< ဗျာဒိတ်ကျမ်း 7 >
1 ၁ ထို နောက်မှ မြေကြီး ၊ ပင်လယ် ၊ သစ်ပင် များ တို့၌ လေ မ လာ စေခြင်းငှာ ၊ ကောင်းကင်တမန် လေး ပါးတို့သည် မြေ ၏ လေး မျက်နှာလေ တို့ကိုကိုင် ၍၊ မြေ လေး မျက်နှာ ၌ ရပ် နေသည်ကို ငါမြင် ၏။
And after this, I saw four angels standing on the four corners of the earth, holding the four winds of the earth, that no wind should blow on the earth, nor on the sea, nor on any tree.
2 ၂ အသက် ရှင်တော်မူသော ဘုရားသခင် ၏ တံဆိပ် ပါ သော ကောင်းကင်တမန် တစ်ပါး သည် အရှေ့ မျက်နှာ က တက်လာ သည်ကို ငါမြင် ၏။ သူသည်လည်း မြေ နှင့် ပင်လယ် ကိုညှင်းဆဲ ရသောအခွင့် ရှိသော ကောင်းကင်တမန် လေး ပါးကိုအသံ လွှင့် ၍၊
And I saw another angel coming up from the rising of the sun, having the seal of the living God; and he cried with a loud voice to the four angels, to whom it was given to hurt the earth and the sea,
3 ၃ ငါ တို့ဘုရားသခင် ၏ ကျွန် တို့ကိုနဖူး ၌ တံဆိပ် မ ခတ်မှီ တိုင်အောင်၊ မြေ ၊ ပင်လယ် ၊ သစ်ပင် တို့ကို မ ညှင်းဆဲ ပါနှင့်ဟုကြီးသောအသံနှင့် ကြွေးကြော် လေ၏။
saying, Hurt not the earth, nor the sea, nor the trees, till we have sealed the servants of our God on their foreheads.
4 ၄ တံဆိပ် ခတ်ခြင်းကိုခံရသောသူ အရေအတွက် ကို ငါကြား ၍ ၊ ဣသရေလ အမျိုးသား တို့၌ အသီးသီး သော အမျိုးအနွယ် ထဲက လူတစ်သိန်း လေးသောင်းလေးထောင်တို့သည် တံဆိပ် ခတ်ခြင်းကိုခံရကြ၏။
And I heard the number of the sealed. A hundred and forty-four thousand were sealed out of all the tribes of the sons of Israel.
5 ၅ ယုဒ အမျိုး ထဲက တစ်သောင်း နှစ်ထောင်၊ ရုဗင် အမျိုး ထဲက တစ်သောင်း နှစ်ထောင်၊ ဂဒ် အမျိုး ထဲက တစ်သောင်း နှစ်ထောင်။
Out of the tribe of Judah were sealed twelve thousand; out of the tribe of Reuben, twelve thousand; out of the tribe of Gad, twelve thousand;
6 ၆ အာရှာ အမျိုး ထဲက တစ်သောင်း နှစ်ထောင်၊ နဿလိ အမျိုး ထဲက တစ်သောင်း နှစ်ထောင်၊ မနာရှေ အမျိုး ထဲက တစ်သောင်း နှစ်ထောင်၊
out of the tribe of Asher, twelve thousand; out of the tribe of Naphtali, twelve thousand; out of the tribe of Manasseh, twelve thousand;
7 ၇ ရှိမောင် အမျိုး ထဲက တစ်သောင်း နှစ်ထောင်၊ လေဝိ အမျိုး ထဲက တစ်သောင်း နှစ်ထောင်၊ ဣသခါ အမျိုး ထဲက တစ်သောင်း နှစ်ထောင်၊
out of the tribe of Simeon, twelve thousand; out of the tribe of Levi, twelve thousand; out of the tribe of Issachar, twelve thousand;
8 ၈ ဇာဗုလုန် အမျိုး ထဲက တစ်သောင်း နှစ်ထောင်၊ ယောသပ် အမျိုး ထဲက တစ်သောင်း နှစ်ထောင်၊ ဗင်္ယာမိန် အမျိုး ထဲက တစ်သောင်း နှစ်ထောင်တို့သည် တံဆိပ် ခတ် ခြင်းကိုခံရကြ၏။
out of the tribe of Zebulun, twelve thousand; out of the tribe of Joseph, twelve thousand; out of the tribe of Benjamin twelve thousand were sealed.
9 ၉ ထို့နောက်မှ ငါကြည့် လျှင်၊ အသီးအသီးဘာသာ စကားကို ပြောသော လူ အမျိုးအနွယ် ခပ်သိမ်း တို့ အထဲ မှထွက်၍၊ အဘယ်သူ မျှ မရေတွက် နိုင် သော လူ များ အပေါင်းတို့သည် ဖြူ သော ဝတ်လုံ ကို ဝတ်ဆင် လျက်၊ စွန်ပလွံ ခက်ကိုကိုင် လျက်၊ ပလ္လင် တော်ရှေ့ ၊ သိုးသူငယ် ရှေ့ မှာရပ် နေကြ၏။
After these things I saw, and lo! a great multitude, which no one could number, out of every nation and all tribes and peoples and tongues, standing before the throne and before the Lamb, clothed in white robes, and palms in their hands.
