< ဗျာဒိတ်ကျမ်း 7 >

1 ထို နောက်မှ မြေကြီး ၊ ပင်လယ် ၊ သစ်ပင် များ တို့၌ လေ မ လာ စေခြင်းငှာ ၊ ကောင်းကင်တမန် လေး ပါးတို့သည် မြေ ၏ လေး မျက်နှာလေ တို့ကိုကိုင် ၍၊ မြေ လေး မျက်နှာ ၌ ရပ် နေသည်ကို ငါမြင် ၏။
And after these things, I saw four angels standing at the four corners of the earth, holding the four winds of the earth, that the wind might not blow upon the earth, nor upon the sea, nor upon any tree.
2 အသက် ရှင်တော်မူသော ဘုရားသခင် ၏ တံဆိပ် ပါ သော ကောင်းကင်တမန် တစ်ပါး သည် အရှေ့ မျက်နှာ က တက်လာ သည်ကို ငါမြင် ၏။ သူသည်လည်း မြေ နှင့် ပင်လယ် ကိုညှင်းဆဲ ရသောအခွင့် ရှိသော ကောင်းကင်တမန် လေး ပါးကိုအသံ လွှင့် ၍၊
And I saw another angel which ascended from the east, having the seal of the living God: and he cried with a loud voice to the four angels, to whom it was given to hurt the earth and the sea,
3 ငါ တို့ဘုရားသခင် ၏ ကျွန် တို့ကိုနဖူး ၌ တံဆိပ် မ ခတ်မှီ တိုင်အောင်၊ မြေ ၊ ပင်လယ် ၊ သစ်ပင် တို့ကို မ ညှင်းဆဲ ပါနှင့်ဟုကြီးသောအသံနှင့် ကြွေးကြော် လေ၏။
saying, Hurt not the earth, nor the sea, nor the trees, till we have sealed the servants of our God on their foreheads.
4 တံဆိပ် ခတ်ခြင်းကိုခံရသောသူ အရေအတွက် ကို ငါကြား ၍ ၊ ဣသရေလ အမျိုးသား တို့၌ အသီးသီး သော အမျိုးအနွယ် ထဲက လူတစ်သိန်း လေးသောင်းလေးထောင်တို့သည် တံဆိပ် ခတ်ခြင်းကိုခံရကြ၏။
And I heard the number of those that were sealed; and there were an hundred forty and four thousand sealed out of all the tribes of the children of Israel.
5 ယုဒ အမျိုး ထဲက တစ်သောင်း နှစ်ထောင်၊ ရုဗင် အမျိုး ထဲက တစ်သောင်း နှစ်ထောင်၊ ဂဒ် အမျိုး ထဲက တစ်သောင်း နှစ်ထောင်။
Of the tribe of Judah were sealed twelve thousand: of the tribe of Reuben were sealed twelve thousand: of the tribe of Gad were sealed twelve thousand:
6 အာရှာ အမျိုး ထဲက တစ်သောင်း နှစ်ထောင်၊ နဿလိ အမျိုး ထဲက တစ်သောင်း နှစ်ထောင်၊ မနာရှေ အမျိုး ထဲက တစ်သောင်း နှစ်ထောင်၊
of the tribe of Aser were sealed twelve thousand: of the tribe of Nephthalim were sealed twelve thousand: of the tribe of Manasseh were sealed twelve thousand:
7 ရှိမောင် အမျိုး ထဲက တစ်သောင်း နှစ်ထောင်၊ လေဝိ အမျိုး ထဲက တစ်သောင်း နှစ်ထောင်၊ ဣသခါ အမျိုး ထဲက တစ်သောင်း နှစ်ထောင်၊
of the tribe of Simeon were sealed twelve thousand: of the tribe of Levi were sealed twelve thousand: of the tribe of Issachar were sealed twelve thousand:
8 ဇာဗုလုန် အမျိုး ထဲက တစ်သောင်း နှစ်ထောင်၊ ယောသပ် အမျိုး ထဲက တစ်သောင်း နှစ်ထောင်၊ ဗင်္ယာမိန် အမျိုး ထဲက တစ်သောင်း နှစ်ထောင်တို့သည် တံဆိပ် ခတ် ခြင်းကိုခံရကြ၏။
of the tribe of Zabulon were sealed twelve thousand: of the tribe of Joseph were sealed twelve thousand: of the tribe of Benjamin were sealed twelve thousand.
