< ရုသ 1 >
1 ၁ တရား သူကြီးအုပ်စိုး သောကာလ ၊ တရံရောအခါ ဣသရေလပြည် ၌ အစာအာဟာရခေါင်းပါး ၍ ယုဒ ပြည် ဗက်လင် မြို့သား တယောက်သည်၊ မယား နှင့် သား နှစ် ယောက်ပါလျက် မောဘ ပြည် ၌ တည်းခို ခြင်းငှါ သွား ၏။
In the time when the judges ruled, there was once a famine in the land. A man from Bethlehem in Judah took his wife and two sons to live in the territory of Moab.
2 ၂ ထိုသူ ၏အမည် ကား ဧလိမလက်။ မယား အမည် ကား နောမိ။ သား နှစ် ယောက်အမည် ကား မဟာလုန် နှင့် ခိလျုန် တည်း။ သူတို့သည် ယုဒ ပြည်၊ ဗက်လင် မြို့၊ ဧဖရတ် အရပ်သားဖြစ်လျက် ၊ မောဘ ပြည် သို့သွား ၍ နေ ကြ၏။
His name was Elimelech and his wife’s was Naomi, and his two sons were Mahlon and Chilion. They were Ephrathites from Bethlehem in Judah. After they had been living in Moab for some time,
3 ၃ နောမိ ၏ခင်ပွန်း ဧလိမလက် သည်သေ ၍ မယား နှင့် သား နှစ် ယောက်တို့သည် ကျန်ရစ် ကြ၏။
Elimelech died, and Naomi was left with her two sons,
4 ၄ သားတို့သည်မောဘ ပြည်သူဩရပ နှင့် ရုသ အမည် ရှိသောမိန်းမ နှစ်ယောက်တို့နှင့် စုံဘက် ခြင်းကိုပြု၍ ၊ ထို ပြည်မှာ ဆယ် နှစ် ခန့် မျှနေ ပြီးမှ၊
who married Moabite women named Orpah and Ruth. After they had lived there about ten years,
5 ၅ ထိုသား နှစ် ယောက် မဟာလုန် နှင့် ခိလျုန် တို့သည် သေ ၍ နောမိ သည်သား မရှိ ၊ ခင်ပွန်း လည်း မရှိ ကျန်ရစ် လေ၏။
Mahlon and Chilion both died, and Naomi was left alone, without husband or sons.
6 ၆ တဖန် ထာဝရဘုရား သည်မိမိ လူ တို့ကိုအကြည့် အရှုကြွ၍ မုန့် ကိုပေး သနားတော်မူကြောင်းကို ထိုမိန်းမသည် မောဘ ပြည် ၌ ကြား သောအခါ ၊ မောဘ ပြည် မှ ပြန် သွားမည်ဟု ချွေးမ နှစ်ယောက်နှင့်အတူ ထ ၍၊
So she set out with her daughters-in-law to return from the land of Moab, for she had heard that the Lord had remembered his people and given them food.
7 ၇ တည်းခိုရာအရပ် က ထွက် ပြီးလျှင် ယုဒ ပြည် သို့ ရောက် လိုသောငှါ သွား ကြ၏။
As they were setting out together on the journey to Judah,
8 ၈ သို့ရာတွင် ချွေးမ နှစ် ယောက်တို့အား ၊ သင်တို့သည် ကိုယ်အမိ အိမ် သို့ ပြန် သွား ကြလော့။ သေလွန် သောသူ၌ ၎င်း၊ ငါ ၌ ၎င်း ၊ ကျေးဇူးပြု သည်နှင့်အညီ ၊ ထာဝရဘုရား သည် သင် တို့၌ ကျေးဇူး ပြု တော်မူပါစေသော။
Naomi said to her daughters-in-law, ‘Go, return both of you to the home of your mother. May the Lord be kind to you as you have been kind to the dead and to me.
