< ရောမ 9 >
1 ၁ ငါ့ ကိုယ်ကိုကိုယ်သိ သော စိတ်သည် သန့်ရှင်း သော ဝိညာဉ် တော်နှင့်တကွ ငါ့ ဘက်၌ သက်သေခံ လျက်၊ ငါသည်မုသာ မ ပါ၊ ခရစ်တော် ရှေ့၌ မှန်ကန် စွာ ပြော သည်ကား၊
၁ငါ့ကိုယ်ကိုကိုယ်သိသော စိတ်သည် သန့်ရှင်းသော ဝိညာဉ်တော်နှင့်တကွ ငါ့ဘက်၌ သက်သေခံလျက်၊ ငါသည်မုသာမပါ၊ ခရစ်တော်ရှေ့၌ မှန်ကန်စွာ ပြောသည်ကား၊
2 ၂ ငါ သည် အလွန် ဝမ်းနည်း ခြင်းရှိ ၏။ စိတ် နှလုံး ထဲ၌ မခြားမလပ် ပူပန် ခြင်းဝေဒနာရှိ၏။
၂ငါသည် အလွန်ဝမ်းနည်းခြင်းရှိ၏။ စိတ်နှလုံး ထဲ၌ မခြားမလပ် ပူပန်ခြင်းဝေဒနာရှိ၏။
3 ၃ အကြောင်းမူကား ၊ ဇာတိ အားဖြင့် ငါ့ အမျိုးသား ချင်းဖြစ်သော ငါ့ ညီအစ်ကို တို့အတွက် ၊ ငါ သည်ကိုယ်တိုင် ခရစ်တော် နှင့် ခွာ ၍ ကျိန် ခြင်းကိုခံချင်လောက်အောင် စိတ် ရှိ၏။
၃အကြောင်းမူကား၊ ဇာတိအားဖြင့် ငါ့အမျိုးသားချင်းဖြစ်သော ငါ့ညီအစ်ကိုတို့အတွက်၊ ငါသည်ကိုယ်တိုင် ခရစ်တော်နှင့်ခွါ၍ ကျိန်ခြင်း ကိုခံချင်လောက်အောင် စိတ်ရှိ၏။
4 ၄ ထိုသူ တို့သည် ဣသရေလ လူဖြစ် ၍၊ သား အရာ၌ ချီးမြှောက်ခြင်းနှင့်၎င်း ၊ ဘုန်း အာနုဘော်တော်နှင့်၎င်း ၊ ပဋိညာဉ် တရားတို့နှင့်၎င်း ၊ ပညတ် တရားထားခြင်းနှင့် ၎င်း ၊ ဝတ်ပြု ခြင်းနှင့်၎င်း ၊ ဂတိ တော်တို့နှင့်၎င်း၊ ဆိုင်ကြ၏။
၄ထိုသူတို့သည် ဣသရေလလူဖြစ်၍၊ သားအရာ၌ ချီးမြှောက်ခြင်းနှင့်၎င်း၊ ဘုန်းအာနုဘော်တော်နှင့်၎င်း၊ ပဋိညာဉ်တရားတို့နှင့်၎င်း၊ ပညတ်တရားထားခြင်းနှင့် ၎င်း၊ ဝတ်ပြုခြင်းနှင့်၎င်း၊ ဂတိတော်တို့နှင့်၎င်း၊ ဆိုင်ကြ၏။
5 ၅ ဘိုးဘေး များတို့နှင့်ဆက်နွယ်သောသူလည်း ဖြစ်ကြ၏။ ခရစ်တော် သည်လည်း ၊ ဇာတိ အမျိုးအားဖြင့် ထိုသူ တို့၏ အမျိုးဖြစ်တော်မူ၏။ ထိုခရစ်တော် သည်လည်း ခပ်သိမ်း သောအရာတို့ကို အစိုးရ တော်မူ၍ ထာဝရ မင်္ဂလာ ရှိ တော်မူသော ဘုရားသခင် ဖြစ်တော်မူ၏။ အာမင် (aiōn )
၅ဘိုးဘေးများတို့နှင့်ဆက်နွယ်သောသူလည်း ဖြစ်ကြ၏။ ခရစ်တော်သည်လည်း၊ ဇာတိအမျိုးအားဖြင့် ထိုသူတို့၏ အမျိုးဖြစ်တော်မူ၏။ ထိုခရစ်တော်သည်လည်း ခပ်သိမ်းသောအရာတို့ကို အစိုးရတော်မူ၍ ထာဝရ မင်္ဂလာရှိတော်မူသော ဘုရားသခင်ဖြစ်တော်မူ၏။ အာမင်။ (aiōn )
