< ရောမ 12 >
1 ၁ ညီအစ်ကို တို့၊ အသက် ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်း ခြင်းလက္ခဏာ၊ ဘုရားသခင် နှစ်သက် တော်မူဘွယ်သောလက္ခဏာနှင့် ပြည့်စုံသော ယဇ် ကို သင် တို့သည် ပူဇော် ၍၊ မိမိကိုယ်ခန္ဓါ ကို ဘုရားသခင်အား ဆက်ကပ်ခြင်းတည်းဟူသောသင် တို့ပြုအပ်သော ဝတ် ကို ပြုမည်အကြောင်း၊ ဘုရားသခင် ၏ ကရုဏာ တော်ကို ထောက်ထား ၍၊ သင် တို့ကို ငါ တိုက်တွန်းနှိုးဆော်ပေ၏။
Então, eu peço a vocês, meus irmãos e minhas irmãs, por causa da compaixão de Deus por vocês, que dediquem os seus corpos como uma oferta viva, que é santa e que agrada a Deus. Este é o meio verdadeiro para adorar a Deus.
2 ၂ သင် တို့သည် လောကီ ပုံသဏ္ဌာန်ကို မ ဆောင် ကြနှင့်။ ကောင်းမြတ် သောအရာ၊ နှစ်သက် ဘွယ်သောအရာ၊ စုံလင် သောအရာတည်းဟူသောဘုရားသခင် အလို တော်ရှိသော အရာသည် အဘယ် အရာဖြစ်သည်ကို သင် နိုင်မည်အကြောင်း ၊ စိတ် နှလုံးကို အသစ် ပြင်ဆင်၍ ပုံ သဏ္ဌာန်ပြောင်းလဲခြင်းသို့ ရောက်ကြလော့။ (aiōn )
Não sigam os caminhos deste mundo. Em vez disso, sejam transformados pela renovação espiritual de sua mente, para que possam demonstrar que a vontade de Deus realmente é boa, agradável e perfeita. (aiōn )
3 ၃ သင် တို့သည် ကိုယ် ကိုထင် သင့် သည် အတိုင်း ထက်လွန် ၍မ ထင်ဘဲ၊ ဘုရားသခင် သည် လူ အသီးအသီးတို့အား ယုံကြည် ခြင်းကို ဝေပေး တော်မူသည်နှင့်အညီ ၊ ကိုယ်ကိုလျောက်ပတ် စွာထင် ရမည် အကြောင်း ငါ သည် ကိုယ်ခံရ သော ကျေးဇူး တော်ကိုအမှီပြု လျက်၊ သင်တို့တွင် ရှိသမျှ သောသူတို့ကိုမှာထား ၏။
Deixem que eu explique a todos vocês, pela graça dada a mim por Deus, que ninguém deveria pensar em si mesmo como sendo melhor do que realmente é. Vocês deveriam pensar em si mesmos de forma realista, de acordo com a fé que Deus deu a vocês.
4 ၄ ဥပမာကား ၊ ကိုယ် တစ်ခု၌ အင်္ဂါ အများ ရှိ သည်ဖြစ်၍၊ ထိုအင်္ဂါ အများ သည် ဆောင်ရွက် စရာအမှုတစ်ခုတည်းမ ရှိ သကဲ့သို့ ၊
Da mesma maneira que há muitas partes no corpo, mas elas não têm as mesmas funções,
5 ၅ ထိုအတူ ၊ အများ ဖြစ်သောငါတို့သည် ခရစ်တော် ၌ တစ် ကိုယ် တည်းဖြစ် ၍ ၊ အသီးအသီးအင်္ဂါ ချင်း ဖြစ်ကြ၏။
nós também somos um só corpo em Cristo, mesmo que sejamos muitos. E todos nós pertencemos uns aos outros.
