< ဗျာဒိတ်ကျမ်း 9 >

1 ပဉ္စမ ကောင်းကင်တမန် သည် တံပိုး မှုတ်သောအခါ ၊ ကြယ် တစ်လုံးသည် ကောင်းကင် က မြေကြီး ပေါ်သို့ ကျ သည်ကို ငါမြင် ၏။ သူ ၌အနက်ဆုံး သော တွင်း ၏ သော့ ကို အပ်ပေး သည်ဖြစ်၍ ၊ (Abyssos g12)
ထို​နောက်​ပဉ္စမ​ကောင်း​ကင်​တ​မန်​တံ​ပိုး​ခ​ရာ မှုတ်​လိုက်​သော​အ​ခါ ကောင်း​ကင်​မှ​ကမ္ဘာ​မြေ ပေါ်​သို့​ကြယ်​တစ်​လုံး​ကြွေ​ကျ​လာ​သည်​ကို ငါ​မြင်​ရ​၏။ ထို​ကြယ်​အား​တွင်း​နက်​ကြီး​၏ တံ​ခါး​သော့​ကို​ပေး​အပ်​ထား​၏။- (Abyssos g12)
2 သူသည်အနက်ဆုံး သော တွင်း ကိုဖွင့် လျှင် ၊ ကြီးစွာ သော မီးဖို ၏ အခိုး ကဲ့သို့သော အခိုး သည် တွင်း ထဲက တက် လေ၏။ ထိုတွင်း ၏ မီးခိုး ကြောင့် ၊ နေ နှင့် အာကာသ ကောင်းကင်သည် မှောင်မိုက် လေ၏။ (Abyssos g12)
သူ​သည်​တွင်း​နက်​ကြီး​ကို​ဖွင့်​လိုက်​သော​အ​ခါ မီး​ခိုး​သည်​မီး​ဖို​ကြီး​မှ​ထွက်​သည့်​အ​လား ထွက်​လာ​လေ​သည်။ ထို​မီး​ခိုး​ကြောင့်​နေ​နှင့် အာ​ကာ​သ​ကောင်း​ကင်​သည်​မှောင်​မဲ​၍​သွား​၏။- (Abyssos g12)
3 ကျိုင်းကောင် တို့သည် မီးခိုး အထဲ ကမြေကြီး အပေါ်သို့ ထွက် ၍ မြေ ကင်းမြီးကောက် တန်ခိုး ကဲ့သို့သော တန်ခိုး ကိုရ ကြ၏။
ထို​မီး​ခိုး​ထဲ​မှ​ကျိုင်း​ကောင်​များ​ထွက်​လာ​ပြီး လျှင် ကမ္ဘာ​မြေ​ကြီး​ပေါ်​သို့​ကျ​ကုန်​၏။ သူ​တို့ မှာ​ကင်း​မြီး​ကောက်​များ​ကဲ့​သို့​တန်​ခိုး​ရှိ ကြ​၏။-
4 မြေ ၏မြက်ပင် မှစ၍ စိမ်း သောအရာများ၊ သစ်ပင် များအပေါင်း တို့ကို ထား၍၊ နဖူး ၌ ဘုရားသခင် တံဆိပ် ခတ်ခြင်းကို မ ခံ သော လူ တို့ကိုညှဉ်းဆဲ မည် အကြောင်း သူ တို့အား ပညတ် ထား၏။
သူ​တို့​သည်​မြက်​များ​နှင့်​အ​ခြား​စိမ်း​လန်း​သည့် အ​ပင်​ကြီး​ငယ်​တို့​ကို​ဘေး​ဥ​ပဒ်​ပြု​ပိုင်​ခွင့်​မ​ရှိ။ န​ဖူး​တွင်​ဘု​ရား​သ​ခင်​၏​တံ​ဆိပ်​တော်​မ​ပါ သည့်​လူ​တို့​ကို​သာ​လျှင်​ဘေး​ဥ​ပဒ်​ပြု​ပိုင်​ခွင့် ရှိ​ကြ​၏။-
