< ရောမ 4 >

1 ထိုသို့ဖြစ်လျှင် ၊ ငါ တို့အဘ အာဗြဟံ သည် ဇာတိ ပကတိအားဖြင့် အဘယ် အကျိုး ကိုရသနည်း။
What shall we then say that Abraham our father, as pertaining to the flesh, hath found?
2 အာဗြဟံ သည် အကျင့် အားဖြင့် ဖြောင့်မတ် ရာသို့ရောက်သည်မှန်လျှင် ဝါကြွား စရာအကြောင်းရှိ ၏။ ဘုရားသခင့် ရှေ့ တော်၌ ထိုသို့မ ဟုတ်။
For if Abraham were justified by works, he hath something to glory about; but not before God.
3 ကျမ်းစာ ၌ အဘယ်သို့ လာသနည်း။ အာဗြဟံ သည်ဘုရားသခင် ကို ယုံကြည် သည်ဖြစ်၍ ၊ သူ ၏ ယုံကြည်ခြင်းကို ဖြောင့်မတ် ခြင်းကဲ့သို့မှတ် တော်မူ၏။
For what saith the scripture? Abraham believed God, and it was counted to him for righteousness.
4 အကျင့် ရှိသောသူ မည်သည်ကား ၊ ကျေးဇူး အားဖြင့် အကျိုး ကို ခံရ သည်မ ဟုတ်။ ခံထိုက် သောအားဖြင့် ခံရ၏။
Now to him that worketh is the reward not reckoned of grace, but of debt.
5 အကျင့် မ ရှိသောသူ မည်သည်ကား ၊ မတရား သောသူ၏အပြစ်ကိုဖြေ သောသူ ကို ယုံကြည် လျှင် ၊ သူ ၏ယုံကြည် ခြင်းကို ဖြောင့်မတ် ခြင်းကဲ့သို့ မှတ် လျက်ရှိ၏။
But to him that worketh not, but believeth on him that justifieth the ungodly, his faith is counted for righteousness.
6 ထိုအတူ၊ ဘုရားသခင် သည် အကျင့် ကို မ ထောက်ဘဲလျက်ပေးတော်မူသော ဖြောင့်မတ် ခြင်းကို ရသော သူ ၏မင်္ဂလာ ကိုဒါဝိဒ် သည် ရည်မှတ်၍ ဆို သည်ကား ၊
Even as David also describeth the blessedness of the man, to whom God imputeth righteousness apart from works,
7 အပြစ် မှလွှတ်ခြင်း၊ ဒုစရိုက် အပြစ် ကို ဖုံးအုပ် ခြင်းသို့ရောက်သော သူ တို့သည် မင်္ဂလာ ရှိကြ၏။
Saying, Blessed are they whose iniquities are forgiven, and whose sins are covered.
8 ထာဝရ ဘုရားအပြစ် တင် တော်မူခြင်းနှင့် လွတ် သောသူ သည် မင်္ဂလာ ရှိ၏ဟု ပြောဆိုသတည်း။
Blessed is the man to whom the Lord will not impute sin.
9 အရေဖျားလှီး ခြင်းကိုခံသောသူ တို့သာလျှင်ထို မင်္ဂလာ ကိုရကြသလော။ သို့မဟုတ် အရေဖျားလှီး ခြင်းကိုမခံသောလူ တို့သည်လည်း ရကြသလော။ အဘယ်ကြောင့်မေး သနည်းဟူမူကား ၊ ယုံကြည် ခြင်းကို အာဗြဟံ ၌ ဖြောင့်မတ် ခြင်းကဲ့သို့ မှတ် သည်ဟု ဆိုကြ၏။
Cometh this blessedness then upon the circumcision only, or upon the uncircumcision also? for we say that faith was reckoned to Abraham for righteousness.
10 ၁၀ ထိုသို့ဆိုသော် အဘယ်သို့ မှတ် သနည်း။ အရေဖျားလှီး ခြင်းကို ခံပြီးမှမှတ် သလော။ မ ခံမှီမှတ်သလော။ ခံပြီးမှမှတ်သည်မ ဟုတ်။ မ ခံမှီမှတ်သတည်း။
How then was it reckoned? when he was in circumcision, or in uncircumcision? Not in circumcision, but in uncircumcision.
