< ရှောလမုန်သီချင်း 1 >

1 သီချင်းတကာတို့တွင် အထွဋ်ဖြစ်သော ရှောလမုန် သီချင်း။
The Song of songs, which is Solomon’s.
2 သခင် နှုတ်ဆက် သော နမ်း ခြင်းဖြင့် ကျွန်မ ကို နမ်း ပါစေ။ ကိုယ်တော် ၏မေတ္တာ သည် စပျစ်ရည် ထက် သာ၍ကောင်း ပါ၏။
Let him kiss me with the kisses of his mouth: for thy love is better than wine.
3 ကိုယ်တော် ၌ မွှေးကြိုင် သော နံ့သာ ဆီကဲ့သို့၊ နာမ တော်သည် သွန်းလောင်း သောနံ့သာ ဆီဖြစ်ပါ၏။ ထိုကြောင့် သတို့သမီး ကညာတို့သည် ကိုယ်တော် ကိုချစ် ကြပါ ၏။
Thine ointments have a goodly fragrance; thy name is [as] ointment poured forth; therefore do the virgins love thee.
4 ကျွန်မ ကို သွေးဆောင် တော်မူပါ။ ကျွန်မတို့ သည် နောက်တော်သို့ပြေး ၍ လိုက်ကြပါမည်။ အရှင် မင်းကြီးသည် အိမ်တော်အတွင်း ခန်းထဲသို့ ကျွန်မ ကို ဆောင် ခဲ့တော်မူပြီ။ ကျွန်မတို့သည် ကိုယ်တော် ကြောင့် ဝမ်းမြောက် ရွှင်လန်း ကြမည်။ မေတ္တာ တော်ကို စပျစ်ရည် ထက် သာ၍ချီးမွမ်း ကြမည်။ သတို့သမီးကညှာတို့သည် ကိုယ်တော် ကိုမှန်ကန် စွာ ချစ် ကြပါ၏။
Draw me; we will run after thee: the king hath brought me into his chambers: we will be glad and rejoice in thee, we will make mention of thy love more than of wine: rightly do they love thee.
5 အိုယေရုရှလင် မြို့သမီး တို့၊ ငါ သည်ကေဒ တဲ ကဲ့သို့ မည်း သောအဆင်းရှိသော်လည်း ၊ ရှောလမုန် မင်း၏ ကုလားကာ ကဲ့သို့ တင့်တယ် သေး၏။
I am black, but comely, O ye daughters of Jerusalem, as the tents of Kedar, as the curtains of Solomon.
6 ငါ သည်နေ ပူကိုခံ ၍ မည်း သောအဆင်းရှိသောကြောင့် ၊ ငါ့ ကိုမ ကြည့်ရှု ကြပါနှင့်။ ငါ့ မိခင် ၏သားသမီး တို့ သည် ငါ့ ကို မနာလိုသောစိတ် ရှိ၍၊ စပျစ် ဥယျာဉ်တို့ကို စောင့် စေကြ၏။ ကိုယ် ဥယျာဉ် ကို မ စောင့် ရပါ။
Look not upon me, because I am swarthy, because the sun hath scorched me. My mother’s sons were incensed against me, they made me keeper of the vineyards; [but] mine own vineyard have I not kept.
7 ကျွန်မနှစ်သက်နှစ်လိုရာအရှင်၊ ကိုယ်တော်သည် သိုးများကိုအဘယ်မှာ ထိန်းတော်မူသည်ကို၎င်း၊ မွန်းတည့် ချိန်၌ အဘယ်မှာအရပ်ခိုစေတော်မူသည်ကို၎င်းပြ တော်မူပါ။ ကျွန်မသည် အခြားတပါးသော သိုးထိန်းနောက်သို့ အဘယ်ကြောင့်လမ်းလွဲ၍လိုက်ရပါအံ့နည်း။
Tell me, O thou whom my soul loveth, where thou feedest [thy flock], where thou makest [it] to rest at noon: for why should I be as one that is veiled beside the flocks of thy companions?
8 မိန်းမ တကာတို့ထက် အဆင်း လှသောအစ်မ၊ သင် သည်မ သိ လျှင် ၊ သိုး များခြေရာ သို့လိုက် သွား၍ ၊ သိုးထိန်း တဲ များအနား မှာ သင် ၏သိုးသငယ် တို့ကို ကျွေးမွေး ပါလော့။
If thou know not, O thou fairest among women, go thy way forth by the footsteps of the flock, and feed thy kids beside the shepherds’ tents.
9 ငါ ချစ် သောနှမ၊ သင့် ကိုဖာရော မင်းရထား ၌ ကသော မြင်း နှင့် ငါပုံ ပြမည်။
I have compared thee, O my love, to a steed in Pharaoh’s chariots.
10 ၁၀ သင် ၏ပါးသွယ် ၌ မုတ်ပုတီးတန်ဆာ ဆင်လျက် ၊ လည်ပင်း ၌ ပုလဲ အသွယ်သွယ်ဆွဲလျက် ၊ သင်သည် တင့်တယ် လှ၏။
Thy cheeks are comely with plaits [of hair], thy neck with strings of jewels
11 ၁၁ ငွေ နှင့် အပြောက် ချယ်သော ရွှေ ပုတီး အသွယ်သွယ်ကိုလည်း လုပ် ၍ ပေးဦးမည်။
We will make thee plaits of gold with studs of silver.
12 ၁၂ အရှင် မင်ကြီးသည် စားပွဲ တော်နား မှာ ထိုင်နေစဉ် ၊ ငါ ထုံသော နာဒုဆီမွှေး အနံ့ သည် တပျံ့ပျံ့ တလှိုင်လှိုင်ဖြစ်လေ၏။
While the king sat at his table, my spikenard sent forth its fragrance.
13 ၁၃ ငါ ချစ် ရာသခင်သည် ငါ ၌ မုရန် နံ့သာပုံ ဖြစ်၍၊ ငါ့ ရင်အုံ ကြား မှာ တညဉ့်လုံးအိပ် ရမည်။
My beloved is unto me [as] a bundle of myrrh, that lieth betwixt my breasts.
14 ၁၄ ငါ ချစ် ရာသခင်သည် အင်္ဂေဒိ ဥယျာဉ် မှ ဖြစ် သော ဟင်္နာ ခက်ရွက်စည်းကဲ့သို့ဖြစ်ပါ၏။
My beloved is unto me [as] a cluster of henna-flowers in the vineyards of En-gedi.
15 ၁၅ ငါ ချစ် သောနှမ၊ သင် သည် အဆင်း လှပေ၏။ အလွန်လှ ပေ၏။ ချိုး မျက်စိ နှင့်ပြည့်စုံ၏။
Behold, thou art fair, my love; behold, thou art fair; thine eyes are [as] doves.
16 ၁၆ ငါ ချစ် ရာသခင်သည် အဆင်းလှ ၍၊ ချစ် ဘွယ် သော လက္ခဏာနှင့် ပြည့်စုံတော်မူ၏။ ငါ တို့အိပ်ရာခင်း သည် စိမ်း သော အဆင်းရှိ၏။
Behold, thou art fair, my beloved, yea, pleasant: also our couch is green.
17 ၁၇ ငါ တို့ ဗိမာန် တိုင် တို့သည် အာရဇ် ပင်၊ အမိုး သည် ထင်ရူး ပင်ဖြင့်ပြီးသတည်း။
The beams of our house are cedars, [and] our rafters are firs.

< ရှောလမုန်သီချင်း 1 >