< ဗျာဒိတ်ကျမ်း 17 >
1 ၁ ဖလား ခုနစ် လုံးရှိ သော ကောင်းကင်တမန် ခုနစ် ပါးတို့တွင် တစ်ပါး သည်လာ ပြီးလျှင် ၊ ငါ့ ကိုနှုတ်ဆက် ၍ ၊ လာ ခဲ့ပါ။ ရေ အပေါ်မှာ ထိုင် သော ပြည်တန်ဆာ ကြီး ၌ စီရင် ခြင်းအမှုကို ငါပြ မည်။
One of the seven angels with the seven bowls came and talked with me. “Come here,” he said, “and I will show you the judgment of the infamous prostitute that sits beside many waters.
2 ၂ လောကီ ရှင်ဘုရင် တို့သည် မတရား သော မေထုန်ကို သူ နှင့် ပြုကြပြီ။ မြေကြီး သား တို့သည် သူ ၏ မတရား သောမေထုန်၏ စပျစ်ရည် နှင့် ယစ်မူး ကြပြီဟု ပြောဆို လျက်၊
The kings of the earth have committed adultery with her, and those who live on the earth became drunk on the wine of her immorality.”
3 ၃ ငါ့ ကို ဝိညာဉ် တော်အားဖြင့် တော သို့ ဆောင်သွား လေ၏။ ခေါင်း ခုနစ် လုံးနှင့် ချို ဆယ် ချောင်းရှိ ၍၊ ဘုရားသခင်၏ အသရေ တော်ကို ရှုတ်ချသောနာမ တို့နှင့် အပြည့် ရှိသော သားရဲ နီ အပေါ်မှာ ထိုင် လျက်ရှိသောမိန်းမ တစ်ဦးကို ငါမြင် ၏။
Then he carried me off in the Spirit to a deserted place, and I saw a woman sitting on a scarlet beast that had seven heads and ten horns and was covered in blasphemous names.
4 ၄ ထိုမိန်းမ သည်အဝတ်နီ ၊ အဝတ်မောင်း ကို ဝတ် လျက်၊ ရွှေ တန်ဆာ၊ ကျောက် မြတ် တန်ဆာ၊ ပုလဲ တန်ဆာကိုဆင် လျက်ရှိ ၏။ စက်ဆုတ် ရွံ့ရှာဘွယ်သော အရာနှင့်၎င်း၊ မိမိ မတရား သော မေထုန်၏ ညစ်ညူး ခြင်း နှင့် ၎င်း ပြည့် သောရွှေ ဖလား ကို ကိုင် လျက် ရှိ ၏။
The woman was clothed in purple and scarlet, and wore jewelry made of gold and gems and pearls. She held in her hand a golden cup full of obscene things and her disgusting immorality.
5 ၅ နဖူး ၌ အက္ခရာတင် သော ဘွဲ့ မူကား၊ နက်နဲ သော အရာ၊ ဗာဗုလုန် မြို့ကြီး ၊ ပြည်တန်ဆာ တို့၏ အမိ ၊ မြေ ၌ စက်ဆုပ် ရွံ့ရှာဘွယ်သော အရာတို့၏ အမိပေတည်း။
A name of mystery was written on her forehead: Babylon the Great, the Mother of Prostitutes and of the World's Obscene Things.
6 ၆ ထို မိန်းမ သည် သန့်ရှင်း သူ တို့၏ အသွေး ၊ ယေရှု ၏ သက်သေခံ တို့၏ အသွေး နှင့် ယစ်မူး သည်ကို ငါမြင် ၏။ ထိုသို့ မြင် သောအခါအလွန် အံ့ဩ မိန်းမော၍ နေ၏။
I saw that the woman was drunk on the blood of believers, and on the blood of martyrs who had died for Jesus. When I saw her, I was totally amazed.
7 ၇ ကောင်းကင် တမန်ကလည်း ၊ အဘယ်ကြောင့် အံ့ဩ သနည်း။ ထိုမိန်းမ ၏ နက်နဲ သောအရာကို၎င်း၊ ခေါင်း ခုနစ် လုံးနှင့် ချို ဆယ် ချောင်းရှိ ၍ ထိုမိန်းမ ကိုဆောင် သော သားရဲ ၏ နက်နဲသောအရာကို၎င်း၊ ငါ ပြော မည်။
The angel asked me, “Why were you amazed? I will explain to you the mystery of the woman and the beast she rode which has seven heads and ten horns.
