< ရုသ 1 >

1 တရား သူကြီးအုပ်စိုး သောကာလ ၊ တရံရောအခါ ဣသရေလပြည် ၌ အစာအာဟာရခေါင်းပါး ၍ ယုဒ ပြည် ဗက်လင် မြို့သား တယောက်သည်၊ မယား နှင့် သား နှစ် ယောက်ပါလျက် မောဘ ပြည် ၌ တည်းခို ခြင်းငှါ သွား ၏။
ရှေး​အ​ခါ​က​ဣ​သ​ရေ​လ​နိုင်​ငံ​တွင် ဘု​ရင် မ​ရှိ​သေး​မီ​အ​ချိန်​၌​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း ဘေး​ဆိုက်​ရောက်​သ​ဖြင့် ယု​ဒ​ပြည်​ဗက်​လင်​မြို့ သား​ဧ​လိ​မ​လက်​သည် မိ​မိ​၏​ဇနီး​နှင့်​သား နှစ်​ယောက်​တို့​ကို​ခေါ်​၍​မော​ဘ​ပြည်​တွင်​ခေတ္တ သွား​ရောက်​နေ​ထိုင်​လေ​သည်။ သား​နှစ်​ယောက် တို့​၏​နာ​မည်​များ​မှာ​မ​ဟာ​လုန်​နှင့်​ခိ​လျှုန် ဖြစ်​၏။ သူ​တို့​သည်​ဧ​ဖ​ရတ်​သား​ချင်း​စု ဝင်​များ​တည်း။ မော​ဘ​ပြည်​တွင်​သူ​တို့​နေ ထိုင်​လျက်​ရှိ​စဉ်၊-
2 ထိုသူ ၏အမည် ကား ဧလိမလက်။ မယား အမည် ကား နောမိ။ သား နှစ် ယောက်အမည် ကား မဟာလုန် နှင့် ခိလျုန် တည်း။ သူတို့သည် ယုဒ ပြည်၊ ဗက်လင် မြို့၊ ဧဖရတ် အရပ်သားဖြစ်လျက် ၊ မောဘ ပြည် သို့သွား ၍ နေ ကြ၏။
3 နောမိ ၏ခင်ပွန်း ဧလိမလက် သည်သေ ၍ မယား နှင့် သား နှစ် ယောက်တို့သည် ကျန်ရစ် ကြ၏။
ဧ​လိ​မ​လက်​ကွယ်​လွန်​သွား​သ​ဖြင့် နော​မိ သည်​သား​နှစ်​ယောက်​နှင့်​ကျန်​ရစ်​လေ​သည်။-
4 သားတို့သည်မောဘ ပြည်သူဩရပ နှင့် ရုသ အမည် ရှိသောမိန်းမ နှစ်ယောက်တို့နှင့် စုံဘက် ခြင်းကိုပြု၍ ၊ ထို ပြည်မှာ ဆယ် နှစ် ခန့် မျှနေ ပြီးမှ၊
ထို​သား​တို့​သည်​မော​ဘ​အ​မျိုး​သ​မီး​များ ဖြစ်​ကြ​သော​သြ​ရ​ပ၊ ရု​သ​တို့​နှင့်​အိမ်​ထောင် ကျ​ကြ​၏။ သူ​တို့​သည်​ထို​ပြည်​တွင်​ဆယ်​နှစ် ခန့်​နေ​ထိုင်​ကြ​ပြီး​နောက်၊-
5 ထိုသား နှစ် ယောက် မဟာလုန် နှင့် ခိလျုန် တို့သည် သေ ၍ နောမိ သည်သား မရှိ ၊ ခင်ပွန်း လည်း မရှိ ကျန်ရစ် လေ၏။
မ​ဟာ​လုန်​နှင့်​ခိ​လျှုန်​တို့​သည်​လည်း​ကွယ်​လွန် သွား​ကြ​ပြန်​၏။ သို့​ဖြစ်​၍​နော​မိ​သည်​လင် သား​မဲ့​အ​ထီး​ကျန်​ဖြစ်​လေ​တော့​၏။
6 တဖန် ထာဝရဘုရား သည်မိမိ လူ တို့ကိုအကြည့် အရှုကြွ၍ မုန့် ကိုပေး သနားတော်မူကြောင်းကို ထိုမိန်းမသည် မောဘ ပြည် ၌ ကြား သောအခါ ၊ မောဘ ပြည် မှ ပြန် သွားမည်ဟု ချွေးမ နှစ်ယောက်နှင့်အတူ ထ ၍၊
