< ဗျာဒိတ်ကျမ်း 6 >
1 ၁ သိုးသူငယ် သည် တံဆိပ် ခုနစ် ချက်တွင် တစ် ချက်ကိုဖွင့် သောအခါ ငါကြည့် လျှင် ၊ မိုဃ်းကြိုး သံ မြည် သကဲ့သို့ ၊ သတ္တဝါ လေး ပါးတွင် တစ်ပါး က၊ လာ ၍ ကြည့်လော့ဟု ဆို သည်ကို ငါကြား ၏။
၁ထိုနောက်သိုးသူငယ်တော်သည်ချိပ်တံဆိပ် ခုနစ်ခုအနက်မှ ပထမတံဆိပ်ဖွင့်သည်ကို ငါမြင်၏။ သက်ရှိသတ္တဝါလေးပါးအနက်တစ် ပါးသည်မိုးကြိုးသံနှင့်တူသောအသံဖြင့်``လာ လော့'' ဟုဆိုသည်ကိုငါကြားရ၏။-
2 ၂ ထိုအခါ ငါကြည့် လျှင် ၊ မြင်း ဖြူ တစ်စီးရှိ ၏။ မြင်း စီး သောသူ သည် လေး ကိုကိုင် ၏။ သူ ၌သရဖူ ကို ပေး တော်မူ၏။ အောင်မြင် လျက်၎င်း ၊ အောင်မြင် ခြင်းငှာ ၎င်း ထွက်သွား ၏။
၂ငါကြည့်လိုက်သောအခါမြင်းဖြူတစ်ကောင် ကိုတွေ့ရ၏။ မြင်းစီးသူရဲသည်လေးကိုကိုင် ထား၏။ သရဖူကိုခံယူရရှိထား၏။ သူ သည်အောင်ပွဲခံပြီးသောသူအနေဖြင့်ဆက် လက်အောင်ပွဲခံရန်ထွက်ခွာသွား၏။
3 ၃ ဒုတိယ တံဆိပ် ကိုဖွင့် သောအခါ ၊ ဒုတိယ သတ္တဝါ က၊ လာ ၍ကြည့်လော့ဟုဆို သည်ကို ငါကြား ၏။
၃သိုးသူငယ်တော်သည်ဒုတိယတံဆိပ်ကိုဖွင့် လိုက်သောအခါ ဒုတိယသတ္တဝါက``လာလော့'' ဟုဆိုသည်ကိုငါကြားရ၏။-
4 ၄ ထိုအခါ မြင်း နီ တစ်စီးထွက် ၍၊ စီး သောသူ သည် ငြိမ်ဝပ် ခြင်းကို မြေကြီး က ရုပ်သိမ်း ခြင်းငှာ၎င်း ၊ မြေကြီး သားတို့ကို အချင်းချင်း အသေ သတ်စေခြင်းငှာ ၎င်း အခွင့် ရ၏။ သူ ၌ဓါး ကြီး ကိုပေး တော်မူ၏။
၄ထိုနောက်မြင်းနီတစ်ကောင်ထွက်လာ၏။ လူတို့ သည်အချင်းချင်းတစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်ကြစေရန်မြင်းစီးသူရဲအား ဤ လောကတွင်စစ်မက်ဖြစ်ပွားစေနိုင်သည့်တန်ခိုး ကိုပေးအပ်ထား၏။ ဋ္ဌားကြီးတစ်လက်ကိုသူ့ အားပေးထား၏။
5 ၅ တတိယ တံဆိပ် ကိုဖွင့် သောအခါ ၊ တတိယ သတ္တဝါ က၊ လာ ၍ကြည့်လော့ဟု ဆို သည်ကို ငါကြား ၏။ ထိုအခါ ငါကြည့် လျှင် မြင်း နက် တစ်စီးရှိ ၏။ မြင်း စီး သောသူ သည် ချိန်ခွင် ကိုကိုင် ၏။
