< ဗျာဒိတ်ကျမ်း 1 >

1 ကာလ မကြာမမြင့်မှီဖြစ် ရမည် အမှုအရာ များကို ယေရှု ခရစ် သည် မိမိ အစေခံ ကျွန်တို့အား ပြ စေခြင်းငှာ၊ ဘုရားသခင် အပ်ပေး တော်မူသောထို သခင် ၏ ဗျာဒိတ် တော်ကို ဆိုပေအံ့။ ထိုသခင်သည် မိမိ ကောင်းကင် တမန်ကို စေလွှတ် ၍ ၊ မိမိ အစေခံ ကျွန်ယောဟန် အား ဗျာဒိတ် တော် အရိပ်ကို ပြတော်မူ၏။
The Revelation of Jesus Christ that God gave him to show his bondmen what must happen quickly. And he signified it, having sent by his agent to his bondman John
2 ယောဟန် သည်လည်း ဘုရားသခင် ၏ နှုတ်ကပတ် တော်နှင့် ယေရှု ခရစ် ၏ သက်သေခံ တော်မူချက်ကို မြင် သမျှ အတိုင်း သက်သေခံ ၏။
who testified the word of God and the testimony of Jesus Christ, as many things as he saw.
3 ကာလ အချိန်ရောက်လုနီး ပြီဖြစ်၍ ၊ ဤ အနာဂတ္တိ ကျမ်းစကား ကိုကြည့်ရှုဘတ်ရွတ် နားထောင် ၍ ၊ ရေး ထားသမျှတို့ကို စောင့်ရှောက် သော သူတို့သည် မင်္ဂလာ ရှိကြ၏။
Blessed is he who reads, and those who hear the words of the prophecy, and who keep the things written in it, for the time is near.
4 ငါယောဟန် သည် အာရှိ ပြည်၌ ရှိသော အသင်းတော် ခုနှစ် ပါးကို ကြား လိုက်ပါ၏။ ပစ္စုပ္ပန်၊ အတိတ် ၊ အနာဂတ် ကာလအစဉ် ရှိ တော်မူသော ဘုရားသခင် အထံတော်က ၎င်း၊ ပလ္လင် တော်ရှေ့ ၌ရှိ သော ဝိညာဉ် ခုနှစ် ပါးအထံ က၎င်း၊
John, to the seven congregations in Asia: Grace to you and peace from God, who is and who was and who is coming, and from the seven Spirits that are before his throne,
5 သစ္စာစောင့် သော သက်သေခံ ဖြစ်တော်မူထသော၊ သေ သောသူတို့တွင် သားဦး ဖြစ်တော်မူထသော၊ လောကီ ဘုရင် တို့၏ အထွဋ် ဖြစ်တော်မူသော ယေရှု ခရစ် အထံတော်က ၎င်း၊ ကျေးဇူး တော်နှင့် ငြိမ်သက် ခြင်းသည်သင် တို့၌ရှိပါစေသော။ ငါ တို့ကိုချစ် ၍ မိမိ အသွေး နှင့် ငါ တို့အပြစ် များကို ဆေးကြော တော်မူ၍၊
and from Jesus Christ, the faithful witness, the firstborn of the dead, and the ruler of the kings of the earth. To him who loves us and washed us from our sins by his blood
6 မိမိ ခမည်းတော် ဘုရားသခင့် ရှေ့ ၌ ငါ တို့ကို ရှင်ဘုရင် အရာ၌၎င်း၊ ယဇ် ပုရောဟိတ်အရာ၌ ခန့်ထား တော်မူသောသူသည်၊ ကမ္ဘာ အဆက်ဆက်ဘုန်း အသရေ၊ အစွမ်း သတ္တိရှိ တော်မူစေသတည်း။ အာမင် ။ (aiōn g165)
and made us a kingdom, priests to his God and Father, to him is the glory and the dominion into the ages of the ages. Truly. (aiōn g165)
7 ကြည့်ရှု လော့။ မိုဃ်းတိမ် နှင့်တကွ ကြွလာ တော်မူသည်ဖြစ်၍ ၊ ကိုယ်တော် ကို ထိုးဖောက် သော သူ တို့နှင့် ရှိသမျှ သောသူတို့သည် ကိုယ်တော် ကို ရှုမြင် ရ ကြလိမ့်မည်။ မြေကြီး သားအမျိုးမျိုး ရှိသမျှ တို့သည် ကိုယ်တော် ကြောင့် ငိုကြွေး မြည်တမ်းရကြလိမ့်မည်။ မှန် ပေ၏။ အာမင် ။
Behold, he comes with the clouds and every eye will see him, even the men who pierced him. And all the tribes of the earth will wail against him. Yea, Truly.
