< ဗျာဒိတ်ကျမ်း 14 >
1 ၁ ထိုနောက်မှ ငါကြည့် လျှင် ၊ သိုးသူငယ် သည် ဇိအုန် တောင် ပေါ်မှာ ရပ် နေ၏။ သူ ၏ နာမ နှင့် ခမည်းတော် ၏ နာမ ကိုနဖူး ၌ အက္ခရာတင် သောသူ တစ်သိန်း လေး သောင်းလေး ထောင် လည်း သူ နှင့်အတူ ရှိ ကြ၏။
Then I looked and saw the Lamb standing on Mount Zion, and with Him 144,000 who had His name and His Father’s name written on their foreheads.
2 ၂ သမုဒ္ဒရာရေ သံ ၊ ကြီးစွာ သော မိုဃ်းကြိုး သံ ကဲ့သို့ ကောင်းကင် က အသံ ကို ငါကြား ၏။ ထိုသို့ ငါကြား သော အသံသည် စောင်း သမားများ စောင်း တီးသော အသံ ကဲ့သို့ ဖြစ်၏။
And I heard a sound from heaven like the roar of many waters and the loud rumbling of thunder. And the sound I heard was like harpists strumming their harps.
3 ၃ ပလ္လင် တော်ရှေ့ ၌၎င်း၊ သတ္တဝါ လေး ပါးနှင့် အသက်ကြီး သူ တို့ရှေ့ ၌၎င်း၊ သူတို့သည် အသစ် သော သီချင်း ကို ဆို ကြ၏။ မြေကြီး မှ ရွေးနှုတ် သောသူ တစ်သိန်း လေးသောင်းလေးထောင်မှတစ်ပါး ၊ အဘယ်သူ မျှ ထို သီချင်း ကို သင် ၍မရနိုင် ။
And they sang a new song before the throne and before the four living creatures and the elders. And no one could learn the song except the 144,000 who had been redeemed from the earth.
4 ၄ ထို သူတို့သည် ကညာ ဖြစ်၍မေထုန်အမှုနှင့် မ ညစ်ညူး သော သူ ဖြစ် ကြ၏။ သိုးသူငယ် သွား လေရာရာအရပ် သို့ နောက် တော်၌ လိုက်သောသူ ဖြစ်ကြ၏။ လူတို့ အထဲ ကရွေးနှုတ် ၍ ဘုရားသခင် နှင့် သိုးသူငယ် အဘို့ အဦး သီးသော အသီးဖြစ်ကြ၏။
These are the ones who have not been defiled with women, for they are virgins. They follow the Lamb wherever He goes. They have been redeemed from among men as firstfruits to God and to the Lamb.
5 ၅ အပြစ် နှင့်ကင်းလွတ်ကြသည်ဖြစ် ၍ သူ တို့နှုတ် ၌ မုသာ မ ရှိ ။
And no lie was found in their mouths; they are blameless.
6 ၆ မြေကြီး ပေါ်မှာ နေ သော သူ တည်းဟူသော အသီးအသီးဘာသာ စကားကိုပြောသော လူ အမျိုး အနွယ် ခပ်သိမ်း တို့အား ထာဝရ ဧဝံဂေလိ တရားကို ဟော ရသော ကောင်းကင်တမန် တစ်ပါး က၊ (aiōnios )
Then I saw another angel flying overhead, with the eternal gospel to proclaim to those who dwell on the earth—to every nation and tribe and tongue and people. (aiōnios )
7 ၇ ဘုရားသခင် ကိုကြောက်ရွံ့ ၍ ချီးမွမ်း ကြလော့။ တရား စီရင်တော်မူသော အချိန် ရောက်လာ ပြီ။ ကောင်းကင် ၊ မြေကြီး ၊ သမုဒ္ဒရာ နှင့် စမ်း ရေ တွင်းတို့ကို ဖန်ဆင်း တော်မူသောအရှင် ကို ကိုးကွယ် ကြလော့ဟု ကြီး သော အသံ နှင့် ပြောဆို ၍ ကောင်းကင် အလယ်၌ ပျံဝဲ လျက် ရှိသည်ကို ငါမြင် ၏။
And he said in a loud voice, “Fear God and give Him glory, because the hour of His judgment has come. Worship the One who made the heavens and the earth and the sea and the springs of waters.”
