< ဆာလံ 97 >

1 ထာဝရဘုရား သည် စိုးစံ တော်မူ၏။ မြေကြီး သည် ဝမ်းမြောက် ၍၊ ကျွန်း များတို့သည်လည်း ရွှင်လန်း ကြစေ။
יהוה מלך תגל הארץ ישמחו איים רבים
2 မိုဃ်းတိမ် နှင့် မှောင်မိုက် တို့သည် ထာဝရ ဘုရား ၏ ပတ်ဝန်းကျင် တို့၌ရှိကြ၏။ တရား သဖြင့် စီရင်ခြင်း၊ ဖြောင့်မတ် စွာဆုံးဖြတ်ခြင်းသည် ပလ္လင် တော်၏တည်ရာ ဖြစ်၏။
ענן וערפל סביביו צדק ומשפט מכון כסאו
3 မီး သည် ရှေ့ တော်၌သွား ၍ ၊ ရန်သူ တို့ကို အလှည့် လှည့်လောင် လေ၏။
אש לפניו תלך ותלהט סביב צריו
4 လျှပ်စစ် တော်သည် လောကဓါတ် ကို လင်း စေ ၏။ မြေကြီး သည် မြင် ၍ တုန်လှုပ် ၏။
האירו ברקיו תבל ראתה ותחל הארץ
5 ထာဝရဘုရား ရှေ့ ၊ မြေကြီး တပြင်လုံး ကို အစိုးရတော်မူသောအရှင် ၏ရှေ့ တော်၌ ၊ တောင် တို့သည် ဘယောင်း ကဲ့သို့ အရည် ဖြစ်ကြ၏။
הרים--כדונג נמסו מלפני יהוה מלפני אדון כל-הארץ
6 ဖြောင့်မတ် တော်မူခြင်းအကြောင်းကို ကောင်းကင် တို့သည် ထင်ရှား စွာပြ၍ ၊ လူများ အပေါင်း တို့သည် ဘုန်း တော်ကို မြင် ရကြ၏။
הגידו השמים צדקו וראו כל-העמים כבודו
7 ရုပ်တု ဆင်းတုကို ဝတ်ပြု သောသူ၊ အချည်းနှီး သက်သက်သောအရာ၌ ဝါကြွား သောသူ အပေါင်း တို့ သည် အရှက် ကွဲခြင်းရှိကြစေ။ ဘုရား အပေါင်း တို့၊ ထာဝရ ဘုရား ကို ပြပ်ဝပ်ကိုးကွယ် ကြလော့။
יבשו כל-עבדי פסל-- המתהללים באלילים השתחוו-לו כל-אלהים
8 အိုထာဝရဘုရား ၊ ကိုယ်တော် သည် တရားစီရင် တော်မူချက်တို့အကြောင်း ကြောင့်၊ ဇိအုန် မြို့သည်ကြား ၍ ရွှင်လန်း ပါ၏။ ယုဒ သတို့သမီး တို့လည်း ဝမ်းမြောက် ကြပါ ၏။
שמעה ותשמח ציון ותגלנה בנות יהודה-- למען משפטיך יהוה
9 အိုထာဝရဘုရား ၊ ကိုယ်တော် သည် မြေကြီး သား အပေါင်း တို့ထက် ကြီး မြင့်တော်မူ၏။ ဘုရား တကာ တို့ ထက် အလွန် ချီးမြှောက် ခြင်း ရှိတော်မူ၏။
כי-אתה יהוה עליון על-כל-הארץ מאד נעלית על-כל-אלהים
10 ၁၀ ထာဝရဘုရား ကို ချစ် သောသူတို့၊ မ ကောင်းသောအမှုကို ရွံရှာ ကြလော့။ ကိုယ်တော် ၏ သန့်ရှင်း သူတို့ ၏ အသက် ဝိညာဉ်ကို စောင့်မ တော်မူ၍၊ မ တရားသောသူတို့ ၏လက် မှ လည်း ကယ်နှုတ် တော်မူ၏။
אהבי יהוה שנאו-רע שמר נפשות חסידיו מיד רשעים יצילם
11 ၁၁ အလင်း သည် တရား သောသူအဘို့ ၊ ဝမ်းမြောက် ခြင်းသည် သဘော ဖြောင့် သောသူတို့ အဘို့ ပျိုးကြဲ လျက် ရှိ၏။
אור זרע לצדיק ולישרי-לב שמחה
12 ၁၂ ဖြောင့်မတ် သောသူတို့၊ ထာဝရဘုရား ကို အမှီပြု ၍ ဝမ်းမြောက် ကြလော့။ သန့်ရှင်း သော နာမ တော်ကို ချီးမွမ်း ကြလော့။
שמחו צדיקים ביהוה והודו לזכר קדשו

< ဆာလံ 97 >