6 ၆ ထိုသို့ဆိုသော်ဘုရားသခင် ၏ ဂတိ တော်မ တည် ဟု ငါမဆိုလို။ အကြောင်းမူကား ၊ ဣသရေလ နှင့် ဆက်နွယ်သော သူ အပေါင်း တို့သည် ဣသရေလ လူမှန်မ ဟုတ်။
၆ထိုသို့ဆိုသော် ဘုရားသခင်၏ ဂတိတော်မတည်ဟု ငါမဆိုလို။ အကြောင်းမူကား၊ ဣသရေလနှင့် ဆက်နွယ်သော သူအပေါင်းတို့သည် ဣသရလလူမှန် မဟုတ်။
7 ၇ ထိုနည်းတူအာဗြဟံ ၏ အမျိုးအနွယ် ဖြစ် သော သူအပေါင်း တို့သည် အာဗြဟံ၏သား မှန်မ ဟုတ်။ ဣဇာက် ၌ သာ သင် ၏အမျိုး တည်လိမ့်မည်ဟု ဗျာဒိတ် တော်ရှိ၏။
၇ထိုနည်းတူအာဗြဟုံ၏ အမျိုးအနွယ်ဖြစ်သော သူအပေါင်းတို့သည် အာဗြဟံ၏သားမှန်မဟုတ်။ ဣဇာတ် ၌သာ သင်၏အမျိုး တည်လိမ့်မည်ဟု ဗျာဒိတ်တော်ရှိ၏။
8 ၈ ထိုကြောင့်၊ ဇာတိ အမျိုးသားတို့သည် ဘုရားသခင် ၏သား မှန်မ ဟုတ်။ ဂတိ တော်နှင့်ဆိုင်သော သား တို့သည် အမျိုးအနွယ်မှန်သည်ဟု မှတ် တော်မူ၏။
၈ထိုကြောင့်၊ ဇာတိအမျိုးသားတို့သည် ဘုရားသခင်၏သားမှန်မဟုတ်။ ဂတိတော်နှင့်ဆိုင်သော သားတို့သည် အမျိုးအနွယ်မှန်သည်ဟု မှတ်တော်မူ၏။
9 ၉ ဂတိ တော်အချက် ဟူမူကား ၊ ယခု မှစ၍ကာလ အချိန်စေ့သောအခါ ၊ ငါလာ ၍ စာရာ သည် သား ကို ရ လိမ့်မည်ဟု လာသတည်း။
၉ဂတိတော်အချက်ဟူမူကား၊ ယခုမှစ၍ ကာလ အချိန်စေ့သောအခါ၊ ငါလာ၍စာရာသည် သားကို ရလိမ့်မည်ဟု လာသတည်း။
10 ၁၀ ထိုမျှမက ၊ ရေဗက္ကာ သည် ငါ တို့ အဘ ဣဇာက် နှင့် စုံဘက် ၍ ပဋိသန္ဓေစွဲယူ သောအခါ ၊
၁၀ထိုမျှမက၊ ရေဗက္ကသည် ငါတို့ အဘဣဇာက်နှင့် စုံဘက်၍ ပဋိသန္ဓေစွဲယူသောအခါ၊
11 ၁၁ ဘုရားသခင် ရွေးကောက် တော်မူခြင်းနှင့် ယှဉ်သောအကြံ တော်သည် အကျင့်အားဖြင့် မ တည် ၊ ခေါ် တော်မူသော သူ ၏အလိုတော်အားဖြင့် တည်မည် အကြောင်း ၊ သားမ ဘွား မှီ ၊ ထိုသားတို့သည် ကောင်း သောအကျင့်၊ မ ကောင်းသောအကျင့်ကိုမကျင့် မှီ၊
၁၁ဘုရားသခင် ရွေးကောက်တော်မူခြင်းနှင့် ယှဉ်သောအကြံတော်သည် အကျင့်အားဖြင့် မတည်၊ ခေါ်တော်မူသော သူ၏အလိုတော်အားဖြင့်တည်မည် အကြောင်း၊ သားမဘွားမှီ၊ ထိုသားတို့သည် ကောင်းသော အကျင့်၊ မကောင်းသောအကျင့်ကိုမကျင့်မှီ၊
