< ဗျာဒိတ်ကျမ်း 22 +

1 တဖန် ၊ ကျောက် သလင်းကဲ့သို့ ကြည်လင် ၍၊ ဘုရားသခင် နှင့် သိုးသူငယ် ၏ ပလ္လင် တော်ထဲက ထွက် သော၊ အသက် ရေစီး ရာမြစ် ကို ကောင်းကင်တမန်သည် ငါ့ အား ပြ လေ၏။
AND he shewed me a clear river of water of life, bright as crystal, proceeding out of the throne of God and of the Lamb.
2 မြို့ လမ်းမ အလယ် ၌ ၎င်း၊ ထိုမြစ် နှစ်ဘက်၌၎င်း၊ အသက် ပင် ရှိ၏။ ထိုအသက်ပင်သည် အသီး တဆယ့်နှစ် မျိုးကို သီး တတ်၏။ မိမိအသီး ကိုလည်း လ တိုင်းပေး တတ်၏။ အရွက် သည်လည်း လူ အမျိုးမျိုးတို့၏ အနာ ရောဂါငြိမ်းစရာတို့ဖြစ်၏။
In the midst of the street of it, even on this side, and on that of the river, grew the tree of life, producing twelve crops of fruit, and ripening its fruit in succession every month; and the leaves of the tree are for the healing of the nations.
3 နောက်တစ်ဖန် ကျိန် ခြင်းဘေးတစုံတခု မျှမ ရှိ ။ ထိုမြို့ ၌ ဘုရားသခင် နှင့် သိုးသူငယ် ၏ ပလ္လင် တော်ရှိ ၍ ဘုရားသခင် ၏ ကျွန် တို့ သည် ဘုရား ဝတ်ကို ပြုကြ လိမ့်မည်။
And no accursed thing is there any more; and the throne of God and of the Lamb are in it, and his servants will pay divine worship to him.
4 မျက်နှာ တော်ကိုမြင် ရ၍ သူ တို့နဖူး ၌ လည်း နာမ တော်ရေးထား လျက်ရှိလိမ့်မည်။
And they shall see his face; and his name shall be on their foreheads.
5 ထိုမြို့၌ညဉ့် မ ရှိ ရ၊ ဆီမီး ကိုအလို မ ရှိ ။ နေ ၏ အရောင် ကိုလည်း အလိုမရှိ။ အကြောင်းမူကား ၊ ထာဝရ အရှင်ဘုရားသခင် သည် သူ တို့၌ ရောင်ခြည် တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာ အဆက်ဆက်စိုးစံ ရ ကြလတံ့။ (aiōn g165)
And there shall be no night there, and they have no need of a lamp, or the light of the sun; because the Lord God illumines them: and they shall reign for ever and ever. (aiōn g165)
6 ကောင်းကင်တမန်ကလည်း ၊ ဤ စကား သည် သစ္စာ စကား၊ ဟုတ်မှန် သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ် ကို အစိုးရသော ထာဝရ အရှင်ဘုရားသခင် သည်၊ ကာလ မကြာမမြင့်မှီဖြစ် ရ မည် အမှုအရာ များကို မိမိ ကျွန် တို့အား ပြ စေခြင်းငှာ၊ ကောင်းကင် တမန်တော်ကို စေလွှတ် တော်မူပြီ။
And he said to me, These words are faithful and true. And the Lord God of the holy prophets hath sent his angel to shew to his servants the things which must shortly come to pass.
7 ငါသည်အလျင်အမြန် လာ မည်။ ဤ စာစောင် ၏ အနာဂတ္တိ စကား ကိုစောင့်ရှောက် သောသူ သည် မင်္ဂလာ ရှိ၏ဟု ပြောဆို ၏။
Behold, I come quickly! blessed is he that observeth the words of the prophecy of this book.
8 ငါ ယောဟန် သည် ဤအရာ များကို ကြား မြင် ၏။ ကြား မြင် ပြီးလျှင် ၊ ထို အရာများကို ပြ သော ကောင်းကင် တမန်၏ ခြေ ရင်း၌ ကိုးကွယ် အံ့သောငှာပြပ်ဝပ် ၏။
And I John saw and heard these things. And when I had heard and seen, I fell down to worship before the feet of the angel who shewed me these things.
9 သူကလည်း ၊ မ ပြုပါနှင့်။ ငါကား၊ သင် ၏ လုပ်ဘော် ဆောင်ဘက်ဖြစ် ၏။ သင် ၏ အစ်ကို ပရောဖက် တို့နှင့် ဤ စာစောင် ၏ စကား ကို စောင့်ရှောက် သော သူ တို့၏ လုပ်ဘော်ဆောင်ဘက်လည်း ဖြစ်၏။ ဘုရားသခင် ကိုကိုးကွယ် လော့ဟုပြောဆို ၏။
And he said to me, See thou do it not; for I am a fellow-servant of thine, and of thy brethren the prophets, and of those who observe the words of this book: worship God.
10 ၁၀ တစ်ဖန်တုံ ၊ ငါ့ အားမိန့် တော်မူသည်ကား၊ ဤ စာစောင် ၏ အနာဂတ္တိ စကား ကို တံဆိပ် မ ခတ်နှင့်။ အကြောင်းမူကား၊ ကာလ အချိန် ရောက် လုနီးပြီ။
And he said to me, Seal not up the words of the prophecy of this book; for the time is at hand.
