< ရောမ 8 >
1 ၁ ဘုရားသခင်ကယ်လွှတ်တော်မူသောကြောင့် ယေရှု ခရစ် ၌ တည်၍၊ ဇာတိပကတိအတိုင်းမကျင့်၊ ဝိညာဉ် ပကတိအတိုင်း ကျင့်သောသူတို့သည် အပြစ်စီရင် ခြင်းနှင့် လွတ်ကြ၏။
Consequently nothing is condemnation now to those in Christ Jesus, who walk not according to flesh but according to Spirit.
2 ၂ ယေရှု ခရစ် ၌ တည်၍ အသက် ရှင်စေသော ဝိညာဉ် တော်၏တရား သည် အပြစ် တရား ၏ လက်မှ ၎င်း၊ သေ ခြင်းတရား၏လက်မှ၎င်း၊ ငါ့ ကိုကယ်လွှတ် ပြီ။
For the law of the Spirit of life in Christ Jesus freed me from the law of sin and of death.
3 ၃ ဇာတိ ပကတိကြောင့် ပညတ် တရားသည် အားနည်း ၍ မ တတ်နိုင်သောအမှုကို ဘုရားသခင် ပြု တော်မူခြင်းငှာ၊ အပြစ် နှင့်ပြည့်စုံသော ဇာတိ ပကတိ၏ သဏ္ဌာန် ကို ဆောင် သော မိမိ သား တော်ကို စေလွှတ် တော်မူ၍၊ အပြစ် ဖြေဘို့ရာ ဇာတိ ပကတိ၌ အပြစ် ကို ဒဏ် ပေးတော်မူ၏။
For the impotence of the law, in that it was weak because of the flesh, God, having sent his own Son in a form of flesh of sin, and concerning sin, condemned sin in the flesh,
4 ၄ အကြောင်းမူကား ၊ ဇာတိ ပကတိအတိုင်း မ ကျင့် ၊ ဝိညာဉ် ပကတိအတိုင်း ကျင့်သောငါ တို့သည်၊ တရား၌ ပါသောပညတ် တို့ကို စောင့်ရှောက်မည်အကြောင်းတည်း။
so that the justice of the law might be fulfilled in us, those who walk not according to flesh, but according to Spirit.
5 ၅ ဇာတိ ပကတိရှိ သောသူ တို့သည် ဇာတိ ပကတိ နှင့် စပ်ဆိုင်သော အရာ တို့ကိုစွဲလမ်း သော စိတ်သဘော ရှိကြ၏။ ဝိညာဉ် ပကတိရှိသောသူ တို့မူကား ၊ ဝိညာဉ် ပကတိနှင့်စပ်ဆိုင်သောအရာ တို့ကို စွဲလမ်းသော စိတ်သဘောရှိကြ၏။
For those who are according to flesh think about the things of the flesh, but those according to Spirit the things of the Spirit.
6 ၆ ဇာတိ ပကတိစိတ် သဘောသည် သေ ခြင်းအကြောင်းဖြစ်၏။ ဝိညာဉ် ပကတိစိတ် သဘောသည် အသက် ရှင်ခြင်းအကြောင်းနှင့် ငြိမ်သက် ခြင်းအကြောင်း ဖြစ်၏။
For the mentality of the flesh is death, but the mentality of the Spirit is life and peace.
7 ၇ အဘယ်ကြောင့် နည်းဟူမူကား ၊ ဇာတိ ပကတိ စိတ် သဘောသည် ဘုရားသခင် နှင့်ဆန့်ကျင်ဘက် ဖြစ်၏။ ဘုရားသခင် ၏ တရား တော်အလို သို့ မ လိုက် တတ်။ ထိုမျှမကမ လိုက်နိုင်
Because the mentality of the flesh is enmity against God, for it is not submissive to the law of God, for neither is it able.
8 ၈ ထိုကြောင့် ဇာတိ ပကတိ၌ ကျင်လည် သော သူ တို့သည် ဘုရားသခင် ၏ စိတ်တော်နှင့်မ တွေ့ နိုင် ကြ။
And those who are in flesh cannot please God.