8 ငါ သည် အာလဖ ဖြစ် ၏။ ဩမေဃ လည်း ဖြစ်၏ ဟု အနန္တ တန်ခိုးနှင့်ပြည့်စုံတော်မူ၍ ၊ ပစ္စုပ္ပန် ၊ အတိတ် ၊ အနာဂတ် ကာလအစဉ် ရှိတော်မူသော ထာဝရ အရှင် ဘုရားသခင် မိန့် တော်မူ၏။
I am the Alpha and the Omega, says the Lord, the God who is and who was and who is coming, the Almighty.
9 ယေရှု ခရစ်၏ ဆင်းရဲ ခြင်းဒုက္ခမှစ၍ နိုင်ငံ တော်ကို၎င်း၊ သည်းခံ တော်မူခြင်းကို၎င်း၊ သင်တို့နှင့်အတူဆက်ဆံသော အဘော်အဘက်က၊ သင် တို့အစ်ကို ငါ ယောဟန် သည်၊ ဘုရားသခင် ၏ နှုတ်ကပတ် နှင့် ယေရှု ခရစ်၏ သက်သေခံ တော်မူချက်ကြောင့်၊ ပတ်မု ကျွန်း မှာ နေ ရစဉ်တွင်၊
I John, your brother and companion in the tribulation and kingdom and perseverance in Christ Jesus, happened to be on the isle that is called Patmos because of the word of God, and because of the testimony of Jesus Christ.
10 ၁၀ သခင် ဘုရားနေ့ ၌ ဝိညာဉ် တော်ကိုခံရ ၍ ၊ တံပိုး ခရာ အသံ ကဲ့သို့ ငါ့ နောက် ၌ မြည်သော အသံကြီး ကို ကြား ၏။
I became in spirit on the Lord's day and I heard behind me a great voice like a trumpet
11 ၁၁ မြည်သောအချက်ဟူမူကား၊ သင်သည်မြင် သော အရာ ကို စာစောင် ၌ ရေး ထား၍၊ ဧဖက် မြို့၊ စမုရန မြို့၊ ပေရဂံ မြို့၊ သွာတိရ မြို့၊ သာဒိ မြို့၊ ဖိလဒေလဖိ မြို့၊ လောဒိကိ မြို့၌ ရှိသော အသင်းတော် ခုနှစ် ပါးထံသို့ပေး လိုက် လော့ဟုဆို သတည်း။
saying, What thou see, write in a book and send to the seven congregations: to Ephesus, and to Smyrna, and to Pergamos, and to Thyatira, and to Sardis, and to Philadelphia, and to Laodicea.
12 ၁၂ ထိုသို့ ငါ နှင့် စကား ပြော၍ အသံမြည် သော သူ ကိုမြင် ခြင်းငှာငါသည်လှည့်ကြည့် လျှင် ၊ ရွှေ မီးခွက် ခုနှစ် လုံးကို၎င်း ၊
And I turned there to see the voice that spoke with me. And having turned I saw seven golden lampstands.
13 ၁၃ ထို မီးခွက် ခုနှစ်လုံးအလယ် ၌ လူ သားတော်နှင့် တူ သောသူတစ်ဦးကို၎င်း မြင် ၏။ ထိုသူသည်ခြေ သို့ တိုင်အောင်ဝတ် ခြုံလျက်၊ ရင် တော်၌ ရွှေ ခါးပန်း ကို စည်း လျက်ဖြစ်၏။
And in the midst of the seven lampstands, resembling a son of man, he who was clothed down to the foot, and girded about with a golden belt at the breasts.
