< ရောမ 14 >
1 ၁ ယုံကြည် အားနည်း သောသူ တို့ကို လက်ခံ ကြလော့။ သို့ရာတွင်ယုံမှားဘွယ်သော ပြဿနာတို့ကို ထိုသူနှင့်မ ဆွေးနွေး ကြနှင့်။ အစာအမျိုးမျိုး ကို စား အပ်သည်ဟု လူ အချို့ ယုံ ၏။
But the man who is weak in the faith, do not receive for arguments of opinions.
2 ၂ အားနည်း သောသူ မူကား ၊ ဟင်းသီး ဟင်းရွက်ကိုသာစား ၏။
One man has faith to eat all things, but he who is weak eats vegetables.
3 ၃ အမျိုးမျိုးကို စား သောသူ သည် မ စား သောသူ ကို မထီမဲ့မြင် မ ပြုစေနှင့်။ မ စား သောသူ သည်လည်း ၊ စား သော သူ ကိုမ စစ်ကြော မစီရင်စေနှင့် အကြောင်းမူကား ၊ ဘုရားသခင် သည် သူ့ ကိုလက်ခံ တော်မူပြီ။
The man who eats should not disdain the man who does not eat, and the man who does not eat should not criticize the man who eats, for God has received him.
4 ၄ သူတစ်ပါး ပိုင်သော လူ ကိုစစ်ကြော စီရင်သော သင် သည် အဘယ်သူ နည်း။ သူ သည်မိမိ သခင် စီရင်သော အားဖြင့်သာအပြစ်လွတ်ခြင်း၊ အပြစ်ခံ ခြင်းသို့ ရောက်ရ၏။ သူသည်အပြစ် လွတ်ခြင်းသို့ရောက်လိမ့်မည်။ အကြောင်းမူကား ၊ ဘုရားသခင် သည် သူ ၏ အပြစ်ကို လွှတ် ခြင်းငှာတတ်နိုင် တော်မူ၏။
Who are thou who criticizes the servant of another? To his own lord he stands or falls. And he will be made to stand, for God is able to make him stand.
5 ၅ နေ့ရက်တ ရက်ထက် တ ရက် သာ၍မြတ်သည်ဟု လူ အချို့ ထင်တတ်၏။ လူအချို့မထင်။ လူ တိုင်းမိမိ စိတ် သဘောကျ ပါစေ။
One man prefers one day above another, another man prefers every day. Let each man be fully persuaded in his own mind.
6 ၆ နေ့ရက် ကိုစောင့် သောသူ သည် သခင် ဘုရားကို ထောက်၍ စောင့် ၏။ နေ့ရက်ကို မစောင့်သော သူသည်လည်း၊ သခင်ဘုရားကို ထောက်၍ မစောင့်ဘဲနေ၏။ စား သောသူ သည်သခင် ဘုရားကို ထောက်သောစိတ်နှင့် စား ၍ ကျေးဇူးတော်ရှိသည်ဟု ဝန်ခံ၏။ မ စား သော သူ သည်လည်း ၊ သခင် ဘုရားကို ထောက်သောစိတ်နှင့် မ စား ဘဲနေ၍ ၊ ကျေးဇူးတော်ရှိသည်ဟုဝန်ခံ၏။
He who regards the day, regards it for the Lord. And he who does not regard the day, for the Lord he does not regard it. And he who eats, eats for the Lord, for he expresses thanks to God. And he who does not eat, for the Lord he does not eat, and expresses thanks to God.
7 ၇ ငါ တို့တွင် အဘယ်သူ မျှကိုယ် အဘို့ အလိုငှာအသက် မရှင်။ အဘယ်သူ မျှကိုယ် အဘို့အလို့ငှာမသေ
For none of us lives to himself, and no man dies to himself.