12 ၁၂ သားအကြီး သည် သားအငယ် ၌ ကျွန် ခံရလိမ့်မည်ဟု ထိုမိန်းမ အားဗျာဒိတ် ပေးတော်မူ၏။
၁၂သားအကြီးသည် သားအငယ်၌ ကျွန်ခံရလိမ့်မည်ဟု ထိုမိန်းမအား ဗျာဒိတ်ပေးတော်မူ၏။
13 ၁၃ ထိုသို့နှင့်အညီ၊ ယာကုပ် ကိုငါချစ် ၏။ ဧသော ကို မုန်း ၏ဟု ကျမ်းစာ လာသတည်း။
၁၃ထိုသို့နှင့်အညီ၊ ယာကုပ်ကိုငါချစ်၏။ ဧသောကို မုန်း၏ဟု ကျမ်းစာလာသတည်း။
14 ၁၄ သို့ဖြစ်၍ ၊ အဘယ်သို့ ပြော ရမည်နည်း။ ဘုရားသခင် သည် မတရား သောအမှုကို ပြုတော်မူသလော။ ထိုသို့မ ပြောရ
၁၄သို့ဖြစ်၍၊ အဘယ်သို့ ပြောရမည်နည်း။ ဘုရားသခင်သည် မတရားသောအမှုကို ပြုတော်မူ သလော။ ထိုသို့မပြောရ။
15 ၁၅ ဘုရားသခင်က၊ ငါသည်ကျေးဇူး ပြုလိုသောသူ ကိုကျေးဇူး ပြုမည်။ သနား လိုသောသူ ကိုလည်း သနား မည်ဟု မောရှေ ကို မိန့် တော်မူ၏။
၁၅ဘုရားသခင်က၊ ငါသည်ကျေးဇူးပြုလိုသော သူကိုကျေးဇူးပြုမည်။ သနားလိုသောသူကိုလည်း သနား မည်ဟု မောရှေကို မိန့်တော်မူ၏။
16 ၁၆ ထိုကြောင့် ၊ လိုချင် သောသူ သည် တတ်နိုင်သည် မ ဟုတ်။ ပြေး သောသူ သည်လည်း တတ်နိုင်သည်မ ဟုတ်။ ကျေးဇူး ပြုတော်မူသော ဘုရားသခင် သာလျှင် တတ်နိုင်တော်မူ၏။
၁၆ထိုကြောင့်၊ လိုချင်သောသူသည် တတ်နိုင်သည် မဟုတ်။ ပြေးသောသူသည်လည်း တတ်နိုင်သည်မဟုတ်။ ကျေးဇူးပြုတော်မူသော ဘုရားသခင်သာလျှင် တတ်နိုင် တော်မူ၏။
17 ၁၇ ကျမ်းစာ ၌ ဖာရော ဘုရင်ကိုဆိုသည်ကား၊ ငါ့ တန်ခိုး ကို သင် ၌ ငါပြ ခြင်းငှာ ၎င်း ၊ ငါ့ နာမ ကို မြေကြီး တပြင်လုံး တွင် ကျော်စော စေခြင်းငှာ ၎င်း၊ သင့် ကို ချီးမြှောက် ခဲ့ပြီဟု ဆို သတည်း။
၁၇ကျမ်းစာ၌ ဖာရောဘုရင်ကိုဆိုသည်ကား၊ ငါ့တန်ခိုးကို သင်၌ ငါပြခြင်းငှါ၎င်း၊ ငါ့နာမကို မြေကြီး တပြင်လုံးတွင် ကျော်စောစေခြင်းငှါ၎င်း၊ သင့်ကို ချီးမြှောက်ခဲ့ပြီဟု ဆိုသတည်း။
18 ၁၈ ထိုသို့နှင့်အညီ၊ ကျေးဇူးပြုလို သောသူ ကို ကျေးဇူး ပြုတော်မူ၏။ ခိုင်မာစေလို သောသူ ကိုလည်း ခိုင်မာ စေတော်မူ၏။
၁၈ထိုသို့နှင့်အညီ၊ ကျေးဇူးပြုလိုသော သူကို ကျေးဇူးပြုတော်မူ၏။ ခိုင်မာစေလိုသော သူကိုလည်း ခိုင်မာစေတော်မူ၏။