ကာ​လ​အ​တန်​ကြာ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား သည်​ကောက်​ပဲ​သီး​နှံ​အ​ထွက်​များ​စေ​ခြင်း​အား ဖြင့် မိ​မိ​၏​လူ​စု​အား​ကောင်း​ချီး​ပေး​တော်​မူ ကြောင်း​သ​တင်း​ကို​နော​မိ​ကြား​ရ​လေ​သည်။ သို့ ဖြစ်​၍​သူ​သည်​မိ​မိ​၏​ချွေး​မ​များ​နှင့်​အ​တူ မော​ဘ​ပြည်​မှ​ထွက်​ခွာ​ရန်​အ​သင့်​ပြင်​လေ​၏။-
7 တည်းခိုရာအရပ် က ထွက် ပြီးလျှင် ယုဒ ပြည် သို့ ရောက် လိုသောငှါ သွား ကြ၏။
ယု​ဒ​ပြည်​သို့​စ​တင်​ထွက်​ခွာ​လာ​ကြ​စဉ်၊-
8 သို့ရာတွင် ချွေးမ နှစ် ယောက်တို့အား ၊ သင်တို့သည် ကိုယ်အမိ အိမ် သို့ ပြန် သွား ကြလော့။ သေလွန် သောသူ၌ ၎င်း၊ ငါ ၌ ၎င်း ၊ ကျေးဇူးပြု သည်နှင့်အညီ ၊ ထာဝရဘုရား သည် သင် တို့၌ ကျေးဇူး ပြု တော်မူပါစေသော။
နော​မိ​က​ချွေး​မ​များ​အား``သင်​တို့​သည် ကိုယ့်​မိ​ခင်​များ​အိမ်​သို့​ပြန်​ကြ​လော့။ သင်​တို့​သည်​ငါ​၏​အ​ပေါ်​၌​သော်​လည်း​ကောင်း၊ ကွယ်​လွန်​သွား​သူ​တို့​၏​အ​ပေါ်​၌​လည်း​ကောင်း ကျေး​ဇူး​ပြု​ခဲ့​ကြ​သည်​နည်း​တူ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​ကျေး​ဇူး​ပြု​တော်​မူ​ပါ​စေ​သော။-
9 သင် တို့နှစ်ယောက်သည် နောက်ရသောလင် အိမ် ၌ချမ်းသာ စွာနေရမည်အကြောင်းထာဝရဘုရား ကယ်မ သနားတော်မူပါစေသောဟုဆိုလျက် သူ တို့ကို နမ်း လေ၏။ သူတို့သည်လည်း ၊ အသံ ကိုလွှင့် ၍ ငိုကြွေး လျက်၊
ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​နှစ်​ယောက် စ​လုံး​အား နောက်​အိမ်​ထောင်​နှင့်​ပျော်​ရွှင်​စွာ နေ​ထိုင်​ခွင့်​ကို​ပေး​သ​နား​တော်​မူ​ပါ​စေ သော'' ဟု​ဆို​၏။ ဤ​သို့​ဆို​ပြီး​လျှင်​နော​မိ​သည် သူ​တို့​အား နမ်း​ရှုတ်​နှုတ်​ဆက်​လေ​၏။ သို့​ရာ​တွင်​သူ​တို့ သည်​ငို​ကြွေး​လျက်၊-
10 ၁၀ အကယ် စင်စစ်အကျွန်ုပ်တို့သည် ကိုယ်တော် နှင့်အတူ ၊ ကိုယ်တော် ၏ အမျိုး ထံ သို့လိုက်သွား ပါမည်ဟု ဆို ကြ၏။
၁၀``ကျွန်​မ​တို့​သည်​အိမ်​သို့​မ​ပြန်​လို​ပါ။ မိ​ခင် နှင့်​အ​တူ မိ​ခင်​၏​အ​မျိုး​သား​များ​ထံ​သို့ လိုက်​ပါ​မည်'' ဟု​ဆို​ကြ​၏။