5 တံဆိပ်ခတ်ခြင်းကို မခံသောသူတို့ကိုကား သတ်ရသောအခွင့်မရှိ။ ငါး လ ပတ်လုံးပြင်းစွာ သော ဝေဒနာ ဖြစ်စေသော အခွင့်ရှိ၏။ ထိုကျိုင်းကောင်ဖြစ်စေသော ဝေဒနာသည်ကား၊ ကင်းမြီးကောက် သည် လူ ကိုထိုး သော ဝေဒနာ ကဲ့သို့ ဖြစ်သတည်း။
ထို​သူ​တို့​အား​အ​သေ​သတ်​ပိုင်​ခွင့်​မ​ရှိ။ ငါး​လ​မျှ သာ​လျှင်​ညှဉ်း​ဆဲ​ပိုင်​ခွင့်​ရှိ​၏။ ကျိုင်း​ကောင်​အ​ကိုက် ခံ​ရ​သူ​တို့​သည်​ကင်း​မြီး​ကောက်​အ​ကိုက်​ခံ​ရ သ​ကဲ့​သို့​နာ​ကျင်​စွာ​ဝေ​ဒ​နာ​ခံ​ရ​ကြ​လိမ့် မည်။-
6 ထို နေ့ရက် ကာလ၌ လူ တို့သည် သေ ခြင်းကို ရှာ ကြလိမ့်မည်။ ရှာသော်လည်းမ တွေ့ ရကြ။ အလွန် သေ ချင် သော်လည်း သေမင်း သည် သူ တို့ထံမှ ပြေးသွား လိမ့်မည်။
ထို​ငါး​လ​အ​တွင်း​လူ​တို့​သည်​သေ​မင်း​ကို​ရှာ ကြ​လိမ့်​မည်။ ရှာ​သော်​လည်း​မ​တွေ့​ရ​ကြ။ သေ​ရန် တောင့်​တ​ကြ​သော်​လည်း​သေ​မင်း​သည်​သူ​တို့ အား​တိမ်း​ရှောင်​၍​သွား​လိမ့်​မည်။
7 ထိုကျိုင်းကောင် တို့၏ အဆင်း သဏ္ဌာန်သည် စစ်တိုက် ခြင်းငှာ ပြင်ဆင် သောမြင်း ၏ အဆင်းသဏ္ဌာန် နှင့် တူ၏။ ခေါင်း ပေါ် မှရွှေ သရဖူ ကို ဆောင်းဟန်ရှိ၏။ မျက်နှာ သည်လူ မျက်နှာ ကဲ့သို့ ဖြစ်၏။
ထို​ကျိုင်း​ကောင်​တို့​သည်​စစ်​ပွဲ​ဝင်​ရန် အ​သင့်​ပြင် လျက်​နေ​သော​မြင်း​များ​နှင့်​တူ​ကြ​၏။ သူ​တို့​၏ ဦး​ခေါင်း​ပေါ်​မှာ​ရွှေ​သ​ရ​ဖူ​ဆောင်း​ထား​သည် နှင့်​တူ​၏။ သူ​တို့​၏​မျက်​နှာ​သည်​လူ​မျက်​နှာ နှင့်​တူ​၏။-
8 ဆံပင် သည်မိန်းမ ဆံပင် ကဲ့သို့ ဖြစ် ၏။ သွား သည်လည်း ခြင်္သေ့ သွားကဲ့သို့ ဖြစ် ၏။
သူ​တို့​သည်​အ​မျိုး​သ​မီး​များ​၏​ဆံ​ပင်​နှင့်​တူ သော​ခေါင်း​မွေး​များ​ရှိ​၏။ သူ​တို့​၏​သွား​သည် ခြင်္သေ့​သွား​နှင့်​တူ​၏။-
9 ရင်အုပ် တန်ဆာသည် သံ ရင်အုပ် တန်ဆာကဲ့သို့ ဖြစ် ၏။ အတောင် ခတ်သော အသံ သည် စစ်တိုက် ၍ ပြေးလာ သော မြင်း ရထား အများ ၏ အသံ ကဲ့သို့ ဖြစ်၏။
