< ရုသ 3 >
1 ၁ တဖန် ယောက္ခမ နောမိ က၊ ငါ့ သမီး ၊ သင့် ကိုချမ်းသာ စေခြင်းငှါ ငြိမ်ဝပ် ရာအရပ် ကို သင့် အဘို့ ငါမ ရှာ ရသလော။
E NAOMI, sua suocera, disse: Figliuola mia, non ti procaccerei io riposo, acciocchè ti sia bene?
2 ၂ သင်ပေါင်းဘော်သော ကျွန် မတို့၏သခင်ဗောဇ သည် ငါ တို့ပေါက်ဘော် ဖြစ်သည်မ ဟုတ်လော။ ယနေ့ည မှာ ကောက်နယ်တလင်း ၌ မုယော စပါးကိုလှေ့ လျက်နေ၏။
Ora dunque, Booz, con le cui fanciulle tu sei stata, non [è] egli nostro parente? ecco, egli sventolerà questa notte gli orzi nell'aia.
3 ၃ သင် သည်ရေချိုးခြင်း၊ ဆီလိမ်း ခြင်း၊ အဝတ် တန်ဆာ ဆင်ခြင်းကိုပြုပြီးလျှင် ကောက်နယ်တလင်း သို့ သွား တော့။ သူသည်စား သောက် ခြင်း အမှုကို မ ပြီး မှီကိုယ် ကို မ ပြနှင့်။
Lavati adunque, e ugniti, e mettiti indosso le tue veste, e scendi all'aia; non far che tu sii scorta da quell'uomo, finchè egli abbia finito di mangiare e di bere.
4 ၄ သူ အိပ် သောအခါ ၊ အိပ် ရာအရပ် ကိုမှတ် ပြီးမှ ဝင် ၍ သူ့ ခြေ ၌ဖုံးသော အဝတ်ကိုဖွင့် ပြီးလျှင် အိပ် တော့။ သင်သည် အဘယ်သို့ ပြု ရမည်ကို သူ ပြော လိမ့်မည်ဟုဆိုသော်၊
E, quando egli si sarà posto a giacere, sappi il luogo ove egli giacerà, ed entravi, e scoprilo da' piedi, e ponti [quivi] a giacere; ed egli ti dichiarerà ciò che tu avrai da fare.
5 ၅ ရုသက၊ မိခင်မှာ ထားသမျှ တို့ကို ပြု ပါမည်ဟု ဝန်ခံ လျက်၊
E [Rut] le disse: Io farò tutto quello che tu mi dici.
6 ၆ ကောက်နယ်တလင်း သို့သွား ၍ ယောက္ခမ မှာ ထားသမျှ အတိုင်း ပြု လေ၏။
Ella adunque scese all'aia, a fece secondo tutto ciò che la suocera le avea ordinato.
7 ၇ ဗောဇ သည်စား သောက် ၍ ရွှင်လန်း လျက်၊ စပါး ပုံအနား သို့ သွား ၍ အိပ် သောအခါ ၊ ရုသသည်တိတ်ဆိတ် စွာချဉ်းကပ် ၍သူ့ ခြေ ၌ဖုံးသောအဝတ်ကိုဖွင့် ပြီးလျှင် အိပ် လေ၏။
E Booz mangiò, e bevve, ed ebbe il cuore allegro; e poi se ne venne a giacere da un capo della bica. E [Rut] venne pianamente, e lo scoperse da' piedi, e vi si pose a giacere.
8 ၈ သန်းခေါင် အချိန်၌ ယောက်ျား သည်လန့် ၍ လှည့် သဖြင့် ၊ မိန်းမ သည်ခြေရင်း ၌ရှိသည်ကိုသိ လျက်၊
E in su la mezza notte quell'uomo si spaventò, e si riscosse tutto; ed ecco, una donna gli era coricata a' piedi.
9 ၉ သင် သည်အဘယ် သူနည်းဟုမေး လျှင် ၊ ကျွန်မ သည်ကိုယ်တော် ၏ ကျွန် မရုသ ဖြစ်ပါ၏။ ကိုယ်တော် သည်ရွေး ပိုင်သော အမျိုးသားချင်းဖြစ်သောကြောင့် ၊ ကိုယ်တော် ၏ ကျွန် မကိုအဝတ်တော်စွန်း နှင့် ဖုံး ပါတော့ဟုဆို သော်၊
Ed egli le disse: Chi sei? Ed ella disse: Io [sono] Rut, tua servente; stendi il lembo della tua veste sopra la tua servente; perciocchè tu [sei] quel che per consanguinità hai la ragione del riscatto [sopra me].
10 ၁၀ သူက၊ ငါ့ သမီး ၊ ထာဝရဘုရား ကောင်းကြီး ပေးတော်မူပါစေသော။ သင်သည်ငွေ ရတတ် သောလူပျို ၊ ဆင်းရဲ သောလူပျို တစုံတယောက်ကို မ မှီဝဲ ဘဲနေ၍၊ အရင် ပြု သောကျေးဇူး ထက် နောက် ပြုသောကျေးဇူးသာ၍ကြီး၏။
Ed egli [le] disse: Benedetta [sii] tu appo il Signore, figliuola mia; questa tua ultima benignità, la quale tu hai usata, è migliore della primiera, non essendo andata dietro a' giovani, poveri o ricchi.