11 ၁၁ နောမိ ကလည်း ၊ ငါ့ သမီး တို့ပြန် သွားကြလော့။ ငါ နှင့်အတူ အဘယ်ကြောင့် လိုက် ရမည်နည်း။ သင် တို့လင် လျှာဘို့ ငါ ၏ဝမ်း ၌ သား ရှိသေးသလော။
၁၁နော​မိ​က​လည်း``ငါ့​သ​မီး​တို့၊ ပြန်​သွား​ကြ လော့။ အ​ဘယ်​ကြောင့်​ငါ​နှင့်​လိုက်​လို​ကြ​ပါ သ​နည်း။ သင်​တို့​နှင့်​လက်​ထပ်​ထိမ်း​မြား​ရန် အ​တွက် ငါ​သည်​နောက်​ထပ်​သား​များ​ကို မွေး​ဖွား​ပေး​နိုင်​ပါ​သ​လော။-
12 ၁၂ ငါ့ သမီး တို့ပြန် သွားကြလော့။ ငါသည်အသက် အရွယ်လွန်၍လင် နှင့် မနေ သင့်။ သို့မဟုတ်မြော်လင့် စရာရှိသေးသည်ဟုငါဆို လျှင် ၎င်း၊ ယနေ့ည မှာလင် နေလျှင်၎င်း၊ သား တို့ကိုလည်း ဘွားမြင် လျှင်၎င်း၊
၁၂အိမ်​သို့​ပြန်​ကြ​လော့။ ငါ​သည်​နောက်​ထပ်​အိမ် ထောင်​ပြု​ရန်​အ​ရွယ်​လွန်​လေ​ပြီ။ အ​ကယ်​၍ ငါ့​မှာ​မျှော်​လင့်​စ​ရာ​ရှိ​သေး​သ​ဖြင့် ယ​ခု ပင်​အိမ်​ထောင်​ကျ​၍​သား​များ​ကို​ရ​ရှိ​သည် ဟု​ဆို​စေ​ကာ​မူ၊-
13 ၁၃ ထိုသားတို့သည်ကြီးပွား သည်တိုင်အောင် ငံ့ နေလိမ့်မည်လော။ လင်မနေဘဲသူတို့ကို မြော်လင့်လိမ့်မည်လော။ ငါ့ သမီး တို့ထိုသို့မ ဖြစ် ရ။ ထာဝရဘုရား လက် တော်သည် ငါ ၌ ကန့်လန့် ရှိသည်ကို သင် တို့အတွက် ငါအလွန်ကြင်နာသောစိတ် ရှိသည်ဟုဆိုလေသော်၊
၁၃သင်​တို့​သည်​ထို​သား​များ​ကြီး​ပြင်း​လာ​သည် တိုင်​အောင် စောင့်​ဆိုင်း​နေ​ကြ​ပါ​မည်​လော။ ယင်း သို့​စောင့်​ဆိုင်း​ကာ​နောက်​အိမ်​ထောင်​မ​ပြု​ဘဲ​နေ ကြ​ပါ​မည်​လော။ ငါ့​သ​မီး​တို့​ဤ​သို့​မ​ဖြစ်​နိုင် ကြောင်း​ကို​သင်​တို့​သိ​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား သည်​ငါ့​ကို​ဒဏ်​ခတ်​တော်​မူ​ပြီ​ဖြစ်​၍ ငါ​သည် သင်​တို့​အ​တွက်​အ​လွန်​ဝမ်း​နည်း​ပါ​၏'' ဟု ဆို​၏။
14 ၁၄ သူတို့သည်တဖန် အသံ ကိုလွှင့် ၍ ငိုကြွေး ကြ၏။ ထိုအခါ ဩရပ သည်ယောက္ခမ ကို နမ်း ၍မိမိအမျိုးသားတို့ထံသွားသို့ပြန်သွား၏။ ရုသ မူကား ၊ ယောက္ခမ ၌ မှီဝဲ ဆည်းကပ်လျက်နေသေး၏။
၁၄သူ​တို့​သည်​လည်း​တစ်​ဖန်​ငို​ကြွေး​ကြ​၏။ ထို နောက်​သြ​ရ​ပ​သည် မိ​မိ​၏​ယောက္ခ​မ​အား နမ်း​ရှုတ်​နှုတ်​ဆက်​ပြီး​လျှင်​အိမ်​သို့​ပြန်​လေ​၏။ ရု​သ​မူ​ကား​မ​ပြန်​ဘဲ​နေ​၏။-
