< ဆာလံ 99 >

1 ထာဝရဘုရား သည် စိုးစံ တော်မူ၏။ လူများ တို့ သည် တုန်လှုပ် ခြင်း ရှိကြစေ။ ခေရုဗိမ် တွင် ကျိန်းဝပ် တော်မူ၏။ မြေကြီး သည် လှုပ်ရှား ခြင်းရှိစေ။
ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရင်​ဖြစ်​တော်​မူ​၏။ လူ​တို့​သည်​ကြောက်​လန့်​တုန်​လှုပ်​ကြ​ကုန်​၏။ ကိုယ်​တော်​သည်​ခေ​ရု​ဗိမ်​တို့​အ​ထက်​စံ​တော် မူ​၏။ ကမ္ဘာ​မြေ​ကြီး​သည်​တုန်​လှုပ်​လေ​၏။
2 ထာဝရဘုရား သည် ဇိအုန် တောင်မှာ ကြီးမြတ် တော်မူ၏။ လူများ အပေါင်း တို့ထက် ချီးမြှောက် ခြင်း ရှိတော်မူ၏။
ဇိ​အုန်​တောင်​ပေါ်​မှာ​ထာ​ဝ​ရ​ဘု​ရား​သည် တန်​ခိုး​ကြီး​တော်​မူ​၏။ ကိုယ်​တော်​သည်​လူ​မျိုး​တ​ကာ​တို့​ကို အ​စိုး​ရ​တော်​မူ​၏။
3 ကြီးမြတ် ၍ ကြောက်ရွံ့ ဘွယ်သော နာမ တော်ကို ချီးမွမ်း ကြစေ။ အကြောင်းမူကား၊ နာမ တော်သည် သန့်ရှင်း ခြင်း ရှိသတည်း။
လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​၏ ကြီး​မြတ်​ကြောက်​ရွံ့​ဖွယ်​ကောင်း​သော​နာ​မ တော်​ကို ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။ ကိုယ်​တော်​သည်​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​၏။
4 တရား ကို နှစ်သက် သော ရှင်ဘုရင် ၏ တန်ခိုး တော်ကို ချီးမွမ်းကြစေ။ ကိုယ်တော်သည် မှန် သော စီရင်ခြင်း ကို တည် စေတော်မူ၏။ ယာကုပ် အမျိုး၌ တရား သဖြင့်ပြု ၍ ၊ ဖြောင့်မတ်စွာဆုံးဖြတ်တော်မူ၏။
တန်​ခိုး​ကြီး​တော်​မူ​သော​ဘု​ရင်​မင်း​မြတ်၊ ကိုယ်​တော်​သည်​အ​မှန်​တ​ရား​ကို မြတ်​နိုး​နှစ်​သက်​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​ဣ​သ​ရေ​လ​နိုင်​ငံ​တွင် တ​ရား​မျှ​တ​မှု​စိုး​မိုး​စေ​တော်​မူ​ပါ​ပြီ။ အ​မှန်​တ​ရား​နှင့်​တ​ရား​မျှ​တ​မှု​ကို တည်​မြဲ​စေ​တော်​မူ​ပါ​ပြီ။
5 ငါ့ တို့ဘုရား သခင်ထာဝရဘုရား ကို ချီးမြှောက် ကြလော့။ ခြေတော် တင်ရာ ခုံအောက် ၌ ပြပ်ဝပ်ကိုးကွယ် ကြလော့။ အကြောင်းမူကား ကိုယ်တော် သည် သန့်ရှင်း တော်မူသတည်း။
ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​၏​ရာ​ဇ​ပလ္လင်​တော်​ရှေ့​၌ ပျပ်​ဝပ်​ကိုး​ကွယ်​ကြ​လော့။ ကိုယ်​တော်​သည်​သန့်​ရှင်း​မြင့်​မြတ်​တော် မူ​၏။
6 ယဇ်ပုရောဟိတ် မောရှေ နှင့် အာရုန် ၊ နာမ တော်ကို ပဌနာ ပြုသောသူ ရှမွေလ ၊ ဤသူ တို့သည် ထာဝရဘုရား ကို ပဌနာ ပြု၍ ၊ ကိုယ်တော် သည် ထူး တော်မူ၏။
မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​ကိုယ်​တော်​၏ ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​ကြ​၏။ ရှ​မွေ​လ​သည်​လည်း​ကိုယ်​တော်​အား​ဆု​တောင်း ပတ္ထ​နာ​ပြု​သူ​တစ်​ဦး​ဖြစ်​ပေ​သည်။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား ဆု​တောင်း​ပတ္ထနာ​ပြု​သော​အ​ခါ​ကိုယ်​တော် သည် နား​ညောင်း​တော်​မူ​၏။
7 သူ တို့အား မိုဃ်းတိမ် တိုင် ထဲ က မိန့် တော်မူ၏။ သူတို့သည်လည်း၊ သက်သေခံ တော်မူချက်များကို၎င်း၊ စီရင် ထုံးဖွဲ့တော်မူချက်များကို၎င်း စောင့်ရှောက် ကြ၏။
သူ​တို့​အား​ကိုယ်​တော်​သည်​မိုး​တိမ်​တိုက်​ထဲ​က မိန့်​မှာ​တော်​မူ​၏။ သူ​တို့​သည်​လည်း​ကိုယ်​တော်​ပေး​တော်​မူ​သော တ​ရား​တော်​နှင့်​ပ​ညတ်​တော်​တို့​ကို လိုက်​နာ​စောင့်​ထိန်း​ကြ​၏။
8 အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော် သည် သူ တို့ကို ထူး တော်မူ၏။ သူ တို့အမှု ကြောင့် အပြစ် ပေးသော်လည်း ၊ သူ တို့ကို သည်းခံ သော ဘုရား ဖြစ် တော်မူ၏။
အို ကျွန်​တော်​မျိုး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​လူ​စု​တော်​ခေါ်​သော အ​ခါ ထူး​တော်​မူ​ပါ​၏။ ထို​သူ​တို့​ပြု​သည့်​အ​ပြစ်​များ​အ​တွက် ဒဏ်​ခတ်​တော်​မူ​သော်​လည်း သူ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ်​တော်​မူ​သော ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။
9 ငါ တို့၏ ဘုရား သခင်ထာဝရဘုရား ကို ချီးမြှောက် ကြလော့။ သန့်ရှင်း သော တောင် တော်မှာ ပြပ်ဝပ်ကိုးကွယ် ကြလော့။ အကြောင်း မူကား၊ ငါ တို့၏ ဘုရား သခင်ထာဝရဘုရား သည် သန့်ရှင်း တော်မူသတည်း။
ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​လော့။ သန့်​ရှင်း​မြင့်​မြတ်​သည့်​တောင်​တော်​ပေါ်​တွင် ကိုး​ကွယ်​ဝတ်​ပြု​ကြ​လော့။ ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​၏။

< ဆာလံ 99 >