6 ၆ ထိုသို့ ပေး တော်မူသော ကျေးဇူး တော်အတိုင်း ငါ တို့သည် အသီးသီး အပြားပြားသော ဆု များကိုခံရသည်ဖြစ် ၍ ၊ ပရောဖက် အရာရှိလျှင် ၊ ယုံကြည် ခြင်း၏ပမာဏ ကို ရသည်အတိုင်း ပရောဖက်ပြုကြကုန်အံ့။
Cada um de nós tem dons diferentes, que variam de acordo com a graça que nos é dada por Deus. Se o dom recebido for o de anunciar a palavra de Deus, então, devemos fazer isso de acordo com a fé que temos.
7 ၇ ဓမ္မဆရာ အရာရှိလျှင် ၊ ဓမ္မဆရာ၏အမှုကို ဆောင်ရွက်ကြကုန်အံ့။ ဆုံးမ ဩဝါဒပေးသောသူ သည် ထိုအမှုကိုဆောင်ရွက်စေ။
Se o trabalho é servir, então, devemos servir. Se o dom for ensinar, então, ensinemos.
8 ၈ နှိုးဆော် သွေးဆောင်သောသူ သည် ထိုအမှုကို ဆောင်ရွက်စေ။ အစွန့်အကြဲဝေငှ သောသူ သည် လျစ်လျူသောစိတ်နှင့် ဝေငှစေ။ အုပ်ချုပ် သောသူ သည် လုံ့လ ဝိရိယနှင့် အုပ်ချုပ်စေ။ မစ သနားခြင်းအမှုကိုပြုသောသူ သည် စေတနာ စိတ်နှင့် ပြုစေ။
Se for incentivar, então, devemos incentivar. Se for repartir, então, que façamos com generosidade. Se for liderar, então, vamos liderar com comprometimento. Se o nosso dom for demonstrar misericórdia, então, devemos ser misericordiosos com muita alegria.
9 ၉ မေတ္တာ စိတ်သည် လျှို့ဝှက် ခြင်းနှင့် ကင်းစေလော့။ ဆိုးညစ် သောအမှုကို စက်ဆုပ် ရွံ့ရှာကြလော့။ ကောင်းမွန် သောအမှု၌ မှီဝဲ ဆည်းကပ်ကြလော့။
O amor deve ser verdadeiro. Odeiem o mal e se apeguem ao que é bom.
10 ၁၀ ညီအစ်ကို ချစ်ခြင်းအရာမှာ ၊ ပကတိပေါက်ဘော်ကဲ့သို့တစ်ယောက် ကိုတစ်ယောက်စုံမက် ကြလော့။ ချီးမွမ်း ခြင်းအရာမှာ ၊ သူတစ်ပါး ကို ကိုယ်ထက်ချီးမြှောက် ကြလော့။
Dediquem-se totalmente uns aos outros em seu amor como família. Valorizem os outros mais do que a si mesmos.
11 ၁၁ အားထုတ် ခြင်းအရာမှာ ပျင်းရိ ခြင်းမ ရှိဘဲလျက်၊ စိတ် တန်း သဖြင့် သခင်ဘုရား ၏အလိုတော်သို့လိုက်၍ အားထုတ်ကြလော့။
Estejam dispostos a trabalhar duro. Sirvam ao Senhor com o espírito cheio de entusiasmo.
12 ၁၂ မြော်လင့် လျက် ဝမ်းမြောက် ကြလော့။ ဆင်းရဲ ဒုက္ခရောက်သောအခါ သည်းခံ ကြလော့။ ဆုတောင်း ပဌနာပြုခြင်းအမှုကို အမြဲ ပြုကြလော့။
Que a sua esperança sempre os mantenha bem dispostos. Suportem com paciência os sofrimentos e sempre orem.
13 ၁၃ သန့်ရှင်း သောသူတို့သည် ဆင်းရဲ သောအခါ ဝေငှ ပေးကမ်းကြလော့။ အာဂန္တု တို့အား ဧည့်သည်ဝတ် ကို ကြိုးစား၍ပြုကြလော့။
Compartilhem com os necessitados o que vocês têm e recebam bem os estrangeiros em suas casas.
