< ဆာလံ 96 >
1 ၁ ထာဝရဘုရား အား အသစ် သောသီချင်း ကို ဆို ကြလော့။ မြေကြီး သားအပေါင်း တို့၊ ထာဝရဘုရား အား သီချင်း ဆိုကြလော့။
Chantez à l'Éternel un cantique nouveau, chantez à l'Éternel, vous toutes les contrées!
2 ၂ ထာဝရဘုရား အား သီချင်း ဆို၍၊ နာမ တော်ကို ကောင်းကြီး ပေးကြလော့။ ကယ်တင် တော်မူခြင်း တရား ကို တ နေ့ထက်တနေ့ ညွှန်ကြား ကြလော့။
Chantez à l'Éternel, bénissez son nom, annoncez son salut de jour en jour!
3 ၃ ဘုန်း တော်ကို တပါးအမျိုးသား တို့၌ ၎င်း၊ အံ့ဘွယ် သော အမှုတော်တို့ကို ခပ်သိမ်း သော လူမျိုး တို့၌ ၎င်း ဘော်ပြ ကြလော့။
Racontez sa gloire parmi les nations, et ses merveilles parmi tous les peuples!
4 ၄ ထာဝရဘုရား သည် ကြီးမြတ် ၍ အလွန် ချီးမွမ်း ဘွယ် ဖြစ်တော်မူ၏။ ဘုရား တကာ တို့ထက် ကြောက်ရွံ့ ဘွယ်ဖြစ်တော်မူ၏။
Car Dieu est grand et digne d'une grande louange; Il est plus redoutable que tous les dieux;
5 ၅ တပါး အမျိုးသားတို့၏ ဘုရား ရှိသမျှ တို့သည် အချည်းနှီး သက်သက်ဖြစ်ကြ၏။ ထာဝရဘုရား မူကား ၊ မိုဃ်းကောင်းကင် ကို ဖန်ဆင်း တော်မူ၏။
car tous les dieux des peuples sont des idoles, et l'Éternel a fait les Cieux.
6 ၆ ဘုန်း တန်ခိုးအာနုဘော် သည် ရှေ့ တော်၌ရှိ၏။ အစွမ်း သတ္တိနှင့် ဂုဏ် အသရေလည်း သန့်ရှင်း ရာ ဌာန တော်၌ ရှိ၏။
Devant sa face c'est splendeur et majesté, gloire et magnificence, dans son Sanctuaire.
7 ၇ လူ အမျိုးမျိုးတို့၊ ထာဝရဘုရား သည် ဘုန်း တန်ခိုးအစွမ်း သတ္တိရှိတော်မူသည်ဟု ဝန်ခံ ကြလော့။ ရှိတော်မူသည်ဟု ဝန်ခံ ကြလော့။
Tribus des peuples, rendez à l'Éternel, rendez à l'Éternel l'honneur et la louange!
8 ၈ ထာဝရ ဘုရား၏ နာမ တော်သည် ဘုန်းကြီး တော်မူသည်ဟု ဝန်ခံ ကြလော့။ ပူဇော် သက္ကာကိုဆောင် ခဲ့ လျက် တန်တိုင်း တော်သို့ ဝင် ကြလော့။
Rendez à l'Éternel l'honneur dû à son nom! d Apportez des offrandes, et entrez dans ses parvis!
9 ၉ သန့်ရှင်း သော တန်ဆာ ကို ဆင်၍ ၊ ထာဝရဘုရား ကို ကိုးကွယ် ကြလော့။ မြေကြီး သား အပေါင်း တို့၊ ရှေ့ တော်၌ ကြောက်ရွံ ခြင်းရှိကြလော့။
Adorez l'Éternel avec une pompe sainte! Tremblez devant lui, vous toutes les contrées!
10 ၁၀ ထာဝရဘုရား စိုးစံ တော်မူသည်ဟု တပါး အမျိုးသား တို့တွင် ဟောပြော ကြလော့။ လောကဓါတ် သည် မ လှုပ်ရှား နိုင်အောင် မြဲမြံ စွာ တည်လိမ့်မည်။ လူများ ကို ဖြောင့်မတ် စွာ တရားစီရင် တော်မူလိမ့်မည်။
Dites parmi les peuples: « L'Éternel règne; aussi le monde est ferme et ne chancelle point. Il juge les nations avec justice. »
11 ၁၁ ကောင်းကင် သည် ဝမ်းမြောက် ခြင်းရှိစေ။ မြေကြီး သည်လည်း ရွှင်လန်း ခြင်းရှိစေ။ ပင်လယ် နှင့် ပင်လယ် တန်ဆာ သည် အသံ ဗလံကိုပြုစေ။
Que les Cieux se réjouissent, et que la terre tressaille; que la mer s'émeuve avec tout ce qu'elle enserre;
12 ၁၂ လယ်ပြင် နှင့် လယ်ပြင် ၌ ရှိသမျှ သည်လည်း ဝမ်းမြောက် စေ။ ထိုအခါ တော ၌ရှိသမျှ သော အပင် တို့ သည် ထာဝရဘုရား ရှေ့ တော်တွင် ရွှင်လန်းစွာ သီချင်း ဆိုကြလိမ့်မည်။
que les campagnes s'égaient avec tout ce qui les couvre; qu'ainsi les arbres des forêts frémissent tous d'allégresse
13 ၁၃ အကြောင်း မူကား၊ ကိုယ်တော်သည် ကြွလာ တော်မူ၏။ မြေကြီး သားတို့ကို တရား စီရင်ခြင်းငှါ ကြွလာ တော်မူ၏။ လောကသား တို့ကို ဖြောင့်မတ် ခြင်းတရားနှင့် ၎င်း၊ လူများ ကို သစ္စာ တော်နှင့် ၎င်း စီရင် ဆုံးဖြတ်တော်မူလတံ့။
au devant de l'Éternel! Car Il vient, car il vient pour juger la terre. Il jugera le monde avec justice, et les peuples, selon sa vérité.