< ဆာလံ 90 >

1 ဘုရားသခင် ၏လူ မောရှေ ပြုသောပဌာနာ။ အို ဘုရား ရှင်၊ ကိုယ်တော် သည် ကာလ အစဉ် အဆက် အကျွန်ုပ် တို့ ခိုလှုံ ရာ ဖြစ် တော်မူ၏။
အို ဘုရားရှင်၊ ကိုယ်တော်သည် ကာလ အစဉ် အဆက် အကျွန်ုပ်တို့ ခိုလှုံရာ ဖြစ်တော်မူ၏။
2 တောင် များကို မ ဘော်၊ မြေကြီး နှင့် လောကဓါတ် ကို ဖန်ဆင်းတော်မမူမှီ၊ ကိုယ်တော်သည် ရှေးကမ္ဘာ အဆက်ဆက်မှစ၍ ၊ နောက်ကမ္ဘာ အဆက်ဆက်တိုင်အောင် ဘုရား သခင်ဖြစ်တော်မူ၏။
တောင်များကို မဘော်၊ မြေကြီးနှင့် လောက ဓာတ်ကို ဖန်ဆင်းတော်မမူမှီ၊ ကိုယ်တော်သည် ရှေးကမ္ဘာ အဆက်ဆက်မှစ၍၊ နောက်ကမ္ဘာ အဆက်ဆက်တိုင် အောင် ဘုရားသခင်ဖြစ်တော်မူ၏။
3 လူ မျိုးကို ကား၊ ကြေမွ စေတော်မူ၏။ အချင်း လူသား တို့၊ ပြန် ကြလော့ဟု မိန့် တော်မူ၏။
လူမျိုးကိုကား၊ ကြေမွစေတော်မူ၏။ အချင်း လူသားတို့၊ ပြန်ကြလော့ဟု မိန့်တော်မူ၏။
4 ရှေ့ တော်၌ အနှစ် တ ထောင်သည် လွန် ပြီးသော မနေ့ ကဲ့သို့ ၎င်း၊ ညဉ့် ယံတယံ ကဲ့သို့၎င်း ဖြစ်ပါ၏။
ရှေ့တော်၌ အနှစ်တထောင်သည် လွန်ပြီးသော မနေ့ကဲ့သို့၎င်း၊ ညဉ့်ယံတယံကဲ့သို့၎င်း ဖြစ်ပါ၏။
5 လူတို့ကို လွှမ်းမိုး တိုက်သွားတော်မူ၏။ သူတို့သည် အိပ်ပျော် ခြင်း ကဲ့သို့ဖြစ် ကြပါ၏။ လူသည်မြက်ပင် ကဲ့သို့ နံနက် အချိန်၌ တိုးပွား တတ်ပါ၏။
လူတို့ကိုလွှမ်းမိုးတိုက်သွားတော်မူ၏။ သူတို့သည် အိပ်ပျော်ခြင်း ကဲ့သို့ဖြစ်ကြပါ၏။ လူသည်မြက်ပင်ကဲ့သို့ နံနက်အချိန်၌ တိုးပွားတတ်ပါ၏။
6 နံနက် အချိန်၌ကား၊ ပွင့်လန်း ၍ တိုးပွား ပါ၏။ ညဦး အချိန်၌ကား၊ ရိတ် ၍ ညှိုးနွမ်း ပါ၏။
နံနက် အချိန်၌ကား၊ ပွင့်လန်း၍ တိုးပွားပါ၏။ ညဦးအချိန်၌ကား၊ ရိတ်၍ညှိုးနွမ်းပါ၏။
7 အမျက် တော်ထွက်သောအားဖြင့် အကျွန်ုပ်တို့ သည် ပျက်စီး ခြင်းသို့ ရောက်ကြပါ၏။ စိတ် တော်မပြေသောကြောင့် ၊ စိုးရိမ် တုန်လှုပ်ခြင်း ရှိကြပါ၏။
အမျက်တော်ထွက်သောအားဖြင့် အကျွန်ုပ်တို့ သည် ပျက်စီးခြင်းသို့ ရောက်ကြပါ၏။ စိတ်တော်မပြေသော ကြောင့်၊ စိုးရိမ်တုန်လှုပ်ခြင်း ရှိကြပါ၏။
8 အကျွန်ုပ် တို့၏ ဒုစရိုက် များကို ရှေ့ တော်၌ ၎င်း၊ ဝှက်ထား သောအကျင့် များကို မျက်နှာ တော်အလင်း ထဲ၌ ၎င်း၊ လှန်ထား တော်မူ၏။
အကျွန်ုပ်တို့၏ ဒုစရိုက်များကို ရှေ့တော်၌၎င်း၊ ဝှက်ထားသော အကျင့်များကို မျက်နှာတော်အလင်း ထဲ၌၎င်း၊ လှန်ထားတော်မူ၏။
9 အကျွန်ုပ် တို့သည် အမျက် တော်ကို ခံရသောကြောင့် ၊ နေ့ရက် ကာလရွေ့ သွား၍၊ နှစ် များတို့သည် စိတ်ထင်ကဲ့သို့လွန် တတ်ကြပါ၏။
အကျွန်ုပ်တို့သည် အမျက်တော်ကို ခံရသော ကြောင့်၊ နေ့ရက်ကာလရွေ့သွား၍၊ နှစ်များတို့သည် စိတ်ထင်ကဲ့သို့ လွန်တတ်ကြပါ၏။
10 ၁၀ အကျွန်ုပ် တို့၏ အသက် အရွယ်သည် အနှစ် ခုနစ် ဆယ် အတိုင်းအရှည်ရှိပါ၏။ အားကြီး ၍ အနှစ် ရှစ် ဆယ် ပြည့်သော်လည်း ၊ ဝါကြွားခြင်းသည် ပင်ပန်း ခြင်းနှင့် ဝမ်းနည်း ခြင်း ဖြစ်ပါ၏။ ထို အသက်သည်လည်း မြန်မြန် လွန် ၍ ၊ အကျွန်ုပ်တို့သည် စုတေ့ ကြပါ၏။