15 ၁၅ နောမိကလည်း၊ သင့် အစ်မ သည်အမျိုးသား ရင်းဘုရား ရင်းတို့ထံ သို့ပြန် သွားပြီ။ အစ်မ နောက် သို့ လိုက်သွား ပါဟုဆို သော်၊
၁၅သို့​ဖြစ်​၍​နော​မိ​က``ရု​သ၊ သင့်​အစ်​မ​သည် မိ​မိ​အ​မျိုး​သား​များ၊ မိ​မိ​၏​ဘု​ရား​ထံ သို့​ပြန်​သွား​လေ​ပြီ။ သင်​သည်​လည်း​သူ နှင့်​အ​တူ​ပြန်​သွား​ပါ​လော့'' ဟု​ပြော​၏။
16 ၁၆ ရုသ က၊ ကျွန်မ သည် ကိုယ်တော် ကို မစွန့် ပါရစေနှင့်။ နောက် တော်သို့မလိုက်ဘဲ ပြန် သွားစေခြင်းငှါ မ ပြု ပါနှင့်။ ကိုယ်တော်သွား လေရာရာသို့ ကျွန်မလိုက် ပါမည်။ ကိုယ်တော်အိပ် လေရာရာ၌ ကျွန်မအိပ် ပါမည်။ ကိုယ်တော် အမျိုး သည် ကျွန်မ အမျိုး ၊ ကိုယ်တော် ဘုရား သည်ကျွန်မ ဘုရား ဖြစ်ပါစေ။
၁၆သို့​ရာ​တွင်​ရုသ​က``မိ​ခင်​ကို​စွန့်​ခွာ​ရန် ကျွန်​မ အား​မ​တိုက်​တွန်း​ပါ​နှင့်။ မိ​ခင်​နှင့်​လိုက်​ခွင့်​ပြု ပါ။ ကျွန်​မ​သည်​မိ​ခင်​သွား​ရာ​သို့​သွား​ပါ မည်။ မိ​ခင်​နေ​ထိုင်​ရာ​တွင်​နေ​ထိုင်​ပါ​မည်။ မိ​ခင်​၏​အမျိုး​သား​များ​သည်​ကျွန်​မ​၏ အ​မျိုး​သား​များ၊ မိ​ခင်​၏​ဘု​ရား​သည် ကျွန်​မ​၏​ဘု​ရား​ဖြစ်​ပါ​မည်။-
17 ၁၇ ကိုယ်တော်သေ ရာအရပ်၌ ကျွန်မသေ ၍ သင်္ဂြိုဟ် ခံပါမည်။ သေ ခြင်းမှတပါး ၊ အခြားသောအမှုကြောင့် ကိုယ်တော် နှင့် ကျွန်မ ကွာ လျှင်၊ ထာဝရဘုရား သည် ကျွန်မ ၌ ထို မျှမကပြု တော်မူ ပါစေသောဟုပြန်ဆို၏။
၁၇မိ​ခင်​သေ​ရာ​အ​ရပ်​တွင်​ကျွန်​မ​သေ​ပါ မည်။ ထို​အ​ရပ်​တွင်​သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ပါ​မည်။ အ​ကယ်​၍​ကျွန်​မ​သည် သေ​ခြင်း​မှ​တစ်​ပါး အ​ခြား​အ​ကြောင်း​တစ်​ခု​ခု​ကြောင့် မိ​ခင်​နှင့် ခွဲ​ခွာ​ခဲ့​လျှင်​ဘု​ရား​သ​ခင်​သည် ကျွန်​မ​အား အ​ဆိုး​ရွား​ဆုံး​သော​အ​ပြစ်​ဒဏ်​ကို​ပေး တော်​မူ​ပါ​စေ​သော'' ဟု​ပြန်​ပြော​လေ​သည်။
18 ၁၈ ရုသ သည်လိုက် ခြင်းငှါ ခိုင်ခံ့ သောစိတ်ရှိသည်ကို နောမိသည်သိမြင် သော်တိတ်ဆိတ် စွာနေလေ၏။
၁၈မိ​မိ​နှင့်​အ​တူ​လိုက်​ရန် ရု​သ​စိတ်​ပိုင်း​ဖြတ် ထား​ကြောင်း​နော​မိ​သိ​သော​အ​ခါ ထပ်​မံ မ​တိုက်​တွန်း​ဘဲ​နေ​၏။
