< ရှောလမုန်သီချင်း 4 >
1 ၁ သင် သည် အဆင်း လှပေ၏။ ငါ ချစ် သောနှမ၊ အလွန်လှ ပေ၏။ ဗျာပါဆံ ကြား မှာ ချိုး မျက်စိ နှင့် ပြည့်စုံ၏။ ဆံပင် သည်လည်း ဂိလဒ် တောင် ပေါ်မှ ဆင်း လာသော ဆိတ် စု ကဲ့သို့ ဖြစ်၏။
See, you are fair, my love, you are fair; you have the eyes of a dove; your hair is as a flock of goats, which take their rest on the side of Gilead.
2 ၂ သင် ၏သွား တို့သည်လည်း အမွေး ညှပ်၍ ၊ ရေချိုး ရာမှ တက် လာသောသိုးစု ကဲ့သို့ ဖြစ်ကြ၏။ တ ကောင်မျှမ လျော့။ အမွှာ သာ ဘွားတတ်ကြ၏။
Your teeth are like a flock of sheep whose wool is newly cut, which come up from the washing; every one has two lambs, and there is not one without young.
3 ၃ နှုတ်ခမ်း သည်လည်း နီ တွေးသောကြိုး နှင့်တူ ၏။ စကား သံလည်း သာယာ ပေ၏။ နားပန်းဆံကြားမှာ ပါးတို့ သည် သလဲ သီးရှက်နှင့်တူ ကြ၏။
Your red lips are like a bright thread, and your mouth is fair of form; the sides of your head are like pomegranate fruit under your veil.
4 ၄ လည်ပင်း သည်လည်း၊ သူရဲ တို့သာသုံးဆောင်တတ်သော ဒိုင်း လွှားတထောင် ဆွဲ ထားသော လက်နက်စုံ ဘဏ္ဍာ တိုက်တည်းဟူသော ဒါဝိဒ် မင်း၏ ရဲတိုက် နှင့် တူ၏။
Your neck is like the tower of David made for a store-house of arms, in which a thousand breastplates are hanging, breastplates for fighting-men.
5 ၅ ရင်သား နှစ် ဘက်တို့သည် နှင်း တော၌ ကျက်စား သော ဒရယ် သငယ် အမွှာ နှင့် တူ ကြ၏။
Your two breasts are like two young roes of the same birth, which take their food among the lilies.
6 ၆ မိုဃ်း မသောက်၊ မှောင်မိုက်အရိပ် မ ပြေး မှီ၊ ငါသည်မုရန် တောင် နှင့် လောဗန် ကုန်း သို့ သွား မည်။
Till the evening comes, and the sky slowly becomes dark, I will go to the mountain of myrrh, and to the hill of frankincense.
7 ၇ ငါ ချစ် သောနှမ၊ သင် သည်အပြစ် တစုံတခုမျှမ ရှိ။ တကိုယ်လုံး လှ ပေ၏။
You are all fair, my love; there is no mark on you.
8 ၈ ငါ နှင့်အတူ လေဗနုန် တောင်က လာ ပါအပယ်။ ငါ နှင့်အတူ လေဗနုန် တောင်က လာ ပါ။ အာမန တောင်ထိပ် ၊ ရှနိရ တောင်၊ ဟေရမုန် တောင်ထိပ် ၊ ခြင်္သေ့ တွင်း များ၊ ကျားသစ် နေရာ တောင် များအပေါ် က ကြည့်ရှုပါ။
Come with me from Lebanon, my bride, with me from Lebanon; see from the top of Amana, from the top of Senir and Hermon, from the places of the lions, from the mountains of the leopards.
9 ၉ ငါ့ နှမ ၊ ငါ့ခင်ပွန်း၊ သင်သည် ငါ့ နှလုံးကိုလု ယူပြီ။ သင် ၏ မျက်စိ တကြည့် ၊ လည်ပင်း တလည့် ဖြင့် ငါ နှလုံးကို လု ယူပြီ။
You have taken away my heart, my sister, my bride; you have taken away my heart, with one look you have taken it, with one chain of your neck!
10 ၁၀ ငါ့ နှမ ၊ ငါ့ခင်ပွန်း ၊ သင် ၏မေတ္တာ သည် အလွန် ချိုပေ၏။ သင် ၏မေတ္တာ သည် စပျစ်ရည် ထက် အထူးသဖြင့် ကောင်း ပေ၏။ သင်းထုံ သောနံ့သာ ဆီသည် နံ့သာမျိုး တကာ တို့ထက် အထူးသဖြင့်မွှေးကြိုင်ပေ၏။
How fair is your love, my sister! How much better is your love than wine, and the smell of your oils than any perfume!
11 ၁၁ ငါ့ခင်ပွန်း ၊ သင် ၏နှုတ်ခမ်း သည် ပျားလပို့ ကဲ့သို့ယို တတ်၏။ လျှာ အောက် မှာ နို့ နှင့် ပျားရည် ရှိ၏။ အဝတ် တန်ဆာသည်လည်း လေဗနုန် အမွှေး အကြိုင်ကဲ့သို့ မွှေးကြိုင် လျက်ရှိ၏။
Your lips are dropping honey; honey and milk are under your tongue; and the smell of your clothing is like the smell of Lebanon.
12 ၁၂ ငါ့ နှမ ၊ ငါ့ခင်ပွန်း သည် ဝင်း ကာသောဥယျာဉ် ၊ ပိတ် ထားသော ရေကန် ၊ တံဆိပ် ခတ်သော ရေတွင်း ဖြစ်ပေ၏။
A garden walled-in is my sister, my bride; a garden shut up, a spring of water stopped.
13 ၁၃ သင် ၏ပျိုးပင် တို့ကား၊ ချို သောအသီး ကို သီးတတ် သော သလဲ တော ၊ နာဒု ပင်နှင့် ရောသောဟင်္နာ တော၊
The produce of the garden is pomegranates; with all the best fruits, henna and spikenard,
14 ၁၄ နာဒု ပင်၊ ကုရကုမ ပင်၊ ကြံ ပင်၊ သစ်ကြံပိုး ပင်၊ လောဗန် ပင် မျိုး၊ မုရန် ပင်၊ အကျော် ပင်၊ အမြတ် ဆုံးသော နံ့သာ ပင်မျိုးပါကြ၏။
Spikenard and safron; calamus and cinnamon, with all trees of frankincense; myrrh and aloes, with all the chief spices.
15 ၁၅ ဥယျာဉ် များကို ရေ လောင်းစရာရေကန် ၊ စမ်းရေ တွင်း၊ လေဗနုန် တောင်က စီး ထွက်သော မြစ်ရေလည်း ပါသတည်း။
You are a fountain of gardens, a spring of living waters, and flowing waters from Lebanon.
16 ၁၆ မြောက် လေ၊ နိုး ပါ။ တောင် လေ၊ လာ ပါ။ ငါ့ ဥယျာဉ် အပေါ်သို့ လာ ကြပါ။ မွှေးကြိုင်သောအနံ့ သည် ပျံ့လှိုင် ပါစေ။ ငါ ချစ် ရာသခင်သည် ဥယျာဉ် တော်သို့ ဝင် ၍ ၊ ချို သောအသီး ကို စား တော်မူပါစေ။
Be awake, O north wind; and come, O south, blowing on my garden, so that its spices may come out. Let my loved one come into his garden, and take of his good fruits.