11 ၁၁ အရေဖျားလှီး ခြင်းကို မခံဘဲယုံကြည် သော သူ တို့သည် ဖြောင့်မတ် ခြင်းရှိသည်ဟု မှတ် စရာ အကြောင်းရှိစေခြင်းငှာ ၊
And he received the sign of circumcision, a seal of the righteousness of the faith which he had yet being uncircumcised: that he might be the father of all them that believe, though they are not circumcised; that righteousness might be imputed to them also:
12 ၁၂ ငါ တို့အဘ အာဗြဟံ သည် ထိုသူ အပေါင်း တို့၏ အဘ ဖြစ် အံ့သောငှာ၎င်း၊ အရေဖျားလှီး ခြင်းကို ခံသည် သာမက၊ ငါတို့အဘအာဗြဟံသည် အရေဖျားလှီး ခြင်းကို မခံမှီရှိ သောယုံကြည် ခြင်းလမ်း သို့လိုက် သော သူ တို့၏ အဘဖြစ်အံ့သောငှာ၎င်း၊ အာဗြဟံသည် အရေဖျားလှီး ခြင်းကိုမခံမှီရှိသောယုံကြည် ခြင်း၏ဖြောင့်မတ် ခြင်း တံဆိပ် တည်းဟူသောအရေဖျားလှီး ခြင်း၏ လက္ခဏာ ကို ခံရ သတည်း။
And the father of circumcision to them who are not of the circumcision only, but who also walk in the steps of that faith of our father Abraham, which he had being yet uncircumcised.
13 ၁၃ ထိုမှတစ်ပါး၊ ဤ လောက ကို အမွေ ခံ စေမည်ဟု ဂတိ တော်ကို အာဗြဟံ မှစသောသူ ၏ အမျိုးအနွယ် တို့ သည် ပညတ် တရားအားဖြင့် ရကြသည်မ ဟုတ်။ ယုံကြည် ခြင်း၏ဖြောင့်မတ် ခြင်းအားဖြင့် ရကြ၏။
For the promise, that he should be the heir of the world, was not to Abraham, or to his seed, through the law, but through the righteousness of faith.
14 ၁၄ အကြောင်းမူကား ၊ ပညတ် တရားနှင့် ဆိုင်သော သူတို့သည် အမွေခံ ဖြစ်သည်မှန်လျှင် ၊ ယုံကြည် ခြင်းတရားကိုပယ် ပြီ။ ဂတိ တော်လည်း အချည်းနှီး ဖြစ်၏။
For if they who are of the law are heirs, faith is made void, and the promise made of no effect:
15 ၁၅ ပညတ် တရားသည်ကား အမျက် ဒေါသနှင့် စပ်ဆိုင် ၏။ ပညတ် တရားမ ရှိ လျှင် ၊ လွန်ကျူး ခြင်းအပြစ်မ ရှိ။
Because the law worketh wrath: for where no law is, there is no transgression.
16 ၁၆ ထိုကြောင့် ၊ ဂတိ တော်သည် ပညတ် တရားနှင့်ဆိုင် သော အမျိုးအနွယ်တို့၌ ပြည့်စုံသည်သာမက ၊ အာဗြဟံ ၏ယုံကြည် ခြင်းတရားနှင့်ဆိုင် သော သူတို့၌ ပြည့်စုံလျက်၊ အာဗြဟံ၏အမျိုးအနွယ်အပေါင်း တို့၌ ပြည့်စုံမည်အကြောင်း၊ ကျေးဇူး တော်ကြောင့် ဖြောင့်မတ်ရာသို့ရောက်စေခြင်းငှာ ၊ ယုံကြည် ခြင်းတရားကိုသာ အမှီပြု ၍ ရောက်နိုင်၏။
Therefore it is of faith, that it might be by grace; to the end the promise might be sure to all the seed; not to that only which is of the law, but to that also which is of the faith of Abraham; who is the father of us all,
17 ၁၇ ငါသည် သင့် ကို လူမျိုး အများ တို့၏အဘ ဖြစ် စေ၏ဟု ကျမ်းစာ၌ လာ သည်နှင့်အညီ ၊ ထိုအာဗြဟံ သည်ကား၊ သေ လွန်သောသူ တို့ကို ရှင် စေတော်မူထသော၊ မ ဖြစ် သေးသောအရာ တို့ကို ဖြစ် သောအရာကဲ့သို့ မှာထား တော်မူသော ဘုရားသခင် တည်းဟူသော၊ ကိုယ်တိုင်ယုံကြည် သော ဘုရား ရှေ့ တော်၌ ခပ်သိမ်း သောငါ တို့၏ အဘ ဖြစ် သတည်း။
As it is written, I have made thee a father of many nations, ) before him whom he believed, even God, who giveth life to the dead, and calleth those things which are not as though they were.