8 ၈ ယခုမြင် သော သားရဲ သည် ဖြစ် ဘူးပြီ၊ ဖြစ် ဆဲမ ရှိ၊ အနက်ဆုံး သော တွင်းထဲက တက် ၍ ဖျက်ဆီး ခြင်းသို့ ရောက် လိမ့်မည်။ ကမ္ဘာ ဦး ကပင် အသက် စာစောင် ၌ စာရင်း မ ဝင် သော မြေကြီး သား တို့သည် ဖြစ် ဘူး၍ ၊ ဖြစ် ဆဲမ ရှိ၊ ဖြစ် လတံ့သောသားရဲ ကို မြင် ရသောအခါ၊ အံ့ဩ ကြလိမ့်မည်။ (Abyssos )
The beast you saw once was, but is not, will soon come up again out of the Abyss, and will then be completely destroyed. Those that live on the earth who don't have their names written in the book of life will be amazed when they see the beast that once was but is not, and yet shall return. (Abyssos )
9 ၉ ဤ အရာ၌ ပညာ နှင့်ပြည့်စုံသော ဉာဏ် ရှိ ၏။ ခေါင်း ခုနစ် လုံးကား၊ မိန်းမ ထိုင် သော တောင် ခုနစ် လုံး ဖြစ် ၏။
A mind that has understanding is needed here. The seven heads are seven hills where the woman sits,
10 ၁၀ ရှင်ဘုရင် ခုနစ် ပါးလည်း ဖြစ် ၏။ ငါး ပါးကျ ပြီး၊ တစ်ပါး ရှိ သေး၏။ တစ်ပါး ဖြစ် လေဦး မည်။ ဖြစ် သောအခါ တခဏ သာ တည် လိမ့်မည်။
they are seven kings. Five have already fallen, one is reigning now, and the last is still to come—and his reign will be short.
11 ၁၁ ဖြစ် ဘူး၍ ဖြစ် ဆဲမရှိ သောသားရဲ သည် ရှစ် ပါးမြောက်သော ရှင်ဘုရင်ဖြစ် ၏။ ခုနစ် ပါးအဝင်လည်း ဖြစ် ၏။ ဖျက်ဆီး ခြင်းသို့ ရောက် ရလိမ့်မည်။
The beast that was, and is not, is also an eighth king and belongs to the seven. He too will be completely destroyed.
12 ၁၂ ယခုမြင် သော ချို ဆယ် ချောင်းကား ၊ မင်း အာဏာစက်ကို မ ရ သေးသော ရှင်ဘုရင် ဆယ် ပါး ဖြစ် ၏။ ရှင်ဘုရင် ၏ အာဏာစက် ကို သားရဲ နှင့်အတူ တစ် ချက် တည်း ရ ကြလိမ့်မည်။
The ten horns that you saw are ten kings who have not begun to reign yet. However, they will be given authority to reign as kings together with the beast for one hour.
13 ၁၃ ထိုသူတို့သည် သဘော တူ ၍ မိမိ တို့တန်ခိုး အာဏာစက် ကို သားရဲ ၌ အပ်ပေး ကြလိမ့်မည်။
They have one agreed purpose: to give their power and authority to the beast.
14 ၁၄ သူ တို့သည် သိုးသူငယ် ကို စစ်တိုက် ၍ သိုးသူငယ် သည် နိုင် တော်မူမည်။ အကြောင်းမူကား ၊ သိုးသူငယ်သည် သခင် တို့၏သခင် ဘုရင် တို့၏ဘုရင် ဖြစ် တော်မူ၏။ ကိုယ်တော် နှင့်အတူ ရှိသော သူ တို့သည် လည်း ခေါ် တော်မူသောသူ၊ ရွေးချယ် တော်မူသောသူ၊ သစ္စာရှိ သောသူ ဖြစ်ကြ၏။
They will make war on the Lamb, and the Lamb will defeat them for he is Lord of lords and King of kings. His followers are called and chosen, and they trust in him.”
15 ၁၅ ယခုမြင် ၍ ပြည်တန်ဆာ ထိုင် သော ရေ ကား ၊ အသီးအသီးဘာသာ စကားကို ပြောသော လူ အမျိုးမျိုး အစုစု ဖြစ် သတည်း။
The angel went on to explain to me, “The waters that you saw where the harlot was sitting represent peoples, crowds of people, nations, and languages.
16 ၁၆ ယခုမြင် သော ချို ဆယ် ချောင်းနှင့် သားရဲ သည် ပြည်တန်ဆာ ကို မုန်း ၍ သူ၏စည်းစိမ်ကို ဖျက်ဆီး လိမ့်မည်။ သူ ၏အဝတ် တန်ဆာကိုချွတ်၍ သူ ၏အသား ကို ကိုက်စား လိမ့်မည်။
The ten horns that you saw and the beast will detest the prostitute, and will take away everything she has and strip her naked, eat her flesh and burn her to ashes.
17 ၁၇ သူ၏ကိုယ်ကိုလည်း မီး ရှို့ လိမ့်မည်။ အကြောင်းမူကား ၊ သူတို့သည် ဘုရားသခင် ၏ အလို တော်ကို ပြု ခြင်းငှာ၎င်း ၊ နှုတ်ကပတ် တော်မ ပြည့်စုံ မှီတိုင်အောင်သဘောတူ၍ မိမိ တို့နိုင်ငံ များကို သားရဲ ၌ အပ်ပေး ခြင်းငှာ၎င်း၊ ဘုရားသခင် သည် သူ တို့၌ အကြံ ပေး တော်မူ၏။
For God put into their minds to do what he wanted, to have one agreed purpose: to give their kingdom to the beast—and so God's words will be fulfilled.
18 ၁၈ ယခုမြင် သော မိန်းမ သည်လည်း ၊ လောကီ ရှင်ဘုရင် တို့ကို အုပ်စိုး သော မြို့ ကြီး ဖြစ် သတည်းဟု ကောင်းကင်တမန် ပြောဆို၏။
The woman you saw is the great city which rules over the kings of the earth.”