< ဆာလံ 91 >

1 အမြင့်ဆုံး သော ဘုရား၏ကွယ်ကာ ရာဌာန တော်၌ နေ သောသူသည် အနန္တ တန်ခိုးရှင်၏ အရိပ် ကို ခို ရလိမ့်မည်။
He that dwells in the secret place of the most High shall abide under the shadow of the Almighty.
2 ထာဝရဘုရား သည် ငါ ခိုလှုံ ရာ၊ ငါ ၏ရဲတိုက် ၊ ငါ ကိုးစား သော ဘုရား သခင်ဖြစ်တော်မူသည်ဟု ငါပြောဆို ၏။
I will say of the LORD, He is my refuge and my fortress: my God; in him will I trust.
3 အကယ် စင်စစ်မုဆိုး ၏ ကျော့ကွင်း နှင့် ၎င်း၊ သေ တတ်သောအနာ နှင့်၎င်း ၊ သင့် ကို ကင်းလွတ် စေတော်မူမည်။
Surely he shall deliver you from the snare of the fowler, and from the dangerous pestilence.
4 အတောင် တော် အမွေး နှင့် ဖုံးအုပ် တော်မူ၍ ၊ အတောင် တော်အောက် ၌ သင် သည်လုံခြုံ စွာ နေရလိမ့်မည်။ သစ္စာ တော်သည် သင်၏ ဒိုင်း လွှားဖြစ်လိမ့်မည်။
He shall cover you with his feathers, and under his wings shall you trust: his truth shall be your shield and buckler.
5 ညဉ့် အခါဖြစ်တတ်သော ဘေး ကို ၎င်း၊ နေ့ အချိန်၌ ပစ် သောမြှား ကို ၎င်း၊
You shall not be afraid for the terror by night; nor for the arrow that flies by day;
6 မှောင်မိုက် ထဲမှာ လည်တတ်သော ကာလနာ ကို၎င်း၊ မွန်းတည့် အချိန်၌ ဖျက်ဆီး တတ်သော ဥပဒ် ကို၎င်း၊ သင်သည်မ ကြောက် ရ။
Nor for the pestilence that walks in darkness; nor for the destruction that wastes at noonday.
7 သင် ၏ အနား မှာ လူတထောင် ၊ သင် ၏လက်ျာ ဘက်မှာ လူတသောင်း လဲ သော်လည်း ၊ သင့် ကို မ ထိ မခိုက်ရ။
A thousand shall fall at your side, and ten thousand at your right hand; but it shall not come nigh you.
8 သင်သည် ကိုယ် မျက်စိ နှင့် ကြည့် ၍ ၊ မ တရား သောသူတို့ ၌ ရောက်ရသောအပြစ် ကိုမြင် ရုံမျှသာရှိ လိမ့်မည်။
Only with your eyes shall you behold and see the reward of the wicked.
9 ထာဝရဘုရား သည် ငါ ခိုလှုံ ရာဖြစ်တော်မူ၏ဟု သင်သည်ဆို၍၊ အမြင့်ဆုံး သော ဘုရား၌ နေရာ ကျသောကြောင့်၊
Because you have made the LORD, which is my refuge, even the most High, your habitation;
10 ၁၀ သင် ၌ မကောင်း သော အနိဋ္ဌာရုံ မ ကပ် မရောက်။ သင့် နေရာ သို့ ဘေးဥပဒ် မ ချဉ်း ရ။
There shall no evil befall you, neither shall any plague come nigh your dwelling.
11 ၁၁ သွား လေရာရာ၌ သင့် ကိုစောင့်ရှောက် စေခြင်းငှါ ၊ ကောင်းကင် တမန်တို့အား သင့် အဘို့ မှာ ထား တော်မူ သည်ဖြစ်၍၊
For he shall give his angels charge over you, to keep you in all your ways.
12 ၁၂ သင် ၏ခြေ ကို ကျောက် နှင့် မ ထိ မခိုက်စေခြင်းငှါ၊ သူတို့သည် သင့် ကို လက် နှင့် မစ ချီပင့်ကြလိမ့်မည်။
They shall bear you up in their hands, lest you dash your foot against a stone.
13 ၁၃ သင်သည် ခြင်္သေ့ နှင့် မြွေဆိုး အပေါ် မှာ ကျော် သွား၍၊ ခြင်္သေ့ ပျိုနှင့် နဂါး တို့ကို ခြေဖြင့်နင်း လိမ့်မည်။
You shall tread upon the lion and adder: the young lion and the dragon shall you trample under feet.
14 ၁၄ သူသည် ငါ့ ကို ချစ် သောကြောင့် ၊ သူ့ ကို ငါကယ်နှုတ် မည်။ ငါ ၏နာမ ကို သိ သောကြောင့် ၊ သူ့ ကို ငါချီးမြှောက် မည်။
Because he has set his love upon me, therefore will I deliver him: I will set him on high, because he has known my name.
15 ၁၅ သူသည် ငါ့ ကိုခေါ် သောအခါ ငါထူး မည်။ ဒုက္ခ ခံရသောအခါ သူ့ ဘက် မှာ ငါ နေ၍ ချမ်းသာ ပေးမည်။ သူ ၏ဘုန်း ကိုလည်း ထင်ရှားစေမည်။
He shall call upon me, and I will answer him: I will be with him in trouble; I will deliver him, and honour him.
16 ၁၆ ရှည် သောအသက်နှင့် သူ့ ကိုရောင့်ရဲ စေ၍ ၊ ငါ ၏ ကယ်တင် ခြင်းကျေးဇူးကို သူ့ အား ပြ မည်။
With long life will I satisfy him, and show him my salvation.

< ဆာလံ 91 >