< ရုသ 4 >
1 ၁ ထိုအခါ ဗောဇ သည်မြို့တံခါးဝ သို့ သွား ၍ ထိုင် သဖြင့် ၊ မနေ့ကပြော သော အမျိုးသား ချင်းရှောက် သွားသည်ကိုမြင် လျှင်၊ အိုမည်သူလှည့်၍ ထိုင် ပါတော့ဟုခေါ် သည်အတိုင်း သူသည် လှည့် ၍ ထိုင် လေ၏။
၁ဗောဇသည်မြို့တံခါးဝရှိတရားစီရင်ရာ ဌာနသို့ သွား၍ထိုင်လျက်နေ၏။ ထိုအခါ ဧလိမလက်၏အရင်းအချာဆုံးသောဆွေ မျိုးသားချင်းဖြစ်သူသည် ရောက်ရှိလာလေ သည်။ ထိုသူကားယခင်ကဗောဇဖော်ပြခဲ့ သူပင်ဖြစ်၏။ ဗောဇကသူ့အား``မိတ်ဆွေ၊ ဤ နေရာသို့လာ၍ထိုင်ပါလော့'' ဟုဆိုသဖြင့် သူသည်လာ၍ထိုင်၏။-
2 ၂ တဖန် မြို့ သား အသက် ကြီးသူ တကျိပ် တို့ကိုခေါ် ၍ ၊ သည် မှာထိုင် ပါတော့ဟု ဆို သည်အတိုင်းသူတို့သည်လည်း ထိုင် ကြ၏။
၂ထိုနောက်ဗောဇသည်အကြီးအကဲတစ်ကျိပ် ကိုလည်းပင့်ဖိတ်ပြီးလျှင် ထိုအရပ်တွင်ထိုင် စေ၏။ သူတို့ထိုင်ကြသောအခါ၊-
3 ၃ အမျိုးသား ချင်းကို လည်း ၊ မောဘ ပြည် မှ ပြန် လာသောနောမိ သည် ငါ တို့အစ်ကို ဧလိမလက် ပိုင်သော မြေ အကွက် ကိုရောင်း မည်ဖြစ်၍၊
၃သူသည်မိမိ၏သားချင်းအား``ယခုအခါ နောမိသည်မောဘပြည်မှပြန်လာပြီ။ သူ သည်ငါတို့သားချင်းဧလိမလက်ပိုင် သည့်လယ်မြေကိုရောင်းချလိုပါသည်။-
4 ၄ သင့်ကိုငါတိုင်ကြားလျက်၊ ပြည်သားများ၊ ငါတို့အမျိုး၌ အသက်ကြီးသူများ ရှေ့မှာဝယ်ပါတော့ဟု ပြောမည်အကြံရှိပါ၏။ သင်သည် ရွေးလိုလျှင် ရွေးပါတော့၊ မရွေးလိုလျှင် ကျွန်ုပ် အားကြားပြောပါတော့။ သင်မှတပါး ရွေးပိုင်သောသူမရှိ။ သင့်နောက်မှာ ကျွန်ုပ်နေရာကျသည်ဟုဆိုသော်၊ အမျိုးသားချင်းက၊ ကျွန်ုပ်ရွေးမည်ဟု ပြန်ပြော၏။
၄ဤအကြောင်းကိုသင်သိသင့်သည်ဟု ငါထင် မြင်ပါ၏။ အကယ်၍သင်ဝယ်လိုပါကယခု ထိုင်လျက်နေသည့်လူကြီးများ၏ရှေ့မှောက် တွင်ဝယ်ယူပါလော့။ သို့ရာတွင်မဝယ်လိုလျှင် မူကား မဝယ်လိုကြောင်းပြောပါလော့။ သင် မဝယ်မှငါဝယ်ယူနိုင်ခွင့်ရှိပါသည်'' ဟု ဆို၏။ ထိုသူကလည်း``ငါဝယ်ယူပါမည်'' ဟု ပြန်ပြော၏။
5 ၅ ဗောဇ ကလည်း ၊ ထိုလယ် ကွက်ကိုနောမိ လက် မှ ဝယ် သောနေ့ ရက်တွင် ၊ သေ သောသူ၏ အမွေ ဥစ္စာအားဖြင့် သူ ၏နာမည် ကိုထောက်မ ခြင်းငှါ ၊ သူ၏မယား မောဘ အမျိုးသမီးရုသ ကိုလည်း ဝယ် ရသေးသည်ဟု ဆို သော်၊