၅သိုးသူငယ်တော်သည်တတိယချိပ်တံဆိပ်ကို ဖွင့်လိုက်သောအခါ တတိယသတ္တဝါက``လာလော့'' ဟုဆိုသည်ကိုငါကြားရ၏။ ငါကြည့်လိုက်သော အခါမြင်းနက်တစ်ကောင်ကိုတွေ့ရ၏။ မြင်းစီး သူရဲသည်ချိန်ခွင်ကိုကိုင်ထား၏။-
6 ၆ သတ္တဝါ လေး ပါးအလယ် ၌ ပြောသံ ဟူမူကား၊ ဒေနာရိ တစ်ပြားနှင့် ဂျုံဆန် တစ်ခွက် ကိုရ၏။ မုယော ဆန် သုံး ခွက် ကိုရ၏။ ဆီ နှင့် စပျစ်ရည် ကို မ ပျက် စေနှင့် ဟုဆို သည်ကိုငါကြား ၏။
၆သတ္တဝါလေးပါးတို့အလယ်မှထွက်ပေါ်လာ သည်ဟုထင်ရသောအသံတစ်ခုကိုငါကြား ရ၏။ ထိုအသံက``ဂျုံဆန်တစ်ခွက်ကိုတစ်နေ့ စာလုပ်အားခပေးရ၏။ သို့ရာတွင်သံလွင် ဥယျာဉ်နှင့်စပျစ်ဥယျာဉ်များကိုမဖျက် ဆီးကြနှင့်'' ဟုဆို၏။
7 ၇ စတုတ္ထ တံဆိပ် ကိုဖွင့် သောအခါ ၊ စတုတ္ထ သတ္တဝါ က၊ လာ ၍ ကြည့်လော့ဟုဆို သည်ကို ငါကြား ၏။
၇သိုးသူငယ်တော်သည်စတုတ္ထချိပ်တံဆိပ်ကိုဖွင့် လိုက်သောအခါ စတုတ္ထသတ္တဝါ၏အသံကို ငါကြားရ၏။ ထိုသတ္တဝါက``လာလော့'' ဟု ဆို၏။-
8 ၈ ထိုအခါ ငါကြည့် လျှင် ၊ မြင်း မွဲ တစ်စီးရှိ ၏။ မြင်း စီး သောသူ သည် မရဏာ ဟူသောအမည် ရှိ ၏။ မရဏာ နိုင်ငံသည် ထိုသူ နောက် သို့ လိုက်လေ၏။ သူသည် မြေကြီး လေး စိတ်တစ်စိတ်ကို အစိုးရ ၍ ဓါး ဘေး၊ မွတ်သိပ် ခြင်းဘေး၊ နာ ၍သေဘေး၊ မြေ သားရဲ ဘေးအားဖြင့် သတ် ပိုင် သော အခွင့်ကိုရ ၏။ (Hadēs )
၈ငါကြည့်လိုက်သောအခါမြင်းမွဲတစ်ကောင်ကို တွေ့ရ၏။ မြင်းစီးသူရဲ၏နာမည်မှာသေမင်း ဖြစ်၏။ သူ၏နောက်မှမရဏာနိုင်ငံလိုက်ပါ လာ၏။ သူတို့သည်ကမ္ဘာမြေကြီး၏လေးပုံတစ် ပုံတွင်ရှိသောလူတို့အားဋ္ဌားဘေး၊ ငတ်မွတ် ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေး၊ သားရဲ တိရစ္ဆာန်များ၏ဘေးတို့ဖြင့်သေစေနိုင်သည့် အခွင့်အာဏာကိုရရှိထားကြ၏။ (Hadēs )
9 ၉ ပဉ္စမ တံဆိပ် ကိုဖွင့် သောအခါ ၊ ဘုရားသခင် ၏ နှုတ်ကပတ် တော်ကြောင့် ၎င်း ၊ မိမိတို့သက်သေခံ ချက်ကြောင့် ၎င်း၊ အသေ သတ်ခြင်းကိုခံရသောသူ တို့၏ ဝိညာဉ် များကို ယဇ်ပလ္လင် အောက် ၌ ငါမြင် ၏။
