< ရုသ 2 >

1 နောမိ ၏လင် ဧလိမလက် ၏ အဆွေ အမျိုးတွင် အလွန်ရတတ်သောပေါက်ဘော် တယောက်ရှိ၏။ သူ ၏အမည် ကား ဗောဇ တည်း။
နော​မိ​တွင်​ဗော​ဇ​ဆို​သူ ဆွေ​မျိုး​တစ်​ဦး​ရှိ ၏။ သူ​သည်​နော​မိ​၏​ခင်​ပွန်း​ဧ​လိ​မ​လက်​၏ သား​ချင်း​စု​ဝင်၊ ချမ်း​သာ​ကြွယ်​ဝ​၍ သြ​ဇာ ရှိ​သူ​တစ်​ဦး​ဖြစ်​ပေ​သည်။-
2 မောဘ ပြည်သူရုသ က၊ ကျွန်မသည် လယ်ပြင် သို့သွား ၍ စိတ်နှင့်တွေ့ သောသူ နောက် မှာစပါးကျန်ကို ကောက် ပါရစေဟု နောမိ ၌ အခွင့် ပန်လျှင် ၊ နောမိက၊ သွား တော့ငါ့ သမီး ဟုဆို ၏။
ရု​သ​က​နော​မိ​အား``ကောက်​ရိတ်​သူ​တို့​ချန် ထား​ခဲ့​သည့်​ကောက်​သင်း​ကို​ကောက်​ရန် ကျွန်​မ အား​လယ်​ကွင်း​များ​သို့​သွား​ခွင့်​ပြု​ပါ။ ကျွန် မ​သည်​ဤ​သို့​ကောက်​ခွင့်​ပြု​မည့်​တစ်​စုံ​တစ် ယောက်​ကို​တွေ့​ပါ​လိမ့်​မည်'' ဟု​ဆို​လျှင်၊ နော​မိ​က​လည်း``ငါ့​သ​မီး၊ သွား​လေ​တော့'' ဟု​ပြန်​ပြော​၏။
3 ရုသသည်သွား ၍ စပါး ရိတ်သောသူတို့နောက် မှာ၊ စပါးကျန်ကို ကောက် သည်တွင်၊ ဧလိမလက် ၏ အဆွေ အမျိုးဗောဇ ပိုင်သောလယ် ၌ အမှတ်တမဲ့နေရာ ကျ၏။
သို့​ဖြစ်​၍​ရုသ​သည်​လယ်​ကွင်း​များ​သို့​သွား ပြီး​လျှင် ကောက်​ရိတ်​သ​မား​များ​၏​နောက်​မှ လိုက်​၍ သူ​တို့​ချန်​ထား​ခဲ့​သည့်​ကောက်​သင်း ကို​ကောက်​၏။ သူ​သွား​ရောက်​မိ​သည့်​လယ်​ကွင်း မှာ​ဗော​ဇ​ပိုင်​သော​လယ်​ကွင်း​ဖြစ်​နေ​သည်။
4 ထိုအခါ ဗောဇ သည် ဗက်လင် မြို့က လာ ၍ ၊ ထာဝရဘုရား သည်သင် တို့နှင့်အတူ ရှိတော်မူပါစေသောဟု ရိတ် သောသူတို့အား ဆို လျှင်၊ သူတို့က၊ ကိုယ်တော် ကိုထာဝရဘုရား ကောင်းကြီး ပေးတော်မူပါစေသောဟု ပြန်ပြော ကြ၏။
အ​ချိန်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ ဗော​ဇ ကိုယ်​တိုင်​ပင်​ဗက်​လင်​မြို့​မှ​ရောက်​ရှိ​လာ​လျက် မိ​မိ​၏​အလုပ်​သ​မား​များ​အား``ထာ​ဝ​ရ ဘု​ရား​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ ပါ​စေ​သော'' ဟု​ဆို​၍​နှုတ်​ဆက်​၏။ ကောက်​ရိတ်​သ​မား​များ​က``ထာ​ဝ​ရ​ဘု​ရား သည် အ​ရှင့်​အား​ကောင်းချီး​ပေး​တော်​မူ​ပါ​စေ သော'' ဟု​ပြန်​ပြော​ကြ​၏။