၅ဗောဇက``ထိုလယ်မြေကိုနောမိထံမှသင် ဝယ်ယူပါလျှင် ထိုလယ်မြေသည်သေလွန် သူ၏အိမ်ထောင်စုလက်ဝယ်ဆက်လက်တည် ရှိနေစေရန်မောဘအမျိုးသမီး၊ မုဆိုးမ ဖြစ်သူရုသကိုလည်းဝယ်ယူရပါမည်'' ဟုဆို၏။
6 ၆ အမျိုးသား ချင်းက၊ ကျွန်ုပ်သည် ကိုယ် အဘို့ မ ရွေး နိုင် ပါ။ ရွေးလျှင် ကိုယ် အမွေ ဥစ္စာကိုဖျက် မည် စိုးရိမ်စရာရှိ၏။ ကျွန်ုပ်မ ရွေး နိုင် သောကြောင့်၊ ကျွန်ုပ်ရွေးပိုင်သောအရာကိုကိုယ်အဘို့ ရွေးပါတော့ဟုပြန်ပြော၏။
၆ထိုသူက``ထိုသို့ဖြစ်ပါမူငါ့သားသမီး များက ထိုလယ်မြေကိုအမွေခံရကြလိမ့် မည်မဟုတ်သဖြင့် ဝယ်ယူပိုင်ခွင့်ကိုငါစွန့် လွှတ်လိုက်ပါပြီ။ ငါမဝယ်ယူလိုတော့ပါ။ သင်ပင်ဝယ်ယူပါလော့'' ဟုပြန်ပြော၏။
7 ၇ ဣသရေလ ရှေး ထုံးစံဟူမူကား ၊ ရွေး ခြင်းအမှု၊ ဥစ္စာ လဲခြင်းအမှုကို မြဲမြံ စေခြင်းငှါ တယောက် သောသူသည် မိမိ ခြေနင်း ကိုချွတ် ၍ တယောက် သောသူအား အပ် လေ့ရှိ၏။ ထိုသို့ပြုသောအားဖြင့် ဣသရေလ အမျိုးသားတို့တွင် သက်သေ တည်ရ၏။
၇ထိုစဉ်အခါက အရောင်းအဝယ်ပြုလုပ်သည့် အခါ၌သော်လည်းကောင်း၊ ပစ္စည်းချင်းလဲလှယ် သည့်အခါ၌သော်လည်းကောင်း ရောင်းသူသည် မိမိဖိနပ်ကိုချွတ်၍ ဝယ်သူအားပေးရသည့် ဋ္ဌလေ့ထုံးစံရှိပေသည်။ ဤနည်းအားဖြင့် ဣသရေလအမျိုးသားတို့သည် အရောင်း အဝယ်ပြီးပြတ်သည့်အထိမ်းအမှတ်ကို ပြုကြ၏။
8 ၈ သို့ဖြစ်၍ အမျိုးသား ချင်းက၊ ကိုယ် အဘို့ ဝယ် ပါတော့ဟု ဗောဇ အား ဆို ၍ မိမိ ခြေနင်း ကိုချွတ် ၏။
၈သို့ဖြစ်၍ထိုသူသည်ဗောဇအား``ထိုလယ် မြေကို သင်ပင်လျှင်ဝယ်ယူပါလော့'' ဟု ဆို၍မိမိဖိနပ်ကိုချွတ်ပေးလေသည်။-
9 ၉ ဗောဇ ကလည်း ၊ ဧလိမလက် ဥစ္စာ၊ ခိလျုန် ဥစ္စာ၊ မဟာလုန် ဥစ္စာ ဟူသမျှ ကို နောမိ လက် မှ ငါဝယ် ၍၊
၉ထိုအခါဗောဇကမြို့အကြီးအကဲများ နှင့် အခြားသူအပေါင်းတို့အား``ဧလိမလက်၊ ခိလျုန်နှင့်မဟာလုန်တို့ပိုင်သောဥစ္စာပစ္စည်း မှန်သမျှကို နောမိထံမှယနေ့ငါဝယ်ယူ ကြောင်းသင်တို့အသိသက်သေဖြစ်ကြ၏။-
10 ၁၀ သေ သောသူ၏နာမည် ကို သူ ၏ညီအစ်ကို စုထဲက ၎င်း၊ သူ နေရာမြို့ တံခါး ထဲက ၎င်း မ ပြတ် စေခြင်းငှါ၊ သူ ၏အမွေ အားဖြင့် သူ၏နာမည် ကို ထောက်မ မည် အကြောင်း၊ မဟာလုန် ၏ မယား မောဘ အမျိုးသမီးရုသ ကို ငါ ၏မယား ဖြစ်စေခြင်းငှါ ငါဝယ် သည်ကိုသင် တို့သည် ယနေ့ သက်သေ ဖြစ်ကြပါ၏ဟု အသက် ကြီးသူများ၊ လူ များအပေါင်း တို့အား ပြောဆို ၏။