9 ၉ သင် တို့နှစ်ယောက်သည် နောက်ရသောလင် အိမ် ၌ချမ်းသာ စွာနေရမည်အကြောင်းထာဝရဘုရား ကယ်မ သနားတော်မူပါစေသောဟုဆိုလျက် သူ တို့ကို နမ်း လေ၏။ သူတို့သည်လည်း ၊ အသံ ကိုလွှင့် ၍ ငိုကြွေး လျက်၊
The Lord grant that each of you may find peace and happiness in the house of a new husband.’ Then she kissed them; but they began to weep aloud
10 ၁၀ အကယ် စင်စစ်အကျွန်ုပ်တို့သည် ကိုယ်တော် နှင့်အတူ ၊ ကိုယ်တော် ၏ အမျိုး ထံ သို့လိုက်သွား ပါမည်ဟု ဆို ကြ၏။
and said to her, ‘No, we will return with you to your people.’
11 ၁၁ နောမိ ကလည်း ၊ ငါ့ သမီး တို့ပြန် သွားကြလော့။ ငါ နှင့်အတူ အဘယ်ကြောင့် လိုက် ရမည်နည်း။ သင် တို့လင် လျှာဘို့ ငါ ၏ဝမ်း ၌ သား ရှိသေးသလော။
But Naomi said, ‘Go back, my daughters. Why should you go with me? Can I still bear sons who might become your husbands?
12 ၁၂ ငါ့ သမီး တို့ပြန် သွားကြလော့။ ငါသည်အသက် အရွယ်လွန်၍လင် နှင့် မနေ သင့်။ သို့မဟုတ်မြော်လင့် စရာရှိသေးသည်ဟုငါဆို လျှင် ၎င်း၊ ယနေ့ည မှာလင် နေလျှင်၎င်း၊ သား တို့ကိုလည်း ဘွားမြင် လျှင်၎င်း၊
Go back, my daughters, go your own way, because I am too old to have a husband. Even if I should say, “I have hope,” even if I should have a husband tonight and should bear sons,
13 ၁၃ ထိုသားတို့သည်ကြီးပွား သည်တိုင်အောင် ငံ့ နေလိမ့်မည်လော။ လင်မနေဘဲသူတို့ကို မြော်လင့်လိမ့်မည်လော။ ငါ့ သမီး တို့ထိုသို့မ ဖြစ် ရ။ ထာဝရဘုရား လက် တော်သည် ငါ ၌ ကန့်လန့် ရှိသည်ကို သင် တို့အတွက် ငါအလွန်ကြင်နာသောစိတ် ရှိသည်ဟုဆိုလေသော်၊
would you wait for them until they were grown up? Would you remain single for them? No, my daughters! My heart grieves for you, for the Lord has sent me adversity.’
14 ၁၄ သူတို့သည်တဖန် အသံ ကိုလွှင့် ၍ ငိုကြွေး ကြ၏။ ထိုအခါ ဩရပ သည်ယောက္ခမ ကို နမ်း ၍မိမိအမျိုးသားတို့ထံသွားသို့ပြန်သွား၏။ ရုသ မူကား ၊ ယောက္ခမ ၌ မှီဝဲ ဆည်းကပ်လျက်နေသေး၏။
Then they again wept aloud, and Orpah kissed her mother-in-law goodbye, but Ruth stayed with her.
15 ၁၅ နောမိကလည်း၊ သင့် အစ်မ သည်အမျိုးသား ရင်းဘုရား ရင်းတို့ထံ သို့ပြန် သွားပြီ။ အစ်မ နောက် သို့ လိုက်သွား ပါဟုဆို သော်၊
‘Look,’ said Naomi, ‘your sister-in-law is going back to her own people and to her own gods. Go along with her!’