5 ဗောဇ ကလည်း ၊ ထို မိန်းမ ငယ်သည် အဘယ် သူနှင့် ဆိုင်သနည်းဟု လယ် ခေါင်းအား မေး သော်၊
ဗော​ဇ​သည်​အ​လုပ်​သ​မား​ခေါင်း​ဆောင် အား``ထို​သူ​ငယ်​မ​သည်​အ​ဘယ်​သူ​ဖြစ် ပါ​သ​နည်း'' ဟု​မေး​၏။
6 လယ်ခေါင်းက၊ မောဘ ပြည် မှ နောမိ နှင့်အတူ လိုက်လာ သောမောဘ အမျိုးသမီး ဖြစ်ပါ၏။
အ​လုပ်​သ​မား​ခေါင်း​ဆောင်​က``ထို​သူ​ငယ်​မ သည် မော​ဘ​ပြည်​မှ​နော​မိ​နှင့်​အ​တူ​လိုက်​လာ သည့်​မော​ဘ​အ​မျိုး​သ​မီး​ဖြစ်​ပါ​သည်။-
7 သူကလည်း၊ ကျွန်မသည် စပါး ရိတ်သောသူတို့နောက် ၌ ကောက်လှိုင်းစုထဲမှာ ကျန်သော စပါးကို ကောက် သိမ်းပါရစေဟု အခွင့်တောင်းလျက်ဝင်သဖြင့်၊ နံနက် မှစ၍ ယခု ခဏ တဲ ၌နေ သောအချိန် တိုင်အောင် လုပ်နေပါပြီဟုပြောဆို လျှင်၊
သူ​သည်​ကောက်​ရိတ်​သ​မား​များ​၏​နောက်​မှ လိုက်​၍ ကောက်​သင်း​ကောက်​ခွင့်​ကို​ကျွန်​တော် ၏​ထံ​တွင်​တောင်း​ခံ​ကာ နံ​နက်​စော​စော​မှ​စ ၍​ကောက်​သင်း​ကောက်​လျက်​နေ​ခဲ့​ပါ​၏။ ယ​ခု မှ​သာ​လျှင်​လယ်​တဲ​တွင်​ခေတ္တ​နား​နေ​ပါ​သည်'' ဟု​ပြန်​လည်​ဖြေ​ကြား​၏။
8 ဗောဇ သည် ရုသ ကို ခေါ် ၍ ၊ နားထောင် ပါ၊ ငါ့ သမီး။ အခြား သောလယ် သို့ သွား ၍စပါးကျန်ကို မ ကောက် နှင့်။ ဤ အရပ်က မ ထွက် ဘဲ၊ ငါ့ ကျွန် မတို့၌ မှီဝဲ လျက်နေတော့။
ထို​အ​ခါ​ဗော​ဇ​က​ရု​သ​အား``နား​ထောင်​ပါ ငါ့​သ​မီး၊ ဤ​လယ်​ကွင်း​မှ​တစ်​ပါး​အ​ခြား လယ်​ကွင်း​များ​သို့​သွား​၍ ကောက်​သင်း​မ​ကောက် ပါ​နှင့်။ ဤ​လယ်​ကွင်း​တွင်​နေ​၍​အ​မျိုး​သမီး များ​နှင့်​အ​တူ​လုပ်​ဆောင်​ပါ​လော့။-
9 သူတို့ရိတ် သောလယ် ကွက်ကို ကြည့် မှတ်၍ သူ တို့နောက် ၌ လိုက် လော့။ လုလင် တို့သည်သင့် ကို မ နှောင့်ရှက် ရမည်အကြောင်း ငါမှာ ထားပြီ။ ရေ ငတ်သောအခါ ၊ အိုး ထားရာသို့ သွား ၍ လုလင် ခပ် သောရေကို သောက် တော့ဟုဆိုလေသော်၊