8 ၈ အသက် ရှင်လျှင် ၊ သခင်ဘုရားအဘို့ အလိုငှာ ရှင် ၏။ သေ လျှင် လည်း၊ သခင်ဘုရား အဘို့ အလိုငှာ သေ ၏။ ထိုကြောင့် အသင်ရှင် သည်ဖြစ်စေ ၊ သေ သည် ဖြစ်စေ ၊ သခင်ဘုရားဆိုင် တော်မူ၏။
For both if we live, we live for the Lord, and if we die, we die for the Lord. Both if we live and if we die, therefore, we are the Lord's.
9 ၉ အကြောင်းမူကား ၊ ခရစ်တော် သည်၊ သေ သော သူတို့ကို၎င်း ၊ ရှင် သောသူတို့ကို၎င်း၊ အစိုးရသောအရှင် ဖြစ်လိုသောငှာ အသေခံ ၍ ၊ ခံပြီးမှအသက် ရှင်ပြန် တော်မူ၏။
For because of this Christ both died and arose, and he became alive so that he might be Lord over both the dead and the living.
10 ၁၀ သင် သည် ညီအစ်ကို ချင်းကို အဘယ်ကြောင့် စစ်ကြော စီရင်သနည်း။ ညီအစ်ကို ချင်းကို အဘယ်ကြောင့် မထီမဲ့မြင် ပြုသနည်း။ ငါတို့ရှိသမျှ သည် ခရစ်တော် ၏ တရား ပလ္လင်တော်ရှေ့ သို့ ရောက်ရကြမည်။
But why do thou criticize thy brother? Or also why do thou disdain thy brother? For we will all stand before the judgment seat of Christ.
11 ၁၁ ကျမ်းစာ လာသည်ကား ၊ ငါ အသက် ရှင်တော်မူသည်ဖြစ်၍၊ ငါ့ ရှေ့၌ လူ တိုင်းဒူး ထောက် ရမည်။ ဘုရားသခင် အားလူ တိုင်းမိမိနှုတ် နှင့် သစ္စာ ခံရမည်ဟု ထာဝရ ဘုရားမိန့် တော်မူ၏။
For it is written, I live, says the Lord, that every knee will bow to me, and every tongue will confess to God.
12 ၁၂ သို့ဖြစ်၍ ၊ ငါ တို့ရှိသမျှ သည် ဘုရားသခင် စစ်ကြောတော်မူခြင်းကို ခံရကြမည်။
So then each of us will give account about himself to God.
13 ၁၃ ထိုကြောင့် ၊ ငါတို့သည် ယခုမှစ၍အချင်းချင်း မ စစ်ကြော မစီရင်ဘဲ နေကြကုန်အံ့။ ညီအစ်ကို ချင်း ထိမိ၍ လဲ စရာအခွင့်၊ မှားယွင်း စရာအခွင့်မ ရှိ စေမည်အကြောင်း သာ၍ စီရင် ကြကုန်အံ့။
Let us not therefore criticize each other any more, but judge ye this instead, not to place a stumbling block to the brother, or a snare.
14 ၁၄ အဘယ် အစာမျှ ပကတိ အတိုင်း မညစ်ညူး ကြောင်းကို၊ ငါသည်သခင် ယေရှု ကို အမှီပြု လျက်သဘောကျ၍ အမှန်သိ ၏။ သို့သော်လည်း ၊ ညစ်ညူး သည် ဟု အကြင်သူ သည်ထင် ၏။ ထိုသူ ၌ ညစ်ညူး ၏။
I know and am persuaded in the Lord Jesus, that nothing is profane by itself, except to him who regards anything to be profane. To that man it is profane.
15 ၁၅ သင် ၏ညီအစ်ကို သည် သင်စားသော အစာ ကြောင့် စိတ်နာ ရလျှင် ၊ သင်သည်မေတ္တာ တရားကို မ ကျင့် ။ ခရစ်တော် သည် အသေခံ တော်မူသော ကျေးဇူးတော်ကို ခံသောသူ ကိုသင် ၏ အစာ အားဖြင့် အကျိုး မ နည်း စေနှင့်။
For if thy brother is distressed because of food, thou no longer walk according to love. Do not destroy with thy food that man for whom Christ died.