9 ၉ သို့သော်လည်း ဘုရားသခင် ဝိညာဉ် တော်သည် သင် တို့အထဲ ၌ကျိန်းဝပ် တော်မူလျှင် ၊ သင်တို့သည် ဇာတိ ပကတိဘက် ၌ရှိ ကြသည်မ ဟုတ်။ ဝိညာဉ် ပကတိဘက် ၌ ရှိကြ၏။ ခရစ်တော် ၏ဝိညာဉ် ကိုမ ရ သော သူ မည်သည်ကား ခရစ်တော် နှင့် မ ဆိုင်။
But ye are not in flesh but in Spirit, if indeed the Spirit of God dwells in you. But if any man does not have the Spirit of Christ, this man is not of him.
10 ၁၀ ခရစ်တော် သည် သင် တို့အထဲ ၌ရှိတော်မူလျှင် ၊ ကိုယ် ကာယသည် အပြစ် ကြောင့် အသေ ဖြစ်သော်လည်း ဝိညာဉ် မူကား ဖြောင့်မတ် ခြင်းကြောင့် အသက် ရှင်လျက်ရှိ၏။
And if Christ is in you, the body is indeed dead because of sin, but the spirit is life because of righteousness.
11 ၁၁ ထိုမျှမက ၊ ယေရှု ကိုသေ ခြင်းမှ ထမြောက် စေတော်မူသော ဘုရား ၏ဝိညာဉ် တော်သည် သင် တို့ အထဲ ၌ကျိန်းဝပ် တော်မူလျှင် ၊ ခရစ်တော် ကို သေ ခြင်းမှ ထမြောက် စေတော်မူသော ဘုရား သည် သင် တို့အထဲ ၌ကျိန်းဝပ် သောမိမိ ဝိညာဉ် တော်အားဖြင့် ၊ သေ တတ်သော သင် တို့၏ ကိုယ် ကာယကိုပင် ရှင် စေတော်မူမည်။
But if the Spirit of him who raised up Jesus from the dead dwells in you, he who raised up the Christ from the dead will also give life to your mortal bodies through his Spirit that dwells in you.
12 ၁၂ သို့ဖြစ်၍ ညီအစ်ကို တို့၊ ငါတို့သည်ဇာတိ ပကတိအတိုင်း ကျင့် ရမည်အကြောင်း၊ ဇာတိ ပကတိ၏ ကျွန် ဖြစ် ကြသည်မ ဟုတ်။
So then, brothers, we are debtors, not to the flesh to live according to flesh.
13 ၁၃ သင် တို့သည် ဇာတိ ပကတိအတိုင်း အသက်ရှင်လျှင် သေ ရကြမည်။ ဝိညာဉ် တော်အားဖြင့်ကိုယ် ကာယ ၏အကျင့် တို့ကို သေ စေလျှင် အသက် ရှင်ကြလိမ့်မည်။
For if ye live according to flesh, ye are going to die, but if in spirit ye kill the deeds of the body, ye will live.
14 ၁၄ ဘုရားသခင် ၏ဝိညာဉ် တော် ဆုံးမ ပဲ့ပြင်တော်မူသမျှ သောသူတို့သည် ဘုရားသခင် ၏သား ဖြစ် ကြ၏။
For as many as are led by the Spirit of God, these are sons of God.
15 ၁၅ အကြောင်းမူကား ၊ သင်တို့သည် တစ်ဖန် ကြောက်ရွံ့ တတ်သော ကျွန် ၏သဘော ကို ရ ကြသည်မ ဟုတ်။ အဗ္ဗ အဘ ဟုခေါ် ရသောအခွင့်နှင့် သား ဖြစ်ခြင်း၏ သဘော ကိုရ ကြပြီ။
For ye did not receive a spirit of bondage again for fear, but ye received a spirit of adoption, whereby we cry, Abba, Father.
16 ၁၆ ငါတို့သည် ဘုရားသခင် ၏သား ဖြစ် ကြသည်ဟု ဝိညာဉ် တော်သည် ငါ တို့၏ဝိညာဉ် နှင့်အတူသက်သေခံ တော်မူ၏။
The Spirit itself testifies with our spirit, that we are children of God.