သူ​တို့​အ​ဘယ်​နေ​ရာ​တွင်​ကောက်​ရိတ်​ကြ​သည် ကို​စောင့်​၍ ကြည့်​ကာ​သူ​တို့​နှင့်​အ​တူ​လိုက်​သွား ပါ​လော့။ သင့်​အား​အ​နှောင့်​အ​ယှက်​မ​ပေး​ရန် ငါ​၏​အ​လုပ်​သ​မား​များ​ကို​မှာ​ထား​ပြီ။ သင် ရေ​ငတ်​သည့်​အ​ခါ​အိုး​ထား​ရာ​သို့​သွား​၍ သူ တို့​ခပ်​ထား​သည်​ရေ​ကို​သောက်​ပါ​လော့'' ဟု ဆို​၏။
10 ၁၀ ရုသသည်မြေ ပေါ်မှာဦးချ ပြပ်ဝပ် လျက် ၊ ကျွန်မ သည်တပါး အမျိုးသားဖြစ်၍ကိုယ်တော် သည် ကျွန်မ ကို သိမှတ် မည်အကြောင်း၊ အဘယ်သို့ စိတ် တော်နှင့်တွေ့ရပါသနည်းဟုလျှောက် လေ၏။
၁၀ရု​သ​သည်​မြေ​သို့​တိုင်​အောင်​ဦး​ညွှတ်​ပျပ်​ဝပ် လျက် ဗော​ဇ​အား``အ​ရှင်​သည်​အ​ဘယ်​ကြောင့် ကျွန်​မ​ကဲ့​သို့​နိုင်​ငံ​ခြား​သူ​တစ်​ဦး​ကို ဤ​မျှ ဂ​ရု​တ​စိုက်​ပြု​၍​သ​နား​ကြင်​နာ​ပါ​သ​နည်း'' ဟု​ဆို​လျှင်၊
11 ၁၁ ဗောဇ ကလည်း ၊ သင် ၏လင် သေ သောနောက် ၊ သင် သည်ယောက္ခမ အားပြုစု သမျှ ကို၎င်း၊ သင်သည်မိဘ နှင့် မွေးဘွား ရာဌာနပြည် ကိုစွန့် ၍ အထက် က မ သိ ဘူးသောပြည် သို့ လာ ကြောင်းကို၎င်း ၊ ငါ့ အား သေချာစွာပြော ကြပြီ။
၁၁ဗော​ဇ​က``သင်​သည်​ခင်ပွန်း​ကွယ်​လွန်​ချိန်​မှ​စ ၍ မိ​မိ​၏​ယောက္ခ​မ​အား​အ​ဘယ်​သို့​ပြု​စု​ခဲ့ သည်​ကို​ငါ​ကြား​သိ​ပြီး​ပါ​ပြီ။ သင်​သည် အ​ဘယ်​သို့​မိ​မိ​၏​မိ​ဘ​များ​နှင့်​တိုင်း​ပြည် ကို​စွန့်​ခွာ​လျက် ယ​ခင်​အ​ဘယ်​အ​ခါ​က​မျှ မ​တွေ့​မ​မြင်​ဘူး​သည့်​အ​မျိုး​သား​တို့​နှင့် အ​တူ​နေ​ထိုင်​ရန်​လာ​ရောက်​ခဲ့​ကြောင်း​ကို လည်း​ငါ​သိ​ပါ​၏။-
12 ၁၂ သင့် အမှု ၏အကျိုး ကိုထာဝရဘုရား ပေး တော်မူပါစေသော။ သင်သည်အတောင် တော်အောက် ၌ ခိုလှုံ ခြင်းငှါ ချဉ်းကပ် သော ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား သည် စုံလင် သောဆုကို ချတော်မူပါစေသောဟု ဆိုသော်၊