19 ၁၉ သို့ဖြစ်လျှင် ၊ ဘုရားသခင်သည်အဘယ်ကြောင့် အပြစ်တင် တော်မူသေး သနည်း။ အဘယ်သူ သည် အလို တော်ကို ဆီးတား ဘူးသနည်းဟု ဆို မည်လော။
၁၉သို့ဖြစ်လျှင်၊ ဘုရားသခင်သည်အဘယ်ကြောင့် အပြစ်တင်တော်မူသေးသနည်း။ အဘယ်သူသည် အလိုတော်ကို ဆီးတားဘူးသနည်းဟု ဆိုမည်လော။
20 ၂၀ ဘုရားသခင် ကို ငြင်းဆန် သော အချင်း လူ ၊ သင် သည်ကား အဘယ်သူ နည်း။ လုပ်အပ် သော အရာ သည် လုပ် တတ်သောသူ အား၊ အဘယ်ကြောင့် ငါ့ ကို ဤသို့ လုပ် သနည်းဟု ဆို ရမည်လော။
၂၀ဘုရားသခင်ကို ငြင်းဆန်သော အချင်းလူ၊ သင်သည်ကား အဘယ်သူနည်း။ လုပ်အပ်သော အရာ သည် လုပ်တတ်သောသူအား၊ အဘယ်ကြောင့် ငါ့ကို ဤသို့လုပ်သနည်းဟု ဆိုရမည်လော။
21 ၂၁ အိုးထိန်း သမားသည် အိုးမြေကို ပိုင် သည် မ ဟုတ်လော။ အိုး မြေတပုံ တည်း နှင့် အိုး မြတ် ၊ အိုးယုတ် ကို လုပ် ပိုင်သည်မဟုတ်လော။
၂၁အိုးထိန်းသမားသည် အိုးမြေကို ပိုင်သည် မဟုတ်လော။ အိုးမြေတပုံတည်းနှင့်အိုးမြတ်၊ အိုးယုတ်ကို လုပ်ပိုင်သည်မဟုတ်လော။
22 ၂၂ ဘုရားသခင် သည် မိမိ အမျက် တော်ကိုပြ ၍ ၊ တန်ခိုး တော်ကို ထင်ရှား စေခြင်းငှာအလို တော်ရှိလျက်၊ ပျက်စီး ခြင်းအဘို့ ပြင်ဆင် သော အမျက် ရာအိုး များတို့ကို အလွန် သည်းခံ ခြင်းခန္တီနှင့်သည်းခံ တော်မူသည် မှန်လျှင် အဘယ်ပြောဘွယ်ရှိအံ့နည်း။
၂၂ဘုရားသခင်သည် မိမိအမျက်တော်ကိုပြ၍၊ တန်ခိုးတော်ကို ထင်ရှားစေခြင်းငှါ အလိုတော်ရှိလျက်၊ ပျက်စီးခြင်းအဘို့ ပြင်ဆင်သော အမျက်ရာအိုးများတို့ကို အလွန်သည်းခံခြင်းခန္တီနှင့် သည်းခံတော်မူသည် မှန်လျှင် အဘယ်ပြောဘွယ်ရှိအံ့နည်း။
23 ၂၃ ချီးမြှောက် ခြင်းအဘို့ ပြင်ဆင် တော်မူနှင့်သော ကရုဏာ ခံရာ အိုး များတည်းဟူသော၊
၂၃ချီးမြှောက်ခြင်းအဘို့ပြင်ဆင်တော်မူနှင့်သော ကရုဏာခံရာ အိုးများတည်းဟူသော၊
24 ၂၄ ယုဒ အမျိုးသားတို့အထဲ မှသာ မ ဟုတ်၊ တစ်ပါး အမျိုးသားတို့အထဲ မှ ပရောဖက်ဟောရှေဆိုသည်အတိုင်း ခေါ် တော်မူသောငါတို့၌ ဘုန်း အာနုဘော်တော် ကြွယ်ဝ ခြင်းကို ထင်ရှား စေခြင်းငှာ ပြုတော်မူသည် မှန်လျှင်၊ အဘယ်ပြောဘွယ်ရှိအံ့နည်း။