သူ​တို့​၏​ရင်​အုပ်​တွင်​သံ​ရင်​အုပ်​တန်​ဆာ​တပ် ဆင်​ထား​သည်​နှင့်​တူ​၏။ သူ​တို့​၏​အ​တောင်​ခပ် သံ​သည်​စစ်​ပွဲ​ဝင်​ရန်​မောင်း​နှင်​လာ​သော​မြင်း ရ​ထား​များ​၏​အ​သံ​နှင့်​တူ​၏။-
10 ၁၀ အမြီး သည် ကင်းမြီးကောက် နှင့် တူ ၏။ အမြီး ၌ လည်း ဆူး ရှိ၏။ လူ တို့ကို ငါး လ ပတ်လုံးညှဉ်းဆဲ ရသော အခွင့် တန်ခိုးရှိ၏။
၁၀သူ​တို့​၏​အ​မြီး​သည်​ကင်း​မြီး​ကောက်​၏​အ​မြီး နှင့်​တူ​၍​ဆူး​ရှိ​၏။ သူ​တို့​အ​မြီး​တွင်​လူ​တို့​အား ငါး​လ​တိုင်​တိုင်​ဘေး​ဥ​ပဒ်​ရောက်​စေ​နိုင်​သော တန်​ခိုး​ရှိ​၏။
11 ၁၁ သူ တို့၏ ရှင်ဘုရင် မူကား ၊ ဟေဗြဲ ဘာသာအားဖြင့်အဗဒ္ဒုန် ဟူ၍၎င်း၊ ဟေလသ ဘာသာအားဖြင့် အပေါလျုန် ဟူ၍၎င်း ခေါ်ဝေါ် သော အနက်ဆုံး သောတွင်း တမန် ဖြစ် ၏။ (Abyssos g12)
၁၁သူ​တို့​၏​ဘု​ရင်​ကား​တွင်း​နက်​ကြီး​၏​ကောင်း​ကင် တ​မန်​ဖြစ်​၏။ သူ​၏​နာ​မည်​မှာ​ဟေ​ဗြဲ​ဘာ​သာ စ​ကား​အား​ဖြင့် အ​ဗ​န္ဒုန်​ဟူ​၍​လည်း​ကောင်း၊ ဂ​ရိ​ဘာ​သာ​အား​ဖြင့်​အ​ပေါ​လျုန်​ဟူ​၍​လည်း ကောင်း​ဖြစ်​၏။ (အ​ပေါ​လျုန်​၏​အ​နက်​မှာ``ဖျက် ဆီး​သူ'' ဟူ​၍​ဖြစ်​သ​တည်း။) (Abyssos g12)
12 ၁၂ အမင်္ဂလာ တစ်ပါး လွန် ပြီ။ ထိုနောက်မှ အမင်္ဂလာ နှစ် ပါးလာ လေဦး မည်။
၁၂အမင်္ဂ​လာ​တစ်​ပါး​ကုန်​လွန်​သွား​လေ​ပြီ။ ထို​နောက် မှ​အမင်္ဂ​လာ​နှစ်​ပါး​လာ​ဦး​မည်။
13 ၁၃ ဆဋ္ဌမ ကောင်းကင်တမန် သည် တံပိုး မှုတ်သောအခါ ၊ ဘုရားသခင် ရှေ့ တော်၌ရှိသော ရွှေ ယဇ်ပလ္လင် ၏ ချို လေး ချောင်းထဲက ထွက်သော အသံ ကား၊
၁၃ထို​နောက်​ဆ​ဋ္ဌ​မ​ကောင်း​ကင်​တ​မန်​တံ​ပိုး​ခ​ရာ မှုတ်​လိုက်​သော​အ​ခါ ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌ ရှိ​သော​ရွှေ​ယဇ်​ပလ္လင်​၏​ထောင့်​လေး​ထောင့်​မှ​ထွက် လာ​သော​အ​သံ​ကို​ငါ​ကြား​ရ​၏။-
14 ၁၄ ဥဖရတ် မြစ် ကြီး နား မှာ ချည်နှောင် လျက်ရှိသော ကောင်းကင်တမန် လေး ပါးကို လွှတ် လော့ဟု တံပိုး ရှိ သော ဆဌမ ကောင်းကင်တမန် အား ဆို သည်ကို ငါကြား ၏။
