< ဆာလံ 94 >
1 ၁ အပြစ် ကိုပေး ပိုင်တော်မူသော ဘုရား သခင်ထာဝရဘုရား ၊ အပြစ် ကိုပေး ပိုင်တော်မူသော ဘုရား သခင်၊ ရောင်ခြည် တော်ကို လွှတ်တော်မူပါ။
Ô Éternel! qui es le [Dieu] Fort des vengeances, le [Dieu] Fort des vengeances, fais reluire ta splendeur.
2 ၂ မြေကြီး သားတို့ကို တရား ဆုံးဖြတ်တော်မူသောအရှင်၊ ထ တော်မူပါ။ မာနကြီး သောသူတို့ အား အကျိုး အပြစ် ကို ဆပ်ပေး တော်မူပါ။
Toi, Juge de la terre, élève-toi: rends la récompense aux orgueilleux.
3 ၃ အိုထာဝရဘုရား ၊ မ တရားသောသူတို့ သည် အဘယ် မျှကာလ ပတ်လုံး ဝမ်းမြောက် ကြပါလိမ့်မည်နည်း။
Jusques à quand les méchants, ô Eternel! jusques à quand les méchants s'égayeront-ils?
4 ၄ အဓမ္မ အမှုကို ပြု သမျှ သောသူတို့သည် စော်ကား ၍၊ ကြမ်းတမ်း သော စကားကိုပြော လျက်၊ အဘယ် မျှ ကာလ ပတ်လုံး ဝါကြွား ကြပါလိမ့်မည်နည်း။
[Jusques à quand] tous les ouvriers d'iniquité proféreront-ils et diront-ils des paroles rudes, et se vanteront-ils?
5 ၅ အိုထာဝရဘုရား ၊ သူတို့သည် ကိုယ်တော် ၏ လူ တို့ကို နှိပ်စက် ၍ ၊ အမွေ တော်ကို ညှဉ်းဆဲ ကြပါ၏။
Eternel, ils froissent ton peuple, et affligent ton héritage.
6 ၆ မုတ်ဆိုးမ နှင့် ဧည့်သည် ကို၎င်း၊ မိဘ မရှိသော သူငယ်ကို၎င်း သတ် ကြပါ၏။
Ils tuent la veuve et l'étranger, et ils mettent à mort les orphelins.
7 ၇ သို့ရာတွင် ၊ ထာဝရ ဘုရားသည် မ မှတ် တတ်ဟု ဆို ကြပါ၏။
Et ils ont dit: L'Eternel ne le verra point; le Dieu de Jacob n'en entendra rien.
8 ၈ တိရစ္ဆာန် သဘောရှိသောသူ တို့၊ နားလည် ကြလော့။ လူမိုက် တို့၊ အဘယ် ကာလမှ ပညာ သတိကို ရကြလိမ့်မည်နည်း။
Vous les plus abrutis d'entre le peuple, prenez garde à ceci; et vous insensés, quand serez-vous intelligents?
9 ၉ နား ကို စိုက် ထားတော်မူသောသူသည် မ ကြား ရ သလော ။ မျက်စိ ကို ဖန်ဆင်း တော်မူသောသူသည် မ မြင် ရသလော။
Celui qui a planté l'oreille, n'entendra-t-il point? celui qui a formé l'œil, ne verra-t-il point?
10 ၁၀ လူ အမျိုးမျိုးတို့ကို ဆုံးမ တော်မူသောသူသည် အပြစ် မ ပေးရသလော။ လူ တို့အား ပညာ အတတ်ကို သွန်သင် တော်မူသောသူသည် ကိုယ်တိုင်ပညာအတတ် မရှိသလော။
Celui qui châtie les nations, celui qui enseigne la science aux hommes, ne censurera-t-il point?
11 ၁၁ လူ တို့၏အကြံအစည် သည် အချည်းနှီး ဖြစ် ကြောင်း ကို ထာဝရဘုရား သိ တော်မူ၏။
L'Eternel connaît que les pensées des hommes ne sont que vanité.
12 ၁၂ အို ထာဝရ ဘုရား၊ မတရား သောသူတို့အဘို့ တွင်း တူး စဉ်အခါ ၊ ဒုက္ခ နေ့ရက် ကာလနှင့် လွတ် ခြင်းချမ်းသာကို ပေးအံ့သောငှါ၊
Ô que bienheureux est l'homme que tu châties, ô Eternel! et que tu instruis par ta Loi;
13 ၁၃ ကိုယ်တော် ဆုံးမ ၍ ၊ တရား တော်ကိုသွန်သင် တော်မူသော သူ သည် မင်္ဂလာ ရှိပါ၏။
Afin que tu le mettes à couvert des jours d'adversité, jusqu’à ce que la fosse soit creusée au méchant!