16 ၁၆ သင်တို့သည် အခွင့် ရသည်အမှုမှာ ကဲ့ရဲ့ စရာ အကြောင်းမ ရှိစေနှင့်။
Therefore do not let your good be maligned.
17 ၁၇ ဘုရားသခင် ၏ နိုင်ငံ တော်သည် အစား အသောက် ၌ မ တည် ။ ဖြောင့်မတ် ခြင်း၊ ငြိမ်သက် ခြင်း၊ သန့်ရှင်း သော ဝိညာဉ် တော်အားဖြင့် ခံရသော ဝမ်းမြောက် ခြင်း၌ တည်၏။
For the kingdom of God is not eating and drinking, but righteousness and peace and joy in the Holy Spirit.
18 ၁၈ ထိုသို့ ကျင့်၍ ခရစ်တော် ၏အမှု ကို ဆောင်ရွက်သောသူ သည်ဘုရားသခင့် ရှေ့၌ နှစ်သက် ဘွယ်၊ လူ တို့ တွင် ချီးမွမ်း ဘွယ်ဖြစ်၏။
For he who serves Christ in these things is acceptable to God, and approved by men.
19 ၁၉ ထိုကြောင့် ၊ ငြိမ်သက် ခြင်းနှင့်၎င်း၊ အချင်းချင်း တည်ဆောက် ခြင်းနှင့်၎င်း ယှဉ်သောအရာ တို့ကို မှီအောင်လိုက် ကြကုန်အံ့။
So then we should pursue the things of peace, and the things of constructiveness for each other.
20 ၂၀ ဘုရားသခင် ၏ အမှု တော်ကို သင်၏အစာ အလိုငှာ မ ဖျက်ဆီး နှင့်။ အစာအမျိုးမျိုး တို့သည် စင်ကြယ် ၏။ သို့သော်လည်း သူတစ်ပါးထိမိ လဲစရာအကြောင်းနှင့် စား သော သူ သည်အပြစ် ရှိ၏။
Do not tear down the work of God because of food. All things indeed are clean, but it is wrong to the man who eats through hindrance.
21 ၂၁ အမဲသား ကိုစား ခြင်း၊ စပျစ်ရည် ကိုသောက် ခြင်း ကိစ္စမှစ၍၊ ညီအစ်ကို ထိမိ ၍ လဲစရာအကြောင်း၊ မှားယွင်းစရာအကြောင်း၊ အားနည်းစရာအကြောင်းများကို ရှောင်အပ်၏။
It is good not to eat meats, nor to drink wine, nor in whatever thy brother stumbles against, or is caused to stumble, or becomes weak.
22 ၂၂ သင် သည်ယုံ ခြင်းရှိ လျှင် ကိုယ် အလိုအလျောက်ဘုရားသခင့် ရှေ့ ၌ ရှိ စေလော့။ ကိုယ်လက်ခံ သောအမှုမှာ ကိုယ် ကိုမ စစ်ကြော မစီရင်သောသူ သည် မင်္ဂလာ ရှိ၏။
The faith thou have, have in relation to thyself before God. Blessed is the man not condemning himself in what he allows.
23 ၂၃ ယုံမှား သောသူ သည် စား လျှင် ၊ ယုံ သောစိတ် မ ရှိဘဲစားသောကြောင့် အပြစ် စီရင်ခြင်းကိုခံရ၏။ ယုံ သောစိတ်မ ရှိဘဲကျင့်သမျှ သော အကျင့်တို့သည် အပြစ် ရှိ ကြ၏။
But he who doubts is condemned if he eats, because it is not from faith, and everything that is not from faith is sin.