၂၄ယုဒအမျိုးသားတို့အထဲမှသာမဟုတ်၊ တပါး အမျိုးသားတို့အထဲမှ ပရောဖက်ဟောရှေဆိုသည်အတိုင်း ခေါ်တော်မူသော ငါတို့၌ ဘုန်းအာနုဘော်တော် ကြွယ်ဝခြင်းကို ထင်ရှားစေခြင်းငှါ ပြုတော်မူသည် မှန်လျှင်၊ အဘယ်ပြောဘွယ်ရှိအံ့နည်း။
25 ၂၅ ဟောရှေ ၏ ကျမ်းစာ၌ လာ သည်ကား၊ ငါ ၏ လူ မ ဟုတ်သော သူ ကိုငါ ၏လူ ဟူ၍ငါခေါ် မည်။ မ ချစ် သော သတို့သမီး ကိုလည်း အချစ် ဟူ၍ငါခေါ်မည်။
၂၅ဟောရှေ၏ ကျမ်းစာ၌ လာသည်ကား၊ ငါ၏ လူမဟုတ်သော သူကိုငါ၏လူဟူ၍ ငါခေါ်မည်။ မချစ်သော သတို့သမီးကိုလည်း အချစ်ဟူ၍ ငါခေါ်မည်။
26 ၂၆ သင်တို့သည်ငါ ၏လူ မ ဟုတ် ဟုပြောဆို ရာ အရပ် ၌ နေ သောသူ တို့သည်၊ အသက် ရှင်တော်မူသော ဘုရားသခင် ၏သား ဟု ခေါ်ဝေါ် ခြင်းကို ခံရကြလိမ့်မည်ဟု လာသတည်း။
၂၆သင်တို့သည်ငါ၏လူမဟုတ်ဟုပြောဆိုရာ အရပ်၌ နေသောသူတို့သည်၊ အသက်ရှင်တော်မူသော ဘုရား သခင်၏သားဟု ခေါ်ဝေါ်ခြင်းကို ခံရကြလိမ့်မည်ဟု လာသတည်း။
27 ၂၇ ပရောဖက်ဟေရှာယ သည်လည်း ၊ ဣသရေလ အမျိုးကို ရည်မှတ် ၍ ကြွေးကြော် သည်ကား၊ ဣသရေလ အမျိုးသား တို့သည် သမုဒ္ဒရာ သဲလုံး နှင့်အမျှ များ သော်လည်း ၊ ကြွင်း သောသူ တို့သာလျှင်ကယ်တင် တော်မူခြင်းသို့ ရောက်ကြလိမ့်မည်။
၂၇ပရောဖက်ဟေရှာယသည်လည်း၊ ဣသရေလ အမျိုးကို ရည်မှတ်၍ ကြွေးကြော်သည်ကား၊ ဣသရေလ အမျိုးသားတို့သည် သမုဒ္ဒရာသဲလုံးနှင့် အမျှများသော်လည်း၊ ကြွင်းသောသူတို့သာလျှင် ကယ်တင်တော်မူခြင်းသို့ ရောက်ကြလိမ့်မည်။
28 ၂၈ အမှု တော်ကို တရားသဖြင့် ပြီးစီး စေခြင်းငှာဆုံးဖြတ်တော်မူမည်။ ထာဝရ ဘုရားသည်မြေ ပေါ်မှာ ဆုံးဖြတ်တော်မူသော အမှုကို ပြုတော်မူလိမ့်မည်ဟု ဆိုသတည်း။
၂၈အမှုတော်ကို တရားသဖြင့် ပြီးစီးစေခြင်းငှါ ဆုံးဖြတ်တော်မူမည်။ ထာဝရဘုရားသည်မြေပေါ်မှာ ဆုံးဖြတ်တော်မူသော အမှုကို ပြုတော်မူလိမ့်မည်ဟု ဆိုသတည်း။
29 ၂၉ ထိုသို့ နှင့်အညီ၊ ဟေရှာယ သည် အထက် က ဆိုပြန်သည်ကား၊ ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရ ဘုရားသည်ငါ တို့၌ မျိုးစေ့ ကို ကြွင်း စေတော်မ မူလျှင် ၊ ငါတို့သည်သောဒုံ မြို့ကဲ့သို့ ဖြစ် ၍ ဂေါမောရ မြို့နှင့် တူ ကြပြီ။
