< ဆာလံ 94 >

1 အပြစ် ကိုပေး ပိုင်တော်မူသော ဘုရား သခင်ထာဝရဘုရား ၊ အပြစ် ကိုပေး ပိုင်တော်မူသော ဘုရား သခင်၊ ရောင်ခြည် တော်ကို လွှတ်တော်မူပါ။
O LORD, Thou God to whom vengeance belongeth, Thou God to whom vengeance belongeth, shine forth.
2 မြေကြီး သားတို့ကို တရား ဆုံးဖြတ်တော်မူသောအရှင်၊ ထ တော်မူပါ။ မာနကြီး သောသူတို့ အား အကျိုး အပြစ် ကို ဆပ်ပေး တော်မူပါ။
Lift up Thyself, Thou Judge of the earth; render to the proud their recompense.
3 အိုထာဝရဘုရား ၊ မ တရားသောသူတို့ သည် အဘယ် မျှကာလ ပတ်လုံး ဝမ်းမြောက် ကြပါလိမ့်မည်နည်း။
LORD, how long shall the wicked, how long shall the wicked exult?
4 အဓမ္မ အမှုကို ပြု သမျှ သောသူတို့သည် စော်ကား ၍၊ ကြမ်းတမ်း သော စကားကိုပြော လျက်၊ အဘယ် မျှ ကာလ ပတ်လုံး ဝါကြွား ကြပါလိမ့်မည်နည်း။
They gush out, they speak arrogancy; all the workers of iniquity bear themselves loftily.
5 အိုထာဝရဘုရား ၊ သူတို့သည် ကိုယ်တော် ၏ လူ တို့ကို နှိပ်စက် ၍ ၊ အမွေ တော်ကို ညှဉ်းဆဲ ကြပါ၏။
They crush Thy people, O LORD, and afflict Thy heritage.
6 မုတ်ဆိုးမ နှင့် ဧည့်သည် ကို၎င်း၊ မိဘ မရှိသော သူငယ်ကို၎င်း သတ် ကြပါ၏။
They slay the widow and the stranger, and murder the fatherless.
7 သို့ရာတွင် ၊ ထာဝရ ဘုရားသည် မ မှတ် တတ်ဟု ဆို ကြပါ၏။
And they say: 'The LORD will not see, neither will the God of Jacob give heed.'
8 တိရစ္ဆာန် သဘောရှိသောသူ တို့၊ နားလည် ကြလော့။ လူမိုက် တို့၊ အဘယ် ကာလမှ ပညာ သတိကို ရကြလိမ့်မည်နည်း။
Consider, ye brutish among the people; and ye fools, when will ye understand?
9 နား ကို စိုက် ထားတော်မူသောသူသည် မ ကြား ရ သလော ။ မျက်စိ ကို ဖန်ဆင်း တော်မူသောသူသည် မ မြင် ရသလော။
He that planted the ear, shall He not hear? He that formed the eye, shall He not see?
10 ၁၀ လူ အမျိုးမျိုးတို့ကို ဆုံးမ တော်မူသောသူသည် အပြစ် မ ပေးရသလော။ လူ တို့အား ပညာ အတတ်ကို သွန်သင် တော်မူသောသူသည် ကိုယ်တိုင်ပညာအတတ် မရှိသလော။
He that instructeth nations, shall not He correct? even He that teacheth man knowledge?
11 ၁၁ လူ တို့၏အကြံအစည် သည် အချည်းနှီး ဖြစ် ကြောင်း ကို ထာဝရဘုရား သိ တော်မူ၏။
The LORD knoweth the thoughts of man, that they are vanity.
12 ၁၂ အို ထာဝရ ဘုရား၊ မတရား သောသူတို့အဘို့ တွင်း တူး စဉ်အခါ ၊ ဒုက္ခ နေ့ရက် ကာလနှင့် လွတ် ခြင်းချမ်းသာကို ပေးအံ့သောငှါ၊
Happy is the man whom Thou instructest, O LORD, and teachest out of Thy law;
13 ၁၃ ကိုယ်တော် ဆုံးမ ၍ ၊ တရား တော်ကိုသွန်သင် တော်မူသော သူ သည် မင်္ဂလာ ရှိပါ၏။
That Thou mayest give him rest from the days of evil, until the pit be digged for the wicked.
