< ဆာလံ 99 >
1 ၁ ထာဝရဘုရား သည် စိုးစံ တော်မူ၏။ လူများ တို့ သည် တုန်လှုပ် ခြင်း ရှိကြစေ။ ခေရုဗိမ် တွင် ကျိန်းဝပ် တော်မူ၏။ မြေကြီး သည် လှုပ်ရှား ခြင်းရှိစေ။
Bwana anatawala, mataifa na yatetemeke; anakalia kiti cha enzi katikati ya makerubi, dunia na itikisike.
2 ၂ ထာဝရဘုရား သည် ဇိအုန် တောင်မှာ ကြီးမြတ် တော်မူ၏။ လူများ အပေါင်း တို့ထက် ချီးမြှောက် ခြင်း ရှိတော်မူ၏။
Bwana ni mkuu katika Sayuni; ametukuzwa juu ya mataifa yote.
3 ၃ ကြီးမြတ် ၍ ကြောက်ရွံ့ ဘွယ်သော နာမ တော်ကို ချီးမွမ်း ကြစေ။ အကြောင်းမူကား၊ နာမ တော်သည် သန့်ရှင်း ခြင်း ရှိသတည်း။
Wanalisifu jina lako ambalo ni kuu na la kuogopwa: yeye ni mtakatifu!
4 ၄ တရား ကို နှစ်သက် သော ရှင်ဘုရင် ၏ တန်ခိုး တော်ကို ချီးမွမ်းကြစေ။ ကိုယ်တော်သည် မှန် သော စီရင်ခြင်း ကို တည် စေတော်မူ၏။ ယာကုပ် အမျိုး၌ တရား သဖြင့်ပြု ၍ ၊ ဖြောင့်မတ်စွာဆုံးဖြတ်တော်မူ၏။
Mfalme ni mwenye nguvu na hupenda haki, wewe umethibitisha adili; katika Yakobo umefanya yaliyo haki na sawa.
5 ၅ ငါ့ တို့ဘုရား သခင်ထာဝရဘုရား ကို ချီးမြှောက် ကြလော့။ ခြေတော် တင်ရာ ခုံအောက် ၌ ပြပ်ဝပ်ကိုးကွယ် ကြလော့။ အကြောင်းမူကား ကိုယ်တော် သည် သန့်ရှင်း တော်မူသတည်း။
Mtukuzeni Bwana Mungu wetu, na mkaabudu katika mahali pa kuwekea miguu yake; yeye ni mtakatifu.
6 ၆ ယဇ်ပုရောဟိတ် မောရှေ နှင့် အာရုန် ၊ နာမ တော်ကို ပဌနာ ပြုသောသူ ရှမွေလ ၊ ဤသူ တို့သည် ထာဝရဘုရား ကို ပဌနာ ပြု၍ ၊ ကိုယ်တော် သည် ထူး တော်မူ၏။
Mose na Aroni walikuwa miongoni mwa makuhani wake, Samweli alikuwa miongoni mwa walioliitia jina lake; walimwita Bwana, naye aliwajibu.
7 ၇ သူ တို့အား မိုဃ်းတိမ် တိုင် ထဲ က မိန့် တော်မူ၏။ သူတို့သည်လည်း၊ သက်သေခံ တော်မူချက်များကို၎င်း၊ စီရင် ထုံးဖွဲ့တော်မူချက်များကို၎င်း စောင့်ရှောက် ကြ၏။
Alizungumza nao kutoka nguzo ya wingu; walizishika sheria zake na amri alizowapa.
8 ၈ အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော် သည် သူ တို့ကို ထူး တော်မူ၏။ သူ တို့အမှု ကြောင့် အပြစ် ပေးသော်လည်း ၊ သူ တို့ကို သည်းခံ သော ဘုရား ဖြစ် တော်မူ၏။
Ee Bwana, wetu, ndiwe uliyewajibu, kwa Israeli ulikuwa Mungu mwenye kusamehe, ingawa uliadhibu matendo yao mabaya.
9 ၉ ငါ တို့၏ ဘုရား သခင်ထာဝရဘုရား ကို ချီးမြှောက် ကြလော့။ သန့်ရှင်း သော တောင် တော်မှာ ပြပ်ဝပ်ကိုးကွယ် ကြလော့။ အကြောင်း မူကား၊ ငါ တို့၏ ဘုရား သခင်ထာဝရဘုရား သည် သန့်ရှင်း တော်မူသတည်း။
Mtukuzeni Bwana Mungu wetu, mwabuduni kwenye mlima wake mtakatifu, kwa maana Bwana Mungu wetu ni mtakatifu.