11 ၁၁ မတရား သောသူ သည် မတရား သဖြင့် ပြုစေ ဦး။ ညစ်ညူး သောသူ သည် ညစ်ညူး စေဦး။ ဖြောင့်မတ် သောသူ သည်ဖြောင့်မတ် စေဦး။ သန့်ရှင်း သောသူ သည် သန့်ရှင်း စေဦး ။
He that is unjust, let him be unjust still; and he that is filthy, let him be filthy still; and he that is righteous, let him be righteous still; and he that is holy, let him be holy still.
12 ၁၂ ငါသည်အလျင်အမြန် လာ မည်။ ငါ သည် အကျိုး အပြစ်ကို ဆောင်ခဲ့သည်ဖြစ်၍ ၊ လူအသီးသီး တို့အား မိမိ တို့အကျင့် အတိုင်း ဆပ်ပေး မည်။
And behold, I come quickly: and my reward is with me, to give to every man as his work shall be.
13 ၁၃ ငါ သည် အာလဖ ဖြစ်၏ ဩမေဃ လည်း ဖြစ်၏။ အဦးဆုံး သောသူ ၊ နောက်ဆုံး သော သူ ဖြစ်၏။ အစ နှင့် အဆုံး လည်း ဖြစ်၏။
I am the Alpha and the Omega, the beginning and the end, the first and the last.
14 ၁၄ အသက် ပင် နှင့်ဆိုင်၍၊ မြို့ တံခါး အတွင်း သို့ ဝင် အံ့သောငှာပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာ ရှိကြ၏။
Blessed are they who keep his commandments, that they may have authority to approach unto the tree of life, and that they may enter in by the gates into the city.
15 ၁၅ ပြင် ၌ကား၊ ခွေး ဖြစ်သောသူ ၊ ပြုစား တတ်သောသူ၊ မတရား သောမေထုန်၌မှီဝဲသောသူ၊ လူ အသက်ကို သတ်သောသူ၊ ရုပ်တု ကိုကိုးကွယ်သောသူ၊ သစ္စာ ပျက် ခြင်းကို နှစ်သက် ၍ ပြု သောသူအပေါင်း တို့သည် ရှိကြ၏။
But without are dogs, and sorcerers, and whoremongers, and murderers, and idolaters, and every one who loveth and maketh a lie.
16 ၁၆ ငါ ယေရှု သည် အသင်းတော် တို့အဘို့ ဤအရာ များကို သင် တို့အားသက်သေခံ စေခြင်းငှာ၊ ငါ ၏ ကောင်းကင် တမန်ကို စေလွှတ် ၏။ ငါ သည်ကား၊ ဒါဝိဒ် ၏ အမြစ် ဖြစ် ၏။ အနွယ် လည်း ဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက် ကြယ် လည်းဖြစ်၏။
I Jesus have sent my angel to testify unto you these things in the churches. I am the root and the offspring of David, the bright and morning star.
17 ၁၇ ဝိညာဉ် တော်နှင့် မင်္ဂလာဆောင်သတို့သမီး က လာ ခဲ့ပါဟု ဆို ကြ၏။ ကြား သောသူ ကလည်း ၊ လာ ခဲ့ပါ ဟုဆို ပါစေ ၊ ရေငတ် သောသူ သည် လာ ပါစေ။ အလိုရှိ သော သူ သည် အဘိုး ကိုမပေးဘဲ အသက် ရေ ကို ယူ ပါစေ။
And the spirit and the bride say, Come. And let him that heareth say, Come. And let him who is athirst come: and whosoever is desirous, let him take of the water of life freely.
18 ၁၈ ဤ စာစောင် ၏ အနာဂတ္တိ စကား ကို ကြား သော သူအပေါင်း တို့အားငါ သက်သေခံ သည်ကား၊ အကြင်သူ သည် ဤအရာတို့၌၍ ထပ် အသစ်သွင်း၏။ ဤ စာစောင် ၌ ရေး ထားသော ဘေးဒဏ် တို့ကို ထိုသူ အပေါ်သို့ ဘုရားသခင် သက်ရောက် စေတော်မူမည်။
For I testify to every one who heareth the words of the prophecy of this book, If any man add to these things, God will lay upon him the plagues that are written in this book:
19 ၁၉ အကြင်သူ သည် ဤ စာစောင် ၏ အနာဂတ္တိ စကား အချို့ကို နှုတ်ပယ် ၏။ ဤ စာစောင် ၌ ရေး ထား သော အသက် ပင် နှင့် ၎င်း၊ သန့်ရှင်း သောမြို့ တော်နှင့် ၊ ထိုသူ စပ်ဆိုင်သော အခွင့်ကိုဘုရားသခင် နှုတ်ပယ် တော်မူမည်။
and if any take away from the words of the book of this prophecy, God will take away his part from the book of life, and from the holy city, and from the things which are written in this book.
20 ၂၀ ငါသည် အလျင်အမြန် လာ မည်မှန် ပေ၏ဟု၊
He that testifieth these things saith, Verily, I come quickly. Amen. Yea come, Lord Jesus!
21 ၂၁ ဤအရာ များကို သက်သေခံ သောသူ မိန့် တော်မူ၏ အာမင် ၊ သခင် ယေရှု ကြွလာ တော်မူပါ။ ငါတို့သခင် ယေရှု ခရစ်၏ ကျေးဇူး တော်သည် သန့်ရှင်းသူ အပေါင်း တို့၌ ရှိစေသတည်း ။
The grace of our Lord Jesus Christ be with you all. Amen THE END.

< ဗျာဒိတ်ကျမ်း 22 +