< ရောမ 2 >
1 ၁ သူတစ်ပါး ကို စစ်ကြော စီရင်တတ်သောသူ ၊ သင်သည်ကိုယ်အပြစ်ကို မ ဖုံးနိုင်ရာ။ အကြောင်းမူကား ၊ သင်သည်စစ်ကြောစီရင်သောအမှုကိုပင်ကိုယ်တိုင်ပြု သည်ဖြစ်၍ ၊ သူတစ်ပါး ကို စစ်ကြော စီရင်သည်တွင် ကိုယ် အပြစ်ရှိကြောင်းကို စီရင် ဆုံးဖြတ်ရာရောက်၏။
Therefore inexcusable you are, O man everyone you who [are] judging; In that which for you judge the other, yourself you are condemning; for the same things you do who are judging.
2 ၂ ဘုရားသခင် သည် ထိုသို့ ပြု သောသူ တို့ကို စီရင် တော်မူခြင်းအရာ သည် သမ္မာတရား နှင့် ညီသည် ကို ငါတို့သိ ကြ၏။
We know however that the judgment of God is according to truth upon those such things practicing;
3 ၃ ထိုသို့သောအမှုကိုကိုယ်တိုင် ပြု လျက် ပင်၊ သူတစ်ပါးပြု သည်ကို စစ်ကြော စီရင်သောသူ ၊ သင် သည် ဘုရားသခင် စီရင် တော်မူခြင်းနှင့် လွတ် မည်ဟု ထင်မှတ် သလော။
Suppose you now this, O man you who [are] judging those such things practicing and doing them [yourself], that you yourself will escape the judgment of God?
4 ၄ ဘုရားသခင် ၏ ကျေးဇူးတော်သည် သင့် ကို နောင်တ လမ်းသို့ သွေးဆောင် သည်ကို မ သိမမှတ်ဘဲ၊ ကြွယ်ဝ စွာကျေးဇူး ပြုတော်မူခြင်း၊ သည်းခံ တော်မူခြင်း၊ စိတ်ရှည် တော်မူခြင်းတို့ကို မထီမဲ့မြင် ပြုသလော။
Or the riches of the kindness of Him and the forbearance and the patience despise you not knowing that the kindness of God to repentance you leads?
5 ၅ ထိုသို့ပြုလျှင်စိတ် ခိုင်မာ ၍ နောင်တ မရသည်နှင့်အညီ ဒေါသ နေ့ တည်းဟူသောဘုရားသခင် ၏ တရား တော်ထင်ရှား သောနေ့၌ ကိုယ် ခံစရာဘို့ အမျက် ဒေါသကို ဆည်းပူး သလော။
Because of however the hardness of you and unrepentant heart you are treasuring up to yourself wrath in [the] day of wrath and revelation (and *O*) of justice of God,
6 ၆ ဘုရားသခင် သည် လူအသီးသီး တို့အား မိမိ တို့အကျင့် နှင့် အလျောက်အကျိုးအပြစ်ကို ဆပ်ပေး တော်မူလတံ့၊
who will give to each according to the works of him,
7 ၇ ကောင်း သောအကျင့် ကို အမြဲ ကျင့်၍ ၊ ဘုန်း အသရေ ကို၎င်း ၊ မ ဖောက်ပြန်သောဇာတိကို၎င်း ၊ ရှာ သောသူ တို့အား ထာဝရ အသက် ကို ပေးတော်မူလတံ့၊ (aiōnios )
to those who indeed with endurance in work good glory and honor and immortality are seeking life eternal; (aiōnios )
8 ၈ ငြင်းဆန် သောသဘောရှိ၍ ၊ သမ္မာတရား ကို နား မထောင်ဘဲ မတရား သဖြင့် ကျင့်သောသူ တို့ကိုကား ၊ ပြင်းစွာသော ဒေါသ အမျက်ထွက် တော်မူလတံ့၊
to those however of self-interest and disobeying (indeed *k*) the truth, being persuaded about however unrighteousness, wrath and anger
9 ၉ ရှေးဦးစွာ ၌ ယုဒ လူ၊ နောက် ၌ဟေလသ လူ၊ ဆိုးညစ် သောအမှုကို ပြု သောသူ ရှိသမျှ တို့သည် ကြီးစွာသော ဆင်းရဲ ဒုက္ခဝေဒနာ ကို ခံရကြလတံ့၊
tribulation and distress upon every soul of man which is working the evil, of Jew both first and also of Greek;
10 ၁၀ ရှေးဦးစွာ ၌ယုဒ လူ၊ နောက် ၌ဟေလသ လူ၊ ကောင်း သော အကျင့်ကိုကျင့် သောသူရှိသမျှ တို့သည် ဘုန်း အသရေ ချမ်းသာ ကို ခံစားရကြလတံ့။
glory however and honor and peace to everyone who is doing good, to Jew both first and to Greek;
11 ၁၁ ဘုရားသခင် သည် အဘယ်သူ၏မျက်နှာ ကို မျှမှတ် တော်မ မူ။
Not for there is partiality with God.
