< ဆာလံ 93 >
1 ၁ ထာဝရဘုရား သည် စိုးစံ ၍၊ အာနုဘော် နှင့် တန်ဆာ ဆင်တော်မူ၏။ ထာဝရဘုရား သည် ထိုသို့ ဝတ်ဆင် ၍၊ ခွန်အား ကို ခါးပန်းစည်း တော်မူ၏။ သို့ ဖြစ်၍၊ လောကဓါတ် သည် မ လှုပ် မရှားနိုင်အောင် တည် လျက် ရှိ၏။
The Lord reigneth, he is clothed with excellency; the Lord is clothed, he hath girded himself with strength: [therefore] also the world is firmly established, that it cannot be moved.
2 ၂ ကိုယ်တော် ၏ ပလ္လင် သည် ရှေ့ဦးစွာ မှစ၍ တည် ပါ၏။ ကိုယ်တော် သည် ရှေးကာလမှစ၍ အစဉ် အမြဲဖြစ်တော်မူ၏။
Firmly established is thy throne from the beginning: from everlasting art thou [God].
3 ၃ အို ထာဝရဘုရား ၊ မြစ် တို့သည် ထ ကြပါ၏။ မြစ် တို့သည် ဟုန်းသံ ကိုပေး ကြပါ၏။ မြစ် တို့သည် လှိုင်း တံပိုးခတ် ကြပါ၏။
The rivers have lifted up, O Lord, the rivers have lifted up their voice; the rivers lift up their waves.
4 ၄ ရေ များ ဟုန်းသံ နှင့်တကွသမုဒ္ဒရာ လှိုင်း တံပိုးတို့သည်အားကြီး သည်ထက် ၊ ထာဝရဘုရား သည် မြင့် သော အရပ်၌ သာ၍တန်ခိုး ကြီးတော်မူ၏။
[But] more than the noise of great waters, than the mighty billows of the sea, is the Lord excellent on high.
5 ၅ သက်သေ ခံတော်မူချက်တို့သည် အလွန် မြဲမြံ ကြပါ ၏။ အိုထာဝရဘုရား ၊ သန့်ရှင်း ခြင်းပါရမီသည် အစဉ် အမြဲ အိမ် တော်၏အသရေ ဖြစ်ပါသတည်း။
Thy testimonies are exceedingly steadfast: in thy house abideth holiness, O Lord! to the utmost length of days.