19 ၁၉ ထိုသူ နှစ် ယောက်တို့သည်ခရီးသွား ၍ဗက်လင် မြို့သို့ရောက် သောအခါ ၊ တမြို့လုံး အုတ်အုတ် ကျက်ကျက်ဖြစ်၍၊ ဤ သူကားနောမိ ဟုတ်သလောဟုမေး ကြ၏။
၁၉သူ​တို့​သည်​ဗက်​လင်​မြို့​သို့​ရောက်​သည်​တိုင် အောင် ဆက်​လက်​သွား​ကြ​၏။ သူ​တို့​ရောက်​ရှိ ကြ​သော​အ​ခါ တစ်​မြို့​လုံး​လှုပ်​လှုပ်​ရှား​ရှား ဖြစ်​လျက်​အ​မျိုး​သ​မီး​များ​က``ဤ​သူ သည်​အ​ကယ်​ပင်​နော​မိ​ပေ​လော'' ဟု​မေး မြန်း​ကြ​၏။
20 ၂၀ သူကလည်းနောမိ ဟူ၍မ ခေါ် ပါနှင့်။ မာရ ဟူ၍ခေါ် ပါ။ အနန္တ တန်ခိုးရှင်သည် ငါ့ အား အလွန် ခါး သောအရာကိုပေးတော်မူပြီ။
၂၀နော​မိ​က​လည်း ``ငါ့​ကို နော​မိ'' ဟု​သင်​တို့ မ​ခေါ်​ကြ​ပါ​နှင့်။ အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​သည် ငါ့​အား​ခါး​သီး​စွာ​ပြု​တော်​မူ ပြီ​ဖြစ်​၍​ငါ့​ကို`မာ​ရ' ဟု​ခေါ်​ကြ​ပါ​လော့။-
21 ၂၁ ငါ သည်ကြွယ်ဝ ပြည့်စုံလျက်ထွက်သွား ၏။ ယခုမူကား ဆင်းရဲ လျက် တကိုယ်တည်းရှိမှ၊ ထာဝရဘုရား သည် ငါ့ ကိုပို့ပြန် တော်မူပြီ။ ထာဝရဘုရား သည် ငါ့ ကို နှိမ့်ချ၍ အနန္တ တန်ခိုးရှင်သည် ငါ့ ကို ဆင်းရဲ စေတော်မူသည်ဖြစ်၍၊ နောမိ အမည်ဖြင့် အဘယ်ကြောင့် ငါ့ ကို ခေါ် ကြသနည်းဟု ပြန်ပြော ၏။
၂၁ဤ​မြို့​မှ​ထွက်​ခွာ​သွား​စဉ်​အ​ခါ​က ငါ့​မှာ အ​စုံ​အ​လင်​ရှိ​သော်​လည်း ယ​ခု​ထာ​ဝ​ရ ဘု​ရား​သည် ငါ့​အား​လက်​ချည်း​သက်​သက် ပြန်​လည်​ပို့​ဆောင်​တော်​မူ​လေ​ပြီ။ အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​ပြစ်​ဒဏ် စီ​ရင်​တော်​မူ​လျက်​ဒုက္ခ​ရောက်​စေ​တော်​မူ ပြီ​ဖြစ်​၍ ငါ့​ကို​အ​ဘယ်​ကြောင့် `နော​မိ' ဟု ခေါ်​ကြ​ပါ​သ​နည်း'' ဟု​ပြန်​ပြော​လေ​၏။
22 ၂၂ ထိုသို့ မောဘ ပြည် မှ လိုက်လာ သောမောဘ ပြည်သူချွေးမ ရုသ နှင့်အတူ နောမိ သည်ပြန် လာ၍ ၊ မုယော စပါးကိုရိတ် စ ကာလ၌ ဗက်လင် မြို့သို့ရောက် ကြ၏။
၂၂ဤ​ကား​နော​မိ​သည် ချွေး​မ​ဖြစ်​သူ​မော​ဘ အ​မျိုး​သ​မီး​ရု​သ​နှင့်​အ​တူ မော​ဘ​ပြည် မှ​ပြန်​လည်​ရောက်​ရှိ​လာ​ပုံ​ဖြစ်​ပေ​သည်။ သူ တို့​နှစ်​ယောက်​သည်​မု​ယော​စ​ပါး​ရိတ်​သိမ်း စ​အ​ချိန်​၌ ဗက်​လင်​မြို့​သို့​ရောက်​ရှိ​လာ ကြ​သ​တည်း။

< ရုသ 1 >