၉သိုးသူငယ်တော်သည်ပဉ္စမချိပ်တံဆိပ်ကိုဖွင့် လိုက်သောအခါ ဘုရားသခင်၏နှုတ်ကပတ် တော်ကိုဟောပြောကြေညာသည့်အတွက်ကြောင့် လည်းကောင်း၊ သစ္စာနှင့်သက်သေခံသည့်အတွက် ကြောင့်လည်းကောင်းအသတ်ခံကြရသူတို့ ၏ဝိညာဉ်များကိုပလ္လင်တော်အောက်တွင်ငါ မြင်ရ၏။-
10 ၁၀ သူတို့ကလည်း ၊ သန့်ရှင်း ဟုတ်မှန် ၍ အစိုးပိုင်တော်မူသောအရှင် ၊ မြေ ပေါ်မှာ နေ သော သူ တို့သည် ငါ တို့အသွေး ကို သွန်းကြသော အပြစ်နှင့်အလျောက် ဒဏ် မ ပေးဘဲ အဘယ်မျှလောက်ကာလပတ်လုံးနေ တော်မူမည်နည်းဟုကြီးမား သော အသံ နှင့် ကြွေးကြော် ကြ၏။
၁၀ထိုဝိညာဉ်များက``သန့်ရှင်းမြင့်မြတ်ဖြောင့်မှန် တော်မူသောအနန္တတန်ခိုးရှင်၊ အကျွန်ုပ်တို့အား သတ်ဖြတ်ခဲ့သည့်အပြစ်အတွက်ကမ္ဘာသူကမ္ဘာ သားတို့အား အဘယ်ကာလတိုင်အောင်တရား စီရင်အပြစ်ဒဏ်မပေးဘဲနေတော်မူမည် နည်း'' ဟုအသံကျယ်စွာဟစ်အော်ကြ၏။-
11 ၁၁ ထိုသူ တို့၌ဖြူ သောဝတ်လုံ ကို ပေး တော်မူ၏။ သူ တို့နည်းတူ အသေ သတ်ခြင်းကိုခံရလတံ့ သော မိမိ လုပ်ဘော် ဆောင်ဘက်ညီအစ်ကို တို့သည် ပြည့်စုံ ခြင်းသို့မ ရောက်မှီ၊ ခဏ ငြိမ်သက် စွာ နေရကြဦး မည်ဟု သူ တို့အားမိန့် တော်မူ၏။
၁၁ထိုသူတို့သည်ဝတ်လုံဖြူတစ်ထည်စီကိုရပြီး လျှင် မိမိတို့နည်းတူအသတ်ခံရကြမည့် အစေခံချင်းနှင့်ညီအစ်ကိုချင်း အရေအတွက် ပြည့်သည့်တိုင်အောင်ခဏငြိမ်သက်စွာနေကြ ရန်အမိန့်ကိုရကြ၏။
12 ၁၂ ဆဋ္ဌမ တံဆိပ် ကိုဖွင့် သောအခါ ငါကြည့် လျှင် ကြီးစွာ သော မြေလှုပ် ခြင်းဖြစ် ၏။ နေ သည်အမွေး ဖြင့် ရက်သောအဝတ် ကြမ်းကဲ့သို့ မည်း ၏။ လ အလုံး သည် အသွေး ကဲ့သို့ ဖြစ် ၏။
၁၂ထိုနောက်သိုးသူငယ်တော်သည်ဆဋ္ဌမချိပ် တံဆိပ်တော်ကိုဖွင့်လေလျှင် မြေငလျင်ပြင်း စွာလှုပ်လေ၏။ နေသည်ဂုံအိတ်ထည်မည်းကဲ့ သို့မည်းနက်လာ၏။ လတစ်ဝန်းလုံးသည် လည်းသွေးကဲ့သို့နီလာ၏။-