9 ထို့နောက်မှ ငါကြည့် လျှင်၊ အသီးအသီးဘာသာ စကားကို ပြောသော လူ အမျိုးအနွယ် ခပ်သိမ်း တို့ အထဲ မှထွက်၍၊ အဘယ်သူ မျှ မရေတွက် နိုင် သော လူ များ အပေါင်းတို့သည် ဖြူ သော ဝတ်လုံ ကို ဝတ်ဆင် လျက်၊ စွန်ပလွံ ခက်ကိုကိုင် လျက်၊ ပလ္လင် တော်ရှေ့ ၊ သိုးသူငယ် ရှေ့ မှာရပ် နေကြ၏။
After this I beheld, and lo, a great multitude, which no one could number, out of all nations, and tribes, and people, and languages, standing before the throne and before the Lamb, clothed in white robes, and with palms in their hands;
10 ၁၀ သူတို့ကလည်း ၊ ပလ္လင် ပေါ်မှာ ထိုင် တော်မူသော ငါ တို့၏ ဘုရားသခင် နှင့် သိုးသူငယ် သည် ကယ်တင် တော်မူခြင်းချမ်းသာရှိတော်မူစေသတည်းဟု ကြီး သော အသံ နှင့်ကြွေးကြော် ကြ၏။
and crying with a loud voice, saying, Salvation be ascribed to our God, who sitteth upon the throne, and to the Lamb.
11 ၁၁ ပလ္လင် တော်မှစသော အသက်ကြီး သူ တို့နှင့် သတ္တဝါ လေး ပါး၏ ပတ်ဝန်းကျင် ၌ ရပ် နေသော ကောင်းကင်တမန် အပေါင်း တို့သည်၊ ပလ္လင် တော်ရှေ့ မှာ ပြပ်ဝပ် ၍ ဘုရားသခင် ကို ကိုးကွယ် လျက် ၊
And all the angels stood round the throne, and round the elders, and the four animate beings; and fell on their faces before the throne, and worshipped God, saying, Amen:
12 ၁၂ အာမင် ။ ငါ တို့၏ ဘုရားသခင် သည် ကမ္ဘာ အဆက်ဆက်ကောင်းကြီး မင်္ဂလာ၊ ဘုန်း ၊ ပညာ နှင့်တကွ ကျေးဇူး ချီးမွမ်းခြင်း၊ ဂုဏ် အသရေ၊ တန်ခိုး သတ္တိ ရှိတော်မူစေသတည်း။ အာမင် ဟုပြောဆို ကြ၏။ (aiōn g165)
Blessing, and glory, and wisdom, and thanksgiving, and honor, and power, and strength be ascribed to our God for ever and ever. Amen. (aiōn g165)
13 ၁၃ အသက်ကြီး သူ တစ်ပါး က လည်း ၊ ဖြူ သော ဝတ်လုံ ကို ဝတ်ဆင် သော ဤ သူ တို့သည် အဘယ်သူ နည်း။ အဘယ် အရပ်က လာ ကြသနည်းဟု ငါ အားမေးမြန်း လျှင်၊
And one of the elders said unto me, Who are these that are clothed in white robes, and from whence did they come?
14 ၁၄ ငါ က၊ သခင် ၊ ကိုယ်တော် သိ ပါ၏ဟု ပြန် လျှောက်၏။ သူကလည်း ၊ ဤ သူတို့သည် ကြီးစွာ သော ဆင်းရဲ ဒုက္ခအထဲ ကထွက်မြောက် ၍၊ မိမိ တို့ဝတ်လုံ ကို သိုးသူငယ် ၏ အသွေး ၌ လျှော် ၍ ဖြူ စေသော သူဖြစ် ကြ သတည်း။
And I said unto him, Sir, thou knowest. And he said to me, These are they who come out of great affliction, and have washed their robes, and made them white in the blood of the Lamb.
15 ၁၅ ထိုကြောင့် ၊ ဘုရားသခင် ၏ ပလ္လင် တော်ရှေ့ မှာ နေရာကိုရ ၍၊ ဗိမာန် တော်၌ ဘုရား ဝတ်ကိုနေ့ ညဉ့် မပြတ်ပြုရကြ၏။ ပလ္လင် ပေါ်မှာ ထိုင် တော်မူသော သူ သည် သူ တို့တွင် ကျိန်းဝပ် တော်မူမည်။
Therefore they are before the throne of God, and serve Him day and night in his temple: and He that sitteth upon the throne shall dwell among them.
16 ၁၆ သူတို့သည် နောက် တဖန် ရေ စာကို မ ငတ်မွတ်ရ ကြ။ နေရောင်ခြည် အလျှင်းမ ထိ ရ။ အဘယ် အပူ ကိုမျှ မခံရကြ။
They shall hunger no more, nor thirst any more, nor shall the sun nor any violent heat fall upon them.
17 ၁၇ အကြောင်းမူကား ၊ ပလ္လင် တော်အတွင်း ၌ ရှိသောသိုးသူငယ် သည် သူ တို့ကို လုပ်ကျွေး ၍ ၊ အသက် စမ်း ရေ တွင်း သို့ လမ်းပြ လိမ့်မည်။ ဘုရားသခင် သည်လည်း သူ တို့မျက်စိ ၌ မျက်ရည် ရှိသမျှ တို့ကို သုတ် တော်မူမည်ဟုဆို လေ၏။
For the Lamb, that is in the midst of the throne, shall feed them, and shall lead them to fountains of living waters: and God will wipe off every tear from their eyes.

< ဗျာဒိတ်ကျမ်း 7 >