8 ၈ ကောင်းကင်တမန် တစ်ပါး ကလည်း ၊ ဗာဗုလုန် မြို့ကြီး ပြိုလဲ ပြီ။ မိမိ မတရား သော မေထုန်၏ အဆိပ် အတောက်တည်းဟူသောစပျစ်ရည် ကို လူမျိုး အပေါင်း တို့အား တိုက် လေပြီးသော ဗာဗုလုန်မြို့ကြီးပြိုလဲ ပြီဟုလိုက် ၍ပြောဆို ၏။
Then a second angel followed, saying, “Fallen, fallen is Babylon the great, who has made all the nations drink the wine of the passion of her immorality.”
9 ၉ ထိုမှတပါး၊ တတိယ ကောင်းကင် တမန်က၊ အကြင်သူ သည် သားရဲ နှင့် သူ ၏ရုပ်တု ကိုကိုးကွယ် ၍၊ သူတံဆိပ် လက်မှတ်ကို နဖူး ၌ ခံ သည်ဖြစ်စေ၊ လက် ၌ ခံသည်ဖြစ်စေ ၊
And a third angel followed them, calling out in a loud voice, “If anyone worships the beast and its image, and receives its mark on his forehead or on his hand,
10 ၁၀ ထိုသူ သည်ဘုရားသခင် ၏ ဒေါသ ဖလား ၌ လောင်း သော အမျက် တော်စပျစ်ရည် စစ်ကို သောက် ရ လိမ့်မည်။ သန့်ရှင်း သောကောင်းကင် တမန်တို့ရှေ့ ၊ သိုးသူငယ် ရှေ့ တွင်၊ ကန့် နှင့်ရောသောမီး ထဲမှာ ပြင်းစွာသော ညှဉ်းဆဲ ခြင်းကို ခံရလိမ့်မည်။
he too will drink the wine of God’s anger, poured undiluted into the cup of His wrath. And he will be tormented in fire and sulfur in the presence of the holy angels and of the Lamb.
11 ၁၁ ထိုညှဉ်းဆဲ ခြင်း၏ မီးခိုး သည် ကမ္ဘာ အဆက်ဆက်တက် လျက်ရှိ၏။ သားရဲ နှင့် သူ ၏ရုပ်တု ကို ကိုးကွယ် ၍၊ သူ ၏နာမ တံဆိပ် လက်မှတ်ကို ခံ သောသူ တို့သည် နေ့ ညဉ့် မပြတ် သက်သာ မ ရ ကြဟု၊ လိုက်၍ကြီးသော အသံနှင့် ပြောဆို၏။ (aiōn )
And the smoke of their torment rises forever and ever. Day and night there is no rest for those who worship the beast and its image, or for anyone who receives the mark of its name.” (aiōn )
12 ၁၂ ဘုရားသခင် ၏ပညတ် တို့ကို၎င်း ၊ ယေရှု ၏ ယုံကြည် ခြင်းကို၎င်း၊ စောင့်ရှောက် သော သန့်ရှင်း သူတို့သည် ဤ အရာ၌ သည်းခံ စရာအကြောင်းရှိ ၏။
Here is a call for the perseverance of the saints who keep the commandments of God and the faith of Jesus.
13 ၁၃ တစ်ဖန်တုံ၊ ကောင်းကင် အသံ ကား ၊ ယခု မှစ၍ သခင် ဘုရား၌ သေ သောသူ တို့သည် မင်္ဂလာ ရှိကြ၏ဟု ရေး ထားလော့ဟု ပြောဆို သည်ကို ငါကြား ၏။ ဝိညာဉ် တော်ကလည်း၊ ထိုသို့ မှန် ပေ၏။ ထိုသူ တို့သည် ပင်ပန်း ခြင်းငြိမ်း မည်အကြောင်း ရှိ၍၊ သူ တို့၏ အကျင့် တို့သည်လည်း သူ တို့နှင့်အတူ လိုက် ကြ၏ဟုမိန့် တော်မူ၏။
And I heard a voice from heaven telling me to write, “Blessed are the dead—those who die in the Lord from this moment on.” “Yes,” says the Spirit, “they will rest from their labors, for their deeds will follow them.”
