< ဆာလံ 98 >

1 ထာဝရဘုရား အား အသစ် သောသီချင်း ကို ဆို ကြလော့။ အံ့ဘွယ် သော အမှုတို့ကို ပြု တော်မူပြီ။ လက်ျာ လက်တော်နှင့် သန့်ရှင်း သော လက်ရုံး တော်သည် ကိုယ်တော် အဘို့ ကယ်တင် ခြင်းအမှုကို ပြုလေပြီ။
ထာ​ဝ​ရ​ဘု​ရား​အား​သီ​ချင်း​သစ်​ကို​ဆို​၍ ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့။ ကိုယ်​တော်​သည်​အံ့​သြ​ဖွယ်​ရာ​အ​မှု​တော်​တို့​ကို ပြု​တော်​မူ​ပြီ။ ကိုယ်​တော်​သည်​မိ​မိ​၏​တန်​ခိုး​တော်​ဖြင့် လည်း​ကောင်း၊ ခွန်​အား​စွမ်း​ရည်​တော်​ဖြင့်​လည်း​ကောင်း အောင်​ပွဲ​ကို​ရ​တော်​မူ​ပြီ။
2 ထာဝရဘုရား သည် ကယ်တင် တော်မူခြင်း ကျေးဇူးကို ထင်ရှား စေ၍၊ ဖြောင့်မတ် တော်မူခြင်း တရား ကိုလည်း တပါး အမျိုးသားတို့အား ဘော်ပြ တော်မူပြီ။
ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​အောင်​ပွဲ​ကို ကြေ​ညာ​တော်​မူ​၍ ကယ်​တင်​နိုင်​သော​တန်​ခိုး​တော်​ကို လူ​မျိုး​တ​ကာ​တို့​အား​ဖော်​ပြ​တော်​မူ​၏။
3 ဣသရေလ အမျိုးသားတို့၌ ကရုဏာ တော်နှင့် သစ္စာ တော်ကို အောက်မေ့ တော်မူပြီ။ ငါ တို့ဘုရား သခင်၏ ကယ်တင် တော်မူခြင်းကျေးဇူးကို မြေကြီး စွန်း အပေါင်း တို့သည် မြင် ရကြပြီ။
ကိုယ်​တော်​သည်​မိ​မိ​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​နှင့် သစ္စာ​တော်​နှင့်​အ​ညီ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ထား​တော်​မူ​သော က​တိ​တော်​ကို​တည်​စေ​တော်​မူ​၏။ အ​ရပ်​တ​ကာ​ရှိ​လူ​အ​ပေါင်း​တို့​သည်​ငါ​တို့ ဘု​ရား​၏ အောင်​ပွဲ​ကို​တွေ့​မြင်​ကြ​ရ​လေ​ပြီ။
4 မြေကြီး သားအပေါင်း တို့၊ ထာဝရဘုရား အား ကြွေးကြော် ကြလော့။ အသံ ဗလံကို ပြု၍ ရွှင်လန်းစွာ သီချင်း ဆိုလျက် ချီးမွမ်း ကြလော့။
ကမ္ဘာ​မြေ​ကြီး​သား​အ​ပေါင်း​တို့၊ဝမ်း​မြောက်​စွာ သီ​ချင်း​ဆို​၍ ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့။ သီ​ချင်း​များ​ကို​ဆို​၍​ဝမ်း​မြောက်​စွာ​ကြွေး ကြော်​လျက် ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​လော့။
5 စောင်း တီး၍ ထာဝရဘုရား အား သီချင်း ဆိုကြလော့။ စောင်း တီး၍ တုရိယာ သံ ကို ပြုကြလော့။
ထော​မ​နာ​သီ​ချင်း​ကို​ဆို​ကာ​ထာ​ဝ​ရ​ဘု​ရား​၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့။ စောင်း​များ​ကို​တီး​၍​ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့။
6 တံပိုး နှဲခရာ ကိုမှုတ်၍ ၊ ရှင်ဘုရင် တည်းဟူသောထာဝရဘုရား ရှေ့ တော်၌ ကြွေးကြော် ကြလော့။
တံ​ပိုး​ခ​ရာ​နှင့်​နှဲ​တို့​ကို​မှုတ်​၍​ငါ​တို့​ဘု​ရင် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌​ဝမ်း​မြောက်​စွာ ကြွေး​ကြော်​ကြ​လော့။
7 ထာဝရဘုရားရှေ့တော်၌၊ ပင်လယ် နှင့် ပင်လယ် တန်ဆာ သည် အသံ ဗလံကို ပြုစေ။ လောကဓါတ် နှင့် လောကသား တို့သည် ထိုနည်းတူ၊
အ​ချင်း​ပင်​လယ်​နှင့်​ပင်​လယ်​ရှိ​သတ္တ​ဝါ​အ​ပေါင်း တို့၊ အ​သံ​ကျယ်​စွာ​ကြွေး​ကြော်​ကြ​လော့။ အ​ချင်း​ကုန်း​မြေ​နှင့်​ကုန်း​မြေ​ပေါ်​တွင် အ​သက်​ရှင်​သူ​အ​ပေါင်း​တို့​သီ​ချင်း​ဆို​ကြ လော့။
8 မြစ် တို့သည် လက်ခုပ် တီး၍၊ တောင် ရှိသမျှ တို့ သည်လည်း ရွှင်လန်း ကြစေ။
အ​ချင်း​မြစ်​တို့၊လက်​ခုပ်​တီး​ကြ​လော့။ အ​ချင်း​တောင်​များ​တို့၊ထာ​ဝ​ရ​ဘု​ရား​သည် ကမ္ဘာ​လော​က​ကို​အုပ်​စိုး​ရန်​ကြွ​လာ​တော်​မူ ပြီ​ဖြစ်​၍ တစ်​ပြိုင်​နက်​ရှေ့​တော်​တွင်​ရွှင်​လန်း​ဝမ်း​မြောက်​စွာ သီ​ချင်း​ဆို​ကြ​လော့။ ကိုယ်​တော်​သည်​ကမ္ဘာ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​အား တ​ရား​မျှ​တ​စွာ​အုပ်​စိုး​တော်​မူ​လိမ့်​မည်။
9 အကြောင်း မူကား၊ မြေကြီး သားတို့ကို တရား စီရင်ခြင်းငှါ ကြွလာ တော်မူ၏။ လောကသား တို့ကို ဖြောင့်မတ် စွာ စီရင်၍ ၊ လူများ ကို ဟုတ်မှန် ခြင်းတရား အတိုင်း စီရင် ဆုံးဖြတ်တော်မူလတံ့။

< ဆာလံ 98 >