၁၄ထို​အ​သံ​က​ဆ​ဋ္ဌ​မ​ကောင်း​ကင်​တ​မန်​အား``ဥ ဖ​ရတ်​မြစ်​ကြီး​အ​နီး​မှာ​ချည်​နှောင်​ထား​သော ကောင်း​ကင်​တ​မန်​လေး​ပါး​ကို​ဖြေ​လွှတ်​လော့'' ဟု​ဆို​၏။-
15 ၁၅ ထိုအခါ လူ သုံးစု တစ်စုကို အသေ သတ်ခြင်းငှာ ။ တစ်နာရီ ၊ တစ်ရက် ၊ တစ်လ ၊ တစ်နှစ် အဘို့ ပြင်ဆင် သော ကောင်းကင်တမန် လေး ပါးတို့ကို လွှတ် လေ၏။
၁၅ထို​ကောင်း​ကင်​တ​မန်​လေး​ပါး​တို့​သည်​အ​နှောင် အ​ဖွဲ့​မှ​လွတ်​မြောက်​၍​သွား​ကြ​၏။ သူ​တို့​သည် ဤ​မည်​သော​နှစ်၊ လ၊ နေ့​ရက်၊ အ​ချိန်​နာ​ရီ​၌​ကမ္ဘာ ၏​လူ​ဦး​ရေ​သုံး​ပုံ​တစ်​ပုံ​ကို​သုတ်​သင်​ပစ်​ရန် အ​တွက်​အ​သင့်​ရှိ​နေ​သူ​များ​ဖြစ်​ကြ​၏။-
16 ၁၆ မြင်း စီးသူရဲ တို့၏ အရေအတွက် ကား ၊ နှစ်သင်္ချေဖြစ်၏။ ထို အရေအတွက် ကို ငါကြား ရ၏။
၁၆မြင်း​စီး​သူ​ရဲ​များ​၏​အ​ရေ​အ​တွက်​မှာ​ကု​ဋေ နှစ်​ဆယ်​ရှိ​ကြောင်း​ကို​ငါ​ကြား​သိ​ရ​၏။-
17 ၁၇ ထိုအတူ ဗျာဒိတ် ရူပါရုံ၌ ထင်ရှားသော မြင်း တို့ကို၎င်း၊ ကန့် ၊ မီး ၊ ဝှာကိန္သုကျောက်နှင့်ပြီးသော ရင်အုပ် တန်ဆာရှိ သောမြင်းစီး သူရဲ တို့ကို၎င်း ငါမြင် ရ၏။ မြင်း တို့၏ ခေါင်း သည်ခြင်္သေ့ ခေါင်း ကဲ့သို့ ဖြစ်၏။ သူ တို့၏ ခံတွင်း ထဲက လည်း ကန့် ၊ မီးလျှံ ၊ မီးခိုး ထွက် ကြ၏။
၁၇ဗျာ​ဒိတ်​ရူ​ပါ​ရုံ​၌​မြင်း​စီး​သူ​ရဲ​များ​သည်​ကန့် ရောင်၊ အ​ပြာ​ရောင်၊ မီး​လျှံ​ရောင်​ရှိ​သော​ရင်​အုပ် တန်​ဆာ​များ​ကို​ဝတ်​ဆင်​ထား​ကြ​သည်​ကို​ငါ မြင်​ရ​၏။ မြင်း​တို့​၏​ဦး​ခေါင်း​များ​သည်​ခြင်္သေ့ ဦး​ခေါင်း​များ​နှင့်​တူ​၏။ သူ​တို့​၏​ခံ​တွင်း​မှ​မီး လျှံ၊ မီး​ခိုး၊ ကန့်​များ​ထွက်​လာ​၏။-
18 ၁၈ သူ တို့၏ခံတွင်း ထဲက ထွက် သော ကန့် ၊ မီးလျှံ ၊ မီးခိုး တည်းဟူသောဘေး သုံး ပါးကြောင့် ၊ လူ သုံးစုတစု သေ ကြ၏။