17 ၁၇ သား မှန်လျှင် အမွေခံ ၊ ဘုရားသခင် ၏ အမွေခံ ဖြစ်ကြ၏။ ခရစ်တော် နှင့်အတူဘုန်း ဝင်စားမည် အကြောင်း၊ ထိုသခင်နှင့်အတူဆင်းရဲ ဒုက္ခကိုခံရလျှင် ၊ ထိုသခင်နှင့်ဆက်ဆံသောအမွေခံ လည်း ဖြစ်ကြ၏။
And if children, also heirs, heirs indeed of God, and joint-heirs with Christ; if indeed we suffer jointly, so that we may also be glorified jointly.
18 ၁၈ ငါ တို့အား ပေါ်ထွန်း လတံ့ သော ဘုန်း ကိုထောက် သော်၊ ယခု မျက်မှောက်ကာလ ၌ ခံရသော ဆင်းရဲ ဒုက္ခကို ပမာဏမ ပြု ထိုက်ဟု ငါသဘော ရှိ၏။
For I reckon that the sufferings of the present time are not comparable to the glory that is going to be revealed for us.
19 ၁၉ ဤ လောက သည် ဘုရားသခင့် သား တို့၏ ပေါ်ထွန်း ခြင်းအရာကို အလွန် တောင့်တမြော်လင့်လျက် နေ၏။
For the eager expectation of the creation is waiting for the manifestation of the sons of God.
20 ၂၀ ဤ လောက သည် အနိစ္စ နိုင်ငံသို့အလိုလို လိုက် သည်မ ဟုတ်။
For the creation was made subject to futility, not willingly, but because of him who subjected it in hope.
21 ၂၁ ဘုရားသခင် သား ထူးမြတ် သော လွှတ် ခြင်းချမ်းသာတည်းဟူသောဖောက်ပြန် ပျက်စီးခြင်းအနှောင်အဖွဲ့ မှ ကယ်လွှတ် ခြင်းချမ်းသာကို ဝင်စားမည်ဟု မြော်လင့် ရသော အခွင့်ကိုပေး၍အနိစ္စနိုင်ငံသို့ လိုက်စေ တော်မူသောသူ၏ အလိုတော်ကြောင့်သာ လိုက်ရ၏။
Because the creation itself will also be freed from the bondage of corruption into the liberty of the glory of the children of God.
22 ၂၂ ဤ လောက တစ်နိုင်ငံလုံးသည် ယခု တိုင်အောင် တစ် ညီတစ်ညွတ်တည်းညည်းတွား၍ ဆင်းရဲ ခြင်းဝေဒနာကို ခံရသည်ဟုငါတို့သိ ကြ၏။
For we know that the whole creation is groaning and travailing together until now.
23 ၂၃ ထိုမျှမက ဝိညာဉ် တော်၏ ကျေးဇူးတော်အစအဦးကို ခံ ပြီးသော ငါ တို့သည်လည်း ၊ သား အရာ၌ ချီးမြှောက်ခြင်းအကြောင်းတည်းဟူသောကိုယ်ခန္ဓါ ရွေးနှုတ် ခြင်းချမ်းသာကိုမြော်လင့် ၍၊ စိတ် နှလုံးအထဲ ၌ညည်းတွား လျက်နေကြ၏။
And not only so, but also ourselves who have the first fruit of the Spirit. And we ourselves groan within ourselves, waiting for adoption, the redemption of our body.
24 ၂၄ ငါတို့သည် မြော်လင့် ခြင်းအားဖြင့် ကယ်တင် တော်မူခြင်းသို့ ရောက်ကြ၏။ မြော်လင့် သောအရာကို တွေ့မြင် လျှင် မြော်လင့် စရာ အကြောင်းမ ရှိ ။ တွေ့မြင် သော အရာကိုအဘယ်ကြောင့် မြော်လင့် ရမည်နည်း။
For we were saved to hope. But hope that is seen is not hope. For what is seen, why also hope for that?
25 ၂၅ ငါတို့သည် မ တွေ့ မမြင်သောအရာ ကို မြော်လင့် လျှင် မူကား ၊ ထိုအရာကိုသည်းခံ သောစိတ်နှင့် ငံ့လင့် ၍ နေကြ၏။
But if we hope for what we do not see, we wait through patience.
