< ဆာလံ 1 >

1 မတရား သောသူတို့၏ တိုက်တွန်း ခြင်းသို့ မ လိုက်၊
သူ​ယုတ်​မာ​တို့​၏​အ​ကြံ​ဉာဏ်​ကို​လက်​မ​ခံ၊ အ​ပြစ်​ကူး​သူ​တို့​၏​စံ​န​မူ​နာ​ကို​မလိုက်၊ ထာ​ဝ​ရ​ဘု​ရား​ကို​ပစ်​ပယ်​သူ​တို့​နှင့်​လည်း မ​ပေါင်း​မ​ဖော်​သော​သူ​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။
2 လူ ဆိုးတို့၏ လမ်း တွင် မ ရပ် မနေ၊ မထီမဲ့မြင် ပြုသောသူတို့ ၏ အစည်း အဝေး၌ မ ထိုင် ၊ ထာဝရဘုရား ၏ တရား တော်၌ မွေ့လျော် ၍ ၊ တရား တော်ကို နေ့ ညဉ့် မပြတ် ဆင်ခြင် အောက်မေ့သောသူသည် မင်္ဂလာ ရှိ၏။
သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​တ​ရား​တော်​ကို​လိုက်​လျှောက်​၍ နေ့​ည​မ​ပြတ်​လေ့​လာ​ဆင်​ခြင်​မှု​ဖြင့်​ပျော်​မွေ့​တတ်​ကြ​၏။
3 အကြောင်း မူကား၊ ထို သူသည် မြစ် နား မှာ စိုက် လျက် မိမိ အချိန် တန်မှ အသီး ကိုသီး၍ ၊ အရွက် မ ညှိုးနွမ်း တတ်သော အပင် နှင့် တူ၏။ ပြု လေသမျှ တို့၌ အောင် လိမ့်သတည်း။
ထို​သူ​တို့​သည်​ချောင်း​အ​နီး​တွင်​ပေါက်​၍​လျော်​ကန်​သင့်​မြတ်​ချိန်​၌ အ​သီး​သီး​လျက်​အ​ရွက်​မ​ညှိုး​မ​နွမ်း​တတ်​သော​အ​ပင်​များ​နှင့်​တူ​၏။ သူ​တို့​သည်​ပြု​လေ​သ​မျှ​အ​မှု​ကိစ္စ​တို့​တွင်​အောင်​မြင်​တတ်​၏။
4 မတရား သောသူတို့ မူကား ထို ကဲ့သို့မ ဟုတ်။ လေ တိုက်၍ လွင့် သောဖွဲ နှင့်တူ ကြ၏။
သို့​ရာ​တွင်၊သူ​ယုတ်​မာ​တို့​မူ​ကား​အ​ဘယ်​နည်း​နှင့်​မျှ​ဤ​သို့​မ​ဖြစ်​နိုင်။ သူ​တို့​သည်​လေ​တိုက်​ရာ​တွင်​လွင့်​ပါ​သွား​တတ်​သော​ဖွဲ​နှင့်​တူ​ကြ​၏။
5 ထိုကြောင့် တရား ဆုံးဖြတ်တော်မူရာကာလ၌ ၊ မတရား သောသူတို့သည် မ တည် မနေရကြ။ ဖြောင့်မတ် သောသူတို့ ၏အပေါင်း အသင်းထဲသို့ လူဆိုး တို့သည် မဝင်ရကြ။
အ​ပြစ်​ကူး​သူ​တို့​သည်​ဘု​ရား​သ​ခင် အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​အ​ပေါင်း​အ​သင်း​ထဲ​သို့​မ​ဝင်​ရ​ကြ။
6 အကြောင်း မူကား၊ ဖြောင့်မတ် သောသူတို့၏ လမ်း ကို ထာဝရဘုရား သိကျွမ်း တော်မူ၏။ မတရား သောသူတို့ ၏ လမ်း သည်ဆုံးရှုံး ခြင်းသို့ ရောက်ရလိမ့်သတည်း။
ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တော်​ကောင်း​များ​ကို​ပို့​ဆောင်​စောင့်​ထိန်း​တော်​မူ​လိမ့်​မည်။ သူ​ယုတ်​မာ​တို့​မူ​ကား​ဆုံး​ရှုံး​ပျက်​စီး​ရ​ကြ​လိမ့်​မည်။

< ဆာလံ 1 >