့ခင်ပွန်း၊ သင်၏မေတ္တာသည် အလွန် ချိုပေ၏။ သင်၏မေတ္တာသည် စပျစ်ရည်ထက် အထူး သဖြင့် ကောင်းပေ၏။ သင်းထုံသောနံ့သာဆီသည် နံ့သာမျိုးတကာတို့ထက် အထူးသဖြင့် မွှေးကြိုင်ပေ၏။
11 ၁၁ ငါ့ခင်ပွန်း ၊ သင် ၏နှုတ်ခမ်း သည် ပျားလပို့ ကဲ့သို့ယို တတ်၏။ လျှာ အောက် မှာ နို့ နှင့် ပျားရည် ရှိ၏။ အဝတ် တန်ဆာသည်လည်း လေဗနုန် အမွှေး အကြိုင်ကဲ့သို့ မွှေးကြိုင် လျက်ရှိ၏။
၁၁ငါ့ခင်ပွန်း၊ သင်၏နှုတ်ခမ်းသည် ပျားလပို့ကဲ့သို့ ယိုတတ်၏။ လျှာအောက်မှာ နို့နှင့်ပျားရည်ရှိ၏။ အဝတ် တန်ဆာသည်လည်း လေဗနုန်အမွှေးအကြိုင်းကဲ့သို့ မွှေးကြိုင်လျက်ရှိ၏။
12 ၁၂ ငါ့ နှမ ၊ ငါ့ခင်ပွန်း သည် ဝင်း ကာသောဥယျာဉ် ၊ ပိတ် ထားသော ရေကန် ၊ တံဆိပ် ခတ်သော ရေတွင်း ဖြစ်ပေ၏။
၁၂ငါ့နှမ၊ ငါ့ခင်ပွန်းသည် ဝင်းကာသောဥယျာဉ်၊ ပိတ်ထားသော ရေကန်၊ တံဆိပ်ခတ်ထားသော ရေတွင်း ဖြစ်ပေ၏။
13 ၁၃ သင် ၏ပျိုးပင် တို့ကား၊ ချို သောအသီး ကို သီးတတ် သော သလဲ တော ၊ နာဒု ပင်နှင့် ရောသောဟင်္နာ တော၊
၁၃သင်၏ပျိုးပင်တို့ကား၊ ချိုသောအသီးကို သီးတတ် သော သလဲတော၊ နာဒုပင်နှင့် ရောသောဟင်္နာတော၊
14 ၁၄ နာဒု ပင်၊ ကုရကုမ ပင်၊ ကြံ ပင်၊ သစ်ကြံပိုး ပင်၊ လောဗန် ပင် မျိုး၊ မုရန် ပင်၊ အကျော် ပင်၊ အမြတ် ဆုံးသော နံ့သာ ပင်မျိုးပါကြ၏။
၁၄နာဒုပင်၊ ကုရကုမပင်၊ ကြံပင်၊ သစ်ကြံပိုးပင်၊ လောဗန်ပင်မျိုး၊ မုရန်ပင်၊ အကျော်ပင်၊ အမြတ်ဆုံးသော နံ့သာပင်မျိုးပါကြ၏။
15 ၁၅ ဥယျာဉ် များကို ရေ လောင်းစရာရေကန် ၊ စမ်းရေ တွင်း၊ လေဗနုန် တောင်က စီး ထွက်သော မြစ်ရေလည်း ပါသတည်း။
၁၅ဥယျာဉ်များကို ရေလောင်းစရာရေကန်၊ စမ်း ရေတွင်း၊ လေဗနုန်တောင်က စီးထွက်သော မြစ်ရေလည်း ပါသတည်း။
16 ၁၆ မြောက် လေ၊ နိုး ပါ။ တောင် လေ၊ လာ ပါ။ ငါ့ ဥယျာဉ် အပေါ်သို့ လာ ကြပါ။ မွှေးကြိုင်သောအနံ့ သည် ပျံ့လှိုင် ပါစေ။ ငါ ချစ် ရာသခင်သည် ဥယျာဉ် တော်သို့ ဝင် ၍ ၊ ချို သောအသီး ကို စား တော်မူပါစေ။
၁၆မြောက်လေ၊ နိုးပါ။ တောင်လေ၊ လာပါ။ ငါ့ဥယျာဉ်အပေါ်သို့ လာကြပါ။ မွှေးကြိုင်သောအနံ့သည် ပျံ့လှိုင်ပါစေ။ ငါချစ်ရာသခင်သည် ဥယျာဉ်တော်သို့ ဝင်၍၊ ချိုသောအသီးကို စားတော်မူပါစေ။

< ရှောလမုန်သီချင်း 4 >