< ရောမ 2 >

1 သူတစ်ပါး ကို စစ်ကြော စီရင်တတ်သောသူ ၊ သင်သည်ကိုယ်အပြစ်ကို မ ဖုံးနိုင်ရာ။ အကြောင်းမူကား ၊ သင်သည်စစ်ကြောစီရင်သောအမှုကိုပင်ကိုယ်တိုင်ပြု သည်ဖြစ်၍ ၊ သူတစ်ပါး ကို စစ်ကြော စီရင်သည်တွင် ကိုယ် အပြစ်ရှိကြောင်းကို စီရင် ဆုံးဖြတ်ရာရောက်၏။
Now then, you there, whoever you are who judges someone else for things you practice yourself—you condemn yourself and are inexcusable.
2 ဘုရားသခင် သည် ထိုသို့ ပြု သောသူ တို့ကို စီရင် တော်မူခြင်းအရာ သည် သမ္မာတရား နှင့် ညီသည် ကို ငါတို့သိ ကြ၏။
Further, we know that God's judgment against those who practice such things is according to truth.
3 ထိုသို့သောအမှုကိုကိုယ်တိုင် ပြု လျက် ပင်၊ သူတစ်ပါးပြု သည်ကို စစ်ကြော စီရင်သောသူ ၊ သင် သည် ဘုရားသခင် စီရင် တော်မူခြင်းနှင့် လွတ် မည်ဟု ထင်မှတ် သလော။
So then, you there, you who judge those who practice such things while doing the same, do you really imagine that you will escape God's judgment?
4 ဘုရားသခင် ၏ ကျေးဇူးတော်သည် သင့် ကို နောင်တ လမ်းသို့ သွေးဆောင် သည်ကို မ သိမမှတ်ဘဲ၊ ကြွယ်ဝ စွာကျေးဇူး ပြုတော်မူခြင်း၊ သည်းခံ တော်မူခြင်း၊ စိတ်ရှည် တော်မူခြင်းတို့ကို မထီမဲ့မြင် ပြုသလော။
Or do you scorn the riches of His kindness, tolerance and longsuffering, not recognizing that the goodness of God is leading you toward repentance?
5 ထိုသို့ပြုလျှင်စိတ် ခိုင်မာ ၍ နောင်တ မရသည်နှင့်အညီ ဒေါသ နေ့ တည်းဟူသောဘုရားသခင် ၏ တရား တော်ထင်ရှား သောနေ့၌ ကိုယ် ခံစရာဘို့ အမျက် ဒေါသကို ဆည်းပူး သလော။
Rather, due to your hardness and unrepentant heart, you are treasuring up wrath for yourself in the day of God's wrath and revelation and righteous judgment,
6 ဘုရားသခင် သည် လူအသီးသီး တို့အား မိမိ တို့အကျင့် နှင့် အလျောက်အကျိုးအပြစ်ကို ဆပ်ပေး တော်မူလတံ့၊
who will repay each one according to his works:
7 ကောင်း သောအကျင့် ကို အမြဲ ကျင့်၍ ၊ ဘုန်း အသရေ ကို၎င်း ၊ မ ဖောက်ပြန်သောဇာတိကို၎င်း ၊ ရှာ သောသူ တို့အား ထာဝရ အသက် ကို ပေးတော်မူလတံ့၊ (aiōnios g166)
to those who seek for glory, honor and incorruption, by persevering in doing good—eternal life; (aiōnios g166)
8 ငြင်းဆန် သောသဘောရှိ၍ ၊ သမ္မာတရား ကို နား မထောင်ဘဲ မတရား သဖြင့် ကျင့်သောသူ တို့ကိုကား ၊ ပြင်းစွာသော ဒေါသ အမျက်ထွက် တော်မူလတံ့၊
but to those who, due to self-seeking, are actually disobeying the truth (while obeying the unrighteousness)—fury and wrath,
9 ရှေးဦးစွာ ၌ ယုဒ လူ၊ နောက် ၌ဟေလသ လူ၊ ဆိုးညစ် သောအမှုကို ပြု သောသူ ရှိသမျှ တို့သည် ကြီးစွာသော ဆင်းရဲ ဒုက္ခဝေဒနာ ကို ခံရကြလတံ့၊
tribulation and anguish, upon every human soul who works at the evil, whether Jew (first) or Greek;
10 ၁၀ ရှေးဦးစွာ ၌ယုဒ လူ၊ နောက် ၌ဟေလသ လူ၊ ကောင်း သော အကျင့်ကိုကျင့် သောသူရှိသမျှ တို့သည် ဘုန်း အသရေ ချမ်းသာ ကို ခံစားရကြလတံ့။
but glory, honor and peace to everyone who works the good, whether Jew (first) or Greek.