11 ၁၁ မ စိုးရိမ် နှင့်ငါ့ သမီး။ တောင်း သမျှ ကို ငါပြု မည်။ သင် သည်သီလ နှင့်ပြည့်စုံသောမိန်းမ ဖြစ်ကြောင်း ကို ငါ့ လူမျိုး နေသောတမြို့လုံး သိ ၏။
Ora dunque, figliuola mia, non temere; io ti farò tutto ciò che tu mi dici; perciocchè tutta la porta del mio popolo sa che tu [sei] donna di valore.
12 ၁၂ ငါ သည်ရွေး ပိုင်သော အမျိုးသားချင်းမှန် ပေ၏။ သို့သော်လည်း ငါ့ ထက် သာ၍ရွေး ပိုင်သော အမျိုးသားချင်းတယောက်ရှိ သေး၏။
Ma pure, benchè [sia] vero che io abbia la ragione della consanguinità, nondimeno ve n'è ancora [un altro] che l'ha, [il quale è] più prossimo di me.
13 ၁၃ ယနေ့ည မှာနေ ဦးတော့။ ထိုသူသည်ရွေး ပိုင်သော အမျိုးသားချင်း ဝတ်ကိုပြုလိုလျှင် ပြုပါလေစေ။ ကောင်း ၏။ မ ပြုလျှင် ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း ငါပြု မည်။ နံနက် တိုင်အောင် အိပ် ဦးတော့ဟုဆို၏။
Stattene [qui] questa notte: e domattina, se [colui] vorrà usar la sua ragione di consanguinità inverso te, bene, faccialo; ma, se non gli piacerà usarla, io userò la mia ragione di consanguinità inverso te: [sì, come] il Signore è vivente; giaci fino alla mattina.
14 ၁၄ ရုသသည်နံနက် တိုင်အောင် သူ့ ခြေရင်း နားမှာအိပ် ပြီးမှ ၊ တယောက် ကို တယောက်သိ နိုင်သော အချိန်မ ရောက်မှီထ လေ၏။ ယောက်ျားကလည်း၊ မိန်းမ သည် ဤကောက်နယ်တလင်း သို့လာ သည်ကို အဘယ်သူမျှမ သိ စေနှင့်ဟုဆို ၏။
Ella adunque giacque a' piedi di esso fino alla mattina; poi si levò innanzi che uomo si potesse riconoscere l'un l'altro. E [Booz] disse: Non sappiasi che donna alcuna sia entrata nell'aia.
15 ၁၅ တဖန် သင် ၌ ပါသော တင်းတိမ် ကိုယူ ခဲ့၍ ဖြန့် ခင်းတော့ဟုဆို သည်အတိုင်း၊ ရုသဖြန့်လျက် မုယော စပါးခြောက်ဩမဲကိုခြင် ၍ သူ့ အပေါ် မှာတင် သဖြင့် ၊ သူသည်မြို့ ထဲသို့ သွား လေ၏။
Poi disse [a Rut: ] Porgi il panno lino che tu hai addosso, e tienilo. Ed ella lo tenne, ed egli misurò sei [misure] d'orzo, e gliele pose addosso; e poi se ne venne nella città.
16 ၁၆ ယောက္ခမ ထံ သို့ ရောက် သောအခါ ၊ ယောက္ခမကအဘယ် သို့နည်းဟုမေး လျှင် ၊ မိမိ ၌ ထိုသူပြု သမျှ ကို ၎င်း၊
E [Rut] venne alla sua suocera. Ed ella le disse: Chi sei, figliuola mia? E [Rut] le dichiarò tutto ciò che quell'uomo le avea fatto.
17 ၁၇ သူက၊ သင် သည်ယောက္ခမ ထံ သို့လက်ချည်း မ သွား နှင့်ဟုဆို လျက် မုယော စပါးခြောက်ဩမဲပေး ကြောင်းကို ၎င်း ကြားပြော လေ၏။
[Le] disse ancora: Egli mi ha date queste sei [misure] d'orzo; perciocchè egli mi ha detto: Non tornar vuota alla tua suocera.
18 ၁၈ ယောက္ခမလည်း ၊ ငါ့ သမီး ၊ ဤအမှု သည်အဘယ် သို့ပြီး လိမ့်မည်ကိုမသိ မှီတိုင်အောင် ထိုင်နေ တော့။ ယောက်ျား သည် ယနေ့ ဤအမှု ကိုမပြီးစီး မှီ ငြိမ်ဝပ် စွာမ နေဟုပြောဆို ၏။
E [Naomi le] disse: Rimantene, figliuola mia, finchè tu sappia come la cosa riuscirà; perciocchè quell'uomo non resterà ch'egli non abbia oggi compiuto quest'affare.