< ဆာလံ 96 >

1 ထာဝရဘုရား အား အသစ် သောသီချင်း ကို ဆို ကြလော့။ မြေကြီး သားအပေါင်း တို့၊ ထာဝရဘုရား အား သီချင်း ဆိုကြလော့။
O sing to Jehovah a new song; Sing to Jehovah, all the earth!
2 ထာဝရဘုရား အား သီချင်း ဆို၍၊ နာမ တော်ကို ကောင်းကြီး ပေးကြလော့။ ကယ်တင် တော်မူခြင်း တရား ကို တ နေ့ထက်တနေ့ ညွှန်ကြား ကြလော့။
Sing to Jehovah; praise his name, Show forth his salvation from day to day!
3 ဘုန်း တော်ကို တပါးအမျိုးသား တို့၌ ၎င်း၊ အံ့ဘွယ် သော အမှုတော်တို့ကို ခပ်သိမ်း သော လူမျိုး တို့၌ ၎င်း ဘော်ပြ ကြလော့။
Proclaim his glory among the nations, His wonders among all people!
4 ထာဝရဘုရား သည် ကြီးမြတ် ၍ အလွန် ချီးမွမ်း ဘွယ် ဖြစ်တော်မူ၏။ ဘုရား တကာ တို့ထက် ကြောက်ရွံ့ ဘွယ်ဖြစ်တော်မူ၏။
For Jehovah is great, and greatly to be praised; He is to be feared above all gods.
5 တပါး အမျိုးသားတို့၏ ဘုရား ရှိသမျှ တို့သည် အချည်းနှီး သက်သက်ဖြစ်ကြ၏။ ထာဝရဘုရား မူကား ၊ မိုဃ်းကောင်းကင် ကို ဖန်ဆင်း တော်မူ၏။
For all the gods of the nations are idols; But Jehovah made the heavens.
6 ဘုန်း တန်ခိုးအာနုဘော် သည် ရှေ့ တော်၌ရှိ၏။ အစွမ်း သတ္တိနှင့် ဂုဏ် အသရေလည်း သန့်ရှင်း ရာ ဌာန တော်၌ ရှိ၏။
Honor and majesty are before him; Glory and beauty are in his holy abode.
7 လူ အမျိုးမျိုးတို့၊ ထာဝရဘုရား သည် ဘုန်း တန်ခိုးအစွမ်း သတ္တိရှိတော်မူသည်ဟု ဝန်ခံ ကြလော့။ ရှိတော်မူသည်ဟု ဝန်ခံ ကြလော့။
Give to Jehovah, ye tribes of the people, Give to Jehovah glory and praise!
8 ထာဝရ ဘုရား၏ နာမ တော်သည် ဘုန်းကြီး တော်မူသည်ဟု ဝန်ခံ ကြလော့။ ပူဇော် သက္ကာကိုဆောင် ခဲ့ လျက် တန်တိုင်း တော်သို့ ဝင် ကြလော့။
Give to Jehovah the glory due to his name; Bring an offering, and come into his courts!
9 သန့်ရှင်း သော တန်ဆာ ကို ဆင်၍ ၊ ထာဝရဘုရား ကို ကိုးကွယ် ကြလော့။ မြေကြီး သား အပေါင်း တို့၊ ရှေ့ တော်၌ ကြောက်ရွံ ခြင်းရှိကြလော့။
O worship Jehovah in holy attire! Tremble before him, all the earth!
10 ၁၀ ထာဝရဘုရား စိုးစံ တော်မူသည်ဟု တပါး အမျိုးသား တို့တွင် ဟောပြော ကြလော့။ လောကဓါတ် သည် မ လှုပ်ရှား နိုင်အောင် မြဲမြံ စွာ တည်လိမ့်မည်။ လူများ ကို ဖြောင့်မတ် စွာ တရားစီရင် တော်မူလိမ့်မည်။
Say among the nations, Jehovah is king; The world shall stand firm; it shall not be moved; He will judge the nations in righteousness.
11 ၁၁ ကောင်းကင် သည် ဝမ်းမြောက် ခြင်းရှိစေ။ မြေကြီး သည်လည်း ရွှင်လန်း ခြင်းရှိစေ။ ပင်လယ် နှင့် ပင်လယ် တန်ဆာ သည် အသံ ဗလံကိုပြုစေ။
Let the heavens be glad, and the earth rejoice; Let the sea roar, and the fulness thereof;
12 ၁၂ လယ်ပြင် နှင့် လယ်ပြင် ၌ ရှိသမျှ သည်လည်း ဝမ်းမြောက် စေ။ ထိုအခါ တော ၌ရှိသမျှ သော အပင် တို့ သည် ထာဝရဘုရား ရှေ့ တော်တွင် ရွှင်လန်းစွာ သီချင်း ဆိုကြလိမ့်မည်။
Let the fields be joyful, with all that is therein; Let all the trees of the forest rejoice
13 ၁၃ အကြောင်း မူကား၊ ကိုယ်တော်သည် ကြွလာ တော်မူ၏။ မြေကြီး သားတို့ကို တရား စီရင်ခြင်းငှါ ကြွလာ တော်မူ၏။ လောကသား တို့ကို ဖြောင့်မတ် ခြင်းတရားနှင့် ၎င်း၊ လူများ ကို သစ္စာ တော်နှင့် ၎င်း စီရင် ဆုံးဖြတ်တော်မူလတံ့။
Before Jehovah! for he cometh, He cometh to judge the earth! He will judge the world with justice, And the nations with faithfulness.

< ဆာလံ 96 >