< ရုသ 3 >

1 တဖန် ယောက္ခမ နောမိ က၊ ငါ့ သမီး ၊ သင့် ကိုချမ်းသာ စေခြင်းငှါ ငြိမ်ဝပ် ရာအရပ် ကို သင့် အဘို့ ငါမ ရှာ ရသလော။
Naomi her mother-in-law said to her, “My daughter, shall I not seek rest for you, that it may be well with you?
2 သင်ပေါင်းဘော်သော ကျွန် မတို့၏သခင်ဗောဇ သည် ငါ တို့ပေါက်ဘော် ဖြစ်သည်မ ဟုတ်လော။ ယနေ့ည မှာ ကောက်နယ်တလင်း ၌ မုယော စပါးကိုလှေ့ လျက်နေ၏။
Now is not Boaz our kinsman, with whose maidens you were? Behold, he will be winnowing barley tonight on the threshing floor.
3 သင် သည်ရေချိုးခြင်း၊ ဆီလိမ်း ခြင်း၊ အဝတ် တန်ဆာ ဆင်ခြင်းကိုပြုပြီးလျှင် ကောက်နယ်တလင်း သို့ သွား တော့။ သူသည်စား သောက် ခြင်း အမှုကို မ ပြီး မှီကိုယ် ကို မ ပြနှင့်။
Therefore wash yourself, anoint yourself, get dressed, and go down to the threshing floor; but do not make yourself known to the man until he has finished eating and drinking.
4 သူ အိပ် သောအခါ ၊ အိပ် ရာအရပ် ကိုမှတ် ပြီးမှ ဝင် ၍ သူ့ ခြေ ၌ဖုံးသော အဝတ်ကိုဖွင့် ပြီးလျှင် အိပ် တော့။ သင်သည် အဘယ်သို့ ပြု ရမည်ကို သူ ပြော လိမ့်မည်ဟုဆိုသော်၊
It shall be, when he lies down, that you shall note the place where he is lying. Then you shall go in, uncover his feet, and lie down. Then he will tell you what to do.”
5 ရုသက၊ မိခင်မှာ ထားသမျှ တို့ကို ပြု ပါမည်ဟု ဝန်ခံ လျက်၊
She said to her, “All that you say, I will do.”
6 ကောက်နယ်တလင်း သို့သွား ၍ ယောက္ခမ မှာ ထားသမျှ အတိုင်း ပြု လေ၏။
She went down to the threshing floor, and did everything that her mother-in-law told her.
7 ဗောဇ သည်စား သောက် ၍ ရွှင်လန်း လျက်၊ စပါး ပုံအနား သို့ သွား ၍ အိပ် သောအခါ ၊ ရုသသည်တိတ်ဆိတ် စွာချဉ်းကပ် ၍သူ့ ခြေ ၌ဖုံးသောအဝတ်ကိုဖွင့် ပြီးလျှင် အိပ် လေ၏။
When Boaz had eaten and drunk, and his heart was merry, he went to lie down at the end of the heap of grain. She came softly, uncovered his feet, and lay down.
8 သန်းခေါင် အချိန်၌ ယောက်ျား သည်လန့် ၍ လှည့် သဖြင့် ၊ မိန်းမ သည်ခြေရင်း ၌ရှိသည်ကိုသိ လျက်၊
At midnight, the man was startled and turned himself; and behold, a woman lay at his feet.
9 သင် သည်အဘယ် သူနည်းဟုမေး လျှင် ၊ ကျွန်မ သည်ကိုယ်တော် ၏ ကျွန် မရုသ ဖြစ်ပါ၏။ ကိုယ်တော် သည်ရွေး ပိုင်သော အမျိုးသားချင်းဖြစ်သောကြောင့် ၊ ကိုယ်တော် ၏ ကျွန် မကိုအဝတ်တော်စွန်း နှင့် ဖုံး ပါတော့ဟုဆို သော်၊
He said, “Who are you?” She answered, “I am Ruth your servant. Therefore spread the corner of your garment over your servant; for you are a near kinsman.”
10 ၁၀ သူက၊ ငါ့ သမီး ၊ ထာဝရဘုရား ကောင်းကြီး ပေးတော်မူပါစေသော။ သင်သည်ငွေ ရတတ် သောလူပျို ၊ ဆင်းရဲ သောလူပျို တစုံတယောက်ကို မ မှီဝဲ ဘဲနေ၍၊ အရင် ပြု သောကျေးဇူး ထက် နောက် ပြုသောကျေးဇူးသာ၍ကြီး၏။
He said, “You are blessed by the LORD, my daughter. You have shown more kindness in the latter end than at the beginning, because you did not follow young men, whether poor or rich.