26 ၂၆ ထိုမှတပါး ၊ ငါ တို့မ တတ်နိုင်သောအရာမှာ ဝိညာဉ် တော်သည် မစ တော်မူ၏။ ငါတို့သည်ဆုတောင်း သင့် သည်အတိုင်း အဘယ် ဆုကို တောင်းရမည်ဟုမ သိ ကြ။ သို့ရာတွင် ငါတို့ဆုတောင်းခြင်းအမှုကို နှုတ် မမြွက်နိုင်သော ညည်းတွား ခြင်းအားဖြင့်ဝိညာဉ် တော်သည် စောင်မ တော်မူ၏။
And likewise also the Spirit helps our weaknesses, for we know not what we would pray for as we ought, but the Spirit itself intercedes for us with inexpressible groanings.
27 ၂၇ စိတ် နှလုံးကို စစ် တော်မူသောသူ သည်လည်း ဝိညာဉ် တော်၏ စိတ် သဘောကိုသိ တော်မူ၏။ အကြောင်းမူကား ဝိညာဉ်တော်သည် သန့်ရှင်း သူတို့၏ ဆုတောင်းခြင်းအမှုကို ဘုရားသခင် ၏အလိုတော်နှင့်အညီ စောင်မ တော်မူ၏။
And he who searches the hearts knows what is the mentality of the Spirit, because he appeals to God for the sanctified.
28 ၂၈ ဘုရားသခင် ကို ချစ် သောသူ တည်းဟူသောကြံစည် တော်မူခြင်းအတိုင်း ခေါ် တော်မူသောသူ တို့၏ အကျိုး ကို ခပ်သိမ်း သောအရာတို့သည် တစ်ညီတစ်ညွတ် တည်း ပြုစုကြသည်ကို ငါတို့သိ ကြ၏။
And we know that all things work together for good to those who love God, who are the called according to purpose.
29 ၂၉ ဘုရားသခင် ၏သား တော်သည် အများ သော ညီ တို့တွင် သားဦး ဖြစ် တော်မူမည်အကြောင်း ၊ ဘုရားသခင်သည် ရှေ့မဆွ ကသိတော်မူသော သူ တို့ကို သားတော်၏ပုံ သဏ္ဌာန်နှင့်တညီတည်း ဖြစ်စေခြင်းငှာရှေ့မဆွက ခွဲခန့် မှတ်သားတော်မူ၏။
Because whom he foreknew, he also predestined to be of similar nature of the form of his Son, in order for him to be the firstborn son among many brothers.
30 ၃၀ ထိုသို့ ခွဲခန့် မှတ်သားနှင့်သောသူ တို့ကို ခေါ် တော်မူ၏။ ခေါ် တော်မူသော သူ တို့ကိုလည်း ဖြောင့်မတ် ရာ၌ တည်စေတော်မူ၏။ ထိုသို့ တည် စေတော်မူသောသူ တို့ကိုလည်း ချီးမြှောက် တော်မူ၏။
And whom he predestined, these he also called, and whom he called, these he also made righteous, and whom he made righteous, these he also glorified.
31 ၃၁ သို့ဖြစ်၍ ဤ အရာများတို့၌ အဘယ်သို့ ပြော စရာရှိသနည်း။ ဘုရားသခင် သည် ငါ တို့ဘက် ၌ရှိတော်မူလျှင် ၊ အဘယ်သူ သည် ငါ တို့တစ်ဘက်၌ နေနိုင်မည်နည်း။
What then will we say to these things? If God is for us, who is against us?
32 ၃၂ မိမိ သား တော်ရင်း ကို မ နှမြော ဘဲ၊ ငါ တို့ရှိသမျှ အဘို့ အလိုငှာ စွန့် တော်မူသောသူ သည်၊ သား တော်နှင့်တကွ ခပ်သိမ်း သောအရာတို့ကို ငါ တို့အားမ ပေး ဘဲ အဘယ်သို့ နေတော်မူမည်နည်း။
He who did not even spare his own Son, but delivered him up for us all, how will he not also give us all things with him?
