< ရှောလမုန်သီချင်း 2 >
1 ၁ ကျွန်မသည် ရှာရုန် အရပ်နှင်းဆီ ပွင့်၊ ကွင်းပြင် ၌ပေါက်သော နှင်းပွင့် မျှသာဖြစ်ပါ၏။
I am a rose of Sharon. A lily of the valleys.
2 ၂ ဆူး တောထဲမှာ နှင်းပွင့် ထင်သကဲ့သို့ ၊ ငါ ချစ် သောသတို့သမီးသည် လူမျိုးသမီး စုထဲမှာ ထင်ပေ၏။
As a lily among thorns, So is my love among the daughters.
3 ၃ တော ပင် စုထဲမှာ ရှောက်ချို ပင်ကဲ့သို့ ငါ ချစ် ရာ သခင်သည် လူမျိုးသား စုထဲမှာ ဖြစ်တော်မူ၏။ ငါသည် သူ ၏အရိပ် ဝယ် ပျော်မွေ့ နေထိုင် ၍ ၊ မြိန် စွာသော အသီး ကို စား ရ၏။
As the apple tree among the trees of the wood, so is my beloved among the sons. I sat down under his shadow with great delight, and his fruit was sweet to my taste.
4 ၄ ပွဲခံ ရာအိမ် သို့ ငါ့ ကိုဆောင်သွား ၍ ၊ မေတ္တာ တော်အလံ ကို ငါ့ အပေါ် မှာ မိုးတော်မူပြီ။
He brought me to the banquet house, and his banner over me was love.
5 ၅ ငါ သည်ချစ်ခြင်း အားဖြင့်ကြင်နာ သည်ဖြစ်၍ ၊ ငါ့ ကိုစပျစ်သီးပျဉ် နှင့် အားဖြည့် ကြပါ။ ရှောက်ချို သီးကို ကျွေး၍ သက်သာ စေကြပါ။
Sustain ye me with raisins, refresh me with apples, for I am sick from love.
6 ၆ သင်၏ လက်ဝဲ လက်သည် ငါ့ ခေါင်း ကိုထောက်မလျက်၊ လက်ျာ လက်သည် ငါ့ ကိုဘက် လျက်နေတော်မူပါစေ။
His left hand is under my head, and his right hand embraces me.
7 ၇ ယေရုရှလင် မြို့သမီး တို့၊ ငါချစ် သော သတို့သမီးသည် အလိုလို မ နိုး မှီတိုင်အောင်၊ မ လှုပ်မနှိုး မည် အကြောင်း ၊ တော ၌ ကျင်လည်သော သမင် ဒရယ် များကို တိုင်တည်၍ သင် တို့ကို ငါမှာ ထား၏။
I adjure you, O daughters of Jerusalem, by the roes, or by the hinds of the field, that ye stir not up, nor awake love, until it please.
8 ၈ ငါ ချစ် ရာသခင်၏စကား သံပေ။ ကြည့် ပါ။ တောင် ကြီးတောင် ငယ်တို့ကို ခုန်ကျော် လျက်ကြွလာ ၏။
The voice of my beloved! Behold, he comes, leaping upon the mountains, skipping upon the hills.
9 ၉ ငါ ချစ် ရာသခင်သည် သမင် ဒရယ် သငယ် နှင့် တူ၏။ ကြည့် ပါ။ အုတ်ရိုး ပြင် မှာရပ် တော်မူ၏။ ပြတင်းပေါက် ဝတွင် ကြည့် လျက် ၊ ပြတင်းရွက် ကြား မှာ ကိုယ်ကို ပြလျက်နေတော်မူ၏။
My beloved is like a roe or a young hart. Behold, he stands behind our wall. He looks in at the windows. He glances through the lattice.
10 ၁၀ ငါ ချစ် ရာ သခင်သည် ခေါ် ၍ ပြော သည်ကား၊ ငါ ချစ် သောနှမ၊ ငါ ၏မိန်းမလှ ၊ ထ ၍ လာ ခဲ့ပါ။
My beloved spoke, and said to me, Rise up, my love, my fair one, and come away.
11 ၁၁ ဆောင်း ကာလလွန် ပြီ။ မိုဃ်း လည်းကြည်လင် ပြီ။
For, lo, the winter is past. The rain is over and gone.
12 ၁၂ မြေကြီး ပေါ် မှာ ပန်း များ ပွင့် ကြပြီ။ ငှက်တို့ မြည်တွန် ချိန် လည်း ရောက် လေပြီ။ ငါ တို့မြေ ၌ ချိုးငှက် တွန်သံ ကိုလည်း ကြား ရ၏။
The flowers appear on the earth. The time of the singing has come, and the voice of the turtledove is heard in our land.
13 ၁၃ သင်္ဘော သဖန်းပင်သည် စိမ်း သောအသီးကို မှည့် စေ၏။ စပျစ်နွယ် ပင်လည်း ပွင့် လျက်မွှေးကြိုင် ၏။ ငါ ချစ် သောနှမ၊ ငါ ၏မိန်းမလှ ၊ ထ၍လာ ခဲ့ပါ။
The fig tree ripens her green figs, and the vines are in blossom. They give forth their fragrance. Arise, my love, my fair one, and come away.
14 ၁၄ တောင် ပေါ်၌ ခိုလှုံ ရာကျောက် ကြား တွင် ရှိသောငါ ၏ချိုးငှက် ၊ သင် ၏မျက်နှာ ကိုမြင် ပါရစေ။ သင် ၏စကား သံကို ကြား ပါရစေ။ သင် ၏စကား သံသည် ချို ၏။ သင် ၏ မျက်နှာ လည်း လှ ၏။
O my dove, who are in the clefts of the rock, in the covert of the steep place, let me see thy countenance; let me hear thy voice. For sweet is thy voice, and thy countenance is comely.
15 ၁၅ စပျစ်နွယ် ပင်တို့ကို ဖျက် လတံ့သော မြေခွေး များ နှင့် မြေခွေး ကလေး များကို ငါ တို့ဘို့ ဘမ်း ကြလော့။ ငါ တို့ စပျစ်နွယ် ပင်တို့သည် အပွင့် ပွင့်လျက်ရှိကြ၏။
Take us the foxes, the little foxes, that spoil the vineyards. For our vineyards are in blossom.
16 ၁၆ ငါ ချစ် ရာသခင်ကိုငါ ဆိုင် ပေ၏။ ငါ့ ကိုလည်း သခင် ဆိုင် ပေ၏။ နှင်း တော၌ ကျက်စား တော်မူ၏။
My beloved is mine, and I am his. He feeds among the lilies.
17 ၁၇ မိုဃ်း မသောက်၊ မှောင်မိုက်အရိပ် မ ပြေး မှီ၊ ငါ ချစ် ရာသခင်၊ ဗေသာ တောင် ပေါ် မှာ သမင် ဒရယ်သငယ် ကဲ့သို့ တဖန်ပြုတော်မူပါ။
Until the day be cool, and the shadows flee away, turn, my beloved, and be thou like a roe or a young hart upon the mountains of Bether.