13 ၁၃ သင်္ဘော သဖန်းပင်ကို ပြင်းစွာ သော လေ တိုက် လျှင်၊ အချိန် မတန်သော အသီးကြွေ သကဲ့သို့ ၊ ကောင်းကင် ကြယ် တို့သည် မြေ ပေါ်သို့ ကျ ကြ၏။
၁၃ကောင်းကင်ရှိကြယ်များသည်လေပြင်းဒဏ် ကြောင့် အပင်မှကြွေကုန်သောင်္သဘောသဖန်း သီးစိမ်းများကဲ့သို့ကမ္ဘာမြေသို့ကျကုန်၏။
14 ၁၄ မိုဃ်း ကောင်းကင်သည် စာစောင် လိပ် သကဲ့သို့ လွင့် သွား၏။ တောင် များ၊ ကျွန်း များအပေါင်း တို့သည် မိမိ တို့နေရာ အရပ်မှ ရွေ့ ကြ၏။
၁၄မိုးကောင်းကင်သည်စာစောင်ကိုလိပ်သကဲ့သို့ ပျောက်ကွယ်သွား၏။ တောင်များနှင့်ကျွန်းရှိ သမျှသည်မိမိတို့နေရာမှရွေ့သွားကြကုန်၏။-
15 ၁၅ လောကီ ဘုရင် ၊ မှူးမတ် ၊ စစ်သူကြီး ၊ သူဌေး ၊ သူကြွယ်၊ ခွန်အား ကြီးသောသူ မှစ၍ ကျွန် များ၊ လူ လွတ် များအပေါင်း တို့သည် မြေတွင်း ၌ ၎င်း ၊ တောင် ပေါ်မှာရှိသော ကျောက် များ၌ ၎င်း၊ ပုန်းရှောင် လျက်နေ၍၊ ထိုတောင် များ၊ ကျောက် များတို့ကို ခေါ် လျက် ၊
၁၅ထိုအခါလောကီဘုရင်၊ အာဏာပိုင်၊ စစ်သူကြီး၊ သူဌေးသူကြွယ်၊ တန်ခိုးအာဏာရှိသူမှစ၍ ကျွန်နှင့်ကျွန်မဟုတ်သူအပေါင်းတို့သည်လိုဏ် ဂူများ၌လည်းကောင်း၊ တောင်ပေါ်ကျောက်ဆောင် များ၌လည်းကောင်းပုန်းအောင်း၍နေကြ ကုန်၏။-
16 ၁၆ ငါ တို့အပေါ်သို့ ကျ ကြပါ။ ပလ္လင် ပေါ်မှာ ထိုင် တော်မူသောသူ ၏ မျက်နှာ နှင့် သိုးသူငယ် ၏ အမျက် တော်ကို ကွယ်ကာ၍ ၊ ငါ တို့ကိုဖုံးအုပ် ကြပါ။
၁၆ထိုသူတို့ကတောင်များ၊ ကျောက်ဆောင်များ အား``ငါတို့အပေါ်သို့ပြိုကျလျက်ပလ္လင်တော် ပေါ်တွင်စံတော်မူသောအရှင်၏မျက်နှာတော် ကိုမမြင်ရစေရန်နှင့်သိုးသူငယ်တော်၏ အမျက်တော်မသင့်ကြစေရန်ငါတို့အား ဖုံးကွယ်၍ထားကြပါ။-
17 ၁၇ အမျက် တော် ထင်ရှားသောနေ့ ကြီး ရောက် ပါပြီ တကား။ အဘယ်သူ သည် ခံရပ် နိုင် မည်နည်းဟု ပြောဆိုကြ၏။
၁၇ထိုအရှင်တို့၏အမျက်တော်သင့်မည့်နေ့ရက် ကာလကျရောက်လာလေပြီ။ ထိုအမျက်တော် ကိုအဘယ်သူသည်ရပ်ခံနိုင်ပါမည်နည်း'' ဟု ဆိုကြ၏။