11 ၁၁ မ စိုးရိမ် နှင့်ငါ့ သမီး။ တောင်း သမျှ ကို ငါပြု မည်။ သင် သည်သီလ နှင့်ပြည့်စုံသောမိန်းမ ဖြစ်ကြောင်း ကို ငါ့ လူမျိုး နေသောတမြို့လုံး သိ ၏။
Now, my daughter, do not be afraid. I will do to you all that you say; for all the city of my people knows that you are a worthy woman.
12 ၁၂ ငါ သည်ရွေး ပိုင်သော အမျိုးသားချင်းမှန် ပေ၏။ သို့သော်လည်း ငါ့ ထက် သာ၍ရွေး ပိုင်သော အမျိုးသားချင်းတယောက်ရှိ သေး၏။
Now it is true that I am a near kinsman. However, there is a kinsman nearer than I.
13 ၁၃ ယနေ့ည မှာနေ ဦးတော့။ ထိုသူသည်ရွေး ပိုင်သော အမျိုးသားချင်း ဝတ်ကိုပြုလိုလျှင် ပြုပါလေစေ။ ကောင်း ၏။ မ ပြုလျှင် ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း ငါပြု မည်။ နံနက် တိုင်အောင် အိပ် ဦးတော့ဟုဆို၏။
Stay this night, and in the morning, if he will perform for you the part of a kinsman, good. Let him do the kinsman’s duty. But if he will not do the duty of a kinsman for you, then I will do the duty of a kinsman for you, as the LORD lives. Lie down until the morning.”
14 ၁၄ ရုသသည်နံနက် တိုင်အောင် သူ့ ခြေရင်း နားမှာအိပ် ပြီးမှ ၊ တယောက် ကို တယောက်သိ နိုင်သော အချိန်မ ရောက်မှီထ လေ၏။ ယောက်ျားကလည်း၊ မိန်းမ သည် ဤကောက်နယ်တလင်း သို့လာ သည်ကို အဘယ်သူမျှမ သိ စေနှင့်ဟုဆို ၏။
She lay at his feet until the morning, then she rose up before one could discern another. For he said, “Let it not be known that the woman came to the threshing floor.”
15 ၁၅ တဖန် သင် ၌ ပါသော တင်းတိမ် ကိုယူ ခဲ့၍ ဖြန့် ခင်းတော့ဟုဆို သည်အတိုင်း၊ ရုသဖြန့်လျက် မုယော စပါးခြောက်ဩမဲကိုခြင် ၍ သူ့ အပေါ် မှာတင် သဖြင့် ၊ သူသည်မြို့ ထဲသို့ သွား လေ၏။
He said, “Bring the mantle that is on you, and hold it.” She held it; and he measured six measures of barley, and laid it on her; then he went into the city.
16 ၁၆ ယောက္ခမ ထံ သို့ ရောက် သောအခါ ၊ ယောက္ခမကအဘယ် သို့နည်းဟုမေး လျှင် ၊ မိမိ ၌ ထိုသူပြု သမျှ ကို ၎င်း၊
When she came to her mother-in-law, she said, “How did it go, my daughter?” She told her all that the man had done for her.
17 ၁၇ သူက၊ သင် သည်ယောက္ခမ ထံ သို့လက်ချည်း မ သွား နှင့်ဟုဆို လျက် မုယော စပါးခြောက်ဩမဲပေး ကြောင်းကို ၎င်း ကြားပြော လေ၏။
She said, “He gave me these six measures of barley; for he said, ‘Do not go empty to your mother-in-law.’”
18 ၁၈ ယောက္ခမလည်း ၊ ငါ့ သမီး ၊ ဤအမှု သည်အဘယ် သို့ပြီး လိမ့်မည်ကိုမသိ မှီတိုင်အောင် ထိုင်နေ တော့။ ယောက်ျား သည် ယနေ့ ဤအမှု ကိုမပြီးစီး မှီ ငြိမ်ဝပ် စွာမ နေဟုပြောဆို ၏။
Then she said, “Wait, my daughter, until you know what will happen; for the man will not rest until he has settled this today.”

< ရုသ 3 >