< ဗျာဒိတ်ကျမ်း 4 >

1 ထိုနောက်မှ ငါကြည့် လျှင် ၊ ကောင်းကင် ၌ တံခါး ဖွင့် ထားလျက်ရှိ၏။ ရှေ့ဦးစွာ ကြား ရသော အသံ ဟူမူကား၊ ဤအရပ် သို့တက် လော့။ နောင် ကာလ၌ ဖြစ် ရ မည်အရာ တို့ကို ငါပြ မည်ဟု ငါ နှင့် ပြော လျက်ရှိ သောတံပိုး ခရာသံ ကဲ့သို့ မြည်လေ၏။
After these things I saw, and behold, a door opened in the sky, and the first voice that I heard—as of a trumpet speaking with me, saying, “Come up here, and I will show you what must come to pass after these things”;
2 ထိုအခါဝိညာဉ် တော်ကို ငါ သည်ချက်ခြင်း ခံရ၍၊ ကောင်းကင် ဘုံ၌ ပလ္လင် တစ်ခုတည် လျက်ရှိ၏။ ပလ္လင် ပေါ်မှာ ထိုင် သော သူလည်း ရှိ၏။
and immediately I was in [the] Spirit, and behold, a throne was set in Heaven, and on the throne is [One] sitting,
3 ထိုသူ ၏ အဆင်း အရောင်သည် နဂါးသွဲ့ ကျောက် ၊ ပတ္တမြား ကျောက်နှင့်တူ ၏။ ပလ္လင် ၏ ပတ်ဝန်းကျင် ၌ကား ၊ မြ ကျောက် အဆင်း အရောင်နှင့်တူ သော သက်တံ့ ရှိ၏။
and He who is sitting was in appearance like a stone, jasper and sardine: and a rainbow was around the throne in appearance like an emerald.
4 ထို ပလ္လင် ၏ ပတ်ဝန်းကျင် ၌ အခြားသော ပလ္လင် နှစ်ဆယ် လေး ပလ္လင် ရှိ၏။ ထို ပလ္လင် တို့အပေါ် ၌အသက်ကြီး သူနှစ်ဆယ် လေး ပါးတို့သည် ဖြူ သောအဝတ် ကို ဝတ်ဆင် လျက်၊ ခေါင်း ပေါ်၌ ရွှေ သရဖူ ကို ဆောင်းလျက် ထိုင် နေကြ၏။
And around the throne [are] twenty-four thrones, and sitting on the thrones I saw twenty-four elders, having been clothed in white garments, and on their heads golden garlands;
5 ပလ္လင် တော်ထဲက လျှပ်စစ် ပြတ် ၏။ စကားပြော သံ၊ မိုဃ်းကြိုး သံလည်း မြည်၏။ ပလ္လင် တော်ရှေ့ ၌ ဘုရားသခင် ၏ဝိညာဉ် ခုနစ် ပါးတည်းဟူသောမီးခွက် ခုနစ် လုံးတို့သည် ထွန်း လျက်ရှိ ကြ၏။
and out of the throne proceed lightnings, and thunders, and voices; and seven lamps of fire are burning before the throne, which are the Seven Spirits of God,
6 ပလ္လင် တော်ရှေ့ ၌လည်း ၊ ကျောက် သလင်းနှင့် တူ သော ဖန် ရေကန် ရှိ၏။ ပလ္လင် တော်၏အတွင်း ၌ ၎င်း၊ ပတ်ဝန်းကျင် ၌၎င်း၊ မျက်စိ နှင့်တစ်ကိုယ်လုံးပြည့် သော သတ္တဝါ လေး ပါးရှိ၏။
and before the throne—a sea of glass like to crystal, and in the midst of the throne, and around the throne—four living creatures, full of eyes before and behind;
7 ပဌမ သတ္တဝါ သည် ခြင်္သေ့ နှင့်တူ ၏။ ဒုတိယ သတ္တဝါ သည် နွား သူငယ်နှင့်တူ ၏။ တတိယ သတ္တဝါ သည် လူ မျက်နှာ ရှိ ၏။ စတုတ္ထ သတ္တဝါ သည် ပျံ လျက်ရှိသော ရွှေလင်းတ နှင့်တူ ၏။
and the first living creature—like a lion; and the second living creature—like a calf; and the third living creature has the face as a man; and the fourth living creature—like an eagle flying.
8 ထိုသတ္တဝါ လေး ပါးတို့၏ ကိုယ်ပတ်ဝန်းကျင်၌၊ တစ် ပါးတစ် ပါးလျှင် အတောင် ခြောက် ခုစီ ရှိ ၍၊ အတွင်း ၌ မျက်စိ နှင့်ပြည့် ကြ၏။ သူတို့ကလည်း၊ အနန္တ တန်ခိုးနှင့်ပြည့်စုံ၍၊ ပစ္စုပ္ပန် ၊ အတိတ် ၊ အနာဂတ် ကာလ အစဉ် ရှိတော်မူသော ထာဝရ အရှင်ဘုရားသခင် သည် သန့်ရှင်း တော်မူ၏။ သန့်ရှင်း တော်မူ၏ နေ့ ညဉ့် မပြတ်ငြိမ် ၍ မ နေ ဘဲ ပြောဆို ကြ၏။
And the four living creatures, one by one of them had six wings respectively, around and within [are] full of eyes, and they have no rest day and night, saying, “HOLY, HOLY, HOLY, the LORD God, the Almighty, who was, and who is, and who is coming”;
9 ပလ္လင် တော်ပေါ်မှာ ထိုင် ၍ ကမ္ဘာ အဆက်ဆက် အသက် ရှင်တော်မူသောသူ ၏ ဘုန်း အသရေ ၊ ဂုဏ် ကျေးဇူးတော်ကို ထို သတ္တဝါ တို့သည်ချီးမွမ်း ကြသောအခါ ၊ (aiōn g165)
and when the living creatures give glory, and honor, and thanksgiving, to the [One] sitting on the throne, the [One] living through the ages of the ages, (aiōn g165)
10 ၁၀ အသက်ကြီး သူနှစ်ဆယ် လေး ပါးတို့သည် ပလ္လင် တော်ပေါ်မှာ ထိုင် တော်မူသောသူ ရှေ့ ၌ ပြပ်ဝပ် လျက် ၊ ကမ္ဘာ အဆက်ဆက် အသက် ရှင် တော်မူသော သူ ကို ကိုးကွယ် လျက် ၊ (aiōn g165)
the twenty-four elders will fall down before the [One] sitting on the throne, and worship the [One] living through the ages of the ages, and they will cast their garlands before the throne, saying, (aiōn g165)
11 ၁၁ အိုထာဝရ ဘုရား၊ ကိုယ်တော် သည် ခပ်သိမ်း သောအရာတို့ကို ဖန်ဆင်း တော်မူပြီ။ ထိုအရာတို့သည် အလို တော်ကြောင့် ဖြစ်၍ ဖန်ဆင်း လျက်ရှိ ကြပါ၏။ ထိုကြောင့် ၊ ကိုယ်တော် သည်ဘုန်း အသရေ တန်ခိုး တော် ကို ခံစား ထိုက် တော်မူ၏ဟုလျှောက်ဆို ၍၊ ပလ္လင် တော် ရှေ့ ၌ မိမိ တို့သရဖူ များကိုချထား ကြ၏။
“Worthy are You, our Lord and God, to receive the glory, and the honor, and the power, because You created all things, and because of Your will they existed and were created.”

< ဗျာဒိတ်ကျမ်း 4 >