< ဆာလံ 92 >
1 ၁ ဥပုသ် နေ့ အဘို့ ဆာလံ သီချင်း။ ထာဝရဘုရား ၏ ကျေးဇူး တော်ကို ချီးမွမ်း ၍၊
A Psalm, a Song, for the Sabbath day. It is good to give thanks unto Jehovah, and to sing psalms unto thy name, O Most High;
2 ၂ အမြင့်ဆုံး သောဘုရား၏ နာမ တော်ကို ထောမနာသီချင်း ဆိုခြင်းငှါ ၎င်း၊
To declare thy loving-kindness in the morning, and thy faithfulness in the nights,
3 ၃ စောင်း နှင့်တကွ ကြိုး ဆယ်ပင်ရှိသောတူရိယာ၊ တယော ၊ မိကျောင်းတို့ကို တီး၍၊ ကရုဏာ တော်နှင့် သစ္စာ တော်ကို နံနက် အချိန်၊ ည အချိန်အစဉ်အတိုင်းပြ ခြင်းငှါ ၎င်း လျောက်ပတ်ပေ၏။
Upon an instrument of ten strings and upon the lute; upon the Higgaion with the harp.
4 ၄ အို ထာဝရဘုရား ၊ အမှု တော်များအားဖြင့် အကျွန်ုပ် ကို ဝမ်းမြောက် စေတော်မူသည်ဖြစ်၍ ၊ လက် တော်နှင့် ပြုပြင် တော်မူသမျှတို့ကြောင့် ရွှင်လန်းစွာ သီချင်း ဆိုပါမည်။
For thou, Jehovah, hast made me glad through thy work; I will triumph in the works of thy hands.
5 ၅ အို ထာဝရဘုရား ၊ စီရင်တော်မူသောအမှု တို့သည်ကြီးမား ၍၊ အကြံ အစည်တော်လည်း အလွန် နက် လှပါ၏။
Jehovah, how great are thy works! Thy thoughts are very deep:
6 ၆ တိရစ္ဆာန် သဘောရှိသော သူ မ သိ ၊ မိုက် သောသူ နား မ လည်သော အမှုအရာဟူမူကား၊
A brutish man knoweth not, neither doth a fool understand it.
7 ၇ မ တရားသောသူတို့ သည် မြက်ပင် ကဲ့သို့ ပေါက် ၍ ၊ အဓမ္မ အမှုကို ပြု သောသူတို့ သည် ပွင့်လန်း ကြသောအခါ ၊ ထာဝရ ပျက်စီး ခြင်းသို့ ရောက်ရသောအကြောင်းပေတည်း။
When the wicked spring as the grass, and when all the workers of iniquity flourish, it is that they may be destroyed for ever.
8 ၈ ကိုယ်တော် မူကား ၊ အစဉ်အမြဲ ကြီးမြင့် တော်မူသော ထာဝရဘုရား ဖြစ်တော်မူ၏။
And thou, Jehovah, art on high for evermore.
9 ၉ အိုထာဝရဘုရား ၊ ကိုယ်တော် ၏ ရန်သူ တို့သည် ပျက်စီး ခြင်းသို့ ရောက်၍ ၊ အဓမ္မ အမှုကိုပြု သောသူ အပေါင်း တို့သည် အရပ်ရပ်ကွဲပြား ကြလိမ့်မည်။
For lo, thine enemies, O Jehovah, for lo, thine enemies shall perish; all the workers of iniquity shall be scattered.
10 ၁၀ အကျွန်ုပ် ၏ ချို ကိုကား၊ ကြံ့ ချိုကဲ့သို့ ချီးမြှောက် ၍ ၊ အကျွန်ုပ်ကို အသစ် သောဆီ နှင့် လိမ်း တော်မူလိမ့်မည်။
But my horn shalt thou exalt like a buffalo's: I shall be anointed with fresh oil.
11 ၁၁ အကျွန်ုပ် ၏ ရန်သူတို့ကို အကျွန်ုပ် မျက်စိ မြင် လျက် ၊ ရန်ဘက် ပြုသောလူဆိုးတို့အကြောင်းကို နား ကြား လျက်၊ အကျွန်ုပ်သည် အားရပါလိမ့်မည်။
And mine eye shall see [its desire] on mine enemies; mine ears shall hear [it] of the evil-doers that rise up against me.
12 ၁၂ ဖြောင့်မတ် သောသူသည် စွန်ပလွံ ပင်ကဲ့သို့ ပွင့်လန်း ၍ လေဗနုန် တောင်ပေါ် မှာ အာရဇ် ပင်ကဲ့သို့ ကြီးပွား လိမ့်မည်။
The righteous shall shoot forth like a palm-tree; he shall grow like a cedar on Lebanon.
13 ၁၃ ထာဝရဘုရား ၏ အိမ် တော်၌ စိုက်ပျိုး သောသူတို့ သည် ငါ တို့ဘုရား သခင်၏ တန်တိုင်း တော်တွင် ပွင့်လန်း ကြလိမ့်မည်။
Those that are planted in the house of Jehovah shall flourish in the courts of our God:
14 ၁၄ အသက်ကြီး သောကာလတွင် ပင် ၊ အသီး ကိုသီး၍ ကြွယ်ဝ စိမ်းလန်း ကြလိမ့်မည်။
They are still vigorous in old age, they are full of sap and green;
15 ၁၅ ထိုသို့သောအားဖြင့် ငါ ၏ကျောက် ၊ ထာဝရဘုရား သည် ဖြောင့်မတ် တော်မူ၍ ၊ မ တရားသော အမှုနှင့် ကင်းလွတ် တော်မူသည်ဟု ထင်ရှား လိမ့်သတည်း။
To shew that Jehovah is upright: [he is] my rock, and there is no unrighteousness in him.