၂၉ထိုသို့နှင့်အညီ၊ ဟေရှာယသည် အထက်က ဆိုပြန်သည်ကား၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရ ဘုရားသည်ငါတို့၌ မျိုးစေ့ကို ကြွင်းစေတော်မမူလျှင်၊ ငါတို့သည်သောဒုံမြို့ကဲ့သို့ ဖြစ်၍ ဂေါမောရမြို့နှင့် တူကြပြီ။
30 ၃၀ ထိုကြောင့် ၊ အဘယ်သို့ ပြော ရမည်နည်းဟူမူကား ၊ ဖြောင့်မတ် ခြင်းကို မှီအောင် မ လိုက် သောတစ်ပါး အမျိုးသားတို့သည် ဖြောင့်မတ် ခြင်းကို မှီ ကြ၏။ ထိုသို့ဆိုသော်၊ ယုံကြည် ခြင်းအားဖြင့် မှီ သောဖြောင့်မတ် ခြင်းကို ဆိုလိုသတည်း။
၃၀ထိုကြောင့်၊ အဘယ်သို့ပြောရမည်နည်းဟူမူကား၊ ဖြောင့်မတ်ခြင်းကို မှီအောင် မလိုက်သောတပါး အမျိုးသားတို့သည် ဖြောင့်မတ်ခြင်းကို မှီကြ၏။ ထိုသို့ဆိုသော်၊ ယုံကြည်ခြင်းအားဖြင့် မှီသောဖြောင့်မတ်ခြင်းကို ဆိုလိုသတည်း။
31 ၃၁ ဖြောင့်မတ် ခြင်းတရား ကိုမှီအောင်လိုက် သော ဣသရေလ လူတို့မူကား၊ ဖြောင့်မတ်ခြင်းတရား ကို မ မှီ ကြ။
၃၁ဖြောင့်မတ်ခြင်းတရားကိုမှီအောင်လိုက်သော ဣသရေလလူတို့မူကား၊ ဖြောင့်မတ်ခြင်းတရားကို မမှီကြ။
32 ၃၂ အဘယ်ကြောင့် မမှီကြသနည်း။ ယုံကြည် ခြင်း အားဖြင့် မ လိုက်၊ ပညတ်တရား၏ အကျင့် အားဖြင့် သာ လိုက်ကြ သတည်း။
၃၂အဘယ်ကြောင့် မမှီကြသနည်း။ ယုံကြည်ခြင်း အားဖြင့်မလိုက်၊ ပညတ်တရား၏ အကျင့်အားဖြင့် မလိုက်၊ ပညတ်တရား၏ အကျင့်အားဖြင့်သာ လိုက်ကြ သတည်း။
33 ၃၃ ကျမ်းစာ၌လာ သည်ကား ၊ ထိမိ ၍ လဲစရာ ကျောက် ၊ မှားယွင်း စရာကျောက် ကို ဇိအုန် တောင်ပေါ်မှာ ငါချထား ၏။ ထိုကျောက် ကို အမှီပြု သောသူ မည်သည်ကား၊ ရှက်ကြောက် ခြင်းမ ရှိ နိုင်ရာဟုလာသည်နှင့်အညီ၊ ထိုကျောက်ကို ဣသရေလလူတို့သည် ထိမိ၍ လဲကြ၏။
၃၃ကျမ်းစာ၌လာသည်ကား၊ ထိမိ၍ လဲစရာ ကျောက်၊ မှားယွင်းစရာကျောက်ကို ဇိအုန်တောင်ပေါ်မှာ ငါချထား၏။ ထိုကျောက်ကို အမှီပြုသောသူ မည်သည်ကား၊ ရှက်ကြောက်ခြင်းမရှိ နိုင်ရာဟုလာသည်နှင့်မညီ၊ ထိုကျောက်ကို ဣသရေလလူတို့သည် ထိမိ၍ လဲကြ၏။