၁၂ထာ​ဝ​ရ​ဘု​ရား​သည်​ယင်း​သို့​သင်​ပြု​သည့် အ​တွက် သင့်​အား​ဆု​ကျေး​ဇူး​တော်​ကို​ချ ပေး​တော်​မူ​ပါ​စေ​သော။ သင်​ခို​လှုံ​ချဉ်း​ကပ် သည့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား သခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​ဆု ကျေး​ဇူး​တော်​ကို​အ​ပြည့်​အ​ဝ​ချ​ပေး တော်​မူ​ပါ​စေ​သော'' ဟု​ဆို​လေ​၏။
13 ၁၃ ရုသကလည်း၊ သခင်ကျွန်မသည် ရှေ့ တော်၌ မျက်နှာ ရပါစေ။ ကျွန်မ သည်ကိုယ်တော် ကျွန် မတို့နှင့် မ တူသော်လည်း ၊ ကိုယ်တော်သည် လောကဝတ် စကားကို ပြော ၍ ကျွန်မ ကို နှစ်သိမ့် စေပါပြီဟု လျှောက် လေ၏။
၁၃ရု​သ​က​လည်း``အ​ရှင်၊ အ​ရှင်​သည်​ကျွန်​မ အ​ပေါ်​တွင်​များ​စွာ​က​ရု​ဏာ​ထား​ပါ​ပြီ။ ကျွန်​မ​သည်​အ​ရှင့်​အ​စေ​ခံ​များ​၏​အ​ဆင့် အ​တန်း​ကို​မီ​သူ​ပင်​မ​ဟုတ်​သော်​လည်း အ​ရှင် သည်​ချို​သာ​စွာ​ပြော​ဆို​ခြင်း​အား​ဖြင့်​ကျွန်​မ ကို​အား​တက်​စေ​ပါ​၏'' ဟု​ပြန်​ပြော​၏။
14 ၁၄ ဗောဇ ကလည်း ၊ စားသောက် သောအချိန် ရှိပြီ။ လာ ၍ မုန့် ကို စား လော့။ ပုံးရည် ၌ စားစရာကို နှစ် လော့ဟု ခေါ်ဆိုသည်အတိုင်း၊ ရုသသည် စပါး ရိတ်သောသူတို့နှင့်အတူထိုင် လျှင် ၊ ဗောဇသည် ပေါက်ပေါက် ကို လှမ်း၍ ပေး သဖြင့် ၊ သူသည် ဝ စွာစား ပြီးမှ ချန် ထားသေး၏။
၁၄ထ​မင်း​စား​ချိန်​ရောက်​သော​အ​ခါ​၌ ဗော​ဇ သည်​ရု​သ​အား``လာ​၍​မုန့်​သုံး​ဆောင်​လော့။ မုန့်​ကို​အ​ချဉ်​ရည်​တွင်​နှစ်​၍​စား​လော့'' ဟု ဆို​၏။ သို့​ဖြစ်​၍​ရု​သ​သည် အ​လုပ်​သ​မား များ​နှင့်​အ​တူ​ထိုင်​လေ​သည်။ ထို​အ​ခါ​ဗော​ဇ သည်​သူ့​အား​ပေါက်​ပေါက်​အ​နည်း​ငယ်​ကို လှမ်း​၍​ပေး​၏။ ရု​သ​သည်​ဝ​အောင်​စား​ပြီး နောက်​မုန့်​ကျန်​သေး​၏။-
15 ၁၅ စပါးကျန်ကို ကောက် ခြင်းငှါ ထ သွားသောအခါ ၊ ဗောဇ သည်လုလင် တို့အား ၊ ထိုမိန်းမသည် ကောက်လှိုင်းစု ထဲမှာ ကျန်သောစပါးကိုကောက်သိမ်း ပါစေ၊ အရှက် မ ခွဲကြနှင့်။
၁၅ထို​နောက်​သူ​သည်​ကောက်​သင်း​ကောက်​ရန်​ထ ၍​သွား​သော​အ​ခါ ဗော​ဇ​သည်​အ​လုပ်​သ​မား များ​အား``သူ့​အား​ကောက်​လှိုင်း​စီး​များ​ချ ထား​ရာ​အ​ရပ်​၌​ပင် ကောက်​သင်း​ကောက်​ခွင့် ပြု​ကြ​လော့။ သူ့​အား​မ​ဟန့်​တား​ကြ​နှင့်။-