14 ၁၄ သင် တို့ကို ညှဉ်းဆဲ သောသူ တို့အဘို့ မေတ္တာပို့ ကြလော့။ ကျိန်ဆဲ ခြင်းကိုမ ပြု၊ မေတ္တာပို့ ခြင်းကိုသာ ပြုကြလော့။
Abençoem aqueles que os perseguem.
15 ၁၅ ဝမ်းမြောက် သောသူတို့နှင့်အတူ ၊ ဝမ်းမြောက် ခြင်းကို၎င်း၊ ငိုကြွေး သောသူတို့နှင့်အတူ ငိုကြွေး ခြင်းကိုပြုကြလော့။
Fiquem felizes com os que estão felizes. Chorem com aqueles que estão chorando.
16 ၁၆ အချင်းချင်း စိတ် သဘော တစ်ညီတစ်ညွတ်တည်း ရှိကြလော့။ ဂုဏ်စည်းစိမ် ကိုငဲ့ကွက်ခြင်းမ ရှိကြနှင့်။ နှိမ့်ချ သောသူ တို့ကို အပေါင်းအဘော်လုပ်ကြလော့။ ငါသည် ပညာရှိ ၏ဟု ကိုယ် ကိုမ ထင် ကြနှင့်။
Pensem uns nos outros. Não se considerem mais importantes do que os outros. Vivam com humildade. Não sejam arrogantes.
17 ၁၇ အဘယ်သူ ကိုမျှ ရန်တုံ့ မမူကြနှင့်။ လူ အပေါင်း တို့ရှေ့ မှာ တင့်တယ် လျောက်ပတ်သော အကျင့်ကို ကြံစည် ကြလော့။
Não retribuam o mal que alguém lhes fez com o mal. Tenham a certeza de mostrar a todos que aquilo que vocês estão fazendo é bom.
18 ၁၈ သင် တို့သည် တတ်နိုင် သမျှအတိုင်း လူ အပေါင်း တို့နှင့် အသင့်အတင့် နေကြလော့။
E, tanto quanto dependa de vocês, vivam em paz com todas as pessoas.
19 ၁၉ ချစ်သူ တို့၊ သူတစ်ပါးသည်သင်တို့ကို ပြစ်မှားလျှင်၊ ကိုယ်တိုင် အပြစ်ပြန်၍ မ တုံ့ ကြနှင့်။ အမျက် တော်ကို အခွင့် ပေး ကြလော့။ ကျမ်းစာ လာသည်ကား ၊ ငါ သည် အပြစ်တရားကို စီရင်ပိုင် ၏။ အပြစ်နှင့်အလျောက် ငါ ဆပ်ပေး မည်ဟု ထာဝရ ဘုရားမိန့် တော်မူ၏။
Meus queridos amigos, não busquem a vingança. Mas, ao contrário, deixem que Deus dê o castigo. Pois como as Sagradas Escrituras destacam: “‘Sou eu quem deve fazer justiça e sou eu quem retribuirei,’ diz o Senhor.”
20 ၂၀ ထိုကြောင့်သင် ၏ရန်သူ သည် မွတ်သိပ် လျှင် လုပ်ကျွေး လော့။ ရေငတ် လျှင် သောက် စရာဘို့ပေးလော့။ ထိုသို့ ပြု လျှင် ။ သူ ၏ခေါင်း ပေါ်၌ မီး ခဲ ကိုပုံ ထားလိမ့်မည်။
Se aqueles que os odeiam estiverem famintos, deem o que comer a eles. Se eles tiverem sede, deem algo para que eles bebam. Pois, ao fazerem assim, vocês amontoarão brasas de fogo em suas cabeças.
21 ၂၁ အဆိုး အားဖြင့် အရှုံး မ ခံနှင့် အကောင်း အားဖြင့် အဆိုး ကို နိုင် လော့။
Não se deixem vencer pelo mal; mas, ao contrário, vençam o mal com o bem.