၁၀ထို့အပြင်မဟာလုန်၏မုဆိုးမ၊ မောဘ အမျိုးသမီးရုသသည် ငါ၏gen 1gဇနီးဖြစ် လာလေပြီ။ ဤနည်းအားဖြင့်ထိုပစ္စည်းဥစ္စာ များသည် သေလွန်သူ၏အိမ်ထောင်စုလက် ဝယ်တည်ရှိနေပါလိမ့်မည်။ သေသူ၏ဆွေ စဉ်မျိုးဆက်သည်လည်း သူ၏အမျိုးသား များနှင့်သူ၏နေရင်းမြို့တွင်မပြတ်ဘဲ ဆက်လက်ပွားလျက်နေပါလိမ့်မည်။ သင် တို့သည်ဤအမှုတွင်အသိသက်သေ ဖြစ်ကြ၏'' ဟုဆို၏။
11 ၁၁ တံခါးဝ ၌ ရှိသောအသက် ကြီးသူများ၊ လူ များအပေါင်း တို့ကလည်း ၊ ငါတို့သည်သက်သေ ဖြစ်ကြ၏။ သင့် အိမ် သို့ ရောက် သော ဤမိန်းမ သည်၊ ဣသရေလ အမျိုး ကိုတည်ထောင် သောမိန်းမနှစ် ယောက်၊ ရာခေလ နှင့် လေအာ ကဲ့သို့ ဖြစ်မည်အကြောင်းထာဝရဘုရား ပြု တော်မူ ပါစေသော။ သင်သည်လည်း ဧဖရတ် အရပ်၌ အစွမ်း သတ္တိနှင့်ပြည့်စုံ၍ ဗက်လင် မြို့၌ အသရေ ကျော်စောခြင်းရှိပါစေသော။
၁၁မြို့အကြီးအကဲများနှင့်အခြားသူတို့ ကလည်း``ငါတို့သည်အသိသက်သေဖြစ် ကြပါ၏။ သင်၏ဇနီးအားယာကုပ်အတွက် သားသမီးအမြောက်အမြားမွေးဖွားပေး သည့်ရာခေလနှင့်လေအာတို့ကဲ့သို့ဖြစ် စေရန် ထာဝရဘုရားကူမတော်မူပါစေ သော။ သင်သည်လည်းဧဖရတ်သားချင်းစု တွင်ချမ်းသာကြွယ်ဝလျက် ဗက်လင်မြို့ ၌ထင်ပေါ်ကျော်စောပါစေသော။-
12 ၁၂ အသက် ပျိုသော ဤ မိန်းမတွင် ၊ ထာဝရဘုရား ပေး တော်မူလတံ့သော မျိုးစေ့ အားဖြင့် သင် ၏ အမျိုး အနွယ်သည် ယုဒ မယားတာမာ ဘွားမြင် သော ဖာရက် အမျိုး အနွယ်ကဲ့သို့ ဖြစ် ပါစေသောဟုပြောဆို ကြ၏။
၁၂ဤအမျိုးသမီးအားဖြင့် ထာဝရဘုရား ပေးတော်မူသောသားသမီးများသည် ယုဒ နှင့်တာမာတို့၏သားဖာရက်၏အိမ်ထောင် စုဝင်များကဲ့သို့ဖြစ်ကြပါစေသော'' ဟု ဆိုကြ၏။
13 ၁၃ ဗောဇ သည် ရုသ ကိုသိမ်း ၍ စုံဘက် လျက် ဆက်ဆံ သောအခါ ၊ ထာဝရဘုရား ၏ ကျေးဇူးတော်ကြောင့်ရုသ သည်ပဋိသန္ဓေ ယူ၍ သား ယောက်ျားကိုဘွားမြင် လေ၏။
၁၃သို့ဖြစ်၍ဗောဇသည်ရုသအားမိမိ၏ ဇနီးအဖြစ်သိမ်းပိုက်ပြီးလျှင် အိမ်သို့ခေါ် ဆောင်သွားလေသည်။ ထာဝရဘုရားသည် ရုသအားကောင်းချီးပေးတော်မူသဖြင့် သူသည်ကိုယ်ဝန်ဆောင်၍သားကိုဖွား မြင်၏။-