14 ၁၄ ထာဝရဘုရား သည် မိမိ လူ တို့ကိုမ ပယ် ၊ အမွေ တော်ကို စွန့်ပစ် တော်မ မူ။
For the LORD will not cast off His people, neither will He forsake His inheritance.
15 ၁၅ တဖန် ဖြောင့်မတ် ခြင်းတရားဘက် ၌ စီရင် ဆုံးဖြတ်တော်မူ၍ ၊ သဘော ဖြောင့် သောသူအပေါင်း တို့ သည် နောက် တော်သို့လိုက်ကြပါလိမ့်မည်။
For right shall return unto justice, and all the upright in heart shall follow it.
16 ၁၆ လူဆိုး တို့ကို ဆီးတား၍ ငါ့ ဘက် မှာ အဘယ်သူ ထ မည်နည်း။ မ တရားသောသူတို့ ကို ဆီးတား ၍ ၊ ငါ့ ဘက် မှာ အဘယ်သူ နေ မည်နည်း။
Who will rise up for me against the evil-doers? Who will stand up for me against the workers of iniquity?
17 ၁၇ ထာဝရဘုရား သည် ငါ့ ကိုမစ တော်မ မူလျှင်၊ ငါ့ ဝိညာဉ် သည် ဆိတ်ညံ ရာအရပ်၌ မ ကြာမမြင့်မှီနေရာ ကျရလိမ့်မည်။
Unless the LORD had been my help, my soul had soon dwelt in silence.
18 ၁၈ ငါ့ ခြေ ချော် လျက်ရှိသည်ဟု အကျွန်ုပ်ဆို သောအခါ ၊ အိုထာဝရဘုရား ၊ ကိုယ်တော် ၏ကရုဏာ သည် အကျွန်ုပ် ကိုထောက် မပါ၏။
If I say: 'My foot slippeth', Thy mercy, O LORD, holdeth me up.
19 ၁၉ အကျွန်ုပ် ၏ နှလုံး ထဲမှာ စိတ် များပြား သောအခါ ၊ ကိုယ်တော် သည် သက်သာ စေတော်မူသဖြင့်၊ အကျွန်ုပ် ၏ ဝိညာဉ် သည် ရွှင်လန်း ပါ၏။
When my cares are many within me, Thy comforts delight my soul.
20 ၂၀ မ တရားသောအကြံကို မင်း ၏အခွင့်နှင့် ပြုစု တတ်သော အဓမ္မ ရာဇ ပလ္လင်သည် ကိုယ်တော် နှင့် မိဿဟာယ ဖွဲ့ရပါမည်လော။
Shall the seat of wickedness have fellowship with Thee, which frameth mischief by statute?
21 ၂၁ ဖြောင့်မတ် သောသူ၏အသက် ကို သတ်ခြင်းငှါစုဝေး ကြပါ၏။ အပြစ် မရှိသောသူကို သေ စေခြင်းငှါ စီရင် ကြပါ၏။
They gather themselves together against the soul of the righteous, and condemn innocent blood.
22 ၂၂ သို့သော်လည်း ၊ ထာဝရဘုရား သည် ငါ ၏ ရဲတိုက် ဖြစ်တော်မူ၏။ ငါ ၏ဘုရား သခင်သည် ငါ ခိုလှုံ ရာ ကျောက် ဖြစ်တော်မူ၏။
But the LORD hath been my high tower, and my God the rock of my refuge.
23 ၂၃ သူ တို့၏အပြစ် ကို သူ တို့အပေါ် သို့ ရောက် စေတော်မူမည်။ အဓမ္မ အမှုကို ပြုစဉ်တွင်ပင် ပယ် ဖြတ်တော်မူ မည်။ ငါ တို့၏ဘုရား သခင်ထာဝရဘုရား သည် သူ တို့ကို ပယ် ဖြတ်တော်မူမည်။
And He hath brought upon them their own iniquity, and will cut them off in their own evil; the LORD our God will cut them off.

< ဆာလံ 94 >