၁၀အကျွန်ုပ်တို့၏ အသက်အရွယ်သည် အနှစ်ခုနစ် ဆယ် အတိုင်းအရှည်ရှိပါ၏။ အားကြီး၍ အနှစ်ရှစ်ဆယ် ပြည့်သော်လည်း၊ ဝါကြွားခြင်းသည် ပင်ပန်းခြင်းနှင့် ဝမ်းနည်းခြင်း ဖြစ်ပါ၏။ ထို အသက်သည်လည်း မြန်မြန်လွန် ၍၊ အကျွန်ုပ်တို့သည် စုတေ့ကြပါ၏။
11 ၁၁ အမျက် တော်အရှိန် ကို အဘယ်သူ သိ ပါ သနည်း။ အမျက်ထွက် တော်မူခြင်းကို ကြောက်ရွံ့ သင့် သည်အတိုင်း အဘယ်သူကြောက်ရွံ့ပါသနည်း။
၁၁အမျက်တော်အရှိန်ကို အဘယ်သူ သိပါ သနည်း။ အမျက်ထွက်တော်မူခြင်းကို ကြောက်ရွံ့သင့် သည်အတိုင်း အဘယ်သူ ကြောက်ရွံ့ပါသနည်း။
12 ၁၂ အကျွန်ုပ်တို့သည် ပညာ တရားကို နှလုံး သွင်း မိမည်အကြောင်း ၊ ကိုယ် နေ့ရက် ကာလကို ရေတွက် နိုင်စေခြင်းငှါ သွန်သင် တော်မူပါ။
၁၂အကျွန်ုပ်တို့သည် ပညာတရားကို နှလုံးသွင်း မိမည်အကြောင်း၊ ကိုယ်နေ့ရက်ကာလကို ရေတွက်နိုင်စေ ခြင်းငှါ သွန်သင်တော်မူပါ။
13 ၁၃ အို ထာဝရဘုရား ၊ ပြန်လာ တော်မူပါ။ အဘယ် မျှလောက် ကြာရပါမည်နည်း။ ကိုယ်တော် ၏ ကျွန် တို့ အတွက် နာကြင် သောစိတ် ရှိတော်မူပါ။
၁၃အို ထာဝရဘုရား၊ ပြန်လာတော်မူပါ။ အဘယ် မျှလောက်ကြာရပါမည်နည်း။ ကိုယ်တော်၏ ကျွန်တို့ အတွက် နာကြင်သော စိတ်ရှိတော်မူပါ။
14 ၁၄ အကျွန်ုပ် တို့ကို ကရုဏာ တော်နှင့် အလျင်အမြန်ရောင့်ရဲ စေတော်မူပါ။ သို့ပြုလျှင် တသက်လုံး ဝမ်းမြောက် ရွှင်လန်း ကြပါလိမ့်မည်။
၁၄အကျွန်ုပ်တို့ကို ကရုဏာတော်နှင့် အလျင်အမြန် ရောင့်ရဲစေတော်မူပါ။ သို့ပြုလျှင် တသက်လုံးဝမ်းမြောက် ရွှင်လန်းကြပါလိမ့်မည်။
15 ၁၅ အကျွန်ုပ် တို့ကို ညှဉ်းဆဲ တော်မူသော နေ့ရက် ကာလ၊ ဒုက္ခ ခံရခဲ့ပြီးသော နှစ် ပေါင်းများသည်အတိုင်း ၊ ဝမ်းမြောက် ရသောအခွင့်ကိုပေး သနားတော်မူပါ။
၁၅အကျွန်ုပ်တို့ကို ညှဉ်းဆဲတော်မူသော နေ့ရက် ကာလ၊ ဒုက္ခခံရခဲ့ပြီးသော နှစ်ပေါင်းများသည်အတိုင်း၊ ဝမ်းမြောက်ရသော အခွင့်ကို ပေးသနားတော်မူပါ။
16 ၁၆ အမှု တော်သည် ကိုယ်တော် ၏ ကျွန် တို့အား ၎င်း၊ ဘုန်း တော်သည် သား မြေးတို့အား ၎င်း ထင်ရှား ပါစေသော။
၁၆အမှုတော်သည် ကိုယ်တော်၏ ကျွန်တို့အား၎င်း၊ ဘုန်းတော်သည် သားမြေးတို့အား၎င်း ထင်ရှားပါစေ သော။
17 ၁၇ အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရ ဘုရား၏ ကျေးဇူး တော်သည် အကျွန်ုပ် အပေါ် သို့ ရောက် ပါစေသော။ အကျွန်ုပ် တို့ပြု သောအမှု တို့ကိုလည်း ၊ အကျွန်ုပ် တို့ အဘို့ မြဲမြံ စေတော်မူပါ။
၁၇အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရား၏ ကျေးဇူးတော်သည် အကျွန်ုပ်အပေါ်သို့ ရောက်ပါစေ သော။ အကျွန်ုပ်တို့ပြုသော အမှုတို့ကိုလည်း၊ အကျွန်ုပ်တို့ အဘို့ မြဲမြံစေတော်မူပါ။ ဘုရားသခင်၏လူမောရှေပြုသောပဌနာ။

< ဆာလံ 90 >