14 ၁၄ မိန်းမ တို့သည်လည်း နောမိ အား ၊ သင့်ကိုပြုစုသော အမျိုးသား ချင်းကို ယနေ့ ဖြတ် တော်မ မူသော ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူပါစေသော။ ယခုရသော အမျိုးသားချင်းသည်လည်း ဣသရေလ အမျိုး၌ အသရေ ကျော်စော ပါစေသော။
၁၄အမျိုးသမီးများကနောမိအား``ထာဝရ ဘုရား၏ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းပါ လော့။ ကိုယ်တော်သည်သင့်ကိုကြည့်ရှုစောင့် ရှောက်ရန်အတွက် မြေးယောကျာ်းကလေးကို ယနေ့ပေးသနားတော်မူလေပြီ။ ထိုသူငယ် သည် ဣသရေလပြည်တွင်ထင်ပေါ်ကျော်စော သူဖြစ်လာပါစေသော။-
15 ၁၅ သူသည်သင် ၏အသက် ကိုပြုပြင် သောသူ၊ သင် အသက် ကြီးသောအခါ သင့်ကိုကောင်းမွန်စွာ ပြုစု သောသူဖြစ် ပါစေသော။ သင့် ကိုချစ် ၍ သား ခုနစ် ယောက်ထက် သင့် အဘို့ သာ၍ ကောင်းသောသင် ၏ ချွေးမ သည်သားယောက်ျားကိုဘွားမြင် ပြီဟုပြောဆို ကြ၏။
၁၅သင်၏ချွေးမသည်သင့်ကိုချစ်သဖြင့် သား ယောကျာ်းခုနစ်ယောက်ထက်ပင်သင့်အားပို ၍ပြုစုခဲ့သူဖြစ်ပေသည်။ ယခုသူသည် မြေးယောကျာ်းကလေးကို မွေးဖွားပေးလေ ပြီ။ ထိုသူငယ်သည်သင့်အားဘဝသစ်ကို ပေး၍ သင်အိုမင်းမစွမ်းရှိချိန်၌လုံခြုံ မှုကိုပေးမည့်သူဖြစ်ပါ၏'' ဟုပြောဆို ကြ၏။-
16 ၁၆ နောမိ သည်ထိုသူငယ် ကိုယူ ၍ ပိုက်ချီ လျက်ထိန်း လေ၏။
၁၆နောမိသည်ကလေးငယ်ကိုယူ၍ပိုက်ချီ လျက်ထိန်းလေ၏။
17 ၁၇ အိမ်နီးချင်း မိန်းမတို့ကလည်း ၊ နောမိ သည် သား ယောက်ျားကိုရ ပြီဟုဆို လျက် ၊ ထိုသူငယ် ကိုဩဗက် အမည် ဖြင့်မှည့် ကြ၏။ ဩဗက်သားကားယေရှဲ။ ယေရှဲသားကား ဒါဝိဒ် တည်း။
၁၇အိမ်နီးချင်းအမျိုးသမီးများက ထိုသူ ငယ်ကိုသြဗက်ဟူသောနာမည်ကိုပေးကြ လျက်``နောမိသည်သားယောကျာ်းကလေး ကိုရရှိလေပြီ'' ဟုလူအပေါင်းတို့အား ပြောကြားကြ၏။ သြဗက်သည် ဒါဝိဒ်၏ အဖဖြစ်သူယေရှဲ၏ဖခင်ဖြစ်လာလေ သည်။
18 ၁၈ ဖာရက် ၏သားစဉ် မြေးဆက်ဟူမူကား ၊ ဖာရက် သား ဟေဇရုံ၊
၁၈ဖာရက်မှဒါဝိဒ်တိုင်အောင် သားစဉ်မြေးဆက် များမှာဖာရက်၊ ဟေဇရုံ၊ အာရံ၊ အမိနဒပ်၊ နာရှုန်၊ စာလမုန်၊ ဗောဇ၊ သြဗက်၊ ယေရှဲ၊ ဒါဝိဒ်ဟူ၍ဖြစ်သတည်း။ ရုသဝတ္ထုပြီး၏။
19 ၁၉ ဟေဇရုံ သား အာရံ ၊ အာရံ သား အမိနဒပ်၊
၁၉
20 ၂၀ အမိနဒပ် သား နာရှုန် ၊ နာရှုန် သား စာလမုန်၊
၂၀
21 ၂၁ စာလမုန် သား ဗောဇ ၊ ဗောဇ သား ဩဗက်၊
၂၁
22 ၂၂ ဩဗက် သား ယေရှဲ ၊ ယေရှဲ သား ဒါဝိဒ် တည်း။
၂၂