< ဆာလံ 98 >
1 ၁ ထာဝရဘုရား အား အသစ် သောသီချင်း ကို ဆို ကြလော့။ အံ့ဘွယ် သော အမှုတို့ကို ပြု တော်မူပြီ။ လက်ျာ လက်တော်နှင့် သန့်ရှင်း သော လက်ရုံး တော်သည် ကိုယ်တော် အဘို့ ကယ်တင် ခြင်းအမှုကို ပြုလေပြီ။
A Psalm. Sing ye unto Jehovah a new song: for he hath done wondrous things; his right hand and his holy arm hath wrought salvation for him.
2 ၂ ထာဝရဘုရား သည် ကယ်တင် တော်မူခြင်း ကျေးဇူးကို ထင်ရှား စေ၍၊ ဖြောင့်မတ် တော်မူခြင်း တရား ကိုလည်း တပါး အမျိုးသားတို့အား ဘော်ပြ တော်မူပြီ။
Jehovah hath made known his salvation: his righteousness hath he openly shewed in the sight of the nations.
3 ၃ ဣသရေလ အမျိုးသားတို့၌ ကရုဏာ တော်နှင့် သစ္စာ တော်ကို အောက်မေ့ တော်မူပြီ။ ငါ တို့ဘုရား သခင်၏ ကယ်တင် တော်မူခြင်းကျေးဇူးကို မြေကြီး စွန်း အပေါင်း တို့သည် မြင် ရကြပြီ။
He hath remembered his loving-kindness and his faithfulness toward the house of Israel: all the ends of the earth have seen the salvation of our God.
4 ၄ မြေကြီး သားအပေါင်း တို့၊ ထာဝရဘုရား အား ကြွေးကြော် ကြလော့။ အသံ ဗလံကို ပြု၍ ရွှင်လန်းစွာ သီချင်း ဆိုလျက် ချီးမွမ်း ကြလော့။
Shout aloud unto Jehovah, all the earth; break forth and shout for joy, and sing psalms.
5 ၅ စောင်း တီး၍ ထာဝရဘုရား အား သီချင်း ဆိုကြလော့။ စောင်း တီး၍ တုရိယာ သံ ကို ပြုကြလော့။
Sing psalms unto Jehovah with the harp: with the harp, and the voice of a song;
6 ၆ တံပိုး နှဲခရာ ကိုမှုတ်၍ ၊ ရှင်ဘုရင် တည်းဟူသောထာဝရဘုရား ရှေ့ တော်၌ ကြွေးကြော် ကြလော့။
With trumpets and sound of cornet, make a joyful noise before the King, Jehovah.
7 ၇ ထာဝရဘုရားရှေ့တော်၌၊ ပင်လယ် နှင့် ပင်လယ် တန်ဆာ သည် အသံ ဗလံကို ပြုစေ။ လောကဓါတ် နှင့် လောကသား တို့သည် ထိုနည်းတူ၊
Let the sea roar, and the fulness thereof; the world, and they that dwell therein;
8 ၈ မြစ် တို့သည် လက်ခုပ် တီး၍၊ တောင် ရှိသမျှ တို့ သည်လည်း ရွှင်လန်း ကြစေ။
Let the floods clap [their] hands; let the mountains sing for joy together,
9 ၉ အကြောင်း မူကား၊ မြေကြီး သားတို့ကို တရား စီရင်ခြင်းငှါ ကြွလာ တော်မူ၏။ လောကသား တို့ကို ဖြောင့်မတ် စွာ စီရင်၍ ၊ လူများ ကို ဟုတ်မှန် ခြင်းတရား အတိုင်း စီရင် ဆုံးဖြတ်တော်မူလတံ့။
Before Jehovah, for he cometh to judge the earth: he will judge the world with righteousness, and the peoples with equity.