16 ၁၆ ရိတ်ပြီးသောစပါးအချို့ကိုလည်း သူ အဘို့ ချ ထားလော့။ ကောက် ယူပါစေ။ အပြစ် မ တင်ကြနှင့်ဟု မှာထား၏။
၁၆ကောက်​လှိုင်း​စည်း​များ​မှ​စပါး​နှံ​အ​နည်း ငယ်​ကို​ဆွဲ​ထုတ်​၍ သူ​၏​အ​တွက်​ချ​ထား ပေး​ကြ​လော့'' ဟု​မှာ​ကြား​လေ​၏။
17 ၁၇ ရုသသည်ထိုလယ် ၌ ညဦး တိုင်အောင် စပါးကျန်ကိုကောက် ၍ ရသောစပါးကိုနယ် ပြီးလျှင် မုယော ဆန်တဧဖာ ခန့် မျှရှိ ၏။
၁၇သို့​ဖြစ်​၍​ရု​သ​သည် လယ်​ကွင်း​ထဲ​တွင်​ည​နေ စောင်း​သည်​တိုင်​အောင် ကောက်​သင်း​ကောက်​ပြီး နောက်​ကောက်​နှံ​များ​ကို နယ်​လိုက်​သော​အ​ခါ မု​ယော​စပါး​တင်း​ဝက်​ခန့်​ရ​ရှိ​လေ​သည်။-
18 ၁၈ ထိုဆန်ကိုယူ ၍ မြို့ ထဲသို့ ဝင် သဖြင့် ၊ ကောက် ၍ရသောဆန်ကိုလည်း ယောက္ခမ အား ပြ ၏။ ဝ စွာစားပြီးမှချန် ထားသော အရာ ကိုလည်း ထုတ် ၍ ပေးသေး၏။
၁၈သူ​သည်​ထို​စပါး​ကို​ယူ​၍​မြို့​သို့​ပြန်​ပြီး လျှင် မိ​မိ​၏​ယောက္ခ​မ​အား​ပြ​၏။ မိ​မိ​ချန် ထား​သည့်​အ​စား​အ​စာ​ကို​လည်း​ပေး​၏။-
19 ၁၉ ယောက္ခမ ကလည်း ၊ ယနေ့ အဘယ်မှာ စပါးကျန်ကိုကောက် သနည်း။ အဘယ်မှာ လုပ် သနည်း။ သင် သိမှတ် သောသူသည်မင်္ဂလာ ရှိ ပါစေသောဟု မြွက်ဆို လျှင်၊ ရုသက ယနေ့ ကျွန်မလုပ် သောသူ ၏အမည် ကား၊ ဗောဇ ဖြစ်ပါသည်ဟုယောက္ခမ အား ကြား ပြောသော်။
၁၉နော​မိ​က``သင်​သည်​ယ​နေ့​အ​ဘယ်​မှာ​ကောက် သင်း​ကောက်​ခဲ့​ပါ​သ​နည်း။ မည်​သူ့​လယ်​တွင် ကောက်​ခဲ့​ပါ​သ​နည်း။ ဘု​ရား​သ​ခင်​သည် သင့် ကို​ကြည့်​ရှု​သူ​အား​ကောင်း​ချီး​ပေး​တော် မူ​ပါ​စေ​သော'' ဟု​ဆို​၏။ သို့​ဖြစ်​၍​ရု​သ​သည်​ဗော​ဇ​အ​မည်​ရှိ​သူ​လူ တစ်​ဦး​၏​လယ်​တွင် မိ​မိ​ကောက်​သင်း​ကောက်​ခဲ့ ကြောင်း​ကို​နော​မိ​အား​ပြော​ပြ​လေ​သည်။