14 ၁၄ တဖန် ငါကြည့် လျှင် ၊ ဖြူ သောမိုဃ်းတိမ် ရှိ ၏။ လူ သား တော်နှင့်တူ သောသူ သည် ခေါင်း တော်ပေါ်၌ ရွှေ သရဖူ ကိုဆောင်း လျက်၊ ထက် သော တံစဉ် ကို ကိုင် လျက် ၊ မိုဃ်းတိမ် ပေါ်မှာ ထိုင် တော်မူ၏။
And I looked and saw a white cloud, and seated on the cloud was One like the Son of Man, with a golden crown on His head and a sharp sickle in His hand.
15 ၁၅ ကောင်းကင်တမန် တစ်ပါး သည် ဗိမာန် တော်ထဲက ထွက် ၍၊ ကိုယ်တော် ၏တံစဉ် ကိုလွှတ် ၍ စပါးကို ရိတ် တော်မူပါ။ ရိတ် ရသောအချိန် ရောက် ပါပြီ။ မြေကြီး ၌ ရိတ် စရာစပါးမှည့် ပါပြီဟု မိုဃ်းတိမ် ပေါ်မှာ ထိုင် သောသူ ကို ကြီး သောအသံ နှင့် ဟစ် လေ၏။
Then another angel came out of the temple, crying out in a loud voice to the One seated on the cloud, “Swing Your sickle and reap, because the time has come to harvest; for the crop of the earth is ripe.”
16 ၁၆ မိုးတိမ် ပေါ်မှာ ထိုင် သောသူ သည် မိမိ တံစဉ် ကို မြေကြီး ၌ သွင်း ၍ မြေကြီး ၏ စပါးကိုရိတ် တော်မူ၏။
So the One seated on the cloud swung His sickle over the earth, and the earth was harvested.
17 ၁၇ ကောင်းကင်တမန် တစ်ပါး သည် ကောင်းကင် ဘုံ၌ ရှိသော ဗိမာန် တော်ထဲက ထွက် ၍ သူ ၌လည်း ထက် သော တံစဉ် ပါ ၏။
Then another angel came out of the temple in heaven, and he too had a sharp sickle.
18 ၁၈ မီး ကိုအစိုးရ သော ကောင်းကင်တမန် တစ်ပါး သည် ယဇ်ပလ္လင် ထဲက ထွက် ၍ ထက် သော တံစဉ် ပါ သော သူ ကို ကြီးစွာ သော ကြွေးကြော် ခြင်းနှင့်ခေါ် လျက် ၊ သင် ၏ ထက် သောတံစဉ် ကိုလွှတ် ၍ မြေကြီး ၏ စပျစ်သီး ပြွတ် တို့ကိုရိတ် လော့။ အသီး မှည့် ပြီဟုပြောဆို ၏။
Still another angel, with authority over the fire, came from the altar and called out in a loud voice to the angel with the sharp sickle, “Swing your sharp sickle and gather the clusters of grapes from the vine of the earth, because its grapes are ripe.”
19 ၁၉ ကောင်းကင်တမန် သည်လည်း မိမိ တံစဉ် ကို မြေကြီး ၌ သွင်း ၍ မြေကြီး ၏စပျစ်သီး ကိုရိတ် ပြီးမှ ၊ ဘုရားသခင် ၏ အမျက် တော်တည်းဟူသောနယ်ရာ တန်ဆာကြီး ထဲသို့ ချ လေ၏။
So the angel swung his sickle over the earth and gathered the grapes of the earth, and he threw them into the great winepress of God’s wrath.
20 ၂၀ မြို့ ပြင် ၌ နယ်ရာ တန်ဆာကိုဖိနင်း ၍ အသွေး သည် တဆယ်ခြောက်ယူဇနာခရီးတရှောက်လုံး၌ မြင်း ဇက်ကြိုး ကို မှီသည်တိုင်အောင် နယ်ရာ တန်ဆာထဲက ထွက် လေ၏။
And the winepress was trodden outside the city, and the blood that flowed from it rose as high as the bridles of the horses for a distance of 1,600 stadia.