10 ၁၀ သူတို့ကလည်း ၊ ပလ္လင် ပေါ်မှာ ထိုင် တော်မူသော ငါ တို့၏ ဘုရားသခင် နှင့် သိုးသူငယ် သည် ကယ်တင် တော်မူခြင်းချမ်းသာရှိတော်မူစေသတည်းဟု ကြီး သော အသံ နှင့်ကြွေးကြော် ကြ၏။
And they cry with a loud voice, saying, Salvation to our God who sitteth upon the throne, and to the Lamb.
11 ၁၁ ပလ္လင် တော်မှစသော အသက်ကြီး သူ တို့နှင့် သတ္တဝါ လေး ပါး၏ ပတ်ဝန်းကျင် ၌ ရပ် နေသော ကောင်းကင်တမန် အပေါင်း တို့သည်၊ ပလ္လင် တော်ရှေ့ မှာ ပြပ်ဝပ် ၍ ဘုရားသခင် ကို ကိုးကွယ် လျက် ၊
And all the angels were standing around the throne and the elders and the four living creatures, and they fell before the throne on their faces, and worshipped God,
12 ၁၂ အာမင် ။ ငါ တို့၏ ဘုရားသခင် သည် ကမ္ဘာ အဆက်ဆက်ကောင်းကြီး မင်္ဂလာ၊ ဘုန်း ၊ ပညာ နှင့်တကွ ကျေးဇူး ချီးမွမ်းခြင်း၊ ဂုဏ် အသရေ၊ တန်ခိုး သတ္တိ ရှိတော်မူစေသတည်း။ အာမင် ဟုပြောဆို ကြ၏။ (aiōn )
saying, Amen; the blessing, and the glory, and the wisdom, and the thanksgiving, and the honor, and the power, and the might, be to our God, for ever and ever. (aiōn )
13 ၁၃ အသက်ကြီး သူ တစ်ပါး က လည်း ၊ ဖြူ သော ဝတ်လုံ ကို ဝတ်ဆင် သော ဤ သူ တို့သည် အဘယ်သူ နည်း။ အဘယ် အရပ်က လာ ကြသနည်းဟု ငါ အားမေးမြန်း လျှင်၊
And one of the elders answered, saying to me, These who are clothed in the white robes, who are they, and whence came they?
14 ၁၄ ငါ က၊ သခင် ၊ ကိုယ်တော် သိ ပါ၏ဟု ပြန် လျှောက်၏။ သူကလည်း ၊ ဤ သူတို့သည် ကြီးစွာ သော ဆင်းရဲ ဒုက္ခအထဲ ကထွက်မြောက် ၍၊ မိမိ တို့ဝတ်လုံ ကို သိုးသူငယ် ၏ အသွေး ၌ လျှော် ၍ ဖြူ စေသော သူဖြစ် ကြ သတည်း။
And I said to him, My lord, thou knowest. And he said to me, These are they who come out of the great tribulation, and they washed their robes and made them white in the blood of the Lamb.
15 ၁၅ ထိုကြောင့် ၊ ဘုရားသခင် ၏ ပလ္လင် တော်ရှေ့ မှာ နေရာကိုရ ၍၊ ဗိမာန် တော်၌ ဘုရား ဝတ်ကိုနေ့ ညဉ့် မပြတ်ပြုရကြ၏။ ပလ္လင် ပေါ်မှာ ထိုင် တော်မူသော သူ သည် သူ တို့တွင် ကျိန်းဝပ် တော်မူမည်။
Therefore are they before the throne of God, and serve him day and night in his temple; and he that sitteth on the throne will make his abode with them.
16 ၁၆ သူတို့သည် နောက် တဖန် ရေ စာကို မ ငတ်မွတ်ရ ကြ။ နေရောင်ခြည် အလျှင်းမ ထိ ရ။ အဘယ် အပူ ကိုမျှ မခံရကြ။
They shall hunger no more, nor thirst any more; neither shall the sun fall upon them, nor any burning heat;
17 ၁၇ အကြောင်းမူကား ၊ ပလ္လင် တော်အတွင်း ၌ ရှိသောသိုးသူငယ် သည် သူ တို့ကို လုပ်ကျွေး ၍ ၊ အသက် စမ်း ရေ တွင်း သို့ လမ်းပြ လိမ့်မည်။ ဘုရားသခင် သည်လည်း သူ တို့မျက်စိ ၌ မျက်ရည် ရှိသမျှ တို့ကို သုတ် တော်မူမည်ဟုဆို လေ၏။
for the Lamb who is in the midst before the throne is a shepherd to them, and leadeth them to the fountains of the waters of life; and God will wipe away every tear from their eyes.