< ဗျာဒိတ်ကျမ်း 6 >

1 သိုးသူငယ် သည် တံဆိပ် ခုနစ် ချက်တွင် တစ် ချက်ကိုဖွင့် သောအခါ ငါကြည့် လျှင် ၊ မိုဃ်းကြိုး သံ မြည် သကဲ့သို့ ၊ သတ္တဝါ လေး ပါးတွင် တစ်ပါး က၊ လာ ၍ ကြည့်လော့ဟု ဆို သည်ကို ငါကြား ၏။
And I saw that the Lamb had opened one of the seven seals, and I heard one of the four living creatures, as it were the voice of thunder, saying: Come, and see.
2 ထိုအခါ ငါကြည့် လျှင် ၊ မြင်း ဖြူ တစ်စီးရှိ ၏။ မြင်း စီး သောသူ သည် လေး ကိုကိုင် ၏။ သူ ၌သရဖူ ကို ပေး တော်မူ၏။ အောင်မြင် လျက်၎င်း ၊ အောင်မြင် ခြင်းငှာ ၎င်း ထွက်သွား ၏။
And I saw: and behold a white horse, and he that sat on him had a bow, and there was a crown given him, and he went forth conquering that he might conquer.
3 ဒုတိယ တံဆိပ် ကိုဖွင့် သောအခါ ၊ ဒုတိယ သတ္တဝါ က၊ လာ ၍ကြည့်လော့ဟုဆို သည်ကို ငါကြား ၏။
And when he had opened the second seal, I heard the second living creature, saying: Come, and see.
4 ထိုအခါ မြင်း နီ တစ်စီးထွက် ၍၊ စီး သောသူ သည် ငြိမ်ဝပ် ခြင်းကို မြေကြီး က ရုပ်သိမ်း ခြင်းငှာ၎င်း ၊ မြေကြီး သားတို့ကို အချင်းချင်း အသေ သတ်စေခြင်းငှာ ၎င်း အခွင့် ရ၏။ သူ ၌ဓါး ကြီး ကိုပေး တော်မူ၏။
And there went out another horse that was red: and to him that sat thereon, it was given that he should take peace from the earth, and that they should kill one another, and a great sword was given to him.
5 တတိယ တံဆိပ် ကိုဖွင့် သောအခါ ၊ တတိယ သတ္တဝါ က၊ လာ ၍ကြည့်လော့ဟု ဆို သည်ကို ငါကြား ၏။ ထိုအခါ ငါကြည့် လျှင် မြင်း နက် တစ်စီးရှိ ၏။ မြင်း စီး သောသူ သည် ချိန်ခွင် ကိုကိုင် ၏။
And when he had opened the third seal, I heard the third living creature saying: Come, and see. And behold a black horse, and he that sat on him had a pair of scales in his hand.
6 သတ္တဝါ လေး ပါးအလယ် ၌ ပြောသံ ဟူမူကား၊ ဒေနာရိ တစ်ပြားနှင့် ဂျုံဆန် တစ်ခွက် ကိုရ၏။ မုယော ဆန် သုံး ခွက် ကိုရ၏။ ဆီ နှင့် စပျစ်ရည် ကို မ ပျက် စေနှင့် ဟုဆို သည်ကိုငါကြား ၏။
And I heard as it were a voice in the midst of the four living creatures, saying: Two pounds of wheat for a penny, and thrice two pounds of barley for a penny, and see thou hurt not the wine and the oil.
7 စတုတ္ထ တံဆိပ် ကိုဖွင့် သောအခါ ၊ စတုတ္ထ သတ္တဝါ က၊ လာ ၍ ကြည့်လော့ဟုဆို သည်ကို ငါကြား ၏။
And when he had opened the fourth seal, I heard the voice of the fourth living creature, saying: Come, and see.
8 ထိုအခါ ငါကြည့် လျှင် ၊ မြင်း မွဲ တစ်စီးရှိ ၏။ မြင်း စီး သောသူ သည် မရဏာ ဟူသောအမည် ရှိ ၏။ မရဏာ နိုင်ငံသည် ထိုသူ နောက် သို့ လိုက်လေ၏။ သူသည် မြေကြီး လေး စိတ်တစ်စိတ်ကို အစိုးရ ၍ ဓါး ဘေး၊ မွတ်သိပ် ခြင်းဘေး၊ နာ ၍သေဘေး၊ မြေ သားရဲ ဘေးအားဖြင့် သတ် ပိုင် သော အခွင့်ကိုရ ၏။ (Hadēs g86)
And behold a pale horse, and he that sat upon him, his name was Death, and hell followed him. And power was given to him over the four parts of the earth, to kill with sword, with famine, and with death, and with the beasts of the earth. (Hadēs g86)
9 ပဉ္စမ တံဆိပ် ကိုဖွင့် သောအခါ ၊ ဘုရားသခင် ၏ နှုတ်ကပတ် တော်ကြောင့် ၎င်း ၊ မိမိတို့သက်သေခံ ချက်ကြောင့် ၎င်း၊ အသေ သတ်ခြင်းကိုခံရသောသူ တို့၏ ဝိညာဉ် များကို ယဇ်ပလ္လင် အောက် ၌ ငါမြင် ၏။
And when he had opened the fifth seal, I saw under the altar the souls of them that were slain for the word of God, and for the testimony which they held.
