< ဆာလံ 92 >

1 ဥပုသ် နေ့ အဘို့ ဆာလံ သီချင်း။ ထာဝရဘုရား ၏ ကျေးဇူး တော်ကို ချီးမွမ်း ၍၊
Zaburi. Wimbo wa siku ya Sabato. Ni vyema kumshukuru Bwana na kuliimbia jina lako, Ee Uliye Juu Sana,
2 အမြင့်ဆုံး သောဘုရား၏ နာမ တော်ကို ထောမနာသီချင်း ဆိုခြင်းငှါ ၎င်း၊
kuutangaza upendo wako asubuhi, na uaminifu wako wakati wa usiku,
3 စောင်း နှင့်တကွ ကြိုး ဆယ်ပင်ရှိသောတူရိယာ၊ တယော ၊ မိကျောင်းတို့ကို တီး၍၊ ကရုဏာ တော်နှင့် သစ္စာ တော်ကို နံနက် အချိန်၊ ည အချိန်အစဉ်အတိုင်းပြ ခြင်းငှါ ၎င်း လျောက်ပတ်ပေ၏။
kwa zeze yenye nyuzi kumi na kwa sauti ya kinubi.
4 အို ထာဝရဘုရား ၊ အမှု တော်များအားဖြင့် အကျွန်ုပ် ကို ဝမ်းမြောက် စေတော်မူသည်ဖြစ်၍ ၊ လက် တော်နှင့် ပြုပြင် တော်မူသမျှတို့ကြောင့် ရွှင်လန်းစွာ သီချင်း ဆိုပါမည်။
Ee Bwana, kwa kuwa matendo yako yamenifurahisha, nitaziimba kwa shangwe kazi za mikono yako.
5 အို ထာဝရဘုရား ၊ စီရင်တော်မူသောအမှု တို့သည်ကြီးမား ၍၊ အကြံ အစည်တော်လည်း အလွန် နက် လှပါ၏။
Ee Bwana, tazama jinsi yalivyo makuu matendo yako, tazama jinsi yalivyo ya kina mawazo yako!
6 တိရစ္ဆာန် သဘောရှိသော သူ မ သိ ၊ မိုက် သောသူ နား မ လည်သော အမှုအရာဟူမူကား၊
Mjinga hafahamu, mpumbavu haelewi,
7 မ တရားသောသူတို့ သည် မြက်ပင် ကဲ့သို့ ပေါက် ၍ ၊ အဓမ္မ အမှုကို ပြု သောသူတို့ သည် ပွင့်လန်း ကြသောအခါ ၊ ထာဝရ ပျက်စီး ခြင်းသို့ ရောက်ရသောအကြောင်းပေတည်း။
ingawa waovu huchipua kama majani na wote watendao mabaya wanastawi, wataangamizwa milele.
8 ကိုယ်တော် မူကား ၊ အစဉ်အမြဲ ကြီးမြင့် တော်မူသော ထာဝရဘုရား ဖြစ်တော်မူ၏။
Bali wewe, Ee Bwana, utatukuzwa milele.
9 အိုထာဝရဘုရား ၊ ကိုယ်တော် ၏ ရန်သူ တို့သည် ပျက်စီး ခြင်းသို့ ရောက်၍ ၊ အဓမ္မ အမှုကိုပြု သောသူ အပေါင်း တို့သည် အရပ်ရပ်ကွဲပြား ကြလိမ့်မည်။
Ee Bwana, hakika adui zako, hakika adui zako wataangamia. Wote watendao mabaya watatawanyika.
10 ၁၀ အကျွန်ုပ် ၏ ချို ကိုကား၊ ကြံ့ ချိုကဲ့သို့ ချီးမြှောက် ၍ ၊ အကျွန်ုပ်ကို အသစ် သောဆီ နှင့် လိမ်း တော်မူလိမ့်မည်။
Umeitukuza pembe yangu kama ile ya nyati dume, mafuta mazuri yamemiminwa juu yangu.
11 ၁၁ အကျွန်ုပ် ၏ ရန်သူတို့ကို အကျွန်ုပ် မျက်စိ မြင် လျက် ၊ ရန်ဘက် ပြုသောလူဆိုးတို့အကြောင်းကို နား ကြား လျက်၊ အကျွန်ုပ်သည် အားရပါလိမ့်မည်။
Macho yangu yamewaona adui zangu wakishindwa, masikio yangu yamesikia maangamizi ya adui zangu waovu.
12 ၁၂ ဖြောင့်မတ် သောသူသည် စွန်ပလွံ ပင်ကဲ့သို့ ပွင့်လန်း ၍ လေဗနုန် တောင်ပေါ် မှာ အာရဇ် ပင်ကဲ့သို့ ကြီးပွား လိမ့်မည်။
Wenye haki watastawi kama mtende, watakuwa kama mwerezi wa Lebanoni,
13 ၁၃ ထာဝရဘုရား ၏ အိမ် တော်၌ စိုက်ပျိုး သောသူတို့ သည် ငါ တို့ဘုရား သခင်၏ တန်တိုင်း တော်တွင် ပွင့်လန်း ကြလိမ့်မည်။
waliopandwa katika nyumba ya Bwana, watastawi katika nyua za Mungu wetu.
14 ၁၄ အသက်ကြီး သောကာလတွင် ပင် ၊ အသီး ကိုသီး၍ ကြွယ်ဝ စိမ်းလန်း ကြလိမ့်မည်။
Wakati wa uzee watakuwa bado wanazaa matunda, watakuwa wabichi tena wamejaa nguvu,
15 ၁၅ ထိုသို့သောအားဖြင့် ငါ ၏ကျောက် ၊ ထာဝရဘုရား သည် ဖြောင့်မတ် တော်မူ၍ ၊ မ တရားသော အမှုနှင့် ကင်းလွတ် တော်မူသည်ဟု ထင်ရှား လိမ့်သတည်း။
wakitangaza, “Bwana ni mkamilifu; yeye ni Mwamba wangu, na ndani yake hamna uovu.”

< ဆာလံ 92 >