20 ၂၀ ယောက္ခမက၊ အသက် ရှင်သောသူ၊ သေ သောသူတို့၌ ကျေးဇူး မ ပြတ် ပြုတော်မူသေးသောထာဝရဘုရား သည် သူ့ ကိုကောင်းကြီး ပေးတော်မူပါစေသောဟူ၍၎င်း၊ ထိုသူ သည် ငါ တို့နှင့်ပေါက်ဘော်တော်သောသူ၊ နီးစပ်သော အမျိုးသားချင်းအဝင်ဖြစ်သည်ဟူ၍၎င်း၊ ချွေးမ အား ပြောဆို ၏။
၂၀နော​မိ​က​လည်း``ထာ​ဝ​ရ​ဘု​ရား​သည် ဗော​ဇ အား​ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။ ထာ​ဝ​ရ ဘု​ရား​သည်​အ​သက်​ရှင်​သူ၊ သေ​သူ​တို့​အား မိ​မိ​ထား​ရှိ​သည့်​က​တိ​တော်​တို့​ကို​အ​စဉ် အ​မြဲ​တည်​စေ​တော်​မူ​ပါ​၏'' ဟု​ဆို​ပြီး​လျှင် ဆက်​လက်​၍``ဤ​သူ​သည်​ငါ​တို့​နှင့်​ဆွေ​မျိုး ရင်း​ချာ​တော်​စပ်​၍ ငါ​တို့​အား​ကြည့်​ရှု​စောင့် ရှောက်​ရန်​အ​တွက်​တာ​ဝန်​ရှိ​သူ​တစ်​ဦး​ဖြစ် သည်'' ဟု​ဆို​၏။
21 ၂၁ ထိုသူက၊ ငါ့စပါး ရိတ်ခြင်းအမှု မပြီး မှီတိုင်အောင် ၊ ငါ့ လူ တို့၌ မှီဝဲ လျက်နေတော့ဟု ဆိုကြောင်းကိုလည်း မောဘ အမျိုးသမီးရုသ သည် ကြားပြော သော်၊
၂၁ထို​အ​ခါ​ရု​သ​က``မု​ယော​စ​ပါး​ကို​အ​လုပ် သ​မား​တို့​ရိတ်​သိမ်း​ကာ​လ​မ​ကုန်​မ​ချင်း ကောက်​သင်း​လာ​၍ ကောက်​ရန်​ကျွန်​မ​အား​သူ မှာ​ကြား​လိုက်​ပါ​သည်'' ဟု​ပြော​၏။
22 ၂၂ နောမိ က၊ ငါ့ သမီး ၊ သင်သည် သူ ၏ကျွန် မတို့နှင့် ပေါင်းဘော်ကောင်း၏။ အခြား သောလယ် ၌ သူတို့သည် သင့် ကို မတွေ့စေကောင်းဟု၊ ချွေးမ ရုသ အား ပြော သည်အတိုင်း၊
၂၂နော​မိ​သည်​ရု​သ​အား``ငါ့​သ​မီး၊ သင်​သည် အ​ခြား​သူ​တစ်​ဦး​တစ်​ယောက်​၏​လယ်​သို့ သွား​ခဲ့​သော် အ​နှောင့်​အ​ယှက်​ခံ​ကောင်း​ခံ ရ​ပေ​လိမ့်​မည်။-''
23 ၂၃ သူသည် မုယော စပါး၊ ဂျုံ စပါးရိတ် ခြင်းအမှု ပြီး သည်တိုင်အောင် ဗောဇ ၏ ကျွန် မတို၌ မှီဝဲ လျက် ၊ စပါးကျန်ကိုကောက် ၍ ယောက္ခမ ထံ မှာနေ လေ၏။
၂၃သို့​ဖြစ်​၍​ရု​သ​သည်​ဗော​ဇ​၏​လယ်​၌​ပင် အ​မျိုး​သ​မီး​များ​နှင့်​အ​တူ​လုပ်​ဆောင်​ကာ မု​ယော​စပါး​နှင့်​ဂျုံ​စပါး​များ​ရိတ်​သိမ်း​ပြီး သည်​တိုင်​အောင် ကောက်​သင်း​ကောက်​လျက်​နေ​၏။ သူ​သည်​မိ​မိ​၏​ယောက္ခ​မ​နှင့်​အ​တူ​ဆက် လက်​၍​နေ​ထိုင်​လေ​သည်။

< ရုသ 2 >