< ဆာလံ 1 >
1 ၁ မတရား သောသူတို့၏ တိုက်တွန်း ခြင်းသို့ မ လိုက်၊
၁မတရားသောသူတို့၏ တိုက်တွန်းခြင်းသို့ မလိုက်၊
2 ၂ လူ ဆိုးတို့၏ လမ်း တွင် မ ရပ် မနေ၊ မထီမဲ့မြင် ပြုသောသူတို့ ၏ အစည်း အဝေး၌ မ ထိုင် ၊ ထာဝရဘုရား ၏ တရား တော်၌ မွေ့လျော် ၍ ၊ တရား တော်ကို နေ့ ညဉ့် မပြတ် ဆင်ခြင် အောက်မေ့သောသူသည် မင်္ဂလာ ရှိ၏။
၂လူဆိုးတို့၏ လမ်းတွင်မရပ်မနေ၊ မထီမဲ့မြင်ပြုသော သူတို့၏ အစည်းအဝေး၌မထိုင်၊ ထာဝရဘုရား၏ တရားတော်၌ မွေ့လျော်၍၊ တရားတော်ကို နေ့ညဉ့်မပြတ် ဆင်ခြင်အောက်မေ့သောသူသည် မင်္ဂလာရှိ၏။
3 ၃ အကြောင်း မူကား၊ ထို သူသည် မြစ် နား မှာ စိုက် လျက် မိမိ အချိန် တန်မှ အသီး ကိုသီး၍ ၊ အရွက် မ ညှိုးနွမ်း တတ်သော အပင် နှင့် တူ၏။ ပြု လေသမျှ တို့၌ အောင် လိမ့်သတည်း။
၃အကြောင်းမူကား၊ ထိုသူသည် မြစ်နားမှာ စိုက်လျက် မိမိအချိန်တန်မှ အသီးကိုသီး၍၊ အရွက်မညှိုး နွမ်းတတ်သော အပင်နှင့်တူ၏။ ပြုလေသမျှတို့၌ အောင်လိမ့်သတည်း။
4 ၄ မတရား သောသူတို့ မူကား ထို ကဲ့သို့မ ဟုတ်။ လေ တိုက်၍ လွင့် သောဖွဲ နှင့်တူ ကြ၏။
၄မတရားသော သူတို့မူကား ထိုကဲ့သို့မဟုတ်။ လေတိုက်၍ လွင့်သောဖွဲနှင့်တူကြ၏။
5 ၅ ထိုကြောင့် တရား ဆုံးဖြတ်တော်မူရာကာလ၌ ၊ မတရား သောသူတို့သည် မ တည် မနေရကြ။ ဖြောင့်မတ် သောသူတို့ ၏အပေါင်း အသင်းထဲသို့ လူဆိုး တို့သည် မဝင်ရကြ။
၅ထိုကြောင့် တရားဆုံးဖြတ်တော်မူရာကာလ၌၊ မတရားသောသူတို့သည် မတည်မနေရကြ။ ဖြောင့်မတ် သော သူတို့၏အပေါင်းအသင်းထဲသို့ လူဆိုးတို့သည် မဝင်ရကြ။
6 ၆ အကြောင်း မူကား၊ ဖြောင့်မတ် သောသူတို့၏ လမ်း ကို ထာဝရဘုရား သိကျွမ်း တော်မူ၏။ မတရား သောသူတို့ ၏ လမ်း သည်ဆုံးရှုံး ခြင်းသို့ ရောက်ရလိမ့်သတည်း။
၆အကြောင်းမူကား၊ ဖြောင့်မတ်သောသူတို့၏ လမ်းကို ထာဝရဘုရားကျွမ်းတော်မူ၏။ မတရားသော သူတို့၏ လမ်းသည်ဆုံးရှုံးခြင်းသို့ ရောက်ရလိမ့်သတည်း။