10 ၁၀ သူတို့ကလည်း ၊ သန့်ရှင်း ဟုတ်မှန် ၍ အစိုးပိုင်တော်မူသောအရှင် ၊ မြေ ပေါ်မှာ နေ သော သူ တို့သည် ငါ တို့အသွေး ကို သွန်းကြသော အပြစ်နှင့်အလျောက် ဒဏ် မ ပေးဘဲ အဘယ်မျှလောက်ကာလပတ်လုံးနေ တော်မူမည်နည်းဟုကြီးမား သော အသံ နှင့် ကြွေးကြော် ကြ၏။
And they cried with a loud voice, saying: How long, O Lord (holy and true) dost thou not judge and revenge our blood on them that dwell on the earth?
11 ၁၁ ထိုသူ တို့၌ဖြူ သောဝတ်လုံ ကို ပေး တော်မူ၏။ သူ တို့နည်းတူ အသေ သတ်ခြင်းကိုခံရလတံ့ သော မိမိ လုပ်ဘော် ဆောင်ဘက်ညီအစ်ကို တို့သည် ပြည့်စုံ ခြင်းသို့မ ရောက်မှီ၊ ခဏ ငြိမ်သက် စွာ နေရကြဦး မည်ဟု သူ တို့အားမိန့် တော်မူ၏။
And white robes were given to every one of them one; and it was said to them, that they should rest for a little time, till their fellow servants, and their brethren, who are to be slain, even as they, should be filled up.
12 ၁၂ ဆဋ္ဌမ တံဆိပ် ကိုဖွင့် သောအခါ ငါကြည့် လျှင် ကြီးစွာ သော မြေလှုပ် ခြင်းဖြစ် ၏။ နေ သည်အမွေး ဖြင့် ရက်သောအဝတ် ကြမ်းကဲ့သို့ မည်း ၏။ လ အလုံး သည် အသွေး ကဲ့သို့ ဖြစ် ၏။
And I saw, when he had opened the sixth seal, and behold there was a great earthquake, and the sun became black as sackcloth of hair: and the whole moon became as blood:
13 ၁၃ သင်္ဘော သဖန်းပင်ကို ပြင်းစွာ သော လေ တိုက် လျှင်၊ အချိန် မတန်သော အသီးကြွေ သကဲ့သို့ ၊ ကောင်းကင် ကြယ် တို့သည် မြေ ပေါ်သို့ ကျ ကြ၏။
And the stars from heaven fell upon the earth, as the fig tree casteth its green figs when it is shaken by a great wind:
14 ၁၄ မိုဃ်း ကောင်းကင်သည် စာစောင် လိပ် သကဲ့သို့ လွင့် သွား၏။ တောင် များ၊ ကျွန်း များအပေါင်း တို့သည် မိမိ တို့နေရာ အရပ်မှ ရွေ့ ကြ၏။
And the heaven departed as a book folded up: and every mountain, and the islands were moved out of their places.
15 ၁၅ လောကီ ဘုရင် ၊ မှူးမတ် ၊ စစ်သူကြီး ၊ သူဌေး ၊ သူကြွယ်၊ ခွန်အား ကြီးသောသူ မှစ၍ ကျွန် များ၊ လူ လွတ် များအပေါင်း တို့သည် မြေတွင်း ၌ ၎င်း ၊ တောင် ပေါ်မှာရှိသော ကျောက် များ၌ ၎င်း၊ ပုန်းရှောင် လျက်နေ၍၊ ထိုတောင် များ၊ ကျောက် များတို့ကို ခေါ် လျက် ၊
And the kings of the earth, and the princes, and tribunes, and the rich, and the strong, and every bondman, and every freeman, hid themselves in the dens and in the rocks of mountains:
16 ၁၆ ငါ တို့အပေါ်သို့ ကျ ကြပါ။ ပလ္လင် ပေါ်မှာ ထိုင် တော်မူသောသူ ၏ မျက်နှာ နှင့် သိုးသူငယ် ၏ အမျက် တော်ကို ကွယ်ကာ၍ ၊ ငါ တို့ကိုဖုံးအုပ် ကြပါ။
And they say to the mountains and the rocks: Fall upon us, and hide us from the face of him that sitteth upon the throne and from the wrath of the Lamb:
17 ၁၇ အမျက် တော် ထင်ရှားသောနေ့ ကြီး ရောက် ပါပြီ တကား။ အဘယ်သူ သည် ခံရပ် နိုင် မည်နည်းဟု ပြောဆိုကြ၏။
For the great day of their wrath is come, and who shall be able to stand?

< ဗျာဒိတ်ကျမ်း 6 >