16 ၁၆ ရုသ က၊ ကျွန်မ သည် ကိုယ်တော် ကို မစွန့် ပါရစေနှင့်။ နောက် တော်သို့မလိုက်ဘဲ ပြန် သွားစေခြင်းငှါ မ ပြု ပါနှင့်။ ကိုယ်တော်သွား လေရာရာသို့ ကျွန်မလိုက် ပါမည်။ ကိုယ်တော်အိပ် လေရာရာ၌ ကျွန်မအိပ် ပါမည်။ ကိုယ်တော် အမျိုး သည် ကျွန်မ အမျိုး ၊ ကိုယ်တော် ဘုရား သည်ကျွန်မ ဘုရား ဖြစ်ပါစေ။
But Ruth answered, ‘Do not urge me to leave you or to go back. I will go where you go, and I will stay wherever you stay. Your people will be my people, and your God my God;
17 ၁၇ ကိုယ်တော်သေ ရာအရပ်၌ ကျွန်မသေ ၍ သင်္ဂြိုဟ် ခံပါမည်။ သေ ခြင်းမှတပါး ၊ အခြားသောအမှုကြောင့် ကိုယ်တော် နှင့် ကျွန်မ ကွာ လျှင်၊ ထာဝရဘုရား သည် ကျွန်မ ၌ ထို မျှမကပြု တော်မူ ပါစေသောဟုပြန်ဆို၏။
I will die where you die, and be buried there. May the Lord bring a curse upon me, if anything but death separate you and me.’
18 ၁၈ ရုသ သည်လိုက် ခြင်းငှါ ခိုင်ခံ့ သောစိတ်ရှိသည်ကို နောမိသည်သိမြင် သော်တိတ်ဆိတ် စွာနေလေ၏။
When Naomi saw that Ruth was determined to go with her, she ceased urging her to return.
19 ၁၉ ထိုသူ နှစ် ယောက်တို့သည်ခရီးသွား ၍ဗက်လင် မြို့သို့ရောက် သောအခါ ၊ တမြို့လုံး အုတ်အုတ် ကျက်ကျက်ဖြစ်၍၊ ဤ သူကားနောမိ ဟုတ်သလောဟုမေး ကြ၏။
So they journeyed on until they came to Bethlehem. Their arrival stirred the whole town, and the women said, ‘Can this be Naomi?’
20 ၂၀ သူကလည်းနောမိ ဟူ၍မ ခေါ် ပါနှင့်။ မာရ ဟူ၍ခေါ် ပါ။ အနန္တ တန်ခိုးရှင်သည် ငါ့ အား အလွန် ခါး သောအရာကိုပေးတော်မူပြီ။
‘Do not call me Naomi,’ she said to them, ‘call me Mara, for the Almighty has given me a bitter lot.
21 ၂၁ ငါ သည်ကြွယ်ဝ ပြည့်စုံလျက်ထွက်သွား ၏။ ယခုမူကား ဆင်းရဲ လျက် တကိုယ်တည်းရှိမှ၊ ထာဝရဘုရား သည် ငါ့ ကိုပို့ပြန် တော်မူပြီ။ ထာဝရဘုရား သည် ငါ့ ကို နှိမ့်ချ၍ အနန္တ တန်ခိုးရှင်သည် ငါ့ ကို ဆင်းရဲ စေတော်မူသည်ဖြစ်၍၊ နောမိ အမည်ဖြင့် အဘယ်ကြောင့် ငါ့ ကို ခေါ် ကြသနည်းဟု ပြန်ပြော ၏။
I had plenty when I left, but the Lord has brought me back empty handed. Why should you call me Naomi, now that the Lord has afflicted me, and the Almighty has brought misfortune on me?’
22 ၂၂ ထိုသို့ မောဘ ပြည် မှ လိုက်လာ သောမောဘ ပြည်သူချွေးမ ရုသ နှင့်အတူ နောမိ သည်ပြန် လာ၍ ၊ မုယော စပါးကိုရိတ် စ ကာလ၌ ဗက်လင် မြို့သို့ရောက် ကြ၏။
So Naomi and Ruth, her Moabite daughter-in-law, returned from Moab. They reached Bethlehem at the beginning of the barley harvest.