14 ၁၄ ခေါင်း တော်နှင့် ဆံပင် တော်သည် ဖြူ သော သိုးမွေး ကဲ့သို့ ၎င်း ၊ မိုဃ်းပွင့် ကဲ့သို့ ၎င်းဖြူ ၏။ မျက်စိ တော် သည်လည်း မီး လျှံ ကဲ့သို့ ဖြစ်၏။
And his head and hair were white as wool, white as snow, and his eyes as a flame of fire,
15 ၁၅ ခြေ တော်သည်လည်း မီး ၌ ချွတ် ပြီးသော ကြေးဝါ စစ်နှင့် တူ ၏။ အသံ တော်သည်လည်း သမုဒ္ဒရာ သံ ကဲ့သို့ ဖြစ်၏။
and his feet resembling highly refined metal, as in a furnace having been fiery hot, and his voice as the sound of many waters,
16 ၁၆ လက်ျာ လက် တော်သည်လည်း ကြယ် ခုနှစ် လုံးကို ကိုင် ၏။ ခံတွင်း တော်ထဲက လည်း ထက် သော သန်လျက် ထွက် ၏။ မျက်နှာ တော်သည်အရှိန် တန်ခိုးနှင့် ထွန်းတောက် သောနေ ကဲ့သို့ ဖြစ်၏။
and having in his right hand seven stars, and a sharp two-edged sword coming out of his mouth. And the sight of him was as the sun shines in its strength.
17 ၁၇ ထိုသူ ကိုငါမြင် သောအခါ ၊ သေ မတတ်ဖြစ်၍ခြေ တော်ရင်း၌ လဲ လျက်နေ၏။ ထိုသူ သည်လက်ျာ လက်တော်ကို ငါ့ အပေါ်သို့ တင် လျက် ၊ ကြောက်ရွံ့ ခြင်းမ ရှိနှင့်။ ငါ သည်အဦးဆုံး သောသူ ၊ နောက်ဆုံး သော သူ ဖြစ် ၏။
And when I saw him, I fell at his feet as dead. And he laid his right hand upon me, saying, Fear not, I am the first and the last,
18 ၁၈ အသက် ရှင်သောသူ လည်း ဖြစ် ၏။ ငါ သည် အရင်သေ သည် ဖြစ်၍ ၊ ကမ္ဘာ အဆက်ဆက်အသက် နှင့် ပြည့်စုံ၏။ မရဏာ နှင့် မရဏာ နိုင်ငံ ကိုလည်း ငါအစိုးရ ၏။ (aiōn g165, Hadēs g86)
and he who lives. And I became dead, and behold, I am living into the ages of the ages. Truly. And I have the keys of death and of Hades. (aiōn g165, Hadēs g86)
19 ၁၉ ထိုကြောင့် ၊ သင်သည်မြင် ပြီးသော အရာ တို့ကို၎င်း ၊ ယခုရှိ သော အရာ တို့ကို၎င်း၊ နောင် ဖြစ် လတံ့သော အရာ တို့ကို၎င်း ရေး ထားလော့။
Therefore write the things that thou saw, and things that are, and things that are going to happen after these things.
20 ၂၀ ငါ့ လက်ျာ လက်၌ ထင်ရှားသောကြယ် ခုနှစ် လုံးနှင့် ရွှေ မီးခွက် ခုနှစ် လုံး၏ နက်နဲ ခြင်းအရာဟူမူကား ၊ မီးခွက် ခုနှစ် လုံးသည်အသင်းတော် ခုနှစ် ပါးဖြစ် ၏။ ကြယ် ခုနှစ် လုံးသည်လည်း ထို ခုနှစ် ပါးသော အသင်းတော် တို့ကို အုပ်သောတမန် ဖြစ် ကြ၏။
The mystery of the seven stars that thou saw in my right hand, and the seven golden lampstands: the seven stars are agents of the seven congregations, and the seven lampstands that thou saw are the seven congregations.

< ဗျာဒိတ်ကျမ်း 1 >