12 ၁၂ ပညတ် တရားကို မသိဘဲပြစ်မှား သော သူ တို့သည် ပညတ် တရားမဲ့ပျက်စီး ခြင်းသို့ရောက်ကြလိမ့်မည်။ ပညတ် တရားကို သိလျက် ပင် ပြစ်မှား သော သူ တို့သည် ပညတ် တရား၏ စီရင် ခြင်းကို ခံရကြလိမ့်မည်။
As many as for without [the] Law have sinned, without [the] Law also will perish; and as many as in [the] Law have sinned, through [the] Law will be judged;
13 ၁၃ အကြောင်းမူကား ၊ တရား နာ သောသူသည် ဘုရားသခင် ရှေ့ ၌ ဖြောင့်မတ် သည်မ ဟုတ်။ တရား ကို ကျင့် သောသူသာလျှင် ဖြောင့်မတ် ရာသို့ ရောက်လိမ့်မည်။
not for the hearers (*k*) of [the] law [are] righteous with God, but the doers (*k*) of [the] law will be justified.
14 ၁၄ သာသနာပ လူတို့သည် ပညတ် တရားတော်ကို မ သိ ဘဲ၊ ကိုယ်အလိုအလျောက် တရား တော်ကို ကျင့် သောအခါ ၊ သူ တို့သည် ပညတ် တရားတော်ကို မ သိ ဘဲ၊ ကိုယ် ကျင့်တရားကို အမှီပြု သဖြင့်၎င်း၊
When for Gentiles not the law having by nature the [things] of the law (they may do, *N(k)O*) these [the] Law not having to themselves are a law,
15 ၁၅ ကိုယ်ကိုကိုယ် သိသောစိတ်နှလုံးသည် သက်သေခံ သဖြင့် ၎င်း ၊ အချင်းချင်း ဆွေးနွေးဆင်ခြင် ၍ အပြစ်တင် လျက် ၊ လွှတ် လျက်နေသဖြင့်၎င်း၊ မိမိ တို့စိတ် နှလုံးထဲ၌ မှတ်သား သော တရား ၏အကျိုး ကို ထင်ရှား စွာ ပြကြ၏။
who show the work of the law written in the hearts when they are bearing witness to them their conscience and between one another the thoughts accusing or also presenting a defense
16 ၁၆ ငါ ဟောပြောသော ဧဝံဂေလိ တရားအတိုင်း ၊ ဘုရားသခင် သည် ယေရှု ခရစ် အားဖြင့် လူ တို့၏ မ ထင်ရှားသောအမှုအရာတို့ကို စစ်ကြော စီရင်တော်မူသောနေ့ ၌ ထိုသို့စီရင်တော်မူလတံ့။
on day (when *NK(o)*) (judges *N(k)O*) God the secrets of men according to the gospel of mine through Christ Jesus.
17 ၁၇ သင် သည် ယုဒ လူဟု သမုတ် ခြင်းကို ခံသောသူ၊ ပညတ် တရားတော်ကို ကိုးစား သောသူ၊ ဘုရားသခင် ကို အမှီပြု ၍ ဝါကြွား သောသူ၊
(If *N(K)O*) (however *no*) you yourself a Jew are called and you rely on (the *k*) law and you boast in God
18 ၁၈ အလို တော်ကိုသိ သောသူ၊ ပညတ် တရားတော်ကို လေ့ကျက် သဖြင့် ခြားနား သောအရာ တို့ကို ပိုင်းခြား ထား တတ်သောသူဖြစ်သည်နှင့် ၊
and know the will and approve the [things] being superior being instructed out of the law;
19 ၁၉ လူကန်း တို့အား လမ်းပြ သောသူ၊ မှောင်မိုက် ၌ နေသောသူ တို့ကို လင်း စေသောသူ၊
you are confident then [that] you yourself a guide being of [the] blind, a light to those in darkness,
20 ၂၀ လူမိုက် တို့ကို ဆုံးမ တတ်သောသူ၊ သူငယ် တို့ကို နည်းပေး သောသူ၊ ပညတ် တရားတော်အားဖြင့် ပညာ ကို ၎င်း ၊ သမ္မာတရား ကို၎င်းဖြစ်သည်ဟူ၍၊ ကိုယ်ကိုထင်မှတ် တတ်သည်မှန်လျှင်၊
an instructor of [the] foolish, a teacher of infants, having the embodiment of knowledge and of the truth in the law;
21 ၂၁ သူတစ်ပါး ကိုဆုံးမ လျက်ပင်ကိုယ် ကို မ ဆုံးမ သလော။ သူ့ဥစ္စာကို မ ခိုး နှင့်ဟုတရား ဟောလျက်ပင် ကိုယ်တိုင်ခိုး သလော။
You who [are] then teaching another yourself not do you teach? You who [are] preaching not to steal do you steal?
22 ၂၂ သူ့ မယားကို မ ပြစ်မှားနှင့်ဟုဆို လျက်ပင် ကိုယ်တိုင်ပြစ်မှား သလော။ ရုပ်တု ကိုစက်ဆုပ် ရွံ့ရှာလျက် ပင် ဗိမာန် တော်ကို လုယူဖျက်ဆီးသလော။
You who [are] saying not to commit adultery do you commit adultery? You who [are] abhorring idols do you rob temples?
23 ၂၃ ပညတ် တရားတော်ကိုအမှီပြု ၍ဝါကြွား လျက်ပင် ထိုတရား ကို လွန်ကျူး ၍ ဘုရားသခင် ၏ ဂုဏ် အသရေတော်ကို ရှုတ်ချ သလော။
You who in law boast, through the transgression of the law God dishonor you?
24 ၂၄ အကြောင်းမူကား ၊ ကျမ်းစာ၌ လာ သည်နှင့်အညီ၊ တစ်ပါး အမျိုးသားတို့သည် သင် တို့အကျင့်ကို ထောက် ၍ဘုရားသခင် ၏နာမ တော်ကို ကဲ့ရဲ့ တတ်ကြ၏။
For the name of God through you is blasphemed among the Gentiles even as it has been written.
25 ၂၅ သင် သည်ပညတ် တရားကို ကျင့်လျှင် ၊ အရေဖျားလှီး ခြင်းအားဖြင့် အကျိုး ရှိ၏။ ပညတ် တရားကို လွန်ကျူး လျှင် ၊ သင် ၏အရေဖျားလှီး ခြင်းသည် အရေဖျား မလှီးဘဲဖြစ် ပြန်၏။
Circumcision indeed for profits if [the] law you shall do; if however a transgressor of law you shall be, the circumcision of you uncircumcision has become.
26 ၂၆ ထိုမှတစ်ပါး ၊ အရေဖျားလှီး ခြင်းကို မခံသောသူ သည်တရား ၌ ပါသောပညတ် တို့ကို စောင့်ရှောက် လျှင် ၊ ထိုသူ ၏အရေဖျား မလှီးဘဲ အဖြစ်ကို အရေဖျားလှီး ခြင်းအဖြစ်ကဲ့သို့မှတ် ရသည်မ ဟုတ်လော။
If therefore the uncircumcision the requirements of the law shall keep, (surely *N(k)O*) the uncircumcision of him for circumcision will be reckoned?
27 ၂၇ အရေဖျားလှီး ခြင်းကို မခံသောသူသည်လည်း ကိုယ်အလိုအလျောက်ပညတ် တရားကို ကျင့် လျှင် ၊ ကျမ်းစာ နှင့် အရေဖျားလှီး ခြင်းရှိလျက်ပင်ပညတ် တရားကို လွန်ကျူး သောသင် ကို တရား တွေ့၍ အရှုံးခံစေမည် မဟုတ်လော။
And will judge the by nature uncircumcision the law fulfilling you who with [the] letter and circumcision [are] a transgressor of law.
28 ၂၈ အကြောင်းမူကား ၊ အပြင် အားဖြင့်သာ ယုဒ လူဖြစ် သောသူ သည်ယုဒလူမှန်မ ဟုတ်။ အပြင် အားဖြင့်သာကိုယ်အသား အရေဖျားလှီး ခြင်းသည် အရေဖျားလှီးခြင်းအမှန် မ ဟုတ်။
Not for the [one] on the outward a Jew is, neither the [one] outwardly the outward in flesh [is] circumcision,
29 ၂၉ အတွင်း အားဖြင့်ယုဒ လူဖြစ်သောသူသည် ယုဒလူမှန်၏။ အရေဖျားလှီး ခြင်းလည်း ကျမ်းဟောင်းတရား အားဖြင့်မ ဟုတ်ဘဲ၊ ဝိညာဉ် တော်တရားအားဖြင့် စိတ် နှလုံးနှင့် စပ်ဆိုင်၏။ ထိုသို့ အရေဖျားလှီးခြင်းကို ခံသောသူ၏အချီးအမွမ်း သည် လူ အလိုနှင့် မ ဆိုင်၊ ဘုရားသခင့် အလိုတော်နှင့်ဆိုင်သတည်း။
but he who [is] on the inward a Jew [is one], and circumcision [is] of heart in spirit not in letter, of whom the praise [is] not of men but of God.