< ဗျာဒိတ်ကျမ်း 15 >

1 တဖန်တုံ ၊ ဘုရားသခင် ၏အမျက် တော်ကို ပြီးစီး စေသော နောက်ဆုံး ဘေးဒဏ် ခုနစ် ပါးရှိ သော ကောင်းကင်တမန် ခုနစ် ပါးတည်းဟူသော၊ ကောင်းကင် ၌ အံ့ဘွယ် သော နိမိတ် ကြီး အခြား တစ်ပါးကို ငါမြင် ရ၏။
Then I saw another great and marvelous sign in heaven: seven angels with the seven final plagues, because with them the wrath of God is completed.
2 မီး နှင့်ရော သော ဖန် ရေကန် ကဲ့သို့ ရှိသည်ကိုလည်း မြင် ရ၏။ သားရဲ နှင့်၎င်း၊ သူ ၏ရုပ်တု နှင့်၎င်း၊ သူ ၏နာမ အရေအတွက် နှင့်၎င်း၊ လွတ်၍ အောင်မြင် သော သူ တို့သည်၊ ဘုရားသခင် ၏ စောင်း တော်တို့ကို ကိုင် လျက်၊ ဖန် ရေကန် နား မှာ ရပ် နေကြသည်ကို မြင်ရ၏။
I also saw something like a sea of glass mixed with fire, and those who had overcome the image, the beast himself, and the number of his name were standing by the sea of glass, holding the harps of God.
3 ထိုသူတို့သည် ဘုရားသခင် ၏ ကျွန် မောရှေ ၏ သီချင်း နှင့်သိုးသူငယ် ၏သီချင်း ကိုသီ ၍ ၊ အနန္တ တန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရ အရှင်ဘုရားသခင် ၊ ကိုယ်တော် ၏ အပြုအမူ တို့သည် ကောင်းမြတ် ၍ အံ့ဩဘွယ် ဖြစ်ကြပါ၏။ လူမျိုး တို့၏ဘုရင် ၊ ကိုယ်တော် ၏ အကျင့် ဓလေ့တို့သည် ဖြောင့်မတ် ဟုတ်မှန် ကြပါ၏။
They sang the song of Moses, the servant of God, and the song of the Lamb: “Great and marvelous are yoʋr works, O Lord God, the Almighty! Righteous and true are yoʋr ways, O King of the nations!
4 အိုထာဝရ ဘုရား၊ ကိုယ်တော် ကိုမ ကြောက်ရွံ့ ဘဲ၊ နာမ တော်ကို မချီးမွမ်း ဘဲ အဘယ်သူနေရပါအံ့နည်း။ ကိုယ်တော်တစ်ပါးတည်း သာလျှင် သန့်ရှင်း တော်မူ၏။ တရား သဖြင့် စီရင်တော်မူခြင်းအရာတို့သည် ထင်ရှား သည်ဖြစ်၍ ၊ လူမျိုး အပေါင်း တို့သည်လာ ၍ ရှေ့ တော်၌ ကိုးကွယ် ကြပါလိမ့်မည်ဟု လျှောက်ဆို ကြ၏။
Who could not fear yoʋ, O Lord, and glorify yoʋr name? For yoʋ alone are holy. All will come and worship before yoʋ, for yoʋr righteous acts have been revealed.”
5 ထိုနောက် ငါကြည့် လျှင် ၊ ကောင်းကင် ဘုံ၌ သက်သေခံ တော်မူချက် ဌာပနာရာ တဲ တော်ရှိသောဗိမာန် တော်ကို ဖွင့် ထားပြီ။
After this I looked, and the sanctuary of the tent of witness in heaven was opened,
6 ဘေးဒဏ် ခုနစ် ပါးရှိ သော ကောင်းကင်တမန် ခုနစ် ပါးတို့သည် စင်ကြယ် ပြောင်လက် သော ပိုက်ဆန် အဝတ်ကို ဝတ် လျက် ၊ ရင် ၌ ရွှေ ရင်စည်း ကို စည်း လျက် ဗိမာန် တော်ထဲက ထွက်လာ ကြ၏။
and out came the seven angels with the seven plagues. They were clothed in pure bright linen, with golden sashes wrapped around their chests.
7 သတ္တဝါ လေး ပါးတွင် တစ်ပါး သည် ကမ္ဘာ အဆက်ဆက် အသက် ရှင်တော်မူသော ဘုရားသခင် ၏ အမျက် တော်နှင့် ပြည့် သောရွှေ ဖလား ခုနစ် လုံးကို ကောင်းကင်တမန် ခုနစ် ပါးတို့အား ပေး ၏။ (aiōn g165)
Then one of the four living creatures gave the seven angels seven golden bowls full of the wrath of God, who lives forever and ever. (aiōn g165)
8 ဘုရားသခင် ၏ ဘုန်း တန်ခိုး အာနုဘော်တော် ကြောင့် ၊ ဗိမာန် တော်သည် မီးခိုး နှင့်ပြည့် ၍ ကောင်းကင်တမန် ခုနစ် ပါး၏ ဘေးဒဏ် ခုနစ် ပါး မ ကုန် မှီတိုင်အောင်ဗိမာန် တော်ထဲသို့ အဘယ်သူ မျှ မဝင် နိုင် ။
And the temple was filled with the smoke from the glory of God and from his power, and no one could enter the temple until the seven plagues of the seven angels were completed.

< ဗျာဒိတ်ကျမ်း 15 >