18 ၁၈ သင် ၏အမျိုးအနွယ် သည် ထိုသို့ ဖြစ် လိမ့်မည်ဟူသော ဗျာဒိတ် တော်အတိုင်း ၊ မိမိ သည် လူမျိုး အများ တို့၏ အဘ ဖြစ် မည်ဟု မြော်လင့် စရာအကြောင်းမရှိဘဲလျက်ယုံကြည် ၍ မြော်လင့် လေ၏။
Who against hope believed with hope, that he should become the father of many nations, according to that which was spoken, So shall thy seed be.
19 ၁၉ ယုံကြည် အားကြီး သည်ဖြစ်၍မိမိအသက်သည် အနှစ်တရာ လောက် ရှိ သဖြင့်၊ မိမိ ကိုယ် သည်အသေ ကဲ့သို့ရှိ ကြောင်းကို၎င်း၊ မိမိခင်ပွန်းစာရာ ၏ ဝမ်း သည် သေ ကြောင်းကို၎င်း မ အောက်မေ့ ၊
And being not weak in faith, he considered not his own body now dead, when he was about an hundred years old, neither yet the deadness of Sarah’s womb:
20 ၂၀ ယုံမှား သောစိတ်နှင့်ကင်း ၍ ဘုရားသခင် ၏ ဂတိ တော်ကို တွေးတော ခြင်းမရှိ၊ ယုံကြည် အားကြီး သဖြင့် ဘုရားသခင် ကို ချီးမွမ်း ၍၊
He staggered not at the promise of God through unbelief; but was strong in faith, giving glory to God;
21 ၂၁ ဂတိထားတော်မူသောသူသည် ဂတိ တော်အတိုင်း တတ်နိုင် တော်မူသည်ကို စိတ်စွဲလမ်း လေ၏။
And being fully persuaded that, what he had promised, he was able also to perform.
22 ၂၂ ထိုကြောင့် ၊ သူ ၏ယုံကြည်ခြင်းကို သူ၏ ဖြောင့်မတ် ခြင်းကဲ့သို့ မှတ် တော်မူ၏။
And therefore it was imputed to him for righteousness.
23 ၂၃ ထိုသို့မှတ် တော်မူသည်ဟု အာဗြဟံ အကျိုး အလိုငှာ သာ ကျမ်းစာ၌ ရေး ထားသည်မ ဟုတ်။
Now it was not written for his sake alone, that it was imputed to him;
24 ၂၄ ငါတို့အကျိုးအလိုငှာရေးထားသတည်း။ ငါ တို့ သခင် ယေရှု ကို သေ ခြင်းမှ ထမြောက် စေတော်မူသော သူ ကိုငါတို့သည် ယုံကြည် လျှင်၊ ထိုယုံကြည်ခြင်းကို ငါတို့၏ဖြောင့်မတ်ခြင်းဟု မှတ် တော်မူလတံ့။
But for us also, to whom it shall be imputed, if we believe on him that raised Jesus our Lord from the dead;
25 ၂၅ ထို သခင်ယေရှုသည် ငါ တို့အပြစ် ကြောင့် အပ်နှံခြင်းကို ခံတော်မူ၏။ ငါ တို့သည်ဖြောင့်မတ် ရာသို့ ရောက်မည်အကြောင်း ထမြောက် တော်မူ၏။
Who was delivered for our offences, and raised again for our justification.

< ရောမ 4 >