၁၈ယင်း​သို့​ခံ​တွင်း​မှ​ထွက်​သည့်​မီး​လျှံ၊ မီး​ခိုး၊ ကန့်​တည်း​ဟူ​သော​ဘေး​သုံး​ပါး​ကြောင့်​ကမ္ဘာ လူ​ဦး​ရေ​သုံး​ပုံ​တစ်​ပုံ​သေ​ကြ​ကုန်​၏။-
19 ၁၉ အကြောင်းမူကား ၊ သူ တို့တန်ခိုး သည် ခံတွင်း ၌ ၎င်း ၊ အမြီး ၌ ၎င်းတည် ၏။ အမြီး သည် ခေါင်း နှင့် ပြည့်စုံ ၍ မြွေ နှင့်တူ ၏ ။အမြီးအားဖြင့် ညှင်းဆဲ တတ်ကြ၏။
၁၉မြင်း​တို့​၏​တန်​ခိုး​စွမ်း​ရည်​သည်​သူ​တို့​၏​ခံ​တွင်း နှင့်​အ​မြီး​တွင်​ရှိ​၏။ သူ​တို့​၏​အ​မြီး​များ​သည် မြွေ​များ​နှင့်​တူ​၏။ ထို​အ​မြီး​များ​တွင်​ဦး​ခေါင်း များ​ပေါက်​လျက်​ယင်း​အ​မြီး​များ​ဖြင့်​လူ​တို့ အား​အန္တ​ရာယ်​ပြု​ကြ​၏။
20 ၂၀ ထို ဘေးဒဏ် ကြောင့် မ သေ ဘဲကြွင်း သော လူ တို့သည် နတ် တို့ကို၎င်း၊ မ မြင် နိုင် ၊ မ ကြား နိုင်၊ မ သွားလာ နိုင်သောရွှေ ရုပ်တု ၊ ငွေ ရုပ်တု၊ ကြေးနီ ရုပ်တု၊ ကျောက် ရုပ်တု၊ သစ်သား ရုပ်တုတို့ကို၎င်း မ ကိုးကွယ် ဘဲ နေခြင်းငှာ ၊ ကိုယ် လက် နှင့် လုပ် သော အရာများကို နောင်တ မ ရဘဲနေကြ၏။
၂၀ဤ​ဘေး​ဒဏ်​ဖြင့်​မ​သေ​ဘဲ​ကျန်​ရှိ​နေ​သော​သူ​တို့ သည်​နောင်​တ​မ​ရ​ကြ။ မိ​မိ​တို့​လက်​ဖြင့်​ပြု​လုပ် သည့်​ဘု​ရား​များ​ကို​မ​စွန့်​လွှတ်​ကြ။ နတ်​မိစ္ဆာ များ​ကို​လည်း​ကောင်း၊ မျက်​စိ​မ​မြင်၊ နား​မ​ကြား၊ မ​လှုပ်​မ​ရှား​နိုင်​သော​ရွှေ၊ ငွေ၊ ကြေး၊ ကျောက်၊ သစ် သား​စ​သည်​ဖြင့်​ပြီး​သော​ရုပ်​တု​များ​ကို​လည်း ကောင်း​ကိုး​ကွယ်​လျက်​ပင်​ရှိ​နေ​ကြ​သေး​၏။-
21 ၂၁ ကိုယ်ကျင့်သော အကျင့်တည်းဟူသောလူ အသက်ကို သတ်ခြင်း၊ သူတစ်ပါး ကိုပြုစား ခြင်း ၊ မတရား သောမေထုန်၌မှီဝဲခြင်း ၊ သူ့ ဥစ္စာ ကိုခိုးခြင်း ၊ အမှုများကို လည်း နောင်တ မ ရဘဲနေကြ၏။
၂၁လူ​အ​သက်​ကို​သတ်​ခြင်း၊ စုန်း​နတ်​ပြု​စား​ခြင်း၊ ကာ​မ​ဂုဏ်​လိုက်​စား​ခြင်း၊ သူ့​ဥစ္စာ​ခိုး​ခြင်း အ​ပြစ်​များ​အ​တွက်​လည်း​နောင်​တ​မ​ရ​ကြ။

< ဗျာဒိတ်ကျမ်း 9 >