14 ၁၄ ထာဝရဘုရား သည် မိမိ လူ တို့ကိုမ ပယ် ၊ အမွေ တော်ကို စွန့်ပစ် တော်မ မူ။
Car l'Eternel ne délaissera point son peuple, et n'abandonnera point son héritage.
15 ၁၅ တဖန် ဖြောင့်မတ် ခြင်းတရားဘက် ၌ စီရင် ဆုံးဖြတ်တော်မူ၍ ၊ သဘော ဖြောင့် သောသူအပေါင်း တို့ သည် နောက် တော်သို့လိုက်ကြပါလိမ့်မည်။
C'est pourquoi le jugement s'unira à la justice, et tous ceux qui sont droits de cœur le suivront.
16 ၁၆ လူဆိုး တို့ကို ဆီးတား၍ ငါ့ ဘက် မှာ အဘယ်သူ ထ မည်နည်း။ မ တရားသောသူတို့ ကို ဆီးတား ၍ ၊ ငါ့ ဘက် မှာ အဘယ်သူ နေ မည်နည်း။
Qui est-ce qui se lèvera pour moi contre les méchants? Qui est-ce qui m'assistera contre les ouvriers d'iniquité?
17 ၁၇ ထာဝရဘုရား သည် ငါ့ ကိုမစ တော်မ မူလျှင်၊ ငါ့ ဝိညာဉ် သည် ဆိတ်ညံ ရာအရပ်၌ မ ကြာမမြင့်မှီနေရာ ကျရလိမ့်မည်။
Si l'Eternel ne m'eût été en secours, mon âme eût été dans peu logée dans le [lieu du] silence.
18 ၁၈ ငါ့ ခြေ ချော် လျက်ရှိသည်ဟု အကျွန်ုပ်ဆို သောအခါ ၊ အိုထာဝရဘုရား ၊ ကိုယ်တော် ၏ကရုဏာ သည် အကျွန်ုပ် ကိုထောက် မပါ၏။
Si j'ai dit: Mon pied a glissé; ta bonté, ô Eternel! m'a soutenu.
19 ၁၉ အကျွန်ုပ် ၏ နှလုံး ထဲမှာ စိတ် များပြား သောအခါ ၊ ကိုယ်တော် သည် သက်သာ စေတော်မူသဖြင့်၊ အကျွန်ုပ် ၏ ဝိညာဉ် သည် ရွှင်လန်း ပါ၏။
Quand j'avais beaucoup de pensées au-dedans de moi, tes consolations ont récréé mon âme.
20 ၂၀ မ တရားသောအကြံကို မင်း ၏အခွင့်နှင့် ပြုစု တတ်သော အဓမ္မ ရာဇ ပလ္လင်သည် ကိုယ်တော် နှင့် မိဿဟာယ ဖွဲ့ရပါမည်လော။
Le tribunal des méchants qui machine du mal contre les règles de la justice, sera-t-il joint à toi?
21 ၂၁ ဖြောင့်မတ် သောသူ၏အသက် ကို သတ်ခြင်းငှါစုဝေး ကြပါ၏။ အပြစ် မရှိသောသူကို သေ စေခြင်းငှါ စီရင် ကြပါ၏။
Ils s'attroupent contre l'âme du juste, et condamnent le sang innocent.
22 ၂၂ သို့သော်လည်း ၊ ထာဝရဘုရား သည် ငါ ၏ ရဲတိုက် ဖြစ်တော်မူ၏။ ငါ ၏ဘုရား သခင်သည် ငါ ခိုလှုံ ရာ ကျောက် ဖြစ်တော်မူ၏။
Or l'Eternel m'a été pour une haute retraite; et mon Dieu, pour le rocher de mon refuge.
23 ၂၃ သူ တို့၏အပြစ် ကို သူ တို့အပေါ် သို့ ရောက် စေတော်မူမည်။ အဓမ္မ အမှုကို ပြုစဉ်တွင်ပင် ပယ် ဖြတ်တော်မူ မည်။ ငါ တို့၏ဘုရား သခင်ထာဝရဘုရား သည် သူ တို့ကို ပယ် ဖြတ်တော်မူမည်။
Il fera retourner sur eux leur outrage, et, les détruira par leur propre malice. L'Eternel notre Dieu les détruira.