33 ၃၃ ဘုရားသခင် ရွေးကောက် တော်မူသော သူတို့ကို အဘယ်သူ သည် အပြစ်တင် မည်နည်း။ ဖြောင့်မတ် ရာ ၌တည်စေသောသူ ကား ဘုရားသခင် ပေတည်း။
Who will accuse against the chosen of God? God is he who makes righteous.
34 ၃၄ အပြစ် စီရင်သောသူ ကား အဘယ်သူ နည်း။ အသေခံ ၍ခံသည်သာမက ၊ သေခြင်းမှထမြောက် ၍ ဘုရားသခင် ၏ လက်ျာ တော်ဘက်၌ နေ လျက်၊ ငါ တို့ အဘို့ ဆုတောင်း သောသူကား ခရစ်တော် ပေတည်း။
Who is he who will condemn? It is Christ who died, but more, who also was raised up, who also is at the right hand of God, who also appeals for us.
35 ၃၅ ခရစ်တော် ၏ချစ် ခြင်းမေတ္တာနှင့် ငါ တို့ကို အဘယ်သူ ကွာ စေမည်နည်း။
Who will separate us from the love of Christ? Will tribulation, or restriction, or persecution, or famine, or nakedness, or peril, or sword?
36 ၃၆ အကယ်စင်စစ်ကိုယ်တော် အတွက် အကျွန်ုပ်တို့သည် အစဉ်မပြတ် အသေ သတ်ခြင်းကို ခံရကြပါ၏။ သတ် ဘို့ရာထားသော သိုး ကဲ့သို့ အကျွန်ုပ်တို့ကို သူတစ်ပါး မှတ် တတ်ကြပါ၏ဟု ကျမ်းစာလာ သည်နှင့်အညီ ၊ ဆင်းရဲ ငြိုငြင်ခြင်း၊ ညှဉ်းဆဲ နှိပ်စက်ခြင်း၊ မွတ်သိပ် ခြင်း၊ အဝတ် အချည်းစည်းရှိခြင်း၊ ဘေး နှင့်တွေ့ကြုံခြင်း၊ ကွပ်မျက် ခြင်းခံရသော်လည်း၊ ထိုအမှုတို့တွင် အဘယ်အမှုသည် ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်နှင့် ငါတို့ကို ကွာစေမည်နည်း။
Just as it is written, For thy sake we are killed the whole day long. We are considered as sheep of slaughter.
37 ၃၇ မကွာစေသည်သာမက၊ ငါ တို့ကို ချစ် တော်မူသောသူ ၏ ကျေးဇူးတော်ကြောင့်၊ ငါတို့သည် ထို အမှု ခပ်သိမ်း တို့ကို ခံစဉ်တွင်ပင် အထူးသဖြင့်အောင်မြင် ကြ၏။
But in all these things we are more than conquerors through him who loved us.
38 ၃၈ အကြောင်းမူကား ၊ သေ ခြင်းဖြစ်စေ ၊ အသက် ရှင်ခြင်းဖြစ်စေ ၊ ကောင်းကင်တမန် ဖြစ်စေ ၊ အထွဋ်အမြတ် ဖြစ်စေ ၊ အာဏာ တန်ခိုးဖြစ်စေ ၊ မျက်မှောက် အရာဖြစ်စေ ၊ နောင်လာ လတံ့သောအရာဖြစ်စေ ၊
For I am persuaded that neither death, nor life, nor agents, nor principal positions, nor powers, nor things that have come, nor things that are coming,
39 ၃၉ အမြင့် ဖြစ်စေ၊ အနိမ့် ဖြစ်စေ၊ ဤအရာမှစ၍အဘယ် နိမ္မိတ အရာမျှသည်၊ ငါ တို့သခင် ယေရှု ခရစ် အားဖြင့် ခံရသောဘုရားသခင် ၏ မေတ္တာ တော်နှင့် ငါ တို့ကို မ ကွာစေနိုင် ဟု ငါသည်သဘောကျလျက်ရှိ၏။
nor height, nor depth, nor any other creation, will be able to separate us from the love of God in Christ Jesus our Lord.