11 ၁၁ ဘုရားသခင် သည် အဘယ်သူ၏မျက်နှာ ကို မျှမှတ် တော်မ မူ။
Now there is no favoritism with God.
12 ၁၂ ပညတ် တရားကို မသိဘဲပြစ်မှား သော သူ တို့သည် ပညတ် တရားမဲ့ပျက်စီး ခြင်းသို့ရောက်ကြလိမ့်မည်။ ပညတ် တရားကို သိလျက် ပင် ပြစ်မှား သော သူ တို့သည် ပညတ် တရား၏ စီရင် ခြင်းကို ခံရကြလိမ့်မည်။
For as many as have sinned without law will also perish without law; while as many as have sinned with law will be judged by law.
13 ၁၃ အကြောင်းမူကား ၊ တရား နာ သောသူသည် ဘုရားသခင် ရှေ့ ၌ ဖြောင့်မတ် သည်မ ဟုတ်။ တရား ကို ကျင့် သောသူသာလျှင် ဖြောင့်မတ် ရာသို့ ရောက်လိမ့်မည်။
For it is not the hearers of the law who are righteous before God, but the doers of the law will be justified
14 ၁၄ သာသနာပ လူတို့သည် ပညတ် တရားတော်ကို မ သိ ဘဲ၊ ကိုယ်အလိုအလျောက် တရား တော်ကို ကျင့် သောအခါ ၊ သူ တို့သည် ပညတ် တရားတော်ကို မ သိ ဘဲ၊ ကိုယ် ကျင့်တရားကို အမှီပြု သဖြင့်၎င်း၊
(indeed, whenever the ethnic nations that do not have law do by nature the things of the law, these, although not having law, are a law to themselves;
15 ၁၅ ကိုယ်ကိုကိုယ် သိသောစိတ်နှလုံးသည် သက်သေခံ သဖြင့် ၎င်း ၊ အချင်းချင်း ဆွေးနွေးဆင်ခြင် ၍ အပြစ်တင် လျက် ၊ လွှတ် လျက်နေသဖြင့်၎င်း၊ မိမိ တို့စိတ် နှလုံးထဲ၌ မှတ်သား သော တရား ၏အကျိုး ကို ထင်ရှား စွာ ပြကြ၏။
who show the work of the law written in their hearts, their conscience also bearing witness, and their reasonings among themselves accusing or even excusing)
16 ၁၆ ငါ ဟောပြောသော ဧဝံဂေလိ တရားအတိုင်း ၊ ဘုရားသခင် သည် ယေရှု ခရစ် အားဖြင့် လူ တို့၏ မ ထင်ရှားသောအမှုအရာတို့ကို စစ်ကြော စီရင်တော်မူသောနေ့ ၌ ထိုသို့စီရင်တော်မူလတံ့။
in the day when God, according to my Gospel, will judge people's secrets by Jesus Christ.
17 ၁၇ သင် သည် ယုဒ လူဟု သမုတ် ခြင်းကို ခံသောသူ၊ ပညတ် တရားတော်ကို ကိုးစား သောသူ၊ ဘုရားသခင် ကို အမှီပြု ၍ ဝါကြွား သောသူ၊
Look, you declare yourself a Jew, and rest on the Law, and boast in God,
18 ၁၈ အလို တော်ကိုသိ သောသူ၊ ပညတ် တရားတော်ကို လေ့ကျက် သဖြင့် ခြားနား သောအရာ တို့ကို ပိုင်းခြား ထား တတ်သောသူဖြစ်သည်နှင့် ၊
and know the Will, and approve the superior things, being instructed out of the Law.
19 ၁၉ လူကန်း တို့အား လမ်းပြ သောသူ၊ မှောင်မိုက် ၌ နေသောသူ တို့ကို လင်း စေသောသူ၊
Further, you are confident that you yourself are a guide to the blind, a light to those in darkness,
20 ၂၀ လူမိုက် တို့ကို ဆုံးမ တတ်သောသူ၊ သူငယ် တို့ကို နည်းပေး သောသူ၊ ပညတ် တရားတော်အားဖြင့် ပညာ ကို ၎င်း ၊ သမ္မာတရား ကို၎င်းဖြစ်သည်ဟူ၍၊ ကိုယ်ကိုထင်မှတ် တတ်သည်မှန်လျှင်၊
an instructor of the foolish, a teacher of the immature, having in the Law the embodiment of knowledge and truth.
21 ၂၁ သူတစ်ပါး ကိုဆုံးမ လျက်ပင်ကိုယ် ကို မ ဆုံးမ သလော။ သူ့ဥစ္စာကို မ ခိုး နှင့်ဟုတရား ဟောလျက်ပင် ကိုယ်တိုင်ခိုး သလော။
You then, who teach another, do you not teach yourself? You who preach not to steal, do you steal?
22 ၂၂ သူ့ မယားကို မ ပြစ်မှားနှင့်ဟုဆို လျက်ပင် ကိုယ်တိုင်ပြစ်မှား သလော။ ရုပ်တု ကိုစက်ဆုပ် ရွံ့ရှာလျက် ပင် ဗိမာန် တော်ကို လုယူဖျက်ဆီးသလော။
You who say not to commit adultery, do you adulterate? You who abhor idols, do you rob temples?
23 ၂၃ ပညတ် တရားတော်ကိုအမှီပြု ၍ဝါကြွား လျက်ပင် ထိုတရား ကို လွန်ကျူး ၍ ဘုရားသခင် ၏ ဂုဏ် အသရေတော်ကို ရှုတ်ချ သလော။
You who boast in the Law, do you dishonor God through the transgression of the Law?
24 ၂၄ အကြောင်းမူကား ၊ ကျမ်းစာ၌ လာ သည်နှင့်အညီ၊ တစ်ပါး အမျိုးသားတို့သည် သင် တို့အကျင့်ကို ထောက် ၍ဘုရားသခင် ၏နာမ တော်ကို ကဲ့ရဲ့ တတ်ကြ၏။
For, just as it is written: “The name of God is blasphemed among the Gentiles because of you.”
25 ၂၅ သင် သည်ပညတ် တရားကို ကျင့်လျှင် ၊ အရေဖျားလှီး ခြင်းအားဖြင့် အကျိုး ရှိ၏။ ပညတ် တရားကို လွန်ကျူး လျှင် ၊ သင် ၏အရေဖျားလှီး ခြင်းသည် အရေဖျား မလှီးဘဲဖြစ် ပြန်၏။
Now circumcision does have value if you keep the Law, but if you are a transgressor of the Law, your circumcision has become uncircumcision.
26 ၂၆ ထိုမှတစ်ပါး ၊ အရေဖျားလှီး ခြင်းကို မခံသောသူ သည်တရား ၌ ပါသောပညတ် တို့ကို စောင့်ရှောက် လျှင် ၊ ထိုသူ ၏အရေဖျား မလှီးဘဲ အဖြစ်ကို အရေဖျားလှီး ခြင်းအဖြစ်ကဲ့သို့မှတ် ရသည်မ ဟုတ်လော။
So if the uncircumcised keeps the righteous requirements of the Law, will not his uncircumcision be counted as circumcision?
27 ၂၇ အရေဖျားလှီး ခြင်းကို မခံသောသူသည်လည်း ကိုယ်အလိုအလျောက်ပညတ် တရားကို ကျင့် လျှင် ၊ ကျမ်းစာ နှင့် အရေဖျားလှီး ခြင်းရှိလျက်ပင်ပညတ် တရားကို လွန်ကျူး သောသင် ကို တရား တွေ့၍ အရှုံးခံစေမည် မဟုတ်လော။
And will not the physically uncircumcised who fulfills the law judge you, complete with written code and circumcision, who are a transgressor of the Law?
28 ၂၈ အကြောင်းမူကား ၊ အပြင် အားဖြင့်သာ ယုဒ လူဖြစ် သောသူ သည်ယုဒလူမှန်မ ဟုတ်။ အပြင် အားဖြင့်သာကိုယ်အသား အရေဖျားလှီး ခြင်းသည် အရေဖျားလှီးခြင်းအမှန် မ ဟုတ်။
Because a person is not a [true] Jew who is only one outwardly, nor is [true] circumcision something outward in the flesh;
29 ၂၉ အတွင်း အားဖြင့်ယုဒ လူဖြစ်သောသူသည် ယုဒလူမှန်၏။ အရေဖျားလှီး ခြင်းလည်း ကျမ်းဟောင်းတရား အားဖြင့်မ ဟုတ်ဘဲ၊ ဝိညာဉ် တော်တရားအားဖြင့် စိတ် နှလုံးနှင့် စပ်ဆိုင်၏။ ထိုသို့ အရေဖျားလှီးခြင်းကို ခံသောသူ၏အချီးအမွမ်း သည် လူ အလိုနှင့် မ ဆိုင်၊ ဘုရားသခင့် အလိုတော်နှင့်ဆိုင်သတည်း။
but he is a Jew who is one inwardly, and circumcision is of the heart—in spirit